လူငယ်တွေသင်ယူနိုင်စွမ်းအပေါ် ဂီတက ဘယ်လောက်အထိလွှမ်းမိုးမှုရှိသလဲ။

*** Unicode ***

#POINT #PointYouthPlatform

ဂီတနှင့် လူငယ်ဆိုတာက အမြဲဒွန်တွဲနေတဲ့အရာတွေဖြစ်ပါတယ်။ အရင်ဂီတအမျိုးစားတွေကစပြီး အခုလက်ရှိအထိလည်း ဂီတအသစ်တွေကို ဖန်တီးသူအများစုကလည်း လူငယ်တွေပဲဖြစ်သလို အသစ်အသစ်သော ဖန်တီးမှုတွေနဲ့ ခေတ်တစ်ခုကို ဖော်ဆောင်ခဲ့သူကလည်း လူငယ်အများစုပဲဖြစ်ပါတယ်။

ဟိုးအရှေ့ပိုင်းဂီတတွေဖြစ်သည့် Mozart နှင့် Beethoven အစရှိဖန်တီးခဲ့သော Classical နှင့်Neo-classical မှအစချီကာ ၁၉၅၀ နောက်ပိုင်း Rock and Roll ဂီတနှင့် အခု Rap တွေအထိလည်း ဂီတအမျိုးအစားများစွာပေးထွန်းခဲ့သလို လူငယ်တွေလည်း ခေတ်အခြေအနေအလိုက် နှစ်ခြိုက်စွာနားထောင်ခဲ့ကြတယ်။

အခုစာမှာတော့ လူငယ်တွေနားထောင်သောဂီတအမျိုးအစားနဲ့ သူတို့၏ သင်ယူနိုင်စွမ်းတွေဘယ်လိုဆက်စပ်နေသလည်းဆိုတာကို လေ့လာကြည့်ကြရအောင်။

သုသေသနတွေအရတော့ နားထောင်တဲ့ဂီတအမျိုးအစားနှင့် အလုပ်ပြီးမြောက်နိုင်မှုနှင့် သင်ယူနိုင်မှုဟာ ဆက်စပ်နေတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။

အဲ့အတွက် စမ်းသပ်မှုတစ်ခုမှာ ကြွက်တွေကို အုပ်စု (၃) အုပ်စုခွဲခြားထားပြီး ပထမအုပ်စုကို Strauss ၏ Waltz ဂီတအမျိုးအစားကို ရှစ်ပတ်ကြာနားထောင်ခိုင်းပြီး ဒုတိယအုပ်စုကိုတော့ Drumbeats တွေအများအပြားပါသည့် ဂီတကိုနားထောင်စေကာ တတိယအုပ်စုကိုတော့ ဘာမှနားမထောင်ခိုင်းဘဲ တိတ်ဆိတ်တဲ့နေရာမှာ ထားစေခဲ့ပါတယ်။ရှစ်ပတ်ကြာစမ်းသပ်မှုအပြီးမှာတော့ ကြွက်တွေကို ဝင်္က္ပါတစ်ခုထဲလှွတ်လိုက်ပြီး အစာရှာစေခဲ့ပါတယ်။

ဒုတိယအုပ်စုဖြစ်သည့် Drumbeats ကို နားထောင်သည့်ကြွက်တွေဟာ တခြားအုပ်စုတွေထက်အစာကို ပိုမိုခဲယဉ်းစွာ ရှာဖွေကြရပြီး မစမ်းသပ်ခင်ကာလက အချိန်ထက်လည်း အစာကိုရှာဖွေရတာ ပိုကြာခဲ့ပါတယ်။ဆူညံမှုနှင့်ကာလတစ်ချို့ထိတွေ့ခဲ့ရသော ကြွက်တွေဟာ သင်ယူခြင်းနှင့် လေ့လာခြင်းမှာ ပိုမိုခဲယဉ်းရုံသာမက ဦးနောက်မှာရှိသော ဆဲလ်တည်ဆောက်ပုံလည်းပြောင်းလဲခဲ့တာကိုတွေ့ရှိရပါတယ်။

လေ့လာမှုတွေအရတော့ ဂီတရဲ့ Beats နှင့် ဂီတတည်ဆောက်ပုံ Rhythm အပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ ယနေ့ခေတ်အခြေအနေတွေမှာတော့ ဂီတအမျိုးအစားအများစုဟာ တည်ငြိမ်မှုနှင့် ငြိမ့်ငြောင်းမှုတွေထ က်စာရင် လှုပ်ရှားတက်ကြွမှုကို ဖြစ်စေသော ဂီတအမျိုးအစားက ပိုများတယ်ဆိုတာတွေ့ရမှာပါ။

ဒါပေမယ့်လည်း သင်ယူလေ့လာခြင်းနှင့်ဆက်စပ်နေသော အလုပ်တွေ စာသင်ခြင်းနှင့် စာလေ့လာချိန်တွေမှာနားထောင်မယ်ဆိုရင်တော့ တည်ငြိမ်ကို အသားပေးသော Classical ဂီတတွေပိုနားထောင်တာက အကျိုးရှိစေပါတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။

Writer & Translator : Thiha Aung

——————————————————————————————————————————

#POINT #PointYouthPlatform

ဂီတနှင့် လူငယ်ဆိုတာက အမြဲဒွန်တွဲနေတဲ့အရာတွေဖြစ်ပါတယ်။ အရင်ဂီတအမျိုးစားတွေကစပြီး အခုလက်ရှိအထိလည်း ဂီတအသစ်တွေကို ဖန်တီးသူအများစုကလည်း လူငယ်တွေပဲဖြစ်သလို အသစ်အသစ်သော ဖန်တီးမှုတွေနဲ့ ခေတ်တစ်ခုကို ဖော်ဆောင်ခဲ့သူကလည်း လူငယ်အများစုပဲဖြစ်ပါတယ်။
ဟိုးအရှေ့ပိုင်းဂီတတွေဖြစ်သည့် Mozart နှင့် Beethoven အစရှိဖန်တီးခဲ့သော Classical နှင့်Neo-classical မှအစချီကာ ၁၉၅၀ နောက်ပိုင်း Rock and Roll ဂီတနှင့် အခု Rap တွေအထိလည်း ဂီတအမျိုးအစားများစွာပေးထွန်းခဲ့သလို လူငယ်တွေလည်း ခေတ်အခြေအနေအလိုက် နှစ်ခြိုက်စွာနားထောင်ခဲ့ကြတယ်။ အခုစာမှာတော့ လူငယ်တွေနားထောင်သောဂီတအမျိုးအစားနဲ့ သူတို့၏ သင်ယူနိုင်စွမ်းတွေဘယ်လိုဆက်စပ်နေသလည်းဆိုတာကို လေ့လာကြည့်ကြရအောင်။

သုသေသနတွေအရတော့ နားထောင်တဲ့ဂီတအမျိုးအစားနှင့် အလုပ်ပြီးမြောက်နိုင်မှုနှင့် သင်ယူနိုင်မှုဟာ ဆက်စပ်နေတယ်ဆိုတာကို သက်သေပြနိုင်ပါတယ်။
အဲ့အတွက် စမ်းသပ်မှုတစ်ခုမှာ ကြွက်တွေကို အုပ်စု (၃) အုပ်စုခွဲခြားထားပြီး ပထမအုပ်စုကို Strauss ၏ Waltz ဂီတအမျိုးအစားကို ရှစ်ပတ်ကြာနားထောင်ခိုင်းပြီး ဒုတိယအုပ်စုကိုတော့ Drumbeats တွေအများအပြားပါသည့် ဂီတကိုနားထောင်စေကာ တတိယအုပ်စုကိုတော့ ဘာမှနားမထောင်ခိုင်းဘဲ တိတ်ဆိတ်တဲ့နေရာမှာ ထားစေခဲ့ပါတယ်။

ရှစ်ပတ်ကြာစမ်းသပ်မှုအပြီးမှာတော့ ကြွက်တွေကို ဝင်္ကပါတစ်ခုထဲလွှတ်လိုက်ပြီး အစာရှာစေခဲ့ပါတယ်။
ဒုတိယအုပ်စုဖြစ်သည့် Drumbeats ကို နားထောင်သည့်ကြွက်တွေဟာ တခြားအုပ်စုတွေထက်အစာကို ပိုမိုခဲယဉ်းစွာ ရှာဖွေကြရပြီး မစမ်းသပ်ခင်ကာလက အချိန်ထက်လည်း အစာကိုရှာဖွေရတာ ပိုကြာခဲ့ပါတယ်။
ဆူညံမှုနှင့်ကာလတစ်ချို့ထိတွေ့ခဲ့ရသော ကြွက်တွေဟာ သင်ယူခြင်းနှင့် လေ့လာခြင်းမှာ ပိုမိုခဲယဉ်းရုံသာမက ဦးနောက်မှာရှိသော ဆဲလ်တည်ဆောက်ပုံလည်းပြောင်းလဲခဲ့တာကိုတွေ့ရှိရပါတယ်။
လေ့လာမှုတွေအရတော့ ဂီတရဲ့ Beats နှင့် ဂီတတည်ဆောက်ပုံ Rhythm အပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ ယနေ့ခေတ်အခြေအနေတွေမှာတော့ ဂီတအမျိုးအစားအများစုဟာ တည်ငြိမ်မှုနှင့် ငြိမ့်ငြောင်းမှုတွေထ က်စာရင် လှုပ်ရှားတက်ကြွမှုကို ဖြစ်စေသော ဂီတအမျိုးအစားက ပိုများတယ်ဆိုတာတွေ့ရမှာပါ။
ဒါပေမယ့်လည်း သင်ယူလေ့လာခြင်းနှင့်ဆက်စပ်နေသော အလုပ်တွေ စာသင်ခြင်းနှင့် စာလေ့လာချိန်တွေမှာနားထောင်မယ်ဆိုရင်တော့ တည်ငြိမ်ကို အသားပေးသော Classical ဂီတတွေပိုနားထောင်တာက အကျိုးရှိစေပါတယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။

Writer & Translator : Thiha Aung

 

Current

Leave a Reply

Your email address will not be published. Required fields are marked *