သတင်းဆိုးတွေကို ဘယ်လိုပြောပြပေးမလဲ။

#POINT #PointYouthPlatform

တစ်ချိန်ချိန်မှာတော့ တစ်ယောက်ယောက်ကို သတင်းဆိုးတွေ ပြောပြပေးကြရမှာပါပဲ။ တစ်ယောက်ယောက်နဲ့လမ်းခွဲတာပဲဖြစ်ဖြစ်၊ အလုပ်သမားတစ်ယောက်ယောက်ကို အလုပ်ဖြုတ်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဒါကိုလုပ်ကြရမှာပါပဲ။
တခြားတစ်ယောက်မကြားချင်တဲ့ သတင်းစကားတွေကို ချိုသာရှင်းလင်းစွာ ပြောပြနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။
ကြိုတင်ပြင်ဆင်ထားပါ။
ပထမဆုံးအဆင့်က အစီအစဉ်လုပ်ထားဖို့ပါပဲ။ မင်းက ပြောချင်တဲ့အရာကို ရှင်းရှင်းလင်းလင်းမသိဘူးဆိုရင် ချောင်ပိတ်မိနေပြီး ပြောချင်တာကို ထိထိရောက်ရောက်မပြောနိုင် ဖြစ်နေနိုင်ပါတယ်။
ပြောမယ့်စကားကို ကြိုတင်ပြင်ဆင်ထားပါ။ ပြသနာနဲ့ ဆက်စပ်နေလောက်မယ့် တခြားပြောရမယ့်စကားတွေကိုလဲ ပြင်ဆင်ထားပါ။
ဥပမာ မင်းရဲ့အခန်းဖော်ကို အခန်းပြောင်းပေးဖို့ လိုနေပြီဆိုတဲ့အကြောင်းကို ပြောတော့မယ်ဆိုရင် မင်းက မြေပိုင်ရှင်နဲ့ပြောခဲ့ပြီးပြိီဆိုတာတွေ၊ သူကလည်း အခန်းဖော်အသစ်ကို ရှာပေးပြီး သွားပြီဆိုတာတွေနဲ့ မြေငှားစာချုပ်မှာ ထည့်ပြီးသွားပြီဆိုတာတွေကိုပါ သူတို့ကို ပြောပြထားသင့်ပါတယ်။
မင်းကကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မေးခွန်းတွေအများကြီးကြားမှာ တစ်ဝဲလည်လည်ဖြစ်မနေတော့ဘူးပေါ့။
ဆိုလိုရင်းကို တည့်တည့်ပြောပါ။
သတင်းဆိုးကို အစချီပြီးတော့ ပြောနေဖို့မလိုအပ်ပါဘူး။ မင်းရော မင်းပြောချင်တဲ့လူရော နှစ်ယောက်စလုံးက ဘာကိုပြောနေမှန်းမသိဖြစ်သွားပါလိမ့်မယ်။
အဲ့ဒီအစား မင်းပြောချင်တဲ့ ဆိုလိုရင်းကို ထိထိရောက်ရောက် ပြောပြလိုက်ပါ။
မင်းကသတင်းကိုပြောပြနေတဲ့အချိန်မှာ တခြားတစ်ယောက်ကို မေးခွန်းမေးဖို့ အချိန်ပေးဖို့ ကို မကြောက်ပါနဲ့။
ကိုယ်ချင်းစာကြည့်ပါ။
ဘယ်သူမှ သတင်းဆိုးကို ပြောပြချင်တဲ့သူ မဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ လူတိုင်းသတင်းဆိုးပြောခံရတာကို ကြုံဖူးကြရမှာပါပဲ။
တခြားလူရဲ့နေရာမှာဆိုရင် မင်းဘယ်လိုခံစားရမလဲဆိုတာကို တွေးကြည့်လိုက်ပါ။ သူတိို့နေရာကနေ မျှဝေခံစားကြည့်ပေးပါ။
သူ့နေရာမှာဝင်ခံစားပြီးတော့ သတင်းဆိုးကိုပြောတဲ့အခါမှာ နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ ပြောစကားတွေဖြစ်လာမှာ သေချာပါတယ်။

Writer & Translator : Su Mon

*** Unicode ***

#POINT #PointYouthPlatform

တစ်ချိန်ချိန်မှာတော့ တစ်ယောက်ယောက်ကို သတင်းဆိုးတွေ ပြောပြပေးကြရမှာပါပဲ။ တစ်ယောက်ယောက်နဲ့လမ်းခွဲတာပဲဖြစ်ဖြစ်၊ အလုပ်သမားတစ်ယောက်ယောက်ကို အလုပ်ဖြုတ်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဒါကိုလုပ်ကြရမှာပါပဲ။

တခြားတစ်ယောက်မကြားချင်တဲ့ သတင်းစကားတွေကို ချိုသာရှင်းလင်းစွာ ပြောပြနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

ကြိုတင်ပြင်ဆင်ထားပါ။

ပထမဆုံးအဆင့်က အစီအစဉ်လုပ်ထားဖို့ပါပဲ။ မင်းက ပြောချင်တဲ့အရာကို ရှင်းရှင်းလင်းလင်းမသိဘူးဆိုရင် ချောင်ပိတ်မိနေပြီး ပြောချင်တာကို ထိထိရောက်ရောက်မပြောနိုင် ဖြစ်နေနိုင်ပါတယ်။ပြောမယ့်စကားကို ကြိုတင်ပြင်ဆင်ထားပါ။ပြသနာနဲ့ ဆက်စပ်နေလောက်မယ့် တခြားပြောရမယ့်စကားတွေကိုလဲ ပြင်ဆင်ထားပါ။

ဥပမာ မင်းရဲ့အခန်းဖော်ကို အခန်းပြောင်းပေးဖို့ လိုနေပြီဆိုတဲ့အကြောင်းကို ပြောတော့မယ်ဆိုရင် မင်းက မြေပိုင်ရှင်နဲ့ပြောခဲ့ပြီးပြီဆိုတာတွေ၊ သူကလည်း အခန်းဖော်အသစ်ကို ရှာပေးပြီး သွားပြီဆိုတာတွေနဲ့ မြေငှားစာချုပ်မှာ ထည့်ပြီးသွားပြီဆိုတာတွေကိုပါ သူတို့ကို ပြောပြထားသင့်ပါတယ်။

မင်းကကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မေးခွန်းတွေအများကြီးကြားမှာ တစ်ဝဲလည်လည်ဖြစ်မနေတော့ဘူးပေါ့။

ဆိုလိုရင်းကို တည့်တည့်ပြောပါ။

သတင်းဆိုးကို အစချီပြီးတော့ ပြောနေဖို့မလိုအပ်ပါဘူး။ မင်းရော မင်းပြောချင်တဲ့လူရော နှစ်ယောက်စလုံးက ဘာကိုပြောနေမှန်းမသိဖြစ်သွားပါလိမ့်မယ်။အဲ့ဒီအစား မင်းပြောချင်တဲ့ ဆိုလိုရင်းကို ထိထိရောက်ရောက် ပြောပြလိုက်ပါ။မင်းကသတင်းကိုပြောပြနေတဲ့အချိန်မှာ တခြားတစ်ယောက်ကို မေးခွန်းမေးဖို့ အချိန်ပေးဖို့ ကို မကြောက်ပါနဲ့။

ကိုယ်ချင်းစာကြည့်ပါ။

ဘယ်သူမှ သတင်းဆိုးကို ပြောပြချင်တဲ့သူ မဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ လူတိုင်းသတင်းဆိုးပြောခံရတာကို ကြုံဖူးကြရမှာပါပဲ။တခြားလူရဲ့နေရာမှာဆိုရင် မင်းဘယ်လိုခံစားရမလဲဆိုတာကို တွေးကြည့်လိုက်ပါ။ သူတို့နေရာကနေ မျှဝေခံစားကြည့်ပေးပါ။သူ့နေရာမှာဝင်ခံစားပြီးတော့ သတင်းဆိုးကိုပြောတဲ့အခါမှာ နှစ်ယောက်လုံးအတွက် ကောင်းမွန်တဲ့ ပြောစကားတွေဖြစ်လာမှာ သေချာပါတယ်။

Writer & Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *