မိုးရာသီမှာ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ပါ

#POINT #PointYouthPlatform

မိုးရာသီဆိုတာ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့အပြင် စိမ်းစိုတဲ့ပတ်ဝန်းကျင်ကိုပါ တစ်ပါတည်း သယ်ဆောင်ပေးလာတဲ့ ရာသီမဟုတ်ပါလား။

ဒါပေမယ့် ဒီရာသီက လူတွေ ရင်ဆိုင်ရခက်တဲ့ ဖျားနာမှုဝေဒနာတွေကို ယူဆောင်ပေးနိင်ပါသေးတယ်။ ဒီတော့ ခန္ဓာကိုယ်တွင်း ဝင်ရောက်ဖို့ ချောင်းနေတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့တော့ လိုမယ်နော်။ အထူးသဖြင် ့ဒီလိုရာသီမျိုးမှာ ကလေးသူငယ်တွေကို အထူးဂရုစိုက်သင့်ပါတယ်။

မိုးတွင်းအခါသမယမှာ ကူးစက်ရောဂါတွေ ပျံ့နှံ့ဖို့ လွယ်ကူပြီး ရာသီတော်တော်များများမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်တတ်တဲ့ရောဂါ၊ စားစရာနဲ့ မသန့်ရှင်းတဲ့ရေတွေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတို့ ဖြစ်လွယ်တဲ့အတွက် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ အအေးမိ၊ ချောင်းဆိုး၊ ဖျားနာ၊ တုပ်တွေးစတဲ့ ရောဂါတွေက အပူချိန်အတက်အကျဖြစ်တဲ့ ဒီလိုရာသီမျိုးတွေမှာ ဖြစ်တတ်ပြီး ခံနိုင်ရည်အား သိပ်မရှိသေးတဲ့ ကလေးသူငယ်တွေမှာ အဖြစ်များပါတယ်။ ကျောင်းသူကျောင်းသားတွေ၊ ရုံးသူရုံးသားတွေ၊ ကလေးငယ်မိခင်တွေက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားစရာတွေ စားသုံးရင်း ဖျားနာခြင်းရှောင်ရှားဖို့အတွက် တကိ်ုယ်ရည်သန့်ရှင်းရေးကို အထူးလုပ်ဆောင်သင့်ပါတယ်။

မိုးရာသီမှာအဖြစ်များတတ်တဲ့ရောဂါများကတော့ ငှက်ဖျားရောဂါ၊ အအေးမိတုပ်ကွေးရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ ဝမ်းလျှောရောဂါနဲ့ ပလိပ်ရောဂါတို့ဖြစ်ပါတယ်။ ပလိပ်ရောဂါဟာဆိုရင် တိရစာန်မှတဆင့် ကူးစက်တတ်ပြီး ကျောက်ကပ်နဲ့အသည်းကို ပျက်စီးစေတဲ့အပြင် ဦးနှောက်အမှေးပါးရောဂါနဲ့ အသက်ရှူကြပ်ရောဂါတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ မိုးရာသီမှာ ပြုလုပ်သင့်တာတွေကတော့ ဒီလိုပါ။

(၁)ထီး၊မိုးကာ စတဲ့မိုးဒဏ်ကာကွယ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ဆောင်ထားပါ။

ရောဂါပိုးကူးစက်ခြင်းဒဏ်မှ ကာကွယ်နိုင်မယ့် ထိရောက်တဲ့နည်းလမ်းတခုကတော့ မိုးတွင်းအပြင်ထွက်တာနဲ့ ထီး၊မိုးကာတို့ကို တပါတည်းယူသွားပါ။ မိုးကာအင်္ကျီ်နဲ့ရေစိုခံဖိနပ်များ ဝတ်ဆင်ဖို့ အထူးသင့်တော်တဲ့ ရာသီဖြစ်ပါတယ်။

Writer & Translator : Thae Thae

*** Unicode ***

#POINT #PointYouthPlatform

မိုးရာသီဆိုတာ စိတ်လှုပ်ရှားမှု၊ ပျော်ရှွင်မှုတွေနဲ့ ပြည့်နှက်နေတဲ့အပြင် စိမ်းစိုတဲ့ပတ်ဝန်းကျင်ကိုပါ တစ်ပါတည်း သယ်ဆောင်ပေးလာတဲ့ ရာသီမဟုတ်ပါလား။

ဒါပေမယ့် ဒီရာသီက လူတွေ ရင်ဆိုင်ရခက်တဲ့ ဖျားနာမှုဝေဒနာတွေကို ယူဆောင်ပေးနိင်ပါသေးတယ်။ ဒီတော့ ခန္ဓာကိုယ်တွင်း ဝင်ရောက်ဖို့ ချောင်းနေတဲ့ရောဂါတွေကို ကြိုတင်ကာကွယ်ထားဖို့တော့ လိုမယ်နော်။

အထူးသဖြင် ့ဒီလိုရာသီမျိုးမှာ ကလေးသူငယ်တွေကို အထူးဂရုစိုက်သင့်ပါတယ်။မိုးတွင်းအခါသမယမှာ ကူးစက်ရောဂါတွေ ပျံ့နှံ့ဖို့ လွယ်ကူပြီး ရာသီတော်တော်များများမှာ ဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်တတ်တဲ့ရောဂါ၊ စားစရာနဲ့ မသန့်ရှင်းတဲ့ရေတွေကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတို့ ဖြစ်လွယ်တဲ့အတွက် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

အအေးမိ၊ ချောင်းဆိုး၊ ဖျားနာ၊ တုပ်တွေးစတဲ့ ရောဂါတွေက အပူချိန်အတက်အကျဖြစ်တဲ့ ဒီလိုရာသီမျိုးတွေမှာ ဖြစ်တတ်ပြီး ခံနိုင်ရည်အား သိပ်မရှိသေးတဲ့ ကလေးသူငယ်တွေမှာ အဖြစ်များပါတယ်။

ကျောင်းသူကျောင်းသားတွေ၊ ရုံးသူရုံးသားတွေ၊ ကလေးငယ်မိခင်တွေက ကျန်းမာရေးနဲ့ ညီညှွတ်တဲ့ စားစရာတွေ စားသုံးရင်း ဖျားနာခြင်းရှောင်ရှားဖို့အတွက် တကို်ယ်ရည်သန့်ရှင်းရေးကို အထူးလုပ်ဆောင်သင့်ပါတယ်။

မိုးရာသီမှာအဖြစ်များတတ်တဲ့ရောဂါများကတော့ ငှက်ဖျားရောဂါ၊ အအေးမိတုပ်ကွေးရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ ဝမ်းလျှောရောဂါနဲ့ ပလိပ်ရောဂါတို့ဖြစ်ပါတယ်။ ပလိပ်ရောဂါဟာဆိုရင် တိရစာန်မှတဆင့် ကူးစက်တတ်ပြီး ကျောက်ကပ်နဲ့အသည်းကို ပျက်စီးစေတဲ့အပြင် ဦးနှောက်အမှေးပါးရောဂါနဲ့ အသက်ရှူကြပ်ရောဂါတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။

မိုးရာသီမှာ ပြုလုပ်သင့်တာတွေကတော့ ဒီလိုပါ။

(၁)ထီး၊မိုးကာ စတဲ့မိုးဒဏ်ကာကွယ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကို ဆောင်ထားပါ။

ရောဂါပိုးကူးစက်ခြင်းဒဏ်မှ ကာကွယ်နိုင်မယ့် ထိရောက်တဲ့နည်းလမ်းတခုကတော့ မိုးတွင်းအပြင်ထွက်တာနဲ့ ထီး၊မိုးကာတို့ကို တပါတည်းယူသွားပါ။ မိုးကာအင်္ကျီနဲ့ရေစိုခံဖိနပ်များ ဝတ်ဆင်ဖို့ အထူးသင့်တော်တဲ့ ရာသီဖြစ်ပါတယ်။

Writer & Translator : Thae Thae

Current

Leave a Reply

Your email address will not be published. Required fields are marked *