အားလပ်ရက်မှာ မိသားစုနဲ့ အချိန်ကုန်ဆုံးပါ

*** Unicode ***

မိသားစုရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ပါလဲ။ ဘယ်လောက်အရေးကြီးတယ်လို့ထင်ပါသလဲ။မိသားစုတစ်စု၊ လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံ ဆိုတာ ဘာကိုပြောတာလဲ။ တိုင်းရင်းသားတွေအားလုံး စုစုစည်းစည်းနဲ့ ချစ်ခင်ရင်းနှီးစွာ နေထိုင်တာကို နိုင်ငံတစ်နိုင်ငံဖြစ်တည်တယ်လို့ စာရေးသူအနေနဲ့ယူဆပါတယ်။ အဲ့လိုပါပဲ မိသားစုတစ်စုမှာ အဓိကခေါင်တိုင်ကတော့ မိဘတွေပဲဖြစ်ပါတယ်။ မိဘတွေပေါ်မူတည်ပြီး ကလေးတွေအနာဂတ်ဟာ ကွဲပြားလာကြတယ်။

ငွေ၊အိမ်၊ပညာ၊ဂုဏ်ပကာသနတွေနောက်လိုက်ရင်း မိသားစုနဲ့အချိန်ကုန်ဆုံးဖို့ မေ့မထားပါနဲ့။ တကယ်လို့မနက်ဖြန်သင်သေသွားရင် လက်ရှိလုပ်ဆောင်နေတဲ့အလုပ်တွေက သင့်နေရာမှာ အစားထိုးသွားပါလိမ့်မယ်။

မိသားစုကနေ ကျွန်တော်တို့ကို စိတ်ဓာတ်ခွန်အားတွေပေးပါတယ်။ အချစ်တွေပေးပါတယ်။ ကျရှုံးနေချိန်မှာ အရှေ့ကမားမားမတ်မတ်ရပ်တည်ပေးနိုင်တာဆိုလို့ ကိုယ့်မိသားစုပဲရှိပါတယ်။ မိသားစုထက်ပိုပြီး ယုံကြည်နိုင်တာမရှိပါ။

လူ့ဘဝဆိုတာ မျက်စိတစ်မှိတ်အတွင်း ကိုယ်ကိုတိုယ်လည်းဖြစ်နိုင်သလို၊ မိသားစုထဲမှ လူတစ်ယောက်လည်း ဆုံးရှုံးသွားနိုင်ပါတယ်။ အဲ့ကျမှ မျက်ရည်မကျပါနဲ့။ အတူတူမပျော်ရွှင်လိုက်ရတဲ့အတွက် ဝမ်းမနည်းပါနဲ့။ အသက်ရှင်စဉ် တန်ဖိုးထားပါ။ နောက်ဘဝဆိုတာ မသေချာတဲ့အတွက် လက်ရှိတွေ့ဆုံခွင့်ရတဲ့ကံကြမ္မာကို အကောင်းဆုံးဖန်တီးလိုက်ပါ။

၁။လေ့ကျင့်ခန်းတူတူလုပ်ပါ။

မနက်စောစောထပြီး မိသားစုလိုက် မနက်ခင်းလမ်းလျှောက်တာလုပ်ကြည့်ပါ။ အမှန်တော့ ဒါကတကယ့်ကို ပျော်စရာအချိန်လေးတွေပါ။ အဖေနဲ့ အမေကတစ်တွဲ၊ ညီအကို မောင်နှမတွေ စကားပြောရင်းလမ်းလျှောက်ရတဲ့ အရသာကို ခံစားကြည့်လိုက်ပါ။ ကိုယ့်ပေါ်လွှမ်းမိုးနေတဲ့ သောကတွေခဏတာမေ့လျော့သွားစေနိုင်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

၂။ မနက်စာအတူစားပါ။

နေ့သစ်တိုင်းကို အတူတကွစတင်ပါ။ လူတိုင်းမှာ အလုပ်ကိုယ်စီနဲ့ပါ။ သင်တစ်ယောက်ထဲ အလုပ်ရှိတာမဟုတ်ပါ။ အလုပ်မသွားခင်မှာ အတူတကွ မနက်စာစားခြင်းက မိသားစုတစ်စု အင်အားကိုပြသလိုက်ခြင်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခွန်အားတွေ ဝေမျှပေးလိုက်ခြင်းဖြစ်တယ်

၃။ ညစာအတူတူစားပါ။

အမှန်တော့ ဒီနေ့လိုခေတ်ထဲမှာ မိသားစုအတူမျက်နှာစုံညီလက်ရည်တစ်ပြင်တည်း မြိန်ရည်ရှက်ရည် အတူစားဖို့ဆိုတာဖြစ်နိုင်တာမဟုတ်ပါ။လူ့သက်တမ်းကလည်း တိုလာပါပြီ။ မိဘမရှိတဲ့လူတွေ၊နာမကျန်းဖြစ်နေတဲ့လူတွေ၊ အလုပ်မအားတဲ့လူတွေ စတဲ့အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒါကြောင့် အတူရှိစဉ် တန်ဖိုးထားပါ။

။ ညစာစားပြီးတိုင်း မျက်နှာစုံညီဆွေးနွေးခန်းဝင်ပါ။

ခေါင်းစဉ်ကရှုပ်သွားမယ်ထင်တယ်။ အရမ်းမတွေးပါနဲ့။ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို အကုန်လုံးကိုဝေမျှခြင်းကိုဆိုလိုတာပါ။ ငါဒီနေ့လုပ်လိုက်တာ အောင်မြင်သွားတယ်။ ဒီနေ့ကတော့ ကံမကောင်းတဲ့နေ့ပဲဟေ့ဆိုပြီး တစ်ဦးရဲ့အခက်အခဲကို ကျန်တစ်ဦးက ဝိုင်းဝန်းဖြေရှင်းပေးတာကို မိသားစုလို့ပဲခေါ်တယ်။ ငါနဲ့မသက်ဆိုင်ဘူးနေတာက တစ်ကိုယ်စိတ်ဓာတ်ပါ။ မိသားစုစိတ်ဓာတ်မဟုတ်ပါ။

၅။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ။

မိသားစုဆိုတာ အေးအတူပူအမျှပါ။ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ဆည်းပေးတာပဲဖြစ်တယ်။ အပြန်အလှန်ကာကွယ်မှုတွေ ပေးနေခြင်းဖြစ်တယ်။ဒါကြောင့် အချိန်ယူတိုင်ပင်ပါ။နားလည်အောင် လေ့လာပါ။

၆။ အရသာရှိတာတွေ တူတူချက်စားပါ။

မီးဖိုချောင်မှာ အတူတကွစုပေါင်းချက်ပြုတ်စားသောက်တာက ပျော်ရွှင်စရာပါနော်။မိသားစုရဲ့ စာဖိုမှုးတစ်ယောက်အဖြစ် သတ်မှတ်ပြီး အရသာရှိတဲ့ စားစရာတွေ ချက်ကြွေးလိုက်ပါ။ စုပေါင်းချက်ပြုတ်နေချိန် အမှတ်တရအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ပါ။ အကောင်းဆုံး အခိုက်အတန့်တွေကို အမြဲအမှတ်ရနေစေဖို့အတွက်ပါ။ ချက်ပြုတ်စားသောက်ခြင်းက အကောင်းဆုံးမိသားစုနဲ့ အချိန်ကုန်ဆုံးခြင်းဖြစ်တယ်။

——————————————————————————————————————————

မိသားစုရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ပါလဲ။ ဘယ်လောက်အရေးကြီးတယ်လို့ထင်ပါသလဲ။
မိသားစုတစ်စု၊ လူမျိုးတစ်စု၊ နိုင်ငံတစ်နိုင်ငံ ဆိုတာ ဘာကိုပြောတာလဲ။ တိုင်းရင်းသားတွေအားလုံး စုစုစည်းစည်းနဲ့ ချစ်ခင်ရင်းနှီးစွာ နေထိုင်တာကို နိုင်ငံတစ်နိုင်ငံဖြစ်တည်တယ်လို့ စာရေးသူအနေနဲ့ယူဆပါတယ်။ အဲ့လိုပါပဲ မိသားစုတစ်စုမှာ အဓိကခေါင်တိုင်ကတော့ မိဘတွေပဲဖြစ်ပါတယ်။ မိဘတွေပေါ်မူတည်ပြီး ကလေးတွေအနာဂတ်ဟာ ကွဲပြားလာကြတယ်။

ငွေ၊အိမ်၊ပညာ၊ဂုဏ်ပကာသနတွေနောက်လိုက်ရင်း မိသားစုနဲ့အချိန်ကုန်ဆုံးဖို့ မေ့မထားပါနဲ့။ တကယ်လို့မနက်ဖြန်သင်သေသွားရင် လက်ရှိလုပ်ဆောင်နေတဲ့အလုပ်တွေက သင့်နေရာမှာ အစားထိုးသွားပါလိမ့်မယ်။

မိသားစုကနေ ကျွန်တော်တို့ကို စိတ်ဓာတ်ခွန်အားတွေပေးပါတယ်။ အချစ်တွေပေးပါတယ်။ ကျရှုံးနေချိန်မှာ အရှေ့ကမားမားမတ်မတ်ရပ်တည်ပေးနိုင်တာဆိုလို့ ကိုယ့်မိသားစုပဲရှိပါတယ်။ မိသားစုထက်ပိုပြီး ယုံကြည်နိုင်တာမရှိပါ။

လူ့ဘဝဆိုတာ မျက်စိတစ်မှိတ်အတွင်း ကိုယ်ကိုတိုယ်လည်းဖြစ်နိုင်သလို၊ မိသားစုထဲမှ လူတစ်ယောက်လည်း ဆုံးရှုံးသွားနိုင်ပါတယ်။ အဲ့ကျမှ မျက်ရည်မကျပါနဲ့။ အတူတူမပျော်ရွှင်လိုက်ရတဲ့အတွက် ဝမ်းမနည်းပါနဲ့။ အသက်ရှင်စဉ် တန်ဖိုးထားပါ။ နောက်ဘဝဆိုတာ မသေချာတဲ့အတွက် လက်ရှိတွေ့ဆုံခွင့်ရတဲ့ကံကြမ္မာကို အကောင်းဆုံးဖန်တီးလိုက်ပါ။

၁။လေ့ကျင့်ခန်းတူတူလုပ်ပါ။

မနက်စောစောထပြီး မိသားစုလိုက် မနက်ခင်းလမ်းလျှောက်တာလုပ်ကြည့်ပါ။ အမှန်တော့ ဒါကတကယ့်ကို ပျော်စရာအချိန်လေးတွေပါ။ အဖေနဲ့ အမေကတစ်တွဲ၊ ညီအကို မောင်နှမတွေ စကားပြောရင်းလမ်းလျှောက်ရတဲ့ အရသာကို ခံစားကြည့်လိုက်ပါ။ ကိုယ့်ပေါ်လွှမ်းမိုးနေတဲ့ သောကတွေခဏတာမေ့လျော့သွားစေနိုင်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။

၂။ မနက်စာအတူစားပါ။

နေ့သစ်တိုင်းကို အတူတကွစတင်ပါ။ လူတိုင်းမှာ အလုပ်ကိုယ်စီနဲ့ပါ။ သင်တစ်ယောက်ထဲ အလုပ်ရှိတာမဟုတ်ပါ။ အလုပ်မသွားခင်မှာ အတူတကွ မနက်စာစားခြင်းက မိသားစုတစ်စု အင်အားကိုပြသလိုက်ခြင်းဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခွန်အားတွေ ဝေမျှပေးလိုက်ခြင်းဖြစ်တယ်

၃။ ညစာအတူတူစားပါ။

အမှန်တော့ ဒီနေ့လိုခေတ်ထဲမှာ မိသားစုအတူမျက်နှာစုံညီလက်ရည်တစ်ပြင်တည်း မြိန်ရည်ရှက်ရည် အတူစားဖို့ဆိုတာဖြစ်နိုင်တာမဟုတ်ပါ။လူ့သက်တမ်းကလည်း တိုလာပါပြီ။ မိဘမရှိတဲ့လူတွေ၊နာမကျန်းဖြစ်နေတဲ့လူတွေ၊ အလုပ်မအားတဲ့လူတွေ စတဲ့အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒါကြောင့် အတူရှိစဉ် တန်ဖိုးထားပါ။

၄။ ညစာစားပြီးတိုင်း မျက်နှာစုံညီဆွေးနွေးခန်းဝင်ပါ။

ခေါင်းစဉ်ကရှုပ်သွားမယ်ထင်တယ်။ အရမ်းမတွေးပါနဲ့။ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို အကုန်လုံးကိုဝေမျှခြင်းကိုဆိုလိုတာပါ။ ငါဒီနေ့လုပ်လိုက်တာ အောင်မြင်သွားတယ်။ ဒီနေ့ကတော့ ကံမကောင်းတဲ့နေ့ပဲဟေ့ဆိုပြီး တစ်ဦးရဲ့အခက်အခဲကို ကျန်တစ်ဦးက ဝိုင်းဝန်းဖြေရှင်းပေးတာကို မိသားစုလို့ပဲခေါ်တယ်။ ငါနဲ့မသက်ဆိုင်ဘူးနေတာက တစ်ကိုယ်စိတ်ဓာတ်ပါ။ မိသားစုစိတ်ဓာတ်မဟုတ်ပါ။

၅။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုထားပါ။

မိသားစုဆိုတာ အေးအတူပူအမျှပါ။ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ကဖြည့်ဆည်းပေးတာပဲဖြစ်တယ်။ အပြန်အလှန်ကာကွယ်မှုတွေ ပေးနေခြင်းဖြစ်တယ်။ဒါကြောင့် အချိန်ယူတိုင်ပင်ပါ။နားလည်အောင် လေ့လာပါ။

၆။ အရသာရှိတာတွေ တူတူချက်စားပါ။

မီးဖိုချောင်မှာ အတူတကွစုပေါင်းချက်ပြုတ်စားသောက်တာက ပျော်ရွှင်စရာပါနော်။မိသားစုရဲ့ စာဖိုမှုးတစ်ယောက်အဖြစ် သတ်မှတ်ပြီး အရသာရှိတဲ့ စားစရာတွေ ချက်ကြွေးလိုက်ပါ။ စုပေါင်းချက်ပြုတ်နေချိန် အမှတ်တရအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ပါ။ အကောင်းဆုံး အခိုက်အတန့်တွေကို အမြဲအမှတ်ရနေစေဖို့အတွက်ပါ။ ချက်ပြုတ်စားသောက်ခြင်းက အကောင်းဆုံးမိသားစုနဲ့ အချိန်ကုန်ဆုံးခြင်းဖြစ်တယ်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *