ဖုန်းရေထဲကျသွားလျှင် ဘာလုပ်မလဲ?

*** Unicode ***

#POINT #PointYouthPlatform

မင်းရဲ့စမတ်ဖုန်းက သန့်စင်ခန်း၊ ရေဘေစင်နဲ့ ရေကန်တွေထဲကို ပြုတ်ကျတဲ့အခါမှာ မထိတ်လန့်သွားပါနဲ့။မင်းကတတ်နိုင်သမျှမြန်မြန်လုပ်မယ်ဆိုရင် ဖုန်းကိုရေကြောင့် ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ ရေထဲကိုကျသွားတဲ့ဖုန်းကို ပြန်လည် ပြုပြင်နိုင်မယ့်နည်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ ရေထဲကနေဖုန်းကို မြန်မြန်ယူလိုက်ပါ။

ကြာကြာထားလေလေ ရေတွေက ဖုန်းထဲကို ပိုပြီးတော့ ဝင်လာလေလေပါပဲ။ရေထဲကနေယူပြီးတာနဲ့ ချက်ချင်းလုပ်ရမယ့်အရာတွေ ရှိပါတယ်။ ရေကြောင့်မပျက်စီးအောင် ကာကွယ်နိုင်ဖို့ မလုပ်သင့်တဲ့အရာတွေလဲ ရှိနေပါသေးတယ်။မလုပ်သင့်တဲ့အရာများ-ဖုန်းပြန်မဖွင့်လိုက်ပါနဲ့။-ဘယ်ခလုတ်ကိုမှ မနှိပ်ပါနဲ့။-ဖုန်းကို မခါရမ်းပါနဲ့။-ဖုန်းကို မမှုတ်ပါနဲ့။

ဒါကတော့ ရေတွေမရောက်သေးတဲ့ ဖုန်းအတွင်းပိုင်းထဲကို ရေတွေ ဝင်ရောက်သွားနိုင်ပြီး ပိုပျက်စီးသွားစေနိုင်ပါတယ်။-အပူမပေးပါနဲ့။ (အခြောက်ခံစက်တွေ မိုက်ခရိုဝေ့တွေ မသုံးပါနဲ့)။ဖုန်းရေစိုသွားလျှင် ချက်ချင်းလုပ်ရမယ့်အရာတွေကိုလည်း အောက်ပါ ဖော်ပြပေးထားပါတယ်။

၁။ ဖုန်းကိုပိတ်လိုက်ပါ။

၂။ ဖုန်းကာဗာတွေပါနေရင် ဖယ်လိုက်ပြီးတော့ ဆင်းကဒ်နဲ့SDကဒ်တွေကို ထုတ်လိုက်ပါ။

၃။ ဖုန်းကိုဖွင့်ပြီး ဘတ္ထရီကိုဖြုတ်လိုက်ပါ။ (တစ်ချို့ဖုန်းမော်ဒယ်တွေက ဒီလိုလုပ်လို့မရပါဘူး)

၄။ အဝတ်တစ်ခုကိုသုံးပြီး ဖုန်းကိုခြောက်အောင်သုတ်လိုက်ပါ။ ရေတွေပြန့်သွားအောင် မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒါက ဖုန်းအတွင်းထဲထိအောင် ရေတွေပိုရောက်သွားနိုင်ပါတယ်။

၅။ ရေပျက်စီးမှုက ပိုဆိုးဝါးနေခဲ့ရင် အဝတ်နဲ့မရောက်နိုင်တဲ့နေရာတွေကြားက ရေတွေကို လေမှုတ်စက်နဲ့စုပ်ယူလိုက်ပါ။ ဒီလိုမလုပ်ခင်မှာ ဆင်းကဒ်၊ SDကဒ်နဲ့ဘတ္ထရီတို့ကို ဖြုတ်ထားဖို့ မမေ့ပါနဲ့။

၆။ ဖုန်းကို ဆန်အိတ်ထဲကို ထည့်ထားလိုက်ပါ။ ဆန်ကတော့ ရေတွေကို စုပ်ယူနိုင်စေပါတယ်။ ပြီးတော့ ဒါကစမတ်ဖုန်းနဲ့ tablets တွေကို အခြောက်ခံဖို့အတွက် သုံးလေ့ရှိတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒါ့အပြင် ဖုန်းအခြောက်ခံအိတ်တွေဝယ်ထားလို့လည်း ရနိုင်ပါတယ်။ အိမ်မှာမရှိဘူးဆိုရင်လည်း အပြင်ကိုထွက်ဝယ်မနေပါနဲ့။ တကယ်တော့ အချိန်ကအရေးကြီးပါတယ်။ မင်းဖုန်းကို တတ်နိုင်သမျှမြန်မြန် ဆန်အိတ်ထဲကိုထည့်လိုက်ပါ။

၇။ တစ်ရက်၊ နှစ်ရက်လောက် ဖုန်းကို ခြောက်သွေ့အောင်ထားပါ။ ဒါက အလုပ်လုပ်သေးရဲ့လား ဆိုတာကို ဖွင့်ကြည့်ဖို့ မကြိုးစားပါနဲ့။

၈။ နှစ်ရက်လောက်ကြာပြီးရင် ဆန်အိတ်ထဲက ဖုန်းကို ယူလို့ရပါပြီ။ ပြီးတော့ ဖုန်းထဲကို ဘတ္ထရီထည့်ပြီးတော့ ဖွင့်ကြည့်လိုက်ပါ။

၉။ မင်းဖုန်းကမပွင့်သေးဘူးဆိုရင် ဒါကိုအားသွင်းကြည့်ပါ။ အားသွင်းလို့မရဘူးဆိုရင် ဘတ္ထရီပျက်သွားတာဖြစ်နိုင်ပါတယ်။ ဘတ္ထရီလဲကြည့်လို့ရနိုင်သလို နားလည်တတ်ကျွမ်းသူကို စစ်ဆေးခိုင်းဖို့ ပြင်ဆိုင်ကို သွားပြပါ။

၁၀။ မင်းဖုန်းက ပွင့်သွားပြီဆိုရင် ဒါကကောင်းကောင်းသုံးလို့ ရသင့်ပါတယ်။ တစ်ခုခုထူးခြားနေတာရှိလား ဆိုပြီး နောက်နှစ်ရက်လောက်အထိတော့ စောင့်ကြည့်နေသင့်ပါတယ်။ သီချင်းဖွင့်ပြီးတော့ စပီကာကောင်း၊မကောင်း စစ်ဆေးကြည့်ပါ။ စခရင်က ဖြစ်သင့်တဲ့အတိုင်း ဖြစ်နေရဲ့လား သေချာအောင် စစ်ဆေးပါ။နောက်ဆိုရင်တော့ ရေကူးကန်ကိုသွားတဲ့အခါ ပန်းကန်ဆေးတဲ့အခါ ရေချိုးခန်းသွားတဲ့အခါမှာ ဖုန်းတွေယူသွားခြင်းကို ရှောင်ကြဉ်ပါ။

Writer & Translator : Su Mon

—————————————————————————————————————————-

#POINT #PointYouthPlatform

မင်းရဲ့စမတ်ဖုန်းက သန့်စင်ခန်း၊ ရေဘေစင်နဲ့ ရေကန်တွေထဲကို ပြုတ်ကျတဲ့အခါမှာ မထိတ်လန့်သွားပါနဲ့။

မင်းကတတ်နိုင်သမျှမြန်မြန်လုပ်မယ်ဆိုရင် ဖုန်းကိုရေကြောင့် ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ ရေထဲကိုကျသွားတဲ့ဖုန်းကို ပြန်လည် ပြုပြင်နိုင်မယ့်နည်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ရေထဲကနေဖုန်းကို မြန်မြန်ယူလိုက်ပါ။ ကြာကြာထားလေလေ ရေတွေက ဖုန်းထဲကို ပိုပြီးတော့ ဝင်လာလေလေပါပဲ။

ရေထဲကနေယူပြီးတာနဲ့ ချက်ချင်းလုပ်ရမယ့်အရာတွေ ရှိပါတယ်။ ရေကြောင့်မပျက်စီးအောင် ကာကွယ်နိုင်ဖို့ မလုပ်သင့်တဲ့အရာတွေလဲ ရှိနေပါသေးတယ်။

မလုပ်သင့်တဲ့အရာများ

-ဖုန်းပြန်မဖွင့်လိုက်ပါနဲ့။

-ဘယ်ခလုတ်ကိုမှ မနှိပ်ပါနဲ့။

-ဖုန်းကို မခါရမ်းပါနဲ့။

-ဖုန်းကို မမှုတ်ပါနဲ့။ ဒါကတော့ ရေတွေမရောက်သေးတဲ့ ဖုန်းအတွင်းပိုင်းထဲကို ရေတွေ ဝင်ရောက်သွားနိုင်ပြီး ပိုပျက်စီးသွားစေနိုင်ပါတယ်။

-အပူမပေးပါနဲ့။ (အခြောက်ခံစက်တွေ မိုက်ခရိုဝေ့တွေ မသုံးပါနဲ့)။

ဖုန်းရေစိုသွားလျှင် ချက်ချင်းလုပ်ရမယ့်အရာတွေကိုလည်း အောက်ပါ ဖော်ပြပေးထားပါတယ်။

၁။ ဖုန်းကိုပိတ်လိုက်ပါ။

၂။ ဖုန်းကာဗာတွေပါနေရင် ဖယ်လိုက်ပြီးတော့ ဆင်းကဒ်နဲ့SDကဒ်တွေကို ထုတ်လိုက်ပါ။

၃။ ဖုန်းကိုဖွင့်ပြီး ဘတ္ထရီကိုဖြုတ်လိုက်ပါ။ (တစ်ချို့ဖုန်းမော်ဒယ်တွေက ဒီလိုလုပ်လို့မရပါဘူး)

၄။ အဝတ်တစ်ခုကိုသုံးပြီး ဖုန်းကိုခြောက်အောင်သုတ်လိုက်ပါ။ ရေတွေပြန့်သွားအောင် မလုပ်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒါက ဖုန်းအတွင်းထဲထိအောင် ရေတွေပိုရောက်သွားနိုင်ပါတယ်။

၅။ ရေပျက်စီးမှုက ပိုဆိုးဝါးနေခဲ့ရင် အဝတ်နဲ့မရောက်နိုင်တဲ့နေရာတွေကြားက ရေတွေကို လေမှုတ်စက်နဲ့စုပ်ယူလိုက်ပါ။ ဒီလိုမလုပ်ခင်မှာ ဆင်းကဒ်၊ SDကဒ်နဲ့ဘတ္ထရီတို့ကို ဖြုတ်ထားဖို့ မမေ့ပါနဲ့။

၆။ ဖုန်းကို ဆန်အိတ်ထဲကို ထည့်ထားလိုက်ပါ။ ဆန်ကတော့ ရေတွေကို စုပ်ယူနိုင်စေပါတယ်။ ပြီးတော့ ဒါကစမတ်ဖုန်းနဲ့ tablets တွေကို အခြောက်ခံဖို့အတွက် သုံးလေ့ရှိတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒါ့အပြင် ဖုန်းအခြောက်ခံအိတ်တွေဝယ်ထားလို့လည်း ရနိုင်ပါတယ်။ အိမ်မှာမရှိဘူးဆိုရင်လည်း အပြင်ကိုထွက်ဝယ်မနေပါနဲ့။ တကယ်တော့ အချိန်ကအရေးကြီးပါတယ်။ မင်းဖုန်းကို တတ်နိုင်သမျှမြန်မြန် ဆန်အိတ်ထဲကိုထည့်လိုက်ပါ။

၇။ တစ်ရက်၊ နှစ်ရက်လောက် ဖုန်းကို ခြောက်သွေ့အောင်ထားပါ။ ဒါက အလုပ်လုပ်သေးရဲ့လား ဆိုတာကို ဖွင့်ကြည့်ဖို့ မကြိုးစားပါနဲ့။

၈။ နှစ်ရက်လောက်ကြာပြီးရင် ဆန်အိတ်ထဲက ဖုန်းကို ယူလို့ရပါပြီ။ ပြီးတော့ ဖုန်းထဲကို ဘတ္ထရီထည့်ပြီးတော့ ဖွင့်ကြည့်လိုက်ပါ။

၉။ မင်းဖုန်းကမပွင့်သေးဘူးဆိုရင် ဒါကိုအားသွင်းကြည့်ပါ။ အားသွင်းလို့မရဘူးဆိုရင် ဘတ္ထရီပျက်သွားတာဖြစ်နိုင်ပါတယ်။ ဘတ္ထရီလဲကြည့်လို့ရနိုင်သလို နားလည်တတ်ကျွမ်းသူကို စစ်ဆေးခိုင်းဖို့ ပြင်ဆိုင်ကို သွားပြပါ။

၁၀။ မင်းဖုန်းက ပွင့်သွားပြီဆိုရင် ဒါကကောင်းကောင်းသုံးလို့ ရသင့်ပါတယ်။ တစ်ခုခုထူးခြားနေတာရှိလား ဆိုပြီး နောက်နှစ်ရက်လောက်အထိတော့ စောင့်ကြည့်နေသင့်ပါတယ်။ သီချင်းဖွင့်ပြီးတော့ စပီကာကောင်း၊မကောင်း စစ်ဆေးကြည့်ပါ။ စခရင်က ဖြစ်သင့်တဲ့အတိုင်း ဖြစ်နေရဲ့လား သေချာအောင် စစ်ဆေးပါ။

နောက်ဆိုရင်တော့ ရေကူးကန်ကိုသွားတဲ့အခါ ပန်းကန်ဆေးတဲ့အခါ ရေချိုးခန်းသွားတဲ့အခါမှာ ဖုန်းတွေယူသွားခြင်းကို ရှောင်ကြဉ်ပါ။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *