တတိယမြောက် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် Warren Buffet

*** Unicode ***

Forbes မဂ္ဂဇင်းရဲ့ တတိယမြောက် အချမ်းသာဆုံးအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက သတ်မှတ်ခံထားရသူ Warren Buffet အကြောင်းကို ဒီတစ်ပတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်သာမက စတော့ရှယ်ယာဈေးကွက်ကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။

သူ အသက် ၇ နှစ်သား အရွယ်မှာ Omaha အများပိုင်စာကြည့်တိုက်လေးကနေ ငှားခဲ့တဲ့ One Thousand Ways to Make $ 1000 ဆိုတဲ့ စာအုပ်လေးက သူ့ကို ခွန်အားများစွာပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

သူက အသက် ၁၁ နှစ်သားလောက်မှာတင် ရင်းနှီးမြှပ်နှံမှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူရင်းနှီးမြှုပ်နှံခဲ့တဲ့ ကုမ္ပဏီရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။

အသက် ၁၉ နှစ် Harvard ကျောင်းလျှောက်ထားရာမှာလည်း ငြင်းပယ်ခံခဲ့ရပါတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံအတိုင်း သူက ကိုလံဘီယာကို ရောက်ရှိသွားခဲ့ပါတယ်။ ထိုနေရာမှာပဲ သူ့ရဲ့ တီထွင်မှုတွေ၊ စီးပွားရေးလုပ်ဆောင်နိုင်မှုတွေ တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူ့ကို ကျွန်တော်တို့ လေ့လာကြည့်မယ်ဆို စိတ်ဓာတ်ကြံခိုင်တဲ့သူ၊ စိတ်ကူးအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

ငြင်းပယ်ခံရမှုတွေကြုံတွေ့ခဲ့ရပေမယ့်လည်း သန်းကြွယ်သူဌေးတစ်ယောက်အနေဖြင့် ပြန်လာနိုင်ခဲ့ပြီး Harvard ကျောင်းတော်ကြီး သူ့ကိုလက်မခံခဲ့တာ မှားကြောင်းကို သက်သေပြခဲ့သူပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ငြင်းပယ်ခံရမှုတွေ ကြုံတွေ့နိုင်ပါတယ်။

အရှုံးပေးမလား ဒါမှမဟုတ်လည်း တစိုက်မတ်မတ် ဆက်ကြိုးစားမလားဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီးတော့ပဲ အခြေအနေတွေကလည်း ပြောင်းလဲလာမှာပဲ ဖြစ်ပါတယ်။

သူ့ဆီက မှတ်သားထားသင့်တဲ့ စကားလေးတစ်ခွန်းက “ အကယ်လို့ မင်းအိပ်စက်ချိန်မှာတောင် ပိုက်ဆံဖန်တီးနိုင်ဖို့ အခွင့်အရေး မရှာဖွေဘူးဆိုရင် မသေခင်အချိန်ထိတိုင် မင်းက အလုပ်လုပ်နေရဦးမှာပါပဲ ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

မင်းအနေနဲ့ အခုလို ကျပ်တည်းလာတဲ့ခေတ်မှာ သူများထက် ပိုကြိုးစားရမယ်။ ပိုတွေးတောနေရမယ်။ ပိုကြံစည်နေရမယ်။အခွင့်အလမ်းသစ်တွေ ရှာဖွေနေရမယ်။ ဒါမှ အိုဇာတာ ကောင်းမှာ ဖြစ်ပါတယ်။ ဒါမှ သူများ တန်းတူနေနိုင်မှာ ဖြစ်ပါတယ်။

——————————————————————————————————————————

Forbes မဂ္ဂဇင်းရဲ့ တတိယမြောက် အချမ်းသာဆုံးအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက သတ်မှတ်ခံထားရသူ Warren Buffet အကြောင်းကို ဒီတစ်ပတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်သာမက စတော့ရှယ်ယာဈေးကွက်ကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။

သူ အသက် ၇ နှစ်သား အရွယ်မှာ Omaha အများပိုင်စာကြည့်တိုက်လေးကနေ ငှားခဲ့တဲ့ One Thousand Ways to Make $ 1000 ဆိုတဲ့ စာအုပ်လေးက သူ့ကို ခွန်အားများစွာပေးခဲ့တယ်လို့လည်း ဆိုထားပါတယ်။

သူက အသက် ၁၁ နှစ်သားလောက်မှာတင် ရင်းနှီးမြှပ်နှံမှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူရင်းနှီးမြှုပ်နှံခဲ့တဲ့ ကုမ္ပဏီရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။

အသက် ၁၉ နှစ် Harvard ကျောင်းလျှောက်ထားရာမှာလည်း ငြင်းပယ်ခံခဲ့ရပါတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံအတိုင်း သူက ကိုလံဘီယာကို ရောက်ရှိသွားခဲ့ပါတယ်။ ထိုနေရာမှာပဲ သူ့ရဲ့ တီထွင်မှုတွေ၊ စီးပွားရေးလုပ်ဆောင်နိုင်မှုတွေ တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သူ့ကို ကျွန်တော်တို့ လေ့လာကြည့်မယ်ဆို စိတ်ဓာတ်ကြံခိုင်တဲ့သူ၊ စိတ်ကူးအိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်သူတစ်ယောက် ဖြစ်တယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။

ငြင်းပယ်ခံရမှုတွေကြုံတွေ့ခဲ့ရပေမယ့်လည်း သန်းကြွယ်သူဌေးတစ်ယောက်အနေဖြင့် ပြန်လာနိုင်ခဲ့ပြီး Harvard ကျောင်းတော်ကြီး သူ့ကိုလက်မခံခဲ့တာ မှားကြောင်းကို သက်သေပြခဲ့သူပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ငြင်းပယ်ခံရမှုတွေ ကြုံတွေ့နိုင်ပါတယ်။ အရှုံးပေးမလား ဒါမှမဟုတ်လည်း တစိုက်မတ်မတ် ဆက်ကြိုးစားမလားဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မူတည်ပြီးတော့ပဲ အခြေအနေတွေကလည်း ပြောင်းလဲလာမှာပဲ ဖြစ်ပါတယ်။

သူ့ဆီက မှတ်သားထားသင့်တဲ့ စကားလေးတစ်ခွန်းက “ အကယ်လို့ မင်းအိပ်စက်ချိန်မှာတောင် ပိုက်ဆံဖန်တီးနိုင်ဖို့ အခွင့်အရေး မရှာဖွေဘူးဆိုရင် မသေခင်အချိန်ထိတိုင် မင်းက အလုပ်လုပ်နေရဦးမှာပါပဲ ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

မင်းအနေနဲ့ အခုလို ကျပ်တည်းလာတဲ့ခေတ်မှာ သူများထက် ပိုကြိုးစားရမယ်။ ပိုတွေးတောနေရမယ်။ ပိုကြံစည်နေရမယ်။အခွင့်အလမ်းသစ်တွေ ရှာဖွေနေရမယ်။ ဒါမှ အိုဇာတာ ကောင်းမှာ ဖြစ်ပါတယ်။ ဒါမှ သူများ တန်းတူနေနိုင်မှာ ဖြစ်ပါတယ်။

 

Current

Leave a Reply

Your email address will not be published. Required fields are marked *