ရန်သူတော်တစ်ယောက်ကို ခွင့်လွှတ်ပေးနိုင်ရန် အကောင်းဆုံးစွမ်းအင် ( ၄ ) မျိုး

*** Unicode ***

လူရယ်လို့ဖြစ်လာပြီဆိုရင် ကျွန်တော်တို့အားလုံးမှာ ချစ်ခင်နှစ်သက်သူ နဲ့ မနှစ်မြို့ ရွံရှာစရာကောင်းသူ ဆိုပြီး ရှိကြပါတယ်။

ချစ်တဲ့လူကို တွေ ့တဲ့အခါမှာ စိတ်ကျေနပ်မှုတွေ၊ တည်ငြိမ်အေးချမ်းမှုတွေ ရစေပြီး မုန်းသူကို တွေ့တဲ့အခါမှာ နာကျင်မှုတွေ၊ စက်ဆုပ်ရွံမုန်းစရာတွေ ကိုပဲ ရတယ်လို့ မင်းတွေးပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ကတော့ မေတ္တာတရားနဲ့သာ တုံ့ပြန်ဖို့ ပြောကြားပါရစေ။ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်က ကိုယ့်ကို မုန်းတီးမနာလိုနေသူကို ခွင့်လွှတ်ပေးပြီး ချစ်ခြင်းမေတ္တာကို ဘာကြောင့် ဝေမျှပေးသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခွင့်လွတ်သည်းခံပေးခြင်းက ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။

စိတ်ပျိုကိုယ်နုဆိုတဲ့စကား ကြားဖူးတယ်မလား။ စိတ်ဆိုးဒေါသထွက်တာက သွေးတိုးစေပြီး မင်းရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ခွင့်လွှတ်သည်းခံပေးခြင်းက မင်းရဲ့ကျန်းမာရေးကို နှစ်ဆ ကောင်းမွန်စေပါတယ်။

၂။ သူတို့ရဲ့ ဆိုးရွာလှတဲ့ ဝေဖန်မှုတွေက ကျွန်တော်တို့ အောင်မြင်မှုရရှိနိုင်အောင် ကူညီပေးပါတယ်။

ဘာလို့ဆို ကျရှုံးမှုတွေ၊ ဝေဖန်ထိုးနှက်ချက်တွေကပဲ အောင်မြင်မှုကို တွန်းပို့ပေးတာလို့ မြင်မိလို့ပါ။ စဉ်းစားကြည့်ပါ။ အဲ့လို ဝေဖန်တာတွေသာမရှိဘူးဆို ဘဝကို ပေါ့ပေါ့ပျက်ပျက် တွေးမိပါလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့ ဝေဖန်မှုတွေက ကျွန်တော်အမြင့်ကို တက်လှမ်းနိုင်ဖို့ တွန်းအားတွေပဲ ဖြစ်လာတာပါ။

၃။ ရန်သူကို မိတ်ဆွေဖွဲ့ပါ။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံတောင် အလံဖြူပြ ငြိမ်းချမ်းရေးယူရသေးတာပဲ။ မင်းရဲ့ ရန်သူတော်နဲ့လည်း မိတ်ဆွေဖွဲ့ နိုင်ပါစေလို့ တိုက်တွန်းချင်ပါတယ်။ အမုန်းဆုံးရန်သူတွေကနေ အချစ်ဆုံးသူငယ်ချင်းဖြစ်သွားတာတွေ ကြားဖူးတယ်မလား။ ဒါကြောင့် မိမိရဲ့ရန်သူနဲ့ မိတ်ဆွေဖွဲ့ ငြိမ်းချမ်းရေးယူခြင်းက အေးချမ်းမှုကို ခံစားရစေပါတယ်။

၄။ အမှန်တကယ် မုန်းဖို့လိုလို့လား။

လူတစ်ယောက်ကို မုန်းတယ်ဆိုတာအမှန်တော့ မကောင်းတဲ့ စိတ်ခံစားမှုကို မွေးမြူနေခြင်းဖြစ်တယ်။ ထိုသံသရာထဲက ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဘယ်သူကမှ မကောင်းတဲ့ စိတ်ခံစားမှုကို ဝန်ထုပ်တစ်ခုလို ထမ်းပိုးမထားပါဘူး။

တိုတောင်းလှတဲ့ ဘဝခရီးမှာ ခဏတစ်ဖြုတ်တွေ့ဆုံရတဲ့ လူတစ်ယောက်ကို မင်းအနေနဲ့ အမှန်တကယ် မုန်းဖို့လိုလို့လား။တရားသဘောအရပြောရမယ်ဆို ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့လို့ပဲ ပြောလိုက်ပါရစေ။ ချစ်ခြင်းမေတ္တာတရားနဲ့သာ အရာအားလုံးကို ဆက်ဆံလိုက်ပါလို့ မှာလိုက်ပါတယ်နော်။

——————————————————————————————————————————

လူရယ်လို့ဖြစ်လာပြီဆိုရင် ကျွန်တော်တို့အားလုံးမှာ ချစ်ခင်နှစ်သက်သူ နဲ့ မနှစ်မြို့ ရွံရှာစရာကောင်းသူ ဆိုပြီး ရှိကြပါတယ်။

ချစ်တဲ့လူကို တွေ ့တဲ့အခါမှာ စိတ်ကျေနပ်မှုတွေ၊ တည်ငြိမ်အေးချမ်းမှုတွေ ရစေပြီး မုန်းသူကို တွေ့တဲ့အခါမှာ နာကျင်မှုတွေ၊ စက်ဆုပ်ရွံမုန်းစရာတွေ ကိုပဲ ရတယ်လို့ မင်းတွေးပါလိမ့်မယ်။ ကျွန်တော်အနေနဲ့ကတော့ မေတ္တာတရားနဲ့သာ တုံ့ပြန်ဖို့ ပြောကြားပါရစေ။

ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်က ကိုယ့်ကို မုန်းတီးမနာလိုနေသူကို ခွင့်လွှတ်ပေးပြီး ချစ်ခြင်းမေတ္တာကို ဘာကြောင့် ဝေမျှပေးသင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခွင့်လွတ်သည်းခံပေးခြင်းက ကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။

စိတ်ပျိုကိုယ်နုဆိုတဲ့စကား ကြားဖူးတယ်မလား။ စိတ်ဆိုးဒေါသထွက်တာက သွေးတိုးစေပြီး မင်းရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ခွင့်လွှတ်သည်းခံပေးခြင်းက မင်းရဲ့ကျန်းမာရေးကို နှစ်ဆ ကောင်းမွန်စေပါတယ်။

၂။ သူတို့ရဲ့ ဆိုးရွာလှတဲ့ ဝေဖန်မှုတွေက ကျွန်တော်တို့ အောင်မြင်မှုရရှိနိုင်အောင် ကူညီပေးပါတယ်။

ဘာလို့ဆို ကျရှုံးမှုတွေ၊ ဝေဖန်ထိုးနှက်ချက်တွေကပဲ အောင်မြင်မှုကို တွန်းပို့ပေးတာလို့ မြင်မိလို့ပါ။ စဉ်းစားကြည့်ပါ။ အဲ့လို ဝေဖန်တာတွေသာမရှိဘူးဆို ဘဝကို ပေါ့ပေါ့ပျက်ပျက် တွေးမိပါလိမ့်မယ်။ ဒါကြောင့် သူတို့ရဲ့ ဝေဖန်မှုတွေက ကျွန်တော်အမြင့်ကို တက်လှမ်းနိုင်ဖို့ တွန်းအားတွေပဲ ဖြစ်လာတာပါ။

၃။ ရန်သူကို မိတ်ဆွေဖွဲ့ပါ။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံတောင် အလံဖြူပြ ငြိမ်းချမ်းရေးယူရသေးတာပဲ။ မင်းရဲ့ ရန်သူတော်နဲ့လည်း မိတ်ဆွေဖွဲ့ နိုင်ပါစေလို့ တိုက်တွန်းချင်ပါတယ်။ အမုန်းဆုံးရန်သူတွေကနေ အချစ်ဆုံးသူငယ်ချင်းဖြစ်သွားတာတွေ ကြားဖူးတယ်မလား။ ဒါကြောင့် မိမိရဲ့ရန်သူနဲ့ မိတ်ဆွေဖွဲ့ ငြိမ်းချမ်းရေးယူခြင်းက အေးချမ်းမှုကို ခံစားရစေပါတယ်။

၄။ အမှန်တကယ် မုန်းဖို့လိုလို့လား။

လူတစ်ယောက်ကို မုန်းတယ်ဆိုတာအမှန်တော့ မကောင်းတဲ့ စိတ်ခံစားမှုကို မွေးမြူနေခြင်းဖြစ်တယ်။ ထိုသံသရာထဲက ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဘယ်သူကမှ မကောင်းတဲ့ စိတ်ခံစားမှုကို ဝန်ထုပ်တစ်ခုလို ထမ်းပိုးမထားပါဘူး။
တိုတောင်းလှတဲ့ ဘဝခရီးမှာ ခဏတစ်ဖြုတ်တွေ့ဆုံရတဲ့ လူတစ်ယောက်ကို မင်းအနေနဲ့ အမှန်တကယ် မုန်းဖို့လိုလို့လား။
တရားသဘောအရပြောရမယ်ဆို ရန်ကိုရန်ချင်းမတုံ့ပြန်ပါနဲ့လို့ပဲ ပြောလိုက်ပါရစေ။ ချစ်ခြင်းမေတ္တာတရားနဲ့သာ အရာအားလုံးကို ဆက်ဆံလိုက်ပါလို့ မှာလိုက်ပါတယ်နော်။

 

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *