Ctrl + Alt + Del နည်းလမ်းနဲ့ အကျင့်ဆိုးတွေကို ဘယ်လိုဖျောက်ဖျက်မလဲ။

#POINT #PointYouthPlatform

ကျွန်တော်တို့အကျင့်ဆိုးတွေက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ကျွန်တော်တို့အားလုံး သတိထားမိကြပါတယ်။

ကျွန်တော်တို့က ကျွန်တော်တို့အပေါ်ကို သက်ရောက်တဲ့မကောင်းတဲ့နည်းလမ်းတွေကို လစ်လျှူရှုဖို့ကိုပဲ ရွေးချယ်တတ်ကြပါတယ်။

ကျွန်တော့်အတွက်တော့ ကျွန်တော့်ကွန်ပြူတာရှေ့မှာ လျော့တိလျော့ရဲပုံစံနဲ့ ထိုင်နေရင်း တစ်နေ့တာကို အချိန်ကုန်ဆုံးတာများပါတယ်။ နေ့တိုင်းနိုးနိုးကြားကြားနေနိုင်ဖို့ နေ့တိုင်း ကုတ်သောက်တယ်။ ကျွန်တော်လေ့ကျင့်ခန်းမလုပ်ဖြစ်ပါဘူး။

ဘာလို့လဲဆိုတော့ တစ်နေ့လုံးအလုပ်လုပ်ပြီးတဲ့နောက်မှာ စိတ်အေးအေးထားပြီး ပျော်ပါးတာက ပိုကောင်းတယ်လို့ ခံစားရတဲ့အတွက်ကြောင့်ပါ။ ရလဒ်အနေနဲ့ ကျွန်တော်က ဝိတ်တက်လာပြီး နောက်ကျောနာကျင်မှုဒဏ်ကို ခံစားရင်းနဲ့ မကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ဦးတည်လာနေပါတယ်။

ကျွန်တော်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်ပါတယ်။ Charles Duhigg ရေးတဲ့ The Power of Habit စာအုပ်တို့ Gary W. Keller နဲ့ Jay Papasan တို့ရေးသားတဲ့ The One Thing စာအုပ်တို့ Neil Fiore ရေးသားတဲ့ The Now Habit စာအုပ်တို့လို အကျင့်ကောင်းတွေတည်ဆောက်ဖို့ စာအုပ်တွေကို စပြီးဖတ်လာခဲ့တယ်။

ဒီစာအုပ်တွေအားလုံးကို ဖတ်ပြီးတဲ့နောက်မှာ အကျင့်ဆိုးတွေကို ဖျောက်ဖို့ ကိုယ်ပိုင်နည်းလမ်းတစ်ခုဖြစ်တဲ့ Ctrl Alt Del နည်းလမ်းကို ရလာခဲ့ပါတယ်။

ကျွန်တော်အကျင့်ဆိုးတစ်ခုအပေါ်မှာပဲ စပြီး အာရုံစိုက်လုပ်ခဲ့တယ်။ ပထမဆုံးတစ်ခုက ကျွန်တော်နေ့တိုင်း သောက်နေတဲ့ကုတ်ပမာဏကို လျော့ချဖို့ပဲဖြစ်ပါတယ်။

Ctrl Alt Del နည်းလမ်းကို နေ့တိုင်း လုပ်ပြီးတော့ နှစ်ပတ်ကြာပြီးတဲ့နောက်မှာ နေ့တိုင်း ကုတ်သောက်နေတာကို ရပ်တန့်စေနိုင်ရုံသာမကပဲ အဲ့ဒီအစား နေ့တိုင်း ရေ၈ခွက် လောက် သောက်တတ်တဲ့ ပိုကောင်းတဲ့အကျင့်ကို စတင်ရလာခဲ့ပါတယ်။

အကျင့်ဆိုးတစ်ခုကို ဖျောက်ပြီးတဲ့နောက်မှာ ဒီနည်းလမ်းနဲ့ပဲ တခြားနှစ်ခုကို ကျွန်တော်ဆက်လုပ်ခဲ့ပါတယ်။ တစ်လကြာပြီးနောက် ကျွန်တော်က
-တစ်ပတ်ကို နှစ်ခါ အားကစားလုပ်လာတယ်။
-ရုံးမှာရော အိမ်မှာရော နေရာတိုင်းမှာ ထိုင်တဲ့ပုံစံအနေအထား ပြောင်းလဲလာပြီး နောက်ကျောနာသက်သာလာပါတယ်။
-နောက်ကျောနာသက်သာစေသလို ကြွက်သားတွေလဲ ထွက်လာခဲ့ပါတယ်။
-ခါးနားကအဆီတွေကျသွားပြီ ခါးက ၃၆လက်မကနေ ၃၂ လက်မဖြစ်သွားပါတယ်။

ဒီနည်းလမ်းကို အသုံးပြုပြီး ကျွန်တော့်ဘဝကို တိုးတက်အောင်လုပ်နိုင်ရင် မင်းလဲလုပ်နိုင်ပါတယ်။ မင်းရဲ့အကျင့်ဆိုးတွေကို ဖျောက်ဖို့ ဒီနည်းလမ်းကိုအသုံးပြုခြင်းက မင်းရဲ့အောင်မြင်မှုကို တိုးတက်လာစေပြီး ပိုကောင်းမွန်တဲ့ အကျင့်တွေနဲ့အစားထိုးလို့ရလာနိုင်ပါတယ်။

Translator : Su Mon

*** Unicode ***

#POINT #PointYouthPlatform

ကျွန်တော်တို့အကျင့်ဆိုးတွေက ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ကျွန်တော်တို့အားလုံး သတိထားမိကြပါတယ်။

ကျွန်တော်တို့က ကျွန်တော်တို့အပေါ်ကို သက်ရောက်တဲ့မကောင်းတဲ့နည်းလမ်းတွေကို လစ်လျှူရှုဖို့ကိုပဲ ရွေးချယ်တတ်ကြပါတယ်။

ကျွန်တော့်အတွက်တော့ ကျွန်တော့်ကွန်ပြူတာရှေ့မှာ လျော့တိလျော့ရဲပုံစံနဲ့ ထိုင်နေရင်း တစ်နေ့တာကို အချိန်ကုန်ဆုံးတာများပါတယ်။

နေ့တိုင်းနိုးနိုးကြားကြားနေနိုင်ဖို့ နေ့တိုင်း ကုတ်သောက်တယ်။ ကျွန်တော်လေ့ကျင့်ခန်းမလုပ်ဖြစ်ပါဘူး။ဘာလို့လဲဆိုတော့ တစ်နေ့လုံးအလုပ်လုပ်ပြီးတဲ့နောက်မှာ စိတ်အေးအေးထားပြီး ပျော်ပါးတာက ပိုကောင်းတယ်လို့ ခံစားရတဲ့အတွက်ကြောင့်ပါ။

ရလဒ်အနေနဲ့ ကျွန်တော်က ဝိတ်တက်လာပြီး နောက်ကျောနာကျင်မှုဒဏ်ကို ခံစားရင်းနဲ့ မကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ဦးတည်လာနေပါတယ်။ကျွန်တော်ပြောင်းလဲမှုလုပ်ဖို့ လိုအပ်ပါတယ်။

Charles Duhigg ရေးတဲ့ The Power of Habit စာအုပ်တို့ Gary W. Keller နဲ့ Jay Papasan တို့ရေးသားတဲ့ The One Thing စာအုပ်တို့ Neil Fiore ရေးသားတဲ့ The Now Habit စာအုပ်တို့လို အကျင့်ကောင်းတွေတည်ဆောက်ဖို့ စာအုပ်တွေကို စပြီးဖတ်လာခဲ့တယ်။

ဒီစာအုပ်တွေအားလုံးကို ဖတ်ပြီးတဲ့နောက်မှာ အကျင့်ဆိုးတွေကို ဖျောက်ဖို့ ကိုယ်ပိုင်နည်းလမ်းတစ်ခုဖြစ်တဲ့ Ctrl Alt Del နည်းလမ်းကို ရလာခဲ့ပါတယ်။ကျွန်တော်အကျင့်ဆိုးတစ်ခုအပေါ်မှာပဲ စပြီး အာရုံစိုက်လုပ်ခဲ့တယ်။

ပထမဆုံးတစ်ခုက ကျွန်တော်နေ့တိုင်း သောက်နေတဲ့ကုတ်ပမာဏကို လျော့ချဖို့ပဲဖြစ်ပါတယ်။

Ctrl Alt Del နည်းလမ်းကို နေ့တိုင်း လုပ်ပြီးတော့ နှစ်ပတ်ကြာပြီးတဲ့နောက်မှာ နေ့တိုင်း ကုတ်သောက်နေတာကို ရပ်တန့်စေနိုင်ရုံသာမကပဲ အဲ့ဒီအစား နေ့တိုင်း ရေ၈ခွက် လောက် သောက်တတ်တဲ့ ပိုကောင်းတဲ့အကျင့်ကို စတင်ရလာခဲ့ပါတယ်။

အကျင့်ဆိုးတစ်ခုကို ဖျောက်ပြီးတဲ့နောက်မှာ ဒီနည်းလမ်းနဲ့ပဲ တခြားနှစ်ခုကို ကျွန်တော်ဆက်လုပ်ခဲ့ပါတယ်။ တစ်လကြာပြီးနောက် ကျွန်တော်က-တစ်ပတ်ကို နှစ်ခါ အားကစားလုပ်လာတယ်။

-ရုံးမှာရော အိမ်မှာရော နေရာတိုင်းမှာ ထိုင်တဲ့ပုံစံအနေအထား ပြောင်းလဲလာပြီး နောက်ကျောနာသက်သာလာပါတယ်။

-နောက်ကျောနာသက်သာစေသလို ကြွက်သားတွေလဲ ထွက်လာခဲ့ပါတယ်။

-ခါးနားကအဆီတွေကျသွားပြီ ခါးက ၃၆လက်မကနေ ၃၂ လက်မဖြစ်သွားပါတယ်။

ဒီနည်းလမ်းကို အသုံးပြုပြီး ကျွန်တော့်ဘဝကို တိုးတက်အောင်လုပ်နိုင်ရင် မင်းလဲလုပ်နိုင်ပါတယ်။ မင်းရဲ့အကျင့်ဆိုးတွေကို ဖျောက်ဖို့ ဒီနည်းလမ်းကိုအသုံးပြုခြင်းက မင်းရဲ့အောင်မြင်မှုကို တိုးတက်လာစေပြီး ပိုကောင်းမွန်တဲ့ အကျင့်တွေနဲ့အစားထိုးလို့ရလာနိုင်ပါတယ်။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *