မိုးရွာတဲ့နေ့တွေဟာ အကောင်းဆုံးနေ့တွေဖြစ်တဲ့ အချက် ( ၇ )ချက်

*** Unicode ***

မိုးရွာတဲ့နေ့တွေကို ဘယ်သူကများ မနှစ်သက်ဘဲ နေနိုင်လဲ။ ခေါင်မိုးပေါ်ကနေ ပြတင်းတံခါးဘောင်တွေကို ဆန့်ကျင်ဖြတ်ကျော်ပြီး မှိုင်းအုံ့အုံ့ တိမ်တွေဆီကနေ ကမ္ဘာတစ်ဝန်းလုံး အေးချမ်းအောင် မိုးက စွမ်းဆောင်ပေးခဲ့တယ်။ မိုးရွာချိန်လေးဟာ နေ့တစ်နေ့အတွက်တော့ အကောင်းဆုံးအချိန်လေးပါ။ တွေးကြည့်လိုက်ရအောင်။ မိုးရွာတဲ့နေ့တွေဟာ အကောင်းဆုံးနေ့တွေ ဖြစ်ကြောင်းသက်သေပြနေတဲ့ အချက် ၇ ချက်ကို ပြောပြပါရစေ။

၁။ ထွေးပွေ့ထားချင်စရာ အချိန်လေး

မိုးရွာတဲ့နေ့တွေဟာ အလွန်ပြည့်စုံတဲ့ အောက်မေ့တမ်းတ လွမ်းမောစရာအချိန်လေးပဲဖြစ်ပါတယ်။အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်နဲ့အတူ ဒါမှမဟုတ် အခြားအရေးပါတဲ့အရာတွေကို ဒီအချိန်ဟာ ထွေးပွေ့ထားလို့ အကောင်းဆုံးအချိန်လေးပါ။အိစက်ညက်ညောင်းတဲ့ ခေါင်းအုံးတစ်လုံးနဲ့ ခြုံထည်တစ်ခုကို ကိုယ်ပေါ်လှွားပြီး အိပ်ယာထဲမှာတင် ဆန်းကျယ်စရာကောင်းတဲ့ ကမ္ဘာတစ်ခု ဖန်တီးလိုက်ပါ။

မိုးရွာတဲ့နေ့တွေဟာ လူအများကို လေးလံထိုင်းမှိုင်းစေပါတယ်။ ဘာကြောင့်များ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဖြစ်ဖြစ် ကိုယ့်အတွက် အရေးပါသူတစ်ယောက်ကိုပဲဖြစ်ဖြစ် ရင်ဝယ်ထွေးပွေ့ထားပြီး မိုးစက်သံလေးတွေကို အတူတကွ နားမထောင်နိုင်ကြတာလဲ။

၂။ ကော်ဖီ ပူပူတစ်ခွက်နဲ့အတူမိုးရွာတဲ့နေ့တွေဟာ လူကို ညှို့ယူဖမ်းစားထားသလိုလို ခံစားရတယ်။

အဲ့လိုအချိန်လေးမှာဆို ကော်ဖီပူပူတစ်ခွက်နဲ့ ပြတင်းပေါက် တံခါးဘောင်ကို ကျော်ပြီး အပြင်ကိုငေးနေရတဲ့ ခံစားမှုမျိုးကို သဘောကျမိတယ်။ထို အခိုက်အတန့်ဟာ ကိုယ့်ဘဝတစ်ခုလုံးကို ခေတ္တခဏ ပျော်ရွင်မှု ဖန်တီးလိုက်သလိုပဲ။

ပူပြင်းလှတဲ့ နွေလယ်မှာ ရံဖန်ရံခါ မိုးသက်မုန်တိုင်း တိုက်ခတ်ပေမယ့်လည်း ထိုအချိန်ခဏလေးအတွင်းမှာ ကော်ဖီပူပူတစ်ခွက် ရဖို့ မင်းအပူတပြင်းတောင်းတနေမိမှာ သေချာတယ်။

အခုလိုမိုးရွာချိန်တွေ ဆောင်းတွင်းတွေမှာဆို မင်းရဲ့လက်တွေဟာ အကြောထဲထိအောင် အေးစိမ့်နေတာကြောင့် ထိုအရာကို ပိုလိုအပ်လိမ့်မယ်။ ကော်ဖီခါးခါးဟာ မိုးအတွက်တော့ သိပ်လိုက်ဖက်တဲ့ အရာတစ်ခုပဲဖြစ်တယ်။

၃။ ရုပ်ရှင်ကြည့်ကောင်းချိန်

ခြုံထည်တစ်ထည်ကို ကိုယ်နဲ့မကွာထွေးပွေ့ထားပြီး တစ်ယောက်ထဲ ရုပ်ရှင်ကြည့်တာကလည်း ကိုယ့်အတွက်အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ရသလိုပါပဲ။ ပြောင်းဖူးပေါက်ပေါက်ရယ် ဆိုဒါရယ် ကိုယ်နှစ်သက်တဲ့ရုပ်ရှင်ရယ် ရာသီဥတုကလည်း ကိုယ့်ဘက်မှာရယ် စဉ်းစာကြည့်ပါ။ဘယ်လောက် သာယာလိုက်မလဲ။ အဲ့လိုအချိန်မျိုးမှာ မင်းရဲ့ဖုန်းကို ပိတ်ထားပါ။ ထိုအချိန်မျိုးကို အဆုံးရှုံးမခံပါနဲ့။

မိုးရွာတဲ့နေ့တွေဟာ မင်းရဲ့ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေကို အသိအမှတ်ပြုတဲ့နေ့လည်းဖြစ်တယ်။ မိုးရွာတဲ့နေ့တွေမှာ မှိုင်းတွေငေးမောစရာကောင်းတဲ့ရက်တွေ မှာ Drama ကားလိုမျိုး လေးလေးနက်နက်တွေးတောရမဲ့ ရုပ်ရှင်မျိုးကြည့်ပါလို့ ပြောပါရစေ။ ကျောထဲစိမ့်နေစေမယ့် ကြောက်မက်ဖွယ်ရာ ရုပ်ရှင်တွေကြည့်မယ်ဆိုရင်လည်း မီးပိတ်ပြီးကြည့်ပါ။

၄။ စာဖတ်ချိန်စာအုပ်ကောင်းတစ်အုပ်ဖတ်ရတာကို မချစ်မနှစ်သက်သူ ဘယ်သူရှိမလဲ။

မိုးရွာတဲ့နေ့တွေဟာ စာအုပ်ကောင်းတစ်အုပ်ကို အရသာခံဖတ်ဖို့ ဒါမှမဟုတ် မင်းစတင်ခဲ့တဲ့အရာတွေကို အဆုံးသတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။ဘာကြောင့်ဆို တစ်နေ့လုံး စာထဲမှာ စိတ်နှစ်ပြီး ဖတ်နိုင်လို့ပါ။

မင်းစူးစမ်းချင်တဲ့ အကြောင်းအရာတွေ၊ တစ်ခါမှ လှည့်မကြည့်ခဲ့တဲ့ အရင်ကတုန်းကအရာတွေ ကို မင်းအခုချိန် ကြိုးစားနိုင်ပါတယ်။ ဒါမှမဟုတ် အချစ်၊အလွမ်း၊ဟာသ စတဲ့ ဝတ္ထုကောင်းတစ်အုပ်ကို ရွေးချယ်လိုက်ပါ။မင်းရဲ့စိတ်ကူးယဉ်ကမ္ဘာကို လှည့်လည်ခံစားလိုက်ပါ။

၅။ လွတ်လပ်ပျော်ရွင်စွာ သန့်ရှင်းရေးလုပ်ခြင်း

မိုးရွာတဲ့နေ့တွေဟာ အိမ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးရက်တွေပါပဲ။ အရာအားလုံးသန့်ရှင်းအောင်ပြုလုပ်ပြီးချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ သပ်ရပ်သန့်ရှင်းနေပြီး ကျေနပ်ပီတိ ခံစားမှုကို ခံစားရစေမှာပါ။

၆။ အစားအသောက်ကောင်းကောင်းချက်ကြစို့။

မိုးရွာတဲ့နေ့တွေမှာ အစားအစာချက်ပြုတ်ဖို့ဆိုတာ စိတ်ရှည်ဖို့ရယ် အချိန်ရယ် လိုအပ်ပါတယ်။ အားလုံးချက်ပြုတ်ပြီးရင်တော့ မင်းရဲ့တစ်နေ့လုံးကို အိမ်ထဲမှာ အချိန်ဖြုန်းလို့ရပါပြီပေါ့နော်။ အဲ့ဒီအချိန်တွေမှာ မင်းသင်ချင်တဲ့အရာတွေ သင်ယူပါ။ ပြီးရင်တော့ မင်းကိုယ်တိုင် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို စိတ်ကြိုက်စားသောက်လိုက်ပါ။

၇။ ကျေုာင်းသင်ခန်းစာတွေ အိမ်စာတွေ ပြီးအောင်လုပ်ခြင်း

ရိုးသားလိုက်ရအောင်။ မင်းအတွက် ကျောင်းက ပေးလိုက်တဲ့ ခက်ခဲတဲ့ စစ်ဆေးမှုတွေကို အမှန်တကယ်ပြီးမြောက်အောင်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို မင်းသိပါတယ်။ မိုးရွာတော့ အပြင်မထွက် အိမ်တွင်းအောင်းလုပ်မယ်ဆို အရင်က လုပ်ဆောင်ခဲ့တဲ့စစ်ဆေးမှုတွေထက် ပိုကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အထူးသဖြင့် ထိုအရာတွေကပုံပြီး လုပ်ဖို့ပျင်းနေချိန်မျိုးမှာပေါ့။

မင်းရဲ့အလုပ်တွေကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးချိန်မှာ ပျော်ရွင်မှုကိုစတင်ခံစားရပါလိမ့်မယ်။ ငါပြီးအောင်လုပ်နိုင်ခဲ့ပြီဆိုပြီ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိပါလိမ့်မယ်။

—————————————————————————————————————————

မိုးရွာတဲ့နေ့တွေကို ဘယ်သူကများ မနှစ်သက်ဘဲ နေနိုင်လဲ။ ခေါင်မိုးပေါ်ကနေ ပြတင်းတံခါးဘောင်တွေကို ဆန့်ကျင်ဖြတ်ကျော်ပြီး မှိုင်းအုံ့အုံ့ တိမ်တွေဆီကနေ ကမ္ဘာတစ်ဝန်းလုံး အေးချမ်းအောင် မိုးက စွမ်းဆောင်ပေးခဲ့တယ်။ မိုးရွာချိန်လေးဟာ နေ့တစ်နေ့အတွက်တော့ အကောင်းဆုံးအချိန်လေးပါ။ တွေးကြည့်လိုက်ရအောင်။ မိုးရွာတဲ့နေ့တွေဟာ အကောင်းဆုံးနေ့တွေ ဖြစ်ကြောင်းသက်သေပြနေတဲ့ အချက် ၇ ချက်ကို ပြောပြပါရစေ။

၁။ ထွေးပွေ့ထားချင်စရာ အချိန်လေး

မိုးရွာတဲ့နေ့တွေဟာ အလွန်ပြည့်စုံတဲ့ အောက်မေ့တမ်းတ လွမ်းမောစရာအချိန်လေးပဲဖြစ်ပါတယ်။
အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ်နဲ့အတူ ဒါမှမဟုတ် အခြားအရေးပါတဲ့အရာတွေကို ဒီအချိန်ဟာ ထွေးပွေ့ထားလို့ အကောင်းဆုံးအချိန်လေးပါ။

အိစက်ညက်ညောင်းတဲ့ ခေါင်းအုံးတစ်လုံးနဲ့ ခြုံထည်တစ်ခုကို ကိုယ်ပေါ်လွှားပြီး အိပ်ယာထဲမှာတင် ဆန်းကျယ်စရာကောင်းတဲ့ ကမ္ဘာတစ်ခု ဖန်တီးလိုက်ပါ။

မိုးရွာတဲ့နေ့တွေဟာ လူအများကို လေးလံထိုင်းမှိုုင်းစေပါတယ်။ ဘာကြောင့်များ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဖြစ်ဖြစ် ကိုယ့်အတွက် အရေးပါသူတစ်ယောက်ကိုပဲဖြစ်ဖြစ် ရင်ဝယ်ထွေးပွေ့ထားပြီး မိုးစက်သံလေးတွေကို အတူတကွ နားမထောင်နိုင်ကြတာလဲ။

၂။ ကော်ဖီ ပူပူတစ်ခွက်နဲ့အတူ

မိုးရွာတဲ့နေ့တွေဟာ လူကို ညှို့ယူဖမ်းစားထားသလိုလို ခံစားရတယ်။
အဲ့လိုအချိန်လေးမှာဆို ကော်ဖီပူပူတစ်ခွက်နဲ့ ပြတင်းပေါက် တံခါးဘောင်ကို ကျော်ပြီး အပြင်ကိုငေးနေရတဲ့ ခံစားမှုမျိုးကို သဘောကျမိတယ်။ထို အခိုက်အတန့်ဟာ ကိုယ့်ဘဝတစ်ခုလုံးကို ခေတ္တခဏ ပျော်ရွင်မှု ဖန်တီးလိုက်သလိုပဲ။

ပူပြင်းလှတဲ့ နွေလယ်မှာ ရံဖန်ရံခါ မိုးသက်မုန်တိုင်း တိုက်ခတ်ပေမယ့်လည်း ထိုအချိန်ခဏလေးအတွင်းမှာ ကော်ဖီပူပူတစ်ခွက် ရဖို့ မင်းအပူတပြင်းတောင်းတနေမိမှာ သေချာတယ်။
အခုလိုမိုးရွာချိန်တွေ ဆောင်းတွင်းတွေမှာဆို မင်းရဲ့လက်တွေဟာ အကြောထဲထိအောင် အေးစိမ့်နေတာကြောင့် ထိုအရာကို ပိုလိုအပ်လိမ့်မယ်။ ကော်ဖီခါးခါးဟာ မိုးအတွက်တော့ သိပ်လိုက်ဖက်တဲ့ အရာတစ်ခုပဲဖြစ်တယ်။

၃။ ရုပ်ရှင်ကြည့်ကောင်းချိန်

ခြုံထည်တစ်ထည်ကို ကိုယ်နဲ့မကွာထွေးပွေ့ထားပြီး တစ်ယောက်ထဲ ရုပ်ရှင်ကြည့်တာကလည်း ကိုယ့်အတွက်အချိန်ကောင်းလေးတစ်ခု ပိုင်ဆိုင်ရသလိုပါပဲ။ ပြောင်းဖူးပေါက်ပေါက်ရယ် ဆိုဒါရယ် ကိုယ်နှစ်သက်တဲ့ရုပ်ရှင်ရယ် ရာသီဥတုကလည်း ကိုယ့်ဘက်မှာရယ် စဉ်းစာကြည့်ပါ။

ဘယ်လောက် သာယာလိုက်မလဲ။ အဲ့လိုအချိန်မျိုးမှာ မင်းရဲ့ဖုန်းကို ပိတ်ထားပါ။ ထိုအချိန်မျိုးကို အဆုံးရှုံးမခံပါနဲ့။ မိုးရွာတဲ့နေ့တွေဟာ မင်းရဲ့ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေကို အသိအမှတ်ပြုတဲ့နေ့လည်းဖြစ်တယ်။
မိုးရွာတဲ့နေ့တွေမှာ မှိုင်းတွေငေးမောစရာကောင်းတဲ့ရက်တွေ မှာ Drama ကားလိုမျိုး လေးလေးနက်နက်တွေးတောရမဲ့ ရုပ်ရှင်မျိုးကြည့်ပါလို့ ပြောပါရစေ။ ကျောထဲစိမ့်နေစေမယ့် ကြောက်မက်ဖွယ်ရာ ရုပ်ရှင်တွေကြည့်မယ်ဆိုရင်လည်း မီးပိတ်ပြီးကြည့်ပါ။

၄။ စာဖတ်ချိန်

စာအုပ်ကောင်းတစ်အုပ်ဖတ်ရတာကို မချစ်မနှစ်သက်သူ ဘယ်သူရှိမလဲ။ မိုးရွာတဲ့နေ့တွေဟာ စာအုပ်ကောင်းတစ်အုပ်ကို အရသာခံဖတ်ဖို့ ဒါမှမဟုတ် မင်းစတင်ခဲ့တဲ့အရာတွေကို အဆုံးသတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်။

ဘာကြောင့်ဆို တစ်နေ့လုံး စာထဲမှာ စိတ်နှစ်ပြီး ဖတ်နိုင်လို့ပါ။ မင်းစူးစမ်းချင်တဲ့ အကြောင်းအရာတွေ၊ တစ်ခါမှ လှည့်မကြည့်ခဲ့တဲ့ အရင်ကတုန်းကအရာတွေ ကို မင်းအခုချိန် ကြိုးစားနိုင်ပါတယ်။ ဒါမှမဟုတ် အချစ်၊အလွမ်း၊ဟာသ စတဲ့ ဝတ္ထုကောင်းတစ်အုပ်ကို ရွေးချယ်လိုက်ပါ။

မင်းရဲ့စိတ်ကူးယဉ်ကမ္ဘာကို လှည့်လည်ခံစားလိုက်ပါ။

၅။ လွတ်လပ်ပျော်ရွင်စွာ သန့်ရှင်းရေးလုပ်ခြင်း

မိုးရွာတဲ့နေ့တွေဟာ အိမ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးရက်တွေပါပဲ။ အရာအားလုံးသန့်ရှင်းအောင်ပြုလုပ်ပြီးချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံးဟာ သပ်ရပ်သန့်ရှင်းနေပြီး ကျေနပ်ပီတိ ခံစားမှုကို ခံစားရစေမှာပါ။

၆။ အစားအသောက်ကောင်းကောင်းချက်ကြစို့။

မိုးရွာတဲ့နေ့တွေမှာ အစားအစာချက်ပြုတ်ဖို့ဆိုတာ စိတ်ရှည်ဖို့ရယ် အချိန်ရယ် လိုအပ်ပါတယ်။ အားလုံးချက်ပြုတ်ပြီးရင်တော့ မင်းရဲ့တစ်နေ့လုံးကို အိမ်ထဲမှာ အချိန်ဖြုန်းလို့ရပါပြီပေါ့နော်။ အဲ့ဒီအချိန်တွေမှာ မင်းသင်ချင်တဲ့အရာတွေ သင်ယူပါ။ ပြီးရင်တော့ မင်းကိုယ်တိုင် အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို စိတ်ကြိုက်စားသောက်လိုက်ပါ။

၇။ ကျောုင်းသင်ခန်းစာတွေ အိမ်စာတွေ ပြီးအောင်လုပ်ခြင်း

ရိုးသားလိုက်ရအောင်။ မင်းအတွက် ကျောင်းက ပေးလိုက်တဲ့ ခက်ခဲတဲ့ စစ်ဆေးမှုတွေကို အမှန်တကယ်ပြီးမြောက်အောင်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာကို မင်းသိပါတယ်။ မိုးရွာတော့ အပြင်မထွက် အိမ်တွင်းအောင်းလုပ်မယ်ဆို အရင်က လုပ်ဆောင်ခဲ့တဲ့စစ်ဆေးမှုတွေထက် ပိုကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အထူးသဖြင့် ထိုအရာတွေကပုံပြီး လုပ်ဖို့ပျင်းနေချိန်မျိုးမှာပေါ့။ မင်းရဲ့အလုပ်တွေကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးချိန်မှာ ပျော်ရွင်မှုကိုစတင်ခံစားရပါလိမ့်မယ်။ ငါပြီးအောင်လုပ်နိုင်ခဲ့ပြီဆိုပြီ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိပါလိမ့်မယ်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *