အိပ်ချိန်နည်းအောင် လေ့ကျင့်နည်း

#POINT #PointYouthPlatform

လုပ်စရာတွေအများကြီးဖြစ်နေပြီးတော့ ပြီးအောင်လုပ်ဖို့ အချိန်မရှိဖြစ်နေကာ တန်ဖိုးရှိတဲ့အရာတွေကို အိပ်ချိန်ကြောင့်အလဟသဖြစ်နေပြီလို့ထင်နေလား။
အိပ်ချိန်နည်းနည်းလောက်ပဲ လိုအပ်အောင် ကျွန်တော်တို့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးလိုက်ရင် မကောင်းဘူးလား။
လူတစ်ယောက်ရဲ့တစ်ညအိပ်ချိန်လိုအပ်ချက်က ဒီလူရဲ့အသက်နဲ့ကိုယ်ကာယလုပ်ဆောင်ချက် အပေါ်မှာ မူတည်နေသော်လည်းပဲ ကျန်းမာတဲ့အရွယ်ရောက်ပြီးသူအများစုက တစ်ညကို ၇နာရီနဲ့ ကိုးနာရီလောက်အထိ အိပ်ချိန်ရှိသင့်ပါတယ်။ အများစုကတော့ ဒီလိုမအိပ်စက်နိုင်ကြပါဘူး။
ဦးနှောက်နဲ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။ လူတစ်ယောက်က အိပ်ရေးမဝရင် သူ့ရဲ့ဦးနှောက်က လမ်းကြောင်းအသစ်တွေကို မတည်ဆောက်နိုင်ဘူးလို့ Buysse ကပြောကြားခဲ့ပါတယ်။
ဒါက သတင်းအချက်အလက်တွေ စုဆောင်းဖို့နဲ့ ရှုပ်ထွေးတဲ့အတွေးအခေါ်တွေကို လုပ်ဆောင်ဖို့ ပိုခက်ခဲစေပါလိမ့်မယ်။ အိပ်ရေးမဝရင် အဝလွန်ခြင်း သွေးတိုးခြင်းနဲ့ နှလုံးရောဂါတို့ကိုဖြစ်လာစေနိုင်ပြီး ကျန်းမာရေးပြသနာတွေ ဖြစ်လာစေနိုင်ပါတယ်။
အိပ်ချိန်တွေကို ပိုင်းခြားပြီးတော့ အိပ်တဲ့အခါမှာ မင်းကသတိမထားမိရင်တောင် မင်းခန္ဓာကိုယ်က သတိထားမိလာပါတယ်။ လူတွေက တစ်ညကို ခြောက်နာရီထိအောင် အိပ်ချိန်တွေ လျော့ချပစ်လိုက်ကြတယ်လို့ အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။
သူတို့ရဲ့လုပ်ဆောင်ချက်နဲ့ တုန့်ပြန်မှုတွေက နှစ်ညလောက် မအိပ်ထားတဲ့ လူတွေလိုပဲ လုပ်ဆောင်ချက်တွေ လျော့ကျလာပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်က အိပ်စက်ခြင်းအချိန်ဇယားအသစ်ကို အသားမကျသေးပါဘူး။ အိပ်စက်ချိန်နည်းတဲ့သူတွေက သူတို့ရဲ့လုပ်ဆောင်ချက်တွေ လျော့ကျနေတာကို အများအားဖြင့် သတိမထားမိကြပါဘူး။
အိပ်ရေးမဝတဲ့လူတွေက အရက်မူးနေတဲ့လူနဲ့ တူပါတယ်လို့ Buysse ကပြောကြားခဲ့ပါတယ်။ သူတို့ကဘယ်လောက်အနှောက်အယှက်ဖြစ်လဲ ဆိုတာကို လူတွေက အထင်မှားနေကြပါတယ်။ အိပ်ရေးမဝတဲ့လူတွေမှာလဲ အဲ့လိုဖြစ်တတ်တယ်လို့ ပြောထားပါတယ်။


အိပ်စက်ချိန်နည်းနည်းနဲ့ လုံလောက်စေဖို့ ကိုယ့်ကိုယ်ကို သင်ကြားဖို့က ဖြစ်နိုင်ပါတယ်လို့ Jim Horne ကပြောထားပါတယ်။ သူကတော့ လူတွေလိုအပ်တဲ့အိပ်ချိန်က တစ်ယောက်ချင်းစီလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ မင်းရဲ့အိပ်ချိန်၇နာရီကနေ ၈နာရီထိအိပ်ချိန် မရမှာနဲ့ပတ်သတ်တဲ့စိုးရိမ်မှုတွေက မကြာခဏအချိန်လွန်သွားတတ်တယ်လို့ ပြောထားပါတယ်။
လူတွေအိပ်ချိန်နည်းဖို့ကို ကျွန်တော်မထောက်ခံပါဘူး။ ဒါပေမယ့် အိပ်ချိန်မလုံလောက်မှာကို လူတွေ မစိုးရိမ်သင့်ဘူးဆိုတာကိုတော့ ကျွန်တော်ထောက်ခံပါတယ်လို့ Horne ကပြောထားပါတယ်။ အထူးသဖြင့် မင်းကနေ့ဘက်မှာ မအိပ်ချင်ပဲ နိုးကြားတက်ကြွနေရင်တော့ လိုအပ်တဲ့အိပ်ချိန်လုံလုံလောက်လောက် အိပ်စက်ခဲ့တယ်ဆိုတာပါပဲ။
လူတွေက တစ်ညကို အိပ်ချိန်ခြောက်နာရီကို ပုံမှန်ဖြစ်တဲ့အထိ လျော့ချလာကြပြီလို့ Horne ရဲ့သုတေသနမှာ ပြောထားပါတယ်။ နေ့ခင်းဘက်မှာတစ်ရေးအိပ်ရင်းနဲ့ဒါကို ဖြေးဖြေးချင်း လုပ်လာကြပါတယ်။ လေ့လာမှုတစ်ခုမှာတော့ တစ်ညကိုပုံမှန်အိပ်ချိန် ၇နာရီကနေ ၈ခွဲအထိအိပ်တဲ့သူတွေကို ညတိုင်း အိပ်ချိန်ကိုနည်းနည်းချင်းစီလျော့ချပေးသွားဖို့ တောင်းဆိုခဲ့ပါတယ်။
သူတို့က ပထမဆုံးတစ်ပတ်မှာ တစ်နာရီနောက်ကျပြီးတော့ အိပ်ရာဝင်ပါတယ်။ နောက်ထပ်သုံးပတ်အတွင်းမှာ တစ်နာရီခွဲနောက်ကျပြီးတော့ အိပ်ရာဝင်ကြပါတယ်။ ဒီလိုလုပ်ရင်း မနက်ပိုင်းမှာ အချိန်မှန်နိုးထလာတဲ့အခါမှာ လူတွေက ဒီလုပ်ဆောင်ချက်ကို အောင်မြင်စွာ လုပ်ဆောင်လာနိုင်ပါပြီ။ တစ်ညကို အိပ်ချိန်ခြောက်နာရီကနေ ခြောက်နာရီခွဲလောက်နဲ့ ကောင်းကောင်းအိပ်စက်နိုင်ပါပြီ။
တစ်ချို့အတွက်တော့ ညဘက်နောက်ကျမှအိပ်စက်တာက အဆင်ပြေပါတယ်။ ဒါပေမယ့် အိပ်ချိန် ကောင်းကောင်းလိုအပ်သူတွေအတွက်ကတော့ ဒါကို ကျွန်တော်အကြံမပေးချင်ဘူးလို့ Horne ကပြောကြားခဲ့ပါတယ်။
မင်းကနေ့ခင်းဘက်မှာ အိပ်ချင်နေသေးတယ်ဆိုရင် ခြောက်နာရီဆိုတဲ့အိပ်ချိန်က မင်းအတွက် မလုံလောက်သေးပါဘူး။ အဲ့ဒီအစား ဘယ်နာရီအိပ်စက်မယ်ဆိုတာကို စိုးရိမ်နေမယ့်အစား ကောင်းကောင်းအိပ်စက်နိုင်ဖို့ကိုပဲ အာရုံစိုက်လိုက်ပါ။
အိပ်စက်ခြင်းကိုလျော့ချပေးဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မင်းကနိုးနေတဲ့အချိန်တွေမှာ ကောင်းကောင်းအသုံးပြုပေးဖို့ပါပဲ။ နေ့ခင်းမှာ လေ့ကျင့်ခန်းပြုလုပ်ကြည့်ပါလို့ Sigrid Veasey ကပြောကြားခဲ့ပါတယ်။
ဒါကတော့ မင်းရဲ့ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး အိပ်ယာဝင်ချိန်မှာ အေးစက်သွားစေပါတယ်။ ဒါကတော့ မြန်မြန်ဆန်ဆန်အိပ်ပျော်စေပြီး ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ပါတယ်။
ကောင်းကောင်းအိပ်စက်ဖို့အတွက် တခြားနည်းလမ်းတွေက ညနေဘက်မှာ အစာအများကြီး စားခြင်းမှ ရှောင်ကြဉ်ပါ။ အိပ်ယာမဝင်ခင် စိုးရိမ်စရာတွေမတွေးပါနဲ့။ မအိပ်ခင်မှာ ဖုန်းတွေမကြည့်ပါနဲ့။ အိပ်ခန်းကို မှောင်မဲတိတ်ဆိတ်နေအောင် လုပ်ထားပါ။

Translator : Su Mon

*** Unicode ***

#POINT #PointYouthPlatform

လုပ်စရာတွေအများကြီးဖြစ်နေပြီးတော့ ပြီးအောင်လုပ်ဖို့ အချိန်မရှိဖြစ်နေကာ တန်ဖိုးရှိတဲ့အရာတွေကို အိပ်ချိန်ကြောင့်အလဟသဖြစ်နေပြီလို့ထင်နေလား။

အိပ်ချိန်နည်းနည်းလောက်ပဲ လိုအပ်အောင် ကျွန်တော်တို့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးလိုက်ရင် မကောင်းဘူးလား။

လူတစ်ယောက်ရဲ့တစ်ညအိပ်ချိန်လိုအပ်ချက်က ဒီလူရဲ့အသက်နဲ့ကိုယ်ကာယလုပ်ဆောင်ချက် အပေါ်မှာ မူတည်နေသော်လည်းပဲ ကျန်းမာတဲ့အရွယ်ရောက်ပြီးသူအများစုက တစ်ညကို ရနာရီနဲ့ ကိုးနာရီလောက်အထိ အိပ်ချိန်ရှိသင့်ပါတယ်။ အများစုကတော့ ဒီလိုမအိပ်စက်နိုင်ကြပါဘူး။ဦးနှောက်နဲ့ခန္ဓာကိုယ်အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အိပ်စက်ခြင်းက အရေးကြီးပါတယ်။

လူတစ်ယောက်က အိပ်ရေးမဝရင် သူ့ရဲ့ဦးနှောက်က လမ်းကြောင်းအသစ်တွေကို မတည်ဆောက်နိုင်ဘူးလို့ Buysse ကပြောကြားခဲ့ပါတယ်။ဒါက သတင်းအချက်အလက်တွေ စုဆောင်းဖို့နဲ့ ရှုပ်ထွေးတဲ့အတွေးအခေါ်တွေကို လုပ်ဆောင်ဖို့ ပိုခက်ခဲစေပါလိမ့်မယ်။

အိပ်ရေးမဝရင် အဝလွန်ခြင်း သွေးတိုးခြင်းနဲ့ နှလုံးရောဂါတို့ကိုဖြစ်လာစေနိုင်ပြီး ကျန်းမာရေးပြသနာတွေ ဖြစ်လာစေနိုင်ပါတယ်။အိပ်ချိန်တွေကို ပိုင်းခြားပြီးတော့ အိပ်တဲ့အခါမှာ မင်းကသတိမထားမိရင်တောင် မင်းခန္ဓာကိုယ်က သတိထားမိလာပါတယ်။

လူတွေက တစ်ညကို ခြောက်နာရီထိအောင် အိပ်ချိန်တွေ လျော့ချပစ်လိုက်ကြတယ်လို့ အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။သူတို့ရဲ့လုပ်ဆောင်ချက်နဲ့ တုန့်ပြန်မှုတွေက နှစ်ညလောက် မအိပ်ထားတဲ့ လူတွေလိုပဲ လုပ်ဆောင်ချက်တွေ လျော့ကျလာပါတယ်။

သူတို့ရဲ့ခန္ဓာကိုယ်က အိပ်စက်ခြင်းအချိန်ဇယားအသစ်ကို အသားမကျသေးပါဘူး။ အိပ်စက်ချိန်နည်းတဲ့သူတွေက သူတို့ရဲ့လုပ်ဆောင်ချက်တွေ လျော့ကျနေတာကို အများအားဖြင့် သတိမထားမိကြပါဘူး။အိပ်ရေးမဝတဲ့လူတွေက အရက်မူးနေတဲ့လူနဲ့ တူပါတယ်လို့ Buysse ကပြောကြားခဲ့ပါတယ်။ သူတို့ကဘယ်လောက်အနှောက်အယှက်ဖြစ်လဲ ဆိုတာကို လူတွေက အထင်မှားနေကြပါတယ်။

အိပ်ရေးမဝတဲ့လူတွေမှာလဲ အဲ့လိုဖြစ်တတ်တယ်လို့ ပြောထားပါတယ်။အိပ်စက်ချိန်နည်းနည်းနဲ့ လုံလောက်စေဖို့ ကိုယ့်ကိုယ်ကို သင်ကြားဖို့က ဖြစ်နိုင်ပါတယ်လို့ Jim Horne ကပြောထားပါတယ်။ သူကတော့ လူတွေလိုအပ်တဲ့အိပ်ချိန်က တစ်ယောက်ချင်းစီလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။

မင်းရဲ့အိပ်ချိန်ရနာရီကနေ ၈နာရီထိအိပ်ချိန် မရမှာနဲ့ပတ်သတ်တဲ့စိုးရိမ်မှုတွေက မကြာခဏအချိန်လွန်သွားတတ်တယ်လို့ ပြောထားပါတယ်။လူတွေအိပ်ချိန်နည်းဖို့ကို ကျွန်တော်မထောက်ခံပါဘူး။ ဒါပေမယ့် အိပ်ချိန်မလုံလောက်မှာကို လူတွေ မစိုးရိမ်သင့်ဘူးဆိုတာကိုတော့ ကျွန်တော်ထောက်ခံပါတယ်လို့ Horne ကပြောထားပါတယ်။

အထူးသဖြင့် မင်းကနေ့ဘက်မှာ မအိပ်ချင်ပဲ နိုးကြားတက်ကြွနေရင်တော့ လိုအပ်တဲ့အိပ်ချိန်လုံလုံလောက်လောက် အိပ်စက်ခဲ့တယ်ဆိုတာပါပဲ။လူတွေက တစ်ညကို အိပ်ချိန်ခြောက်နာရီကို ပုံမှန်ဖြစ်တဲ့အထိ လျော့ချလာကြပြီလို့ Horne ရဲ့သုတေသနမှာ ပြောထားပါတယ်။ နေ့ခင်းဘက်မှာတစ်ရေးအိပ်ရင်းနဲ့ဒါကို ဖြေးဖြေးချင်း လုပ်လာကြပါတယ်။

လေ့လာမှုတစ်ခုမှာတော့ တစ်ညကိုပုံမှန်အိပ်ချိန် ရနာရီကနေ ၈ခွဲအထိအိပ်တဲ့သူတွေကို ညတိုင်း အိပ်ချိန်ကိုနည်းနည်းချင်းစီလျော့ချပေးသွားဖို့ တောင်းဆိုခဲ့ပါတယ်။သူတို့က ပထမဆုံးတစ်ပတ်မှာ တစ်နာရီနောက်ကျပြီးတော့ အိပ်ရာဝင်ပါတယ်။ နောက်ထပ်သုံးပတ်အတွင်းမှာ တစ်နာရီခွဲနောက်ကျပြီးတော့ အိပ်ရာဝင်ကြပါတယ်။

ဒီလိုလုပ်ရင်း မနက်ပိုင်းမှာ အချိန်မှန်နိုးထလာတဲ့အခါမှာ လူတွေက ဒီလုပ်ဆောင်ချက်ကို အောင်မြင်စွာ လုပ်ဆောင်လာနိုင်ပါပြီ။ တစ်ညကို အိပ်ချိန်ခြောက်နာရီကနေ ခြောက်နာရီခွဲလောက်နဲ့ ကောင်းကောင်းအိပ်စက်နိုင်ပါပြီ။တစ်ချို့အတွက်တော့ ညဘက်နောက်ကျမှအိပ်စက်တာက အဆင်ပြေပါတယ်။

ဒါပေမယ့် အိပ်ချိန် ကောင်းကောင်းလိုအပ်သူတွေအတွက်ကတော့ ဒါကို ကျွန်တော်အကြံမပေးချင်ဘူးလို့ Horne ကပြောကြားခဲ့ပါတယ်။မင်းကနေ့ခင်းဘက်မှာ အိပ်ချင်နေသေးတယ်ဆိုရင် ခြောက်နာရီဆိုတဲ့အိပ်ချိန်က မင်းအတွက် မလုံလောက်သေးပါဘူး။ အဲ့ဒီအစား ဘယ်နာရီအိပ်စက်မယ်ဆိုတာကို စိုးရိမ်နေမယ့်အစား ကောင်းကောင်းအိပ်စက်နိုင်ဖို့ကိုပဲ အာရုံစိုက်လိုက်ပါ။

အိပ်စက်ခြင်းကိုလျော့ချပေးဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မင်းကနိုးနေတဲ့အချိန်တွေမှာ ကောင်းကောင်းအသုံးပြုပေးဖို့ပါပဲ။ နေ့ခင်းမှာ လေ့ကျင့်ခန်းပြုလုပ်ကြည့်ပါလို့ Sigrid Veasey ကပြောကြားခဲ့ပါတယ်။ဒါကတော့ မင်းရဲ့ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး အိပ်ယာဝင်ချိန်မှာ အေးစက်သွားစေပါတယ်။

ဒါကတော့ မြန်မြန်ဆန်ဆန်အိပ်ပျော်စေပြီး ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ပါတယ်။ကောင်းကောင်းအိပ်စက်ဖို့အတွက် တခြားနည်းလမ်းတွေက ညနေဘက်မှာ အစာအများကြီး စားခြင်းမှ ရှောင်ကြဉ်ပါ။ အိပ်ယာမဝင်ခင် စိုးရိမ်စရာတွေမတွေးပါနဲ့။ မအိပ်ခင်မှာ ဖုန်းတွေမကြည့်ပါနဲ့။ အိပ်ခန်းကို မှောင်မဲတိတ်ဆိတ်နေအောင် လုပ်ထားပါ။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *