လူငယ်တွေ တိုးတက်ဖို့ အတားအဆီးဖြစ်စေတဲ့အရာတွေက ဘာတွေဖြစ်မလဲ

ဗြိတိသျှကောင်စီမှ ပြုလုပ်သော မျိုးဆက်သစ်မြန်မာ စစ်တမ်းအရ လူငယ်များသည် အလုပ်လက်မဲ့ဖြစ်မှု၊ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူမှုရေး၊ မီဒီယာစွဲလန်းမှု၊ တင်းကျပ်တဲ့ မိဘအုပ်ထိန်းမှုများ စတဲ့အရာတွေက သူတို့ဘဝထဲမှာ နေရာယူ ကြီးစိုးနေတဲ့ အတားအဆီး အဟန့်အတားများပဲ ဖြစ်တယ်။

နောက်တစ်ချက်က လူငယ်အများစုက အနာဂတ်မှာ သူတို့ရဲ့ အခြေအနေတိုးတက်ကောင်းမွန်လာမည်ဟုယူဆကြပါတယ်။ ဒါဆို ဘယ်လိုအရာတွေအပေါ် ရရှိအောင်မြင်ဖို့ မျှော်လင့်ထားကြတယ်လို့ သင်ထင်သလဲ။
စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါ ငွေအမြောက်အများရှုာဖွေဖို့၊ ငြိမ်းချမ်းစွာနေထိုင်နိုင်ဖို့ နဲ့ အလုပ်အကိုင်ကောင်းကောင်းရရှိဖို့ကို မျှော်လင့်ထားကြတာကို တွေ့ရပါတယ်။

လူငယ်တွေအနေနဲ့ ရှေ့ဆက်လျှောက်ရမယ့် ဘဝအခွင့်အရေး မဆုံးရှုံးအောင်နဲ့ အနာဂတ်မျှော်မှန်းချက်ပြည့်ဝအောင် လုံလောက်တဲ့ ရင်းနှီးပေးဆပ်မှု၊ ဇွဲ၊လုံ့လ၊ ဝီရိယ တို့ရှိဖို့တော့လိုပါတယ်။

ဥပမာ – အလုပ်ကောင်းကောင်းလိုချင်တယ်ဆိုပြီး ဂိမ်းပဲတစ်နေ့လုံးထိုင်ဆော့နေလို့မရပါ။ ကိုယ့်မှာ ပြည့်ဝတဲ့အရည်အချင်းရှိအောင်၊ မိတ်ကောင်းဆွေကောင်းတွေအပြင် ကိုယ်ရဲ့ကြိုးစားအားထုတ်မှုတွေပါ ရှိဖို့တော့လိုပါလိမ့်မယ်။

ဒါမှသာ အလုပ်ကောင်းကောင်းရမှာ ဖြစ်သလို မျှော်မှန်းထားတဲ့ ငွေအမြောက်အများလည်းရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကို အနှောင့်အယှက် ၊ အတားအဆီး ဖြစ်စေတဲ့အရာတွေကို ဉာဏ်၊သတိနဲ့ယှဉ်ပြီး ပါးပါးနပ်နပ်ကျော်ဖြတ်သွားပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Career, Current

Leave a Reply

Your email address will not be published. Required fields are marked *