ရည်းစားဟောင်းကို လက်လွှတ်နိုင်စေဖို့ အကြံပြုချက်

#POINT #PointYouthPlatform

ချစ်သူတွေကြားမှာ လမ်းခွဲမှုတွေဆိုတာ ဘယ်တော့မှမလွယ်ကူပါဘူး။ အထူးသဖြင့် ကိုယ့်ဘက်က စပြီးတော့ လမ်းခွဲခဲ့တာမဟုတ်ဘူးဆိုရင်ပေါ့။
သူက ကိုယ့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ နေသားကျနေခဲ့ပါပြီ။ သူ့ကိုလက်လွှတ်ပြီးတော့ အတိတ်ကိုချန်ထားရစ်ခဲ့ဖို့ဆိုတာက အရမ်းခက်ခဲပါတယ်။
ပျော်စရာအချိန်ကောင်းလေးတွေကို ဆက်ပြီးတော့ သတိရနေတတ်တယ်။ တစ်နေ့နေ့မှာသူ ပြန်လာမလားဆိုပြီး မျှော်လင့်နေကြတယ်။ ဒါကြောင့်ပဲ အတိတ်မှာနစ်မြှုပ်နေပြီး ပျော်စရာအနာဂတ်တံခါးတွေကို ပိတ်မိလျက်သားဖြစ်နေတာပေါ့။
၁။ ပျော်စရာအမှတ်တရလေးတွေကို ပြန်အသက်သွင်းနိုင်မယ်လို့ အထင်မှားနေခြင်း
စိတ်ခံစားချက်ကို ဦးစားပေးပြီး တွေးနေမယ်ဆိုရင် ဒါကိုအဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။ အရမ်းပျော်ရွှင်ခဲ့လျက်သားနဲ့ ဘာကြောင့်လမ်းခွဲခဲ့ရတာလဲ ဆိုတာကို သိချင်နေမိကြတယ်။
ညဘက်အိပ်ယာထဲမှာ လဲလျောင်းရင်း ပျော်စရာအမှတ်တရတွေကို ပြန်တွေးရင်း သူ့ကိုပျော်ရွှင်အောင်လုပ်ပေးခဲ့ဖူးတာတွေကို ပြန်အသက်သွင်းနေတတ်ကြပါတယ်။
ဒါပေမယ့် အမှတ်တရဆိုတာက အမှတ်တရသက်သက်ပဲဆိုတဲ့ အချက်ကိုလက်ခံရပါမယ်။ ဒီအချိန်ကာလတွေကို ပြန်ပြီးတော့အသက်သွင်းလို့မရနိုင်တော့ပါဘူး။
ကျွန်တော်တို့က ရှေ့ဆက်လျှောက်လှမ်းပြီးတော့ အမှတ်တရအသစ်တွေ ဖန်တီးဖို့လိုနေပါပြီ။ လုပ်သင့်တဲ့အကောင်းဆုံးအရာက အမှတ်တရတွေကို ကုန်ကျစရိတ်တွေလိုပဲ သတ်မှတ်လိုက်ပါ။
ကုန်ကျစရိတ်ဆိုတာက ပြန်မရနိုင်တော့တဲ့အရာတွေပဲလေ။ ကောင်းမွန်တဲ့အမှတ်တရတွေလဲ အတူတူပါပဲ။ သူတို့ကဘယ်လောက်ကောင်းကောင်း အတိတ်ဟာအတိတ်ပါပဲ။ ပြန်အဖတ်ဆည်လို့မရနိုင်တော့ပါဘူး။
ဒါကြောင့် ရွေးချယ်စရာနှစ်လမ်းရှိပါတယ်။ အတိတ်ထဲမှာပဲ နစ်မြှုပ်နေတော့မှာလား။ ဒါမှမဟုတ် ရှေ့ဆက်လျှောက်မလား။
အတိတ်ထဲမှာ တဝဲလည်လည်ဖြစ်နေရင်တော့ ပျော်ရွှင်မှုတွေမရနိုင်ပဲ နာကျင်စရာတွေပဲ ရနေမှာပါ။ အတိတ်ကို ပြန်တမ်းတလေလေ အနာဂတ်ရဲ့ ပျော်စရာတွေနဲ့ ဝေးကွာလေလေပါပဲ။
၂။ ရည်းစားဟောင်းက ကျွန်တော်တို့အတွက် ကောင်းတယ်လို့ ယုံကြည်နေကြခြင်း။
လမ်းခွဲလိုက်တာနဲ့ ဆိုးဝါးတဲ့အမှတ်တရတွေအားလုံးကို မြန်မြန်ဆန်ဆန်မေ့ပစ်တတ်ကြတယ်။ မှားယွင်းခဲ့တဲ့အရာအားလုံးကို မမြင်နိုုင်ဖြစ်လာတတ်ကြပါတယ်။
အမှတ်တရတွေက ကောင်းမွန်တယ်လို့ယုံကြည်နေအောင် ကျွန်တော်တို့ ဦးနှောက်က လှည့်စားထားပါတယ်။ ဒါပေမယ့် တကယ့်အဖြစ်အပျက်တွေကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။
ရည်းစားဟောင်းက ကိုယ့်အတွက် အကောင်းမွန်ဆုံးလို့ ထင်နေလို့ တမ်းတနေတာပါ။ ဒါကြောင့် လက်မလွှတ်နိုင်ပဲ ပြန်ပြီးတော့ လက်တွဲနိုင်ဖို့ မျှော်လင့်နေတတ်ကြတယ်။
ရည်းစားဟောင်းပြန်လာမယ်လို့ထင်နေတဲ့အတွက်ကြောင့် လက်တွဲဖော်အသစ်ဖြစ်နိုင်တဲ့လူတွေကို လစ်လျှူရှုမိပြီး ငြင်းဆန်ချင်တတ်ကြပါတယ်။ ကောင်းမွန်တဲ့အမှတ်တရတွေကို သတိရနေပြီး ပြန်အဆင်ပြေမယ်လို့ ထင်နေတဲ့အတွက်ကြောင့် စောင့်ဆိုင်းနေထိုက်တယ်လို့ ထင်နေတဲ့အချက်ကို ပြုပြင်ရပါမယ်။
နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ညစ်စရာတွေ အမြင်မတူတဲ့အတွက်ကြောင့် ရန်ဖြစ်ခဲ့ရတာတွေအားလုံးကို မေ့ပစ်နိုင်လောက်အောင် ဖြစ်နေကြတာလား။
တစ်ယောက်ယောက်က လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာနဲ့ သူ့စိတ်ထဲမှာ ပြောင်းလဲပြီးသား ဖြစ်နေပြီ ဆိုတာကို နားလည်ထားရပါမယ်။
ဒီလိုချစ်သူစုံတွဲဘဝက သူလိုချင်တဲ့ပုံစံမဟုတ်ဘူးဆိုတာကို နားလည်ထားပြီးသားပါ။ ဒါကြောင့် သူက မတူညီတဲ့ခံစားချက်တွေကို ခံစားကြည့်ချင်နေကြပြီလေ။
သူ့ရဲ့ပုံရိပ်တွေက ကိုယ့်ရဲ့မှတ်ဉာဏ်ထဲမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် အမှန်တရားက လမ်းခွဲပြီးတဲ့နောက်မှာ သူက အရင်ကကိုယ်သိခဲ့တဲ့သူ မဟုတ်နိုင်တော့ဘူး။
ဝေးကွာတဲ့အချိန်တွေ ပိုကြာလာလေလေ သူစိမ်းတွေဖြစ်လာလေလေပါပဲ။ ဒါကြောင့် သူ့ကိုပြန်လာစေချင်စရာ အကြောင်းအရင်းမရှိသင့်ပါဘူး။ အရင်တုန်းက သူမှ မဟုတ်တော့တာ။
လမ်းခွဲဖို့ဆိုတာက ခက်ခဲပါတယ်။ ဒါအမှန်ပါပဲ။ သူ့ကို အရမ်းချစ်ခဲ့မယ်ဆိုရင် သူမရှိတဲ့ဘဝဆိုတာက တွေးကြည့်ဖို့တောင် ခက်ခဲပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ကိုယ်နဲ့အတူ ရှိမနေချင်တော့ဘူးဆိုရင် ဘာတွေကို ဘယ်လောက်ပဲယုံကြည်ထားပါစေ သူတို့က ကိုယ့်အတွက် လိုက်ဖက်တဲ့သူတစ်ယောက်မဟုတ်နိုင်တော့ပါဘူး။ ခဏလောက်တော့ ဝမ်းနည်းရမှာပါပဲ။
တစ်ယောက်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာက အချိန်ယူရပါတယ်။ ဒါပေမယ့် အတိတ်ကို အချိန်အကြာကြီးတမ်းတနေတာက ကျန်းမာရေးအတွက်လဲ မကောင်းနိုင်ပါဘူး။ အတိတ်ကို ပြန်လှည့်ကြည့်နေတာက ပျော်ရွှင်မှုတွေကို ပြန်မရလာနိုင်ပါဘူး။ ဒါကြောင့် အနာဂတ်ကို မျှော်ကြည့်ရင်းနဲ့ပဲ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ရအောင်။

Writer & Translator : Su Mon

*** Unicode ***

#POINT #PointYouthPlatform

ချစ်သူတွေကြားမှာ လမ်းခွဲမှုတွေဆိုတာ ဘယ်တော့မှမလွယ်ကူပါဘူး။ အထူးသဖြင့် ကိုယ့်ဘက်က စပြီးတော့ လမ်းခွဲခဲ့တာမဟုတ်ဘူးဆိုရင်ပေါ့။သူက ကိုယ့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ နေသားကျနေခဲ့ပါပြီ။ သူ့ကိုလက်လွှတ်ပြီးတော့ အတိတ်ကိုချန်ထားရစ်ခဲ့ဖို့ဆိုတာက အရမ်းခက်ခဲပါတယ်။

ပျော်စရာအချိန်ကောင်းလေးတွေကို ဆက်ပြီးတော့ သတိရနေတတ်တယ်။ တစ်နေ့နေ့မှာသူ ပြန်လာမလားဆိုပြီး မျှော်လင့်နေကြတယ်။ ဒါကြောင့်ပဲ အတိတ်မှာနစ်မြှုပ်နေပြီး ပျော်စရာအနာဂတ်တံခါးတွေကို ပိတ်မိလျက်သားဖြစ်နေတာပေါ့။

၁။ ပျော်စရာအမှတ်တရလေးတွေကို ပြန်အသက်သွင်းနိုင်မယ်လို့ အထင်မှားနေခြင်း

စိတ်ခံစားချက်ကို ဦးစားပေးပြီး တွေးနေမယ်ဆိုရင် ဒါကိုအဆုံးသတ်ချင်မှာ မဟုတ်ပါဘူး။ အရမ်းပျော်ရှွင်ခဲ့လျက်သားနဲ့ ဘာကြောင့်လမ်းခွဲခဲ့ရတာလဲ ဆိုတာကို သိချင်နေမိကြတယ်။

ညဘက်အိပ်ယာထဲမှာ လဲလျောင်းရင်း ပျော်စရာအမှတ်တရတွေကို ပြန်တွေးရင်း သူ့ကိုပျော်ရှွင်အောင်လုပ်ပေးခဲ့ဖူးတာတွေကို ပြန်အသက်သွင်းနေတတ်ကြပါတယ်။

ဒါပေမယ့် အမှတ်တရဆိုတာက အမှတ်တရသက်သက်ပဲဆိုတဲ့ အချက်ကိုလက်ခံရပါမယ်။ ဒီအချိန်ကာလတွေကို ပြန်ပြီးတော့အသက်သွင်းလို့မရနိုင်တော့ပါဘူး။ကျွန်တော်တို့က ရှေ့ဆက်လျှောက်လှမ်းပြီးတော့ အမှတ်တရအသစ်တွေ ဖန်တီးဖို့လိုနေပါပြီ။

လုပ်သင့်တဲ့အကောင်းဆုံးအရာက အမှတ်တရတွေကို ကုန်ကျစရိတ်တွေလိုပဲ သတ်မှတ်လိုက်ပါ။ကုန်ကျစရိတ်ဆိုတာက ပြန်မရနိုင်တော့တဲ့အရာတွေပဲလေ။ ကောင်းမွန်တဲ့အမှတ်တရတွေလဲ အတူတူပါပဲ။ သူတို့ကဘယ်လောက်ကောင်းကောင်း အတိတ်ဟာအတိတ်ပါပဲ။

ပြန်အဖတ်ဆည်လို့မရနိုင်တော့ပါဘူး။ဒါကြောင့် ရွေးချယ်စရာနှစ်လမ်းရှိပါတယ်။ အတိတ်ထဲမှာပဲ နစ်မြှုပ်နေတော့မှာလား။ ဒါမှမဟုတ် ရှေ့ဆက်လျှောက်မလား။

အတိတ်ထဲမှာ တဝဲလည်လည်ဖြစ်နေရင်တော့ ပျော်ရွှင်မှုတွေမရနိုင်ပဲ နာကျင်စရာတွေပဲ ရနေမှာပါ။ အတိတ်ကို ပြန်တမ်းတလေလေ အနာဂတ်ရဲ့ ပျော်စရာတွေနဲ့ ဝေးကွာလေလေပါပဲ။

၂။ ရည်းစားဟောင်းက ကျွန်တော်တို့အတွက် ကောင်းတယ်လို့ ယုံကြည်နေကြခြင်း။

လမ်းခွဲလိုက်တာနဲ့ ဆိုးဝါးတဲ့အမှတ်တရတွေအားလုံးကို မြန်မြန်ဆန်ဆန်မေ့ပစ်တတ်ကြတယ်။ မှားယွင်းခဲ့တဲ့အရာအားလုံးကို မမြင်နိုင်ဖြစ်လာတတ်ကြပါတယ်။အမှတ်တရတွေက ကောင်းမွန်တယ်လို့ယုံကြည်နေအောင် ကျွန်တော်တို့ ဦးနှောက်က လှည့်စားထားပါတယ်။ ဒါပေမယ့် တကယ့်အဖြစ်အပျက်တွေကတော့ အဲ့လိုမဟုတ်ခဲ့ပါဘူး။

ရည်းစားဟောင်းက ကိုယ့်အတွက် အကောင်းမွန်ဆုံးလို့ ထင်နေလို့ တမ်းတနေတာပါ။ ဒါကြောင့် လက်မလှွတ်နိုင်ပဲ ပြန်ပြီးတော့ လက်တွဲနိုင်ဖို့ မျှော်လင့်နေတတ်ကြတယ်။ရည်းစားဟောင်းပြန်လာမယ်လို့ထင်နေတဲ့အတွက်ကြောင့် လက်တွဲဖော်အသစ်ဖြစ်နိုင်တဲ့လူတွေကို လစ်လျှူရှုမိပြီး ငြင်းဆန်ချင်တတ်ကြပါတယ်။

ကောင်းမွန်တဲ့အမှတ်တရတွေကို သတိရနေပြီး ပြန်အဆင်ပြေမယ်လို့ ထင်နေတဲ့အတွက်ကြောင့် စောင့်ဆိုင်းနေထိုက်တယ်လို့ ထင်နေတဲ့အချက်ကို ပြုပြင်ရပါမယ်။နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ညစ်စရာတွေ အမြင်မတူတဲ့အတွက်ကြောင့် ရန်ဖြစ်ခဲ့ရတာတွေအားလုံးကို မေ့ပစ်နိုင်လောက်အောင် ဖြစ်နေကြတာလား။

တစ်ယောက်ယောက်က လမ်းခွဲဖို့ဆုံးဖြတ်လိုက်တာနဲ့ သူ့စိတ်ထဲမှာ ပြောင်းလဲပြီးသား ဖြစ်နေပြီ ဆိုတာကို နားလည်ထားရပါမယ်။ဒီလိုချစ်သူစုံတွဲဘဝက သူလိုချင်တဲ့ပုံစံမဟုတ်ဘူးဆိုတာကို နားလည်ထားပြီးသားပါ။

ဒါကြောင့် သူက မတူညီတဲ့ခံစားချက်တွေကို ခံစားကြည့်ချင်နေကြပြီလေ။သူ့ရဲ့ပုံရိပ်တွေက ကိုယ့်ရဲ့မှတ်ဉာဏ်ထဲမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် အမှန်တရားက လမ်းခွဲပြီးတဲ့နောက်မှာ သူက အရင်ကကိုယ်သိခဲ့တဲ့သူ မဟုတ်နိုင်တော့ဘူး။ဝေးကွာတဲ့အချိန်တွေ ပိုကြာလာလေလေ သူစိမ်းတွေဖြစ်လာလေလေပါပဲ။

ဒါကြောင့် သူ့ကိုပြန်လာစေချင်စရာ အကြောင်းအရင်းမရှိသင့်ပါဘူး။ အရင်တုန်းက သူမှ မဟုတ်တော့တာ။လမ်းခွဲဖို့ဆိုတာက ခက်ခဲပါတယ်။ ဒါအမှန်ပါပဲ။ သူ့ကို အရမ်းချစ်ခဲ့မယ်ဆိုရင် သူမရှိတဲ့ဘဝဆိုတာက တွေးကြည့်ဖို့တောင် ခက်ခဲပါတယ်။

ဒါပေမယ့် တစ်ယောက်ယောက်က ကိုယ်နဲ့အတူ ရှိမနေချင်တော့ဘူးဆိုရင် ဘာတွေကို ဘယ်လောက်ပဲယုံကြည်ထားပါစေ သူတို့က ကိုယ့်အတွက် လိုက်ဖက်တဲ့သူတစ်ယောက်မဟုတ်နိုင်တော့ပါဘူး။

ခဏလောက်တော့ ဝမ်းနည်းရမှာပါပဲ။တစ်ယောက်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာက အချိန်ယူရပါတယ်။ ဒါပေမယ့် အတိတ်ကို အချိန်အကြာကြီးတမ်းတနေတာက ကျန်းမာရေးအတွက်လဲ မကောင်းနိုင်ပါဘူး။ အတိတ်ကို ပြန်လှည့်ကြည့်နေတာက ပျော်ရွှင်မှုတွေကို ပြန်မရလာနိုင်ပါဘူး။

ဒါကြောင့် အနာဂတ်ကို မျှော်ကြည့်ရင်းနဲ့ပဲ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်ရအောင်။

Writer & Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *