ဘဝမှာ ကောင်းတဲ့ပြောင်းလဲမှုတွေ ဘယ်လိုဖန်တီးမလဲ။

#POINT #PointYouthPlatform

နာကျင်မှုကို ခံစားပါ။
ကျွန်တော်တို့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို မဖန်တီးဖြစ်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ပြောင်းလဲချင်စိတ် လုံလုံလောက်လောက် မရှိတာပါပဲ။ ဘယ်အရာကိုမှ မလုပ်သေးခင်မှာ ၊ ယင်းက သင့်ထိုင်ခုံပေါ်မှာ နေမထိထိုင်မသာ ဖြစ်စေတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဖြစ်စေတဲ့ လက်ရှိအရာအတွက် နာကျင်မှုကို ခံစားပါ။
သင့်စိတ်ထဲမှာ ပုန်းကွယ်နေတဲ့ စိတ်ထိခိုက်စရာ ခံစားချက်တွေနဲ့ စိတ်မချမ်းမြေ့စရာတွေကို ဘက်ပေါင်းစုံက တွေးပြီး နာကျင်မှုကို ခံစားကြည့်ပါ။

စိတ်ကျေနပ်မှုကို ခံစားပါ။
နာကျင်မှုကို ခံစားပြီးတာနက် တစ်ပြိုင်တည်း၊ နာကျင်မှုကနေ ရုန်းထွက်ချင်တဲ့ စိတ်ကို နားလည်လာပါလိမ့်မယ်။ ခုတော့ ဆန့်ကျင်ဘက် ခံစားချက်တွေကို စဉ်းစားကြည့်ပါ။

• ဒါက ဘဝမှာ ဖြစ်နေတဲ့ အရာတွေနဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုကနေ ရပ်တန့်စေတယ်။
• အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေနဲ့ ကိုယ့်ရဲ့တစ်နေ့တာကို အဆုံးသတ်စေတယ်။
• ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့ ရှင်းလင်းတဲ့ စိတ်ကူးတွေ ရရှိနိ်ုင်တယ်။
သင့်ကို ပြုံးရယ်စေတဲ့ အဆင့် ရရှိအောင် ဆန္ဒရှိပါ။ ကလေးဘဝတုန်းက ခရစ်စမတ်ပွဲတော်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်ရွှင်မှုတွေ ခံစားရတာကို မှတ်မိလား။ ဒီလို ခံစားရတဲ့ စွမ်းအင်အဆင့်က သင့်ကို လွှတ်ခနဲ အော်လိုက်သလိုပါပဲ။ ပြောင်းလဲမှုရဲ့ စိတ်ကျေနပ်မှုကို ခံစားရလို့ပါပဲ။ ဘာကြောင့်လဲဆိုတာ သိစရာမလိုပါဘူး။ သင်ခံစားချင်တဲ့ နည်းလမ်းကို စဉ်းစားလိုက်ရုံပါပဲ။
ကြောက်ရွံ့မှုကို ခံစားပါ။

ကျွန်တော်တိုု့က ပြောင်းလဲမှုနဲ့ ကပ်ပါလာမယ့် ကြောက်ရွံ့မှုကို လက်ခံဘဲ ရှေ့ဆက်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ အတွက်ကြောင့် ဒီလမ်းမှာ များပြားလှတဲ့ ကြောက်ရွံ့မှုတွေက ပုန်းကွယ်နေပြီး၊ အလစ်ချောင်းနေတာ ဖြစ်ပါတယ်။ သင်အပေါ် သက်ရောက်နေတဲ့ ကြောက်ရွံ့မှုကို ခံစားပြီး နားလည်ခြင်းအားဖြင့်၊ ယင်းနဲ့ ပတ်သက်တဲ့တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ချက် ချနိ်ုင်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့က တစ်ခုခု ခြားနားအောင်လုပ်ဖို့ ကြောက်လန့်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ ရတဲ့ ရလဒ်နေရာမှာပဲ အကျပ်ရိုက်နေတတ်ကြပါတယ်။
ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဖန်တီးဖို့ အရေးပါတဲ့ အချက်များ
ပြောင်းလဲမှုကို ဖန်တီးဖို့ လုပ်ဆောင်ရမယ့် အချက်များကို ဖော်ပြပေးသွားပါမယ်။


(၁) သင်တွေ့ကြုံနိုင်တဲ့ ကြောက်ရွံ့မှုတွေ၊ အတားအဆီးက ဘာတွေလဲ သိအောင်လုပ်ပါ။
ကျွန်တော်တို့ စိတ်ထဲမှာရှိတဲ့ မြေပုံတစ်ခုကို စာရင်းပြုစုပါ။ အပြင်မှာ မြင်နိုင်အောင် လုပ်ရပါမယ်။ ကိုယ့်သဘာဝကို သိတာက အနာဂတ်မှာ အောင်မြင်ဖို့ ရည်ရွယ်ထားတဲ့ တခြားအရာတွေအတွက် စွမ်းအား ရှိနေမှာဖြစ်ပါတယ်။
(၂) စည်းမျဉ်းတွေကို လျစ်လျူရှုပါ။
ကျွန်တော်တို့က အပြောင်းအလဲလုပ်နေတယ်လို့ ပြောဆိုတဲ့အခါ၊ တခြားသူတွေ ဘာတွေလုပ်နေကြလဲဆိုတာကို သွားကြည့်တာ ကောင်းတဲ့ စိတ်ကူးလို့ ထင်တတ်ကြပါတယ်။ ကိုယ့်စိတ်ကူးတွေက ကိုယ့်အတွင်းကနေ လာပါတယ်။ ပြောင်းလဲမှုက အရမ်းခက်ခဲရတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့က တခြားသူတွေလို လိုက်လုပ်ကြလို့ ဖြစ်ပါတယ်။ သင်က သူတို့မဟုတ်သလို၊ သူတို့က သင်မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးထားတဲ့အရာတွေ၊ ကိုယ်မြတ်နိုးတဲ့အရာတွေနဲ့ ယုံကြည်ချက်တွေကို သိအောင် လေ့လာပါ။ ဒါတွေကို သင်ပြောင်းလဲချင်တဲ့လမ်းမှာ အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ဆောင်ပါ။ ကိုယ့်ကိုယ်ကို သူငယ်ချင်းတွေ၊ ရွယ်တူတန်းတူတွေ၊ မိသားစုတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်နေမိတယ်ဆိုရင်၊ သင်သွားနေတဲ့လမ်းကြောင်းက ဘယ်လောက် အစွမ်းထက်ထက် အလုပ်မဖြစ်ပါဘူး။
(၃) သင့်အတွေးတွေကို စိန်ခေါ်ပါ။
အတွေးတွေက သင့့်ဦးနှောက်ထဲကို သင်မသိခင်မှာပဲ ခိုးဝင်လာတတ်ပါတယ်။ သင်က သင့်ရဲ့ အောင်မြင်မှုအခွင့်ရေးတွေကို ဖျက်ဆီးနေတဲ့ သူတစ်ယောက်ပါ။ ဒီပြောင်းလဲမှုနဲ့ အတွေးတွေကို သင်ဆက်သွယ်မလဲ။ ဥပမာအားဖြင့်၊ ကျွန်တော့်ကို ဖောက်သည်တစ်ယောက်က အကြံပေးပါတယ်။ ကျွန်တော်တို့ အလုပ်ကြိုးစားဖို့ ဖန်တီးထားတဲ့ အစီအစဉ် ချမှတ်တယ်လို့ သူတို့ခံစားရတယ်။ ဒီလိုလုပ်ဆောင်ပြီးနောက်၊ ဖောက်သည်တွေက သူတို့အောင်မြင်တဲ့ အရာတိုင်းကို ဝန်ခံကြတယ်။ ခက်ခဲတဲ့ အလုပ်တွေနဲ့ ဓာတ်မတည့်မှု ဖြစ်တယ်လို့ ပြောကြတယ်။ ဒါက ခက်ခဲတယ်လို့ ခံစားနေရရင် သူတို့ အောင်မြင်နိုင်ပါ့မလဲ။ သင့်ပြောင်းလဲမှုနဲ့ လုပ်ဆောင်ချက်တွေကို ပြောတဲ့ စကားလုံးတွေကို သတိထားပါ။ ဥပမာ၊ ဒါက ခက်ခက်ခဲခဲ လုပ်ရတော့မယ်လို ့ ပြောမယ့်အစား ၊ ငါ့ဘဝမှာ ဒါက နောက်တစ်ဆင့်လေ၊ ဒါကို လုပ်ရမှာ ငါတော့ စိတ်လှုပ်ရှားနေပြီလို့ ပြောရပါမယ်။ (ဒါက ဒီဖောက်သည်အတွက် အလုပ်ဖြစ်ခဲ့ပါတယ်)
(၄) သင်လိုချင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပါ။
ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်အကိုင်တိုးတက်မှုက သန်းပေါင်းများစွာ ထိုက်တန်ပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဖြစ်လာဖို့ လိုအပ်ချက်တွေကို သိလို့ပါပဲ။ ကျွန်တော်တို့က မကြာခဏဆိုသလို မှော်ဆေးလုံးတွေ လိုချင်ကြပါတယ်။ တစ်ခုခုကို ချက်ချင်း ဖန်တီးနိုင်တဲ့ အရာကိုပေါ့။ ဘဝမှာ သင်အမှန်တကယ်လိုချင်တဲ့ အရာတိုင်းက အားစိုက်ထုတ်မှုတွေ၊ ပြောင်းလဲဖို့ အတွေးတွေနဲ့အချိန်ယူရပါတယ်။ ဒါကြောင့် ဒီအကြောင်းကို တွေးဖို့ နေရာမဖန်တီးဘူးဆိုရင်၊ ဒါကို တကယ်ဖြစ်အောင်လုပ်ဖို့ နေရာကို ဘယ်လိုဖန်တီးမလဲ။
ပြောင်းလဲမှု စွမ်းအားကြီးပါတယ်။ ပြောင်းလဲတာ သဘာဝပါပဲ။ ဒါပေမယ့် သင့်အပိုင်းကတော့ အားစိုက်ထုတ်မှု ရှိရပါမယ်။ သဘာဝထဲက ဘယ်အရာမှ မတူညီပါဘူး။ ဒီအစီအစဉ်ကို လိုက်နာပြီး၊ ဆောင်ရွက်ရမယ့် အစီအစဉ်နဲ့ သင်လိုချင်တဲ့ ရလဒ်ကို ရဖို့ ကိုယ့်ကိုယ်ကို နားလည်အောင် ဖန်တီးနိ်ုင်ပါလိမ့်မယ်။

Translator : Su Mon

*** Unicode ***

#POINT #PointYouthPlatform

နာကျင်မှုကို ခံစားပါ။ကျွန်တော်တို့ဘဝမှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို မဖန်တီးဖြစ်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ပြောင်းလဲချင်စိတ် လုံလုံလောက်လောက် မရှိတာပါပဲ။

ဘယ်အရာကိုမှ မလုပ်သေးခင်မှာ ၊ ယင်းက သင့်ထိုင်ခုံပေါ်မှာ နေမထိထိုင်မသာ ဖြစ်စေတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဖြစ်စေတဲ့ လက်ရှိအရာအတွက် နာကျင်မှုကို ခံစားပါ။သင့်စိတ်ထဲမှာ ပုန်းကွယ်နေတဲ့ စိတ်ထိခိုက်စရာ ခံစားချက်တွေနဲ့ စိတ်မချမ်းမြေ့စရာတွေကို ဘက်ပေါင်းစုံက တွေးပြီး နာကျင်မှုကို ခံစားကြည့်ပါ။

စိတ်ကျေနပ်မှုကို ခံစားပါ။နာကျင်မှုကို ခံစားပြီးတာနက် တစ်ပြိုင်တည်း၊ နာကျင်မှုကနေ ရုန်းထွက်ချင်တဲ့ စိတ်ကို နားလည်လာပါလိမ့်မယ်။ ခုတော့ ဆန့်ကျင်ဘက် ခံစားချက်တွေကို စဉ်းစားကြည့်ပါ။

• ဒါက ဘဝမှာ ဖြစ်နေတဲ့ အရာတွေနဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုကနေ ရပ်တန့်စေတယ်။

• အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေနဲ့ ကိုယ့်ရဲ့တစ်နေ့တာကို အဆုံးသတ်စေတယ်။

• ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့ ရှင်းလင်းတဲ့ စိတ်ကူးတွေ ရရှိနို်င်တယ်။သင့်ကို ပြုံးရယ်စေတဲ့ အဆင့် ရရှိအောင် ဆန္ဒရှိပါ။ ကလေးဘဝတုန်းက ခရစ်စမတ်ပွဲတော်မှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပျော်ရှွင်မှုတွေ ခံစားရတာကို မှတ်မိလား။

ဒီလို ခံစားရတဲ့ စွမ်းအင်အဆင့်က သင့်ကို လှွတ်ခနဲ အော်လိုက်သလိုပါပဲ။ ပြောင်းလဲမှုရဲ့ စိတ်ကျေနပ်မှုကို ခံစားရလို့ပါပဲ။ ဘာကြောင့်လဲဆိုတာ သိစရာမလိုပါဘူး။ သင်ခံစားချင်တဲ့ နည်းလမ်းကို စဉ်းစားလိုက်ရုံပါပဲ။

ကြောက်ရွံ့မှုကို ခံစားပါ။ကျွန်တော်တို့က ပြောင်းလဲမှုနဲ့ ကပ်ပါလာမယ့် ကြောက်ရွံ့မှုကို လက်ခံဘဲ ရှေ့ဆက်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ အတွက်ကြောင့် ဒီလမ်းမှာ များပြားလှတဲ့ ကြောက်ရွံ့မှုတွေက ပုန်းကွယ်နေပြီး၊ အလစ်ချောင်းနေတာ ဖြစ်ပါတယ်။

သင်အပေါ် သက်ရောက်နေတဲ့ ကြောက်ရွံ့မှုကို ခံစားပြီး နားလည်ခြင်းအားဖြင့်၊ ယင်းနဲ့ ပတ်သက်တဲ့တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ချက် ချနို်င်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့က တစ်ခုခု ခြားနားအောင်လုပ်ဖို့ ကြောက်လန့်ကြတယ်။

ဒါကြောင့် ကျွန်တော်တို့ ရတဲ့ ရလဒ်နေရာမှာပဲ အကျပ်ရိုက်နေတတ်ကြပါတယ်။ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဖန်တီးဖို့ အရေးပါတဲ့ အချက်များပြောင်းလဲမှုကို ဖန်တီးဖို့ လုပ်ဆောင်ရမယ့် အချက်များကို ဖော်ပြပေးသွားပါမယ်။

(၁) သင်တွေ့ကြုံနိုင်တဲ့ ကြောက်ရွံ့မှုတွေ၊ အတားအဆီးက ဘာတွေလဲ သိအောင်လုပ်ပါ။

ကျွန်တော်တို့ စိတ်ထဲမှာရှိတဲ့ မြေပုံတစ်ခုကို စာရင်းပြုစုပါ။ အပြင်မှာ မြင်နိုင်အောင် လုပ်ရပါမယ်။ ကိုယ့်သဘာဝကို သိတာက အနာဂတ်မှာ အောင်မြင်ဖို့ ရည်ရွယ်ထားတဲ့ တခြားအရာတွေအတွက် စွမ်းအား ရှိနေမှာဖြစ်ပါတယ်။

(၂) စည်းမျဉ်းတွေကို လျစ်လျူရှုပါ။

ကျွန်တော်တို့က အပြောင်းအလဲလုပ်နေတယ်လို့ ပြောဆိုတဲ့အခါ၊ တခြားသူတွေ ဘာတွေလုပ်နေကြလဲဆိုတာကို သွားကြည့်တာ ကောင်းတဲ့ စိတ်ကူးလို့ ထင်တတ်ကြပါတယ်။ ကိုယ့်စိတ်ကူးတွေက ကိုယ့်အတွင်းကနေ လာပါတယ်။ ပြောင်းလဲမှုက အရမ်းခက်ခဲရတဲ့ အကြောင်းရင်းတစ်ခုကတော့ ကျွန်တော်တို့က တခြားသူတွေလို လိုက်လုပ်ကြလို့ ဖြစ်ပါတယ်။

သင်က သူတို့မဟုတ်သလို၊ သူတို့က သင်မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုးထားတဲ့အရာတွေ၊ ကိုယ်မြတ်နိုးတဲ့အရာတွေနဲ့ ယုံကြည်ချက်တွေကို သိအောင် လေ့လာပါ။ ဒါတွေကို သင်ပြောင်းလဲချင်တဲ့လမ်းမှာ အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ဆောင်ပါ။

ကိုယ့်ကိုယ်ကို သူငယ်ချင်းတွေ၊ ရွယ်တူတန်းတူတွေ၊ မိသားစုတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်နေမိတယ်ဆိုရင်၊ သင်သွားနေတဲ့လမ်းကြောင်းက ဘယ်လောက် အစွမ်းထက်ထက် အလုပ်မဖြစ်ပါဘူး။

(၃) သင့်အတွေးတွေကို စိန်ခေါ်ပါ။

အတွေးတွေက သင့်ဦးနှောက်ထဲကို သင်မသိခင်မှာပဲ ခိုးဝင်လာတတ်ပါတယ်။ သင်က သင့်ရဲ့ အောင်မြင်မှုအခွင့်ရေးတွေကို ဖျက်ဆီးနေတဲ့ သူတစ်ယောက်ပါ။ ဒီပြောင်းလဲမှုနဲ့ အတွေးတွေကို သင်ဆက်သွယ်မလဲ။

ဥပမာအားဖြင့်၊ ကျွန်တော့်ကို ဖောက်သည်တစ်ယောက်က အကြံပေးပါတယ်။ ကျွန်တော်တို့ အလုပ်ကြိုးစားဖို့ ဖန်တီးထားတဲ့ အစီအစဉ် ချမှတ်တယ်လို့ သူတို့ခံစားရတယ်။ ဒီလိုလုပ်ဆောင်ပြီးနောက်၊ ဖောက်သည်တွေက သူတို့အောင်မြင်တဲ့ အရာတိုင်းကို ဝန်ခံကြတယ်။ ခက်ခဲတဲ့ အလုပ်တွေနဲ့ ဓာတ်မတည့်မှု ဖြစ်တယ်လို့ ပြောကြတယ်။

ဒါက ခက်ခဲတယ်လို့ ခံစားနေရရင် သူတို့ အောင်မြင်နိုင်ပါ့မလဲ။ သင့်ပြောင်းလဲမှုနဲ့ လုပ်ဆောင်ချက်တွေကို ပြောတဲ့ စကားလုံးတွေကို သတိထားပါ။ ဥပမာ၊ ဒါက ခက်ခက်ခဲခဲ လုပ်ရတော့မယ်လို ့ ပြောမယ့်အစား ၊ ငါ့ဘဝမှာ ဒါက နောက်တစ်ဆင့်လေ၊ ဒါကို လုပ်ရမှာ ငါတော့ စိတ်လှုပ်ရှားနေပြီလို့ ပြောရပါမယ်။ (ဒါက ဒီဖောက်သည်အတွက် အလုပ်ဖြစ်ခဲ့ပါတယ်)

(၄) သင်လိုချင်တဲ့ ပြောင်းလဲမှုကို ဖန်တီးပါ။

ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်အကိုင်တိုးတက်မှုက သန်းပေါင်းများစွာ ထိုက်တန်ပါတယ်။ ဒါကဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဖြစ်လာဖို့ လိုအပ်ချက်တွေကို သိလို့ပါပဲ။ ကျွန်တော်တို့က မကြာခဏဆိုသလို မှော်ဆေးလုံးတွေ လိုချင်ကြပါတယ်။ တစ်ခုခုကို ချက်ချင်း ဖန်တီးနိုင်တဲ့ အရာကိုပေါ့။

ဘဝမှာ သင်အမှန်တကယ်လိုချင်တဲ့ အရာတိုင်းက အားစိုက်ထုတ်မှုတွေ၊ ပြောင်းလဲဖို့ အတွေးတွေနဲ့အချိန်ယူရပါတယ်။ ဒါကြောင့် ဒီအကြောင်းကို တွေးဖို့ နေရာမဖန်တီးဘူးဆိုရင်၊ ဒါကို တကယ်ဖြစ်အောင်လုပ်ဖို့ နေရာကို ဘယ်လိုဖန်တီးမလဲ။ပြောင်းလဲမှု စွမ်းအားကြီးပါတယ်။ ပြောင်းလဲတာ သဘာဝပါပဲ။

ဒါပေမယ့် သင့်အပိုင်းကတော့ အားစိုက်ထုတ်မှု ရှိရပါမယ်။ သဘာဝထဲက ဘယ်အရာမှ မတူညီပါဘူး။ ဒီအစီအစဉ်ကို လိုက်နာပြီး၊ ဆောင်ရွက်ရမယ့် အစီအစဉ်နဲ့ သင်လိုချင်တဲ့ ရလဒ်ကို ရဖို့ ကိုယ့်ကိုယ်ကို နားလည်အောင် ဖန်တီးနို်င်ပါလိမ့်မယ်။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *