စိတ်အားတက်ကြွစေမည့် ရုပ်ရှင်ဇာတ်ကားများ

*** Unicode ***

#Point #PointYouthPlatform

အတော်ဆုံးစွန့်ဦးပညာရှင်တွေတောင်မှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။ သတ်မှတ်ရက်တွေရဲ့ဖိအားတွေ ကျရှုံးမှာကို ကြောက်စိတ်တွေ ရွေးချယ်စရာတွေနဲ့ အမြင်တွေကြောင့် ဟန်ချက်ညီမှုကိုတွေ့ဖို့က ခက်ခဲနိုင်ပါတယ်။ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ ဟောလိဝုဒ်စာရေးဆရာတွေက စိတ်ဓာတ်ကျမှုတွေအကြောင်းကို သိကြတယ်လေ။

ပြီးတော့ မဆုတ်မနစ်ကြိုးစားဖို့ ဆုံးဖြတ်ထားတဲ့သူတွေရဲ့ အကြောင်းတွေကို ရိုက်ကူးထားခဲ့ပါတယ်။ဒါတွေကတော့ ကောင်းမွန်တဲ့သံစဉ်တွေနဲ့ စိတ်ဓာတ်တက်ကြွမှုကို မြင့်တက်စေမဲ့ ဇာတ်ကားကောင်း ကိုးခုကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ Limitless (၂၀၁၁)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။: “Howlin’ For You” — The Black KeysLimitless ဆိုတဲ့ဇာတ်ကားလေးမှာ Bradley Cooper က ဦးနှောက်စွမ်းဆောင်ရည်ကို ရာနှုန်းပြည့်အလုပ်လုပ်စေတဲ့ ဆေးလုံးလေးကို သောက်လိုက်ပြီးနောက် ဖိနှိပ်ခံစာရေးဆရာတစ်ယောက်ကနေ ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ကျွန်တော်ကဒီနေရာမှာ ဆေးအသုံးပြုမှုကို အပြစ်မယူလစ်လျှူရှုထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲက သရုပ်ဖော်ချက်တွေက အရမ်းကိုကောင်းမွန်ပါတယ်။

၂။ Begin Again (၂၀၁၃)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။”A Step You Can’t Take Back” — Keira Knightleyအလုပ်ပြုတ်လာတဲ့ တေးသံသွင်းထုတ်လုပ်သူ Mark Ruffalo က Keira Knightley ဆိုတဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တေးရေးဆရာမတစ်ယောက်ကို ဘားမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်ရဲ့ပူးပေါင်းမှုတွေရဲ့ အစတစ်ခုပေါ့။

ဒီဇာတ်လမ်းမှာ ကံကြမ္မာနဲ့ အခွင့်အရေးတွေဆိုတာ တစ်ခါတလေမှာ ကိုယ့်ဘက်မှာရှိနေတယ်ဆိုတာကို သရုပ်ဖော်ထားပါတယ်။

၃။ The Devil Wears Prada (၂ဝဝ၄)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။”Vogue” – MadonnaAnne Hathaway’s Andrea က ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ နာမည်ကြီးအယ်ဒီတာတစ်ယောက်ရဲ့ လက်ထောက်အဖြစ်နဲ့ အလုပ်လုပ်ခဲ့ရပါတယ်။

အခက်အခဲအလှည့်အပြောင်းတွေနဲ့ ဖက်ရှင်လောကမှာ ကြိုးစားဖန်တီးဖြတ်သန်းခဲ့ရပုံတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီးတော့ သူတို့ရဲ့ကြိုးစားပုံတွေကနေ စိတ်ဓာတ်တက်ကြွလာစေနိုင်ဖို့ သေချာစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

၄။ Office Space (၁၉၉၉)

ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။“Damn It Feels Good To Be A Gangsta” — Geto Boysဒီကားလေးကတော့ ရုံးခန်းထဲက ဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ဟာသဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဒါကတော့အမှန်တကယ်မှာ ကျွန်တော်တို့မပြုလုပ်ကြတဲ့ ရုံးခန်းတော်လှန်မှုတစ်ခုကို ဟာသဆန်ဆန်ပြုလုပ်ထားကြတာပါ။ ဒါပေမဲ့ ဒါကတော့ ဝန်ပိနေတဲ့အချိန်မှာ ပျော်ရှွင်လာစေမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

၅။ Legally Blonde(၂ဝဝ၁)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။

“Perfect Day” – HokuPeppy Harvard တရားဥပဒေကျောင်းသူလေး Elle Woods က သူမချစ်သူရှိရာ တက္ကသိုလ်ကိုလာရောက်တက်ရောက်ခဲ့ရာက သူမဘဝအတွက်ကြိုးပမ်းမှုတွေရယ် ချစ်သူရယ် ရွှေဝါရောင်ကောင်မလေးတွေကို ခွဲခြားဆက်ဆံတတ်သူတွေကြားမှာ လုံးပမ်းကြိုးစားခဲ့ရပုံတွေကို ဟာသဆန်ဆန်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။

အရေးကြီးဆုံးအရာကတော့ သူမရဲ့ချစ်မြတ်နိုးစိတ်ပါ။ စွန့်ဦးစီးပွားရေးပညာရှင်များအတွက် အရေးကြီးဆုံးအရာတစ်ခုပေါ့။

၆။ The Hangover (၂ဝဝ၉)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။“Joker and The Thief” – WolfmotherVegas မှာ လူပျိုညကိုအချိန်ကုန်ဆုံးနေကြတဲ့ သူငယ်ချင်းသုံးယောက်က မနက်ခင်းနိုးထလာချိန်မှာ သူတို့ရဲ့သူငယ်ချင်းသတို့သားလောင်းပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။

မနေ့ညကမှတ်ဉာဏ်အားလုံးကိုလဲ ဘာမှမမှတ်မိနိုင်ဖြစ်နေပြီးတော့ မင်္ဂ္လာပွဲမတိုင်ခင် သတို့သားလောင်းကိုရှာဖွေဖို့ မြို့ကိုလှည့်ပတ်သွားလာခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

၇။ Major League ( ၁၉၈၉)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။“Wild Thing” — The TroggsCleveland Indian ရဲ့ပိုင်ရှင်အသစ်က သူမအသင်းပြောင်းရွေ့နိုင်ဖို့အတွက် ဆိုးဝါးတဲ့အသင်းကို တမင်ဖွဲ့စည်းထားပြီးတော့ ရှုံးနိမ့်အောင်ကြံစည်ခဲ့ပါတယ်။

ဒါပေမဲ့ အစီအစဉ်က ပေါ်သွားတဲ့အချိန်မှာတော့ သူမကို အရွဲ့တိုက်ဖို့အတွက် အနိုင်ရအောင် ကစားခဲ့ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

၈။ The Karate Kid (၁၉၈၄)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။“You’re The Best Around” — Joe EspositoMr.Miyagi စကားကိုသာ ကျွန်တော်တို့အားလုံးနားထောင်ခဲ့ရင် ကမ္ဘာကြီးကပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ လူငယ်လေး Daniel က ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဘယ်လောက်ကြိုးစားလုပ်ကိုင်နေလဲဆိုတာကို ထပ်ခါထပ်ခါကြည့်ဖို့ မင်းကဒီဇာတ်ကားကို ကြည့်နိုင်ပါတယ်။

ပျင်းရိမှုနဲ့သံသယကတော့ မင်းရဲ့ရန်သူတွေပဲဖြစ်ပါတယ်။ မင်းကိုယ်မင်း ဘုရင်တစ်ဆူလိုသတ်မှတ်ပြီးတော့ သူတို့ကိုဖြိုလဲလိုက်ပါ။

၉။ Rocky IV (၁၉၈၅)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။“Hearts on Fire” — John CaffertyRocky Balboa ကတော့ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယမ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ခြောက်ပေလေးလက်မနဲ့ ၂၆၁ ပေါင်ရှိတဲ့ Drago ဆိုတဲ့ ပြိုင်ဘက်အသစ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။

Rocky ရဲ့လေ့ကျင့်မှုတွေက တကယ့်ကိုပြင်းထန်ပါတယ်။ ဒါကတော့ နေ့စဉ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ မင်းလုပ်ဆောင်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်တက်ကြွစေမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Writer & Translator : Su Mon

———————————————————————————————————————

#Point #PointYouthPlatform

အတော်ဆုံးစွန့်ဦးပညာရှင်တွေတောင်မှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။ သတ်မှတ်ရက်တွေရဲ့ဖိအားတွေ ကျရှုံးမှာကို ကြောက်စိတ်တွေ ရွေးချယ်စရာတွေနဲ့ အမြင်တွေကြောင့် ဟန်ချက်ညီမှုကိုတွေ့ဖို့က ခက်ခဲနိုင်ပါတယ်။
ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ ဟောလိဝုဒ်စာရေးဆရာတွေက စိတ်ဓာတ်ကျမှုတွေအကြောင်းကို သိကြတယ်လေ။ ပြီးတော့ မဆုတ်မနစ်ကြိုးစားဖို့ ဆုံးဖြတ်ထားတဲ့သူတွေရဲ့ အကြောင်းတွေကို ရိုက်ကူးထားခဲ့ပါတယ်။
ဒါတွေကတော့ ကောင်းမွန်တဲ့သံစဉ်တွေနဲ့ စိတ်ဓာတ်တက်ကြွမှုကို မြင့်တက်စေမဲ့ ဇာတ်ကားကောင်း ကိုးခုကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ Limitless (၂၀၁၁)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
: “Howlin’ For You” — The Black Keys
Limitless ဆိုတဲ့ဇာတ်ကားလေးမှာ Bradley Cooper က ဦးနှောက်စွမ်းဆောင်ရည်ကို ရာနှုန်းပြည့်အလုပ်လုပ်စေတဲ့ ဆေးလုံးလေးကို သောက်လိုက်ပြီးနောက် ဖိနှိပ်ခံစာရေးဆရာတစ်ယောက်ကနေ ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်ကဒီနေရာမှာ ဆေးအသုံးပြုမှုကို အပြစ်မယူလစ်လျှူရှုထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲက သရုပ်ဖော်ချက်တွေက အရမ်းကိုကောင်းမွန်ပါတယ်။

၂။ Begin Again (၂၀၁၃)

ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“A Step You Can’t Take Back” — Keira Knightley
အလုပ်ပြုတ်လာတဲ့ တေးသံသွင်းထုတ်လုပ်သူ Mark Ruffalo က Keira Knightley ဆိုတဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တေးရေးဆရာမတစ်ယောက်ကို ဘားမှာ တွေ့ဆုံခဲ့ပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်ရဲ့ပူးပေါင်းမှုတွေရဲ့ အစတစ်ခုပေါ့။ ဒီဇာတ်လမ်းမှာ ကံကြမ္မာနဲ့ အခွင့်အရေးတွေဆိုတာ တစ်ခါတလေမှာ ကိုယ့်ဘက်မှာရှိနေတယ်ဆိုတာကို သရုပ်ဖော်ထားပါတယ်။

၃။ The Devil Wears Prada (၂၀ဝ၄)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“Vogue” – Madonna
Anne Hathaway’s Andrea က ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ နာမည်ကြီးအယ်ဒီတာတစ်ယောက်ရဲ့ လက်ထောက်အဖြစ်နဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ အခက်အခဲအလှည့်အပြောင်းတွေနဲ့ ဖက်ရှင်လောကမှာ ကြိုးစားဖန်တီးဖြတ်သန်းခဲ့ရပုံတွေကို ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီးတော့ သူတို့ရဲ့ကြိုးစားပုံတွေကနေ စိတ်ဓာတ်တက်ကြွလာစေနိုင်ဖို့ သေချာစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

၄။ Office Space (၁၉၉၉)
ဒီသီချင်းလေးကို နားထောင်ကြည့်ပါ။
“Damn It Feels Good To Be A Gangsta” — Geto Boys
ဒီကားလေးကတော့ ရုံးခန်းထဲက ဘဝတွေကို ပုံဖော်ရိုက်ကူးထားတဲ့ဟာသဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါကတော့အမှန်တကယ်မှာ ကျွန်တော်တို့မပြုလုပ်ကြတဲ့ ရုံးခန်းတော်လှန်မှုတစ်ခုကို ဟာသဆန်ဆန်ပြုလုပ်ထားကြတာပါ။ ဒါပေမဲ့ ဒါကတော့ ဝန်ပိနေတဲ့အချိန်မှာ ပျော်ရွှင်လာစေမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

၅။ Legally Blonde(၂၀ဝ၁)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“Perfect Day” – Hoku
Peppy Harvard တရားဥပဒေကျောင်းသူလေး Elle Woods က သူမချစ်သူရှိရာ တက္ကသိုလ်ကိုလာရောက်တက်ရောက်ခဲ့ရာက သူမဘဝအတွက်ကြိုးပမ်းမှုတွေရယ် ချစ်သူရယ် ရွှေဝါရောင်ကောင်မလေးတွေကို ခွဲခြားဆက်ဆံတတ်သူတွေကြားမှာ လုံးပမ်းကြိုးစားခဲ့ရပုံတွေကို ဟာသဆန်ဆန်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ အရေးကြီးဆုံးအရာကတော့ သူမရဲ့ချစ်မြတ်နိုးစိတ်ပါ။ စွန့်ဦးစီးပွားရေးပညာရှင်များအတွက် အရေးကြီးဆုံးအရာတစ်ခုပေါ့။

၆။ The Hangover (၂၀ဝ၉)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“Joker and The Thief” – Wolfmother
Vegas မှာ လူပျိုညကိုအချိန်ကုန်ဆုံးနေကြတဲ့ သူငယ်ချင်းသုံးယောက်က မနက်ခင်းနိုးထလာချိန်မှာ သူတို့ရဲ့သူငယ်ချင်းသတို့သားလောင်းပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။ မနေ့ညကမှတ်ဉာဏ်အားလုံးကိုလဲ ဘာမှမမှတ်မိနိုင်ဖြစ်နေပြီးတော့ မင်္ဂလာပွဲမတိုင်ခင် သတို့သားလောင်းကိုရှာဖွေဖို့ မြို့ကိုလှည့်ပတ်သွားလာခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

၇။ Major League ( ၁၉၈၉)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“Wild Thing” — The Troggs
Cleveland Indian ရဲ့ပိုင်ရှင်အသစ်က သူမအသင်းပြောင်းရွေ့နိုင်ဖို့အတွက် ဆိုးဝါးတဲ့အသင်းကို တမင်ဖွဲ့စည်းထားပြီးတော့ ရှုံးနိမ့်အောင်ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ အစီအစဉ်က ပေါ်သွားတဲ့အချိန်မှာတော့ သူမကို အရွဲ့တိုက်ဖို့အတွက် အနိုင်ရအောင် ကစားခဲ့ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

၈။ The Karate Kid (၁၉၈၄)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“You’re The Best Around” — Joe Esposito
Mr.Miyagi စကားကိုသာ ကျွန်တော်တို့အားလုံးနားထောင်ခဲ့ရင် ကမ္ဘာကြီးကပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ လူငယ်လေး Daniel က ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ဘယ်လောက်ကြိုးစားလုပ်ကိုင်နေလဲဆိုတာကို ထပ်ခါထပ်ခါကြည့်ဖို့ မင်းကဒီဇာတ်ကားကို ကြည့်နိုင်ပါတယ်။ ပျင်းရိမှုနဲ့သံသယကတော့ မင်းရဲ့ရန်သူတွေပဲဖြစ်ပါတယ်။ မင်းကိုယ်မင်း ဘုရင်တစ်ဆူလိုသတ်မှတ်ပြီးတော့ သူတို့ကိုဖြိုလဲလိုက်ပါ။

၉။ Rocky IV (၁၉၈၅)
ဒီသီချင်းလေးကိုနားထောင်ကြည့်ပါ။
“Hearts on Fire” — John Cafferty
Rocky Balboa ကတော့ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယမ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ခြောက်ပေလေးလက်မနဲ့ ၂၆၁ ပေါင်ရှိတဲ့ Drago ဆိုတဲ့ ပြိုင်ဘက်အသစ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ Rocky ရဲ့လေ့ကျင့်မှုတွေက တကယ့်ကိုပြင်းထန်ပါတယ်။ ဒါကတော့ နေ့စဉ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ မင်းလုပ်ဆောင်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်တက်ကြွစေမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Writer & Translator : Su Mon

 

Career, Current

Leave a Reply

Your email address will not be published. Required fields are marked *