သင့်၏ အပိုငွေကြေးကုန်ကျနေမှုတွေကို လျော့ချပေးနိုင်မယ့် လုပ်ဆောင်မှုများ

*** Unicode ***

#POINT #PointYouthPlatform

စီးပွားရေးဆိုတာက ငွေကြေးအကျိုးအမြတ်များစွာ ရရှိစေဖို့အတွက် တည်ထောင်ထားကြခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဘာကြောင့်ကျွန်တော်တို့တွေက မလိုအပ်သောနေရာအတွက် ငွေများစွာသုံးစွဲနေမှာပါလဲ။လေ့လာချက်များအရ ငွေကြေးစီးဆင်းမှုပြသနာတွေဟာ အသေးစားစီးပွားရေးတွေကို ပျက်စီးစေနိုင်မှုမှာ ၈၂% လောက်အထိ် အကျုံးဝင်နေပါတယ်။

ဒါဟာ ဈေးကွက်မှာ ကြုံတွေ့ရသော ပြသနာတွေရဲ့ နှစ်ဆကျော်လောက်ရှိပါတယ်။ကိုယ့်စီးပွားရေးလုပ်သည့်အခါ အောင်မြင်မှုက ငွေကြေးစီးဆင်းမှုတွေအပေါ် သိပ်မူတည်နေပါတယ်။ ဒါဆို ကျွန်တော်တို့က မလိုအပ်သော ငွေကြေးစီးဆင်းနေမှုတွေကို ဘယ်လို လျော့ချကြမလဲ။ အခုဖော်ပြသော်လုပ်ဆောင်မှုတွေနှင့်အတူ အတူတူလေ့လာကြည့်ကြရအောင်။

၁။ စာရွက်စာတမ်းတွေPrint ထုတ်ခြင်းက အတော့်ကို အကုန်အကျများစေသောအရာတွေဖြစ်ပါတယ်။

စာရွက်တွေ၊ မှင်တွေနှင့် စက်တွေကလည်းထို့အတူပါပဲ။ဒါကြောင့် တတ်နိုင်လျှင်တတ်နိုင်သလောက် ရုံးခန်းထဲမှာ စာရွက်တွေအသုံးပြုမှုတွေကို ရပ်တန့်လိုက်ပါ။ အဲ့အစား အွန်လိုင်း ဝန်ဆောင်မှုနှင့် တခြားသော Digital စနစ်တွေကို အသုံးချခြင်းဟာ ပိုမိုမြန်ဆန်စေသလို သင့်လုပ်ငန်းကိုလည်း ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေမှာပါ။

၂။ အာမခံထားပါ

အာမခံတွေက ဈေးအကုန်အကျများပါတယ်။ သို့သော် လုပ်ငန်းအာမခံဖြစ်စေ၊ အဆောက်အဦး အာမခံဖြစ်စေ လုပ်ဆောင်ထားခြင်းက တခြားကုမ္ပဏီတွေနှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်ရသည့်အခါ သင့်လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှုကို တိုးတက်စေပါတယ်။ ထိုမျှသာမက စီးပွားရေးပြသနာအခြေအနေဖြစ်လာပါကလည်း အာမခံထားခြင်းကြောင့် တခြားသူတွေထက် ပိုမိုကောင်းမွန်သော အခြေအနေကို ရရှိစေပါတယ်။

၃။ အချိန်ပြည့်ဝန်ထမ်းတွေအစား Freelancers တွေအသုံးပြုပါ

တကယ်လို့ကိုယ်ဟာ လအနည်းငယ်အတွက်ပဲ ဒီဇိုင်းနာတစ်ယောက် စာရေးဆရာတစ်ယောက် လိုအပ်တယ်ဆိုလျှင် အချိန်ပြည့်ဝန်ထမ်းခေါ်မယ့်အစား Freelance အနေဖြင့်ခေါ်ယူတာက ပိုပြီး အကျိုးရှိစေသလို ပိုပြီးထိရောက်စေပါတယ်။ အရည်အသွေးညံ့ဖျင်းသော Freelance တစ်ယောက်ကိုခေါ် ပြီးမှ ပြန်ပြင်ရတာထက်စာရင် အရည်အချင်းပြည့်မှီသော Freelance တွေကို တစ်ခါတည်းခေါ်တာက ပိုပြီးထိရောက်ပါတယ်။

၄။ ခရီးသွားရသော တွေ့ဆုံပွဲတွေကို ရှောင်ပါ

ခရီးသွားခြင်းက ကုန်ကျစရိတ်များသလို အချိန်လည်းကုန်စေပါတယ်။ အဲ့လိုခရီးတကူးတကသွားပြီး တွေ့ဆုံမည့်အစား Web conference လိုမျိုး အွန်လိုင်းကနေတွေ့ဆုံပွဲတွေ လုပ်ဆောင်ခြင်းဟာ ပိုပြီးထိရောက်စေသလို ငွေကုန်ကြေးကျလည်းနည်းစေပါတယ်။ ခရီးလုံးဝမသွားစေလိုတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူလူချင်း အပြင်မှာတွေ့ဆုံခြင်းဟာ ပိုမိုထိရောက်ကောင်းမွန်သော ရလာဒ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့်လည်း တကယ့်ကိုအရေးကြီးသော ကိစ္စတွေအတွက်သာ ခရီးထွက်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။

၅။ သဘာဝစွမ်းအင်ကို အသုံးပြုတဲ့ ပစ္စည်းတွေသုံးပါ

သဘာဝစွမ်းအင်ကို အသုံးပြုသော ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေရုံသာမက ရေရှည်မှာလည်း သင့်ငွေကြေးကုန်ကျမှုကို လျော့ချပေးနိုင်ပါတယ်။ သဘာဝစွမ်းအင်သုံး မီးသီး၊ ပြတင်းပေါက်နှင့် လေဝင်လေထွက် စနစ်ကိုတပ်ဆင်ထားခြင်းဟာ ကုန်ကျစရိတ်ကို ရေရှည်မှာ သိသိသာသာ လျော့ချစေနိုင်သော အချက်တွေဖြစ်ပါတယ်။

Translator : Thiha Aung

——————————————————————————————————————————–

#POINT #PointYouthPlatform

စီးပွားရေးဆိုတာက ငွေကြေးအကျိုးအမြတ်များစွာ ရရှိစေဖို့အတွက် တည်ထောင်ထားကြခြင်းဖြစ်ပါတယ်။
ဒါဆိုရင်ဘာကြောင့်ကျွန်တော်တို့တွေက မလိုအပ်သောနေရာအတွက် ငွေများစွာသုံးစွဲနေမှာပါလဲ။
လေ့လာချက်များအရ ငွေကြေးစီးဆင်းမှုပြသနာတွေဟာ အသေးစားစီးပွားရေးတွေကို ပျက်စီးစေနိုင်မှုမှာ ၈၂% လောက်အထိ် အကျုံးဝင်နေပါတယ်။ ဒါဟာ ဈေးကွက်မှာ ကြုံတွေ့ရသော ပြသနာတွေရဲ့ နှစ်ဆကျော်လောက်ရှိပါတယ်။
ကိုယ့်စီးပွားရေးလုပ်သည့်အခါ အောင်မြင်မှုက ငွေကြေးစီးဆင်းမှုတွေအပေါ် သိပ်မူတည်နေပါတယ်။ ဒါဆို ကျွန်တော်တို့က မလိုအပ်သော ငွေကြေးစီးဆင်းနေမှုတွေကို ဘယ်လို လျော့ချကြမလဲ။ အခုဖော်ပြသော်လုပ်ဆောင်မှုတွေနှင့်အတူ အတူတူလေ့လာကြည့်ကြရအောင်။

၁။ စာရွက်စာတမ်းတွေ
Print ထုတ်ခြင်းက အတော့်ကို အကုန်အကျများစေသောအရာတွေဖြစ်ပါတယ်။ စာရွက်တွေ၊ မှင်တွေနှင့် စက်တွေကလည်းထို့အတူပါပဲ။ဒါကြောင့် တတ်နိုင်လျှင်တတ်နိုင်သလောက် ရုံးခန်းထဲမှာ စာရွက်တွေအသုံးပြုမှုတွေကို ရပ်တန့်လိုက်ပါ။ အဲ့အစား အွန်လိုင်း ဝန်ဆောင်မှုနှင့် တခြားသော Digital စနစ်တွေကို အသုံးချခြင်းဟာ ပိုမိုမြန်ဆန်စေသလို သင့်လုပ်ငန်းကိုလည်း ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေမှာပါ။
၂။ အာမခံထားပါ
အာမခံတွေက ဈေးအကုန်အကျများပါတယ်။ သို့သော် လုပ်ငန်းအာမခံဖြစ်စေ၊ အဆောက်အဦး အာမခံဖြစ်စေ လုပ်ဆောင်ထားခြင်းက တခြားကုမ္ပဏီတွေနှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်ရသည့်အခါ သင့်လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှုကို တိုးတက်စေပါတယ်။ ထိုမျှသာမက စီးပွားရေးပြသနာအခြေအနေဖြစ်လာပါကလည်း အာမခံထားခြင်းကြောင့် တခြားသူတွေထက် ပိုမိုကောင်းမွန်သော အခြေအနေကို ရရှိစေပါတယ်။
၃။ အချိန်ပြည့်ဝန်ထမ်းတွေအစား Freelancers တွေအသုံးပြုပါ
တကယ်လို့ကိုယ်ဟာ လအနည်းငယ်အတွက်ပဲ ဒီဇိုင်းနာတစ်ယောက် စာရေးဆရာတစ်ယောက် လိုအပ်တယ်ဆိုလျှင် အချိန်ပြည့်ဝန်ထမ်းခေါ်မယ့်အစား Freelance အနေဖြင့်ခေါ်ယူတာက ပိုပြီး အကျိုးရှိစေသလို ပိုပြီးထိရောက်စေပါတယ်။ အရည်အသွေးညံ့ဖျင်းသော Freelance တစ်ယောက်ကိုခေါ် ပြီးမှ ပြန်ပြင်ရတာထက်စာရင် အရည်အချင်းပြည့်မှီသော Freelance တွေကို တစ်ခါတည်းခေါ်တာက ပိုပြီးထိရောက်ပါတယ်။
၄။ ခရီးသွားရသော တွေ့ဆုံပွဲတွေကို ရှောင်ပါ
ခရီးသွားခြင်းက ကုန်ကျစရိတ်များသလို အချိန်လည်းကုန်စေပါတယ်။ အဲ့လိုခရီးတကူးတကသွားပြီး တွေ့ဆုံမည့်အစား Web conference လိုမျိုး အွန်လိုင်းကနေတွေ့ဆုံပွဲတွေ လုပ်ဆောင်ခြင်းဟာ ပိုပြီးထိရောက်စေသလို ငွေကုန်ကြေးကျလည်းနည်းစေပါတယ်။ ခရီးလုံးဝမသွားစေလိုတာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူလူချင်း အပြင်မှာတွေ့ဆုံခြင်းဟာ ပိုမိုထိရောက်ကောင်းမွန်သော ရလာဒ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့်လည်း တကယ့်ကိုအရေးကြီးသော ကိစ္စတွေအတွက်သာ ခရီးထွက်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။
၅။ သဘာဝစွမ်းအင်ကို အသုံးပြုတဲ့ ပစ္စည်းတွေသုံးပါ
သဘာဝစွမ်းအင်ကို အသုံးပြုသော ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေရုံသာမက ရေရှည်မှာလည်း သင့်ငွေကြေးကုန်ကျမှုကို လျော့ချပေးနိုင်ပါတယ်။ သဘာဝစွမ်းအင်သုံး မီးသီး၊ ပြတင်းပေါက်နှင့် လေဝင်လေထွက် စနစ်ကိုတပ်ဆင်ထားခြင်းဟာ ကုန်ကျစရိတ်ကို ရေရှည်မှာ သိသိသာသာ လျော့ချစေနိုင်သော အချက်တွေဖြစ်ပါတယ်။

Translator : Thiha Aung

 

Current

Leave a Reply

Your email address will not be published. Required fields are marked *