အားလပ်ရက်တွေမှာ အထာကျကျ အနားယူနည်း ၁၅ ချက်

အပင်၊ တိရစ္ဆာန်၊ လူသား အစရှိတဲ့ ကမ္ဘာပေါ်မှာ နေထိုင်နေတဲ့အရာအားလုံးက သက်ရှိတွေပါ။ အရာအားလုံးက တွေ့၊ဆုံ ၊ ကြုံ၊ ကွဲ အမြဲတမ်းဖြစ်ပျက်ပြောင်းလဲနေပါတယ်။ကိုယ့်ဘဝတိုးတက်ဖို့အတွက် ကျားကုတ်ကျားခဲ ကြိုးစားနေရတဲ့အချိန်တွေ၊ မိသားစုဝမ်းစာရေးအတွက် ကြိုးစားရှာဖွေနေရတဲ့သူတွေ များပြားလွန်းလှပါတယ်။ ဒါကြောင့် အခုလိုအားလပ်ရက်လေးမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလိုက်ပါ။ လူဖြစ်ရကျိုး နပ်စေချင်တဲ့စေတနာပါ။

၁။ လူမှုဝန်ထမ်း အလုပ်တွေလုပ်ပါ။

ကိုယ့်ကြောင့် တစ်စုံတစ်ယောက် အဆင်ပြေသွားတာမျိုး၊ ကူညီလိုက်လို့ ဝမ်းသာသွားတာမျိုးကို မြင်တွေ့ရရင် ကိုယ့်အတွက် ခွန်အားသစ်များစွာ ရပါတယ်။ မယုံရင် လုပ်ကြည့်ပါ။အတွေ့အကြုံသစ်တွေလည်းများစွာရပါတယ်။

၂။ အိမ်သန့်ရှင်းရေးလုပ်ပါ။

ကျွန်တော်တို့တွေက ကျန်ရက်အားလုံးမှာ အလုပ်တွေ ပိနေတာကြောင့် အိမ်မှုကိစ္စတွေ မလုပ်နိုင်ခဲ့ဘူးမလား။ ကိုယ်နှစ်သက်တဲ့အစားအစာတွေ ချက်မစားခဲ့ရဘူးမလား။ ထို့ကြောင့် အားလပ်ရက်မှာ အိမ်မှာ ကိုယ်ရှုပ်ထားတဲ့အမှိုက်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်နေကြည့်ပါ။ စိတ်ကိုလန်းဆန်းစေပါလိမ့်မယ်။ မိသားစုအတွင်း ချစ်ခင်မှုတွေလည်း တိုးပွားလာပါလိမ့်နော်။ လှပတဲ့ အတိတ်ပုံရိပ်လေးတစ်ခုဖြစ်ပါလိမ့်မယ်။

၃။ လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ပါ။

အထိုင်များတဲ့အလုပ်လုပ်သူတွေအတွက်တော့ အကျိုးအရှိဆုံးလေ့ကျင့်ခန်းဖြစ်မယ်ထင်တယ်။ လမ်းလျှောက်ခြင်းက သင့်ရဲ့အတွေးတွေကို လတ်ဆတ်စေပါတယ်။ စိတ်ကူးအသစ်တွေလည်းပေါ်စေပါတယ်။

၄။သမိုင်းပြတိုက်တွေ သွားကြည့်ပါ။

လူတော်တော်များများက အားလပ်ရက်ဆို ရုပ်ရှင်ကြည့်တာဖြစ်ဖြစ်၊ စာဖတ်တာဖြစ်ဖြစ်လုပ်တာများပါတယ်။ ဒါပေမယ့်လည်း မတူတဲ့ခံစားမှုလေးတစ်ခု ခံစားကြည့်စေချင်ပါတယ်။ လူတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးရတဲ့သူတွေပါ။ လက်လှမ်းမမီခဲ့တဲ့ လူတွေရဲ့သမိုင်းကို လေ့လာခြင်းဖြင့်လည်း အမှားအမှန်ဆင်ခြင်နိုင်စွမ်းတွေရစေနိုင်ပါတယ်။

၅။စိတ်ဝင်စားတဲ့အရာတစ်ခုခုကိုလေ့လာပါ။

စိတ်ဝင်စားတဲ့အရာလို့ပြောရင် စိတ်ရှုပ်သွားမယ်ထင်တယ်။ တစ်ချို့လူတွေက ကိုယ်ဘာစိတ်ဝင်စားလဲဆိုတာတောင်မသိကြလို့ပါ။ဘာသာစကားလေ့လာခြင်း၊ ဂိမ်းကစားခြင်း၊ စာဖတ်ခြင်း၊ အားကစားတစ်ခုကစားခြင်း ပြောမကုန်နိုင်လောက်အောင်များပါတယ်။ ဘယ်အရာပဲလုပ်လုပ် စိတ်ဝင်စားတာလုပ်ရင် အကျိုးရှိပါတယ်နော်။

၆။ စာအုပ်ကောင်းတစ်အုပ်ဖတ်ပါ။

စာအုပ်ဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုတော့ ရှင်းပြစရာမလိုပါနော်။ စာအုပ်တစ်အုပ်ဆိုတာ အသိ၊ဗဟုသုတ၊ အတွေ့အကြုံ၊ ခံစားမှုတွေနဲ့ရောစပ်ထားတဲ့အနပညာတစ်မျိုးဖြစ်ပါတယ်။ အများနဲ့မတူတဲ့အတွေးအခေါ်သစ်တွေလည်း ရရှိနိုင်ပါတယ်။ ပြောင်းလဲဖို့ရာ စာဖတ်ကြပါလို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ကဗျာတွေလည်းဖတ်နိုင်ပါတယ်။ မတူတဲ့ခံစားမှုတွေလည်း ရတာပေါ့။

၇။ ဝါသနာပါတာကို ရှာဖွေပါ။

ဝါသနာပါတာကို လုပ်ဆောင်ခြင်းက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတက်စေပါတယ်။ကိုယ်ဘာဝါသနာပါမှန်းမသိရင် လမ်းပျောက်နေသူ၊ မျက်ကန်းတစ်ယောက်အဖြစ်နဲ့ တူပါလိမ့်မယ်။ တစ်ခုထဲကို အာရုံစိုက်လေ့လာတာထက် အရာများစွာကို လုပ်ဆောင်ကြည့်ချင်းက ဘယ်နေရာမှာ ပိုထူးချွန်လဲဆိုတာတွေ့ရပါလိမ့်မယ်။

၈။ တရားထိုင်ပါ။

ယနေ့ခေတ်လို ပျော်စရာ၊စိတ်ရှုပ်စရာ တွေနဲ့ပြည့်နှက်နေပါတယ်။ စိတ်ဖိစီးမှုတွေခံစားရတဲ့ လူတစ်ချို့ကိုလည်း တွေ့မြင်မယ်ထင်တယ်။ ထိုအရာတွေက ခဏတာလွတ်မြောက်ဖို့ တရားထိုင်ပါ။ စိတ်ကို ခဏအနားပေးလိုက်ခြင်းဖြစ်တယ်။

၉။ အညွှန်းကောင်းကောင်းရထားတဲ့ ရုပ်ရှင်တွေကြည့်ပါ။

လူတော်တော်များများက အားလပ်ရက်တွေ၊အားလပ်ချိန်တွေဆို ရုပ်ရှင်ကြည့်ကြပါတယ်။ ရုပ်ရှင်ကြည့်ချင်းက ဗဟုသုတများစွာရပါတယ်။ အင်္ဂလိပ်အပြော ကျွမ်းကျင်စေပါတယ်။

၁၀။ငယ်သူငယ်ချင်းတွေနဲ့တွေ့ပါ။

ငယ်သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပျော်ရွှင်စရာရှေးဟောင်းနှောင်းဖြစ်တွေပြောပါ။ အတိတ်ရဲ့ပျော်စရာတွေ စိတ်ပင်ပန်းမှုတွေကို လျော့ချလိုက်ပါ။

၁၁။ရင်ဖွင့်ပါ။

မိမိရဲ့အရင်းနှီဆုံးလူ၊စိတ်ချရတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ဦးဦးကို မိမိရဲ့ ခံစားချက်တွေ ရင်ဖွင့်ပြောပြလိုက်ပါ။ စိတ်ထဲပေါ့ပါးသွားပါလိမ့်မယ်။

၁၂။အနားယူပါ။

ခေါင်းထဲမှာရှိတဲ့ အလုပ်တွေ စိတ်ဖိစီးမှုတွေကို ခဏတာဖယ်ထုတ်လိုက်ပြီး တိတ်ဆိတ်သောနေရာတစ်ခုမှာ အေးချမ်းစွာ အနားယူပါ။

၁၃။ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။

ကိုယ့်ကိုကိုယ်ဂရုစိုက်ခြင်းက လည်းအကောင်းဆုံးအချိန်ကိုအသုံးချခြင်းဖြစ်ပါတယ်။ လက်သည်းနီဆိုးပါ။ အဝတ်အထည်တွေကို မီးပူတိုက်ပါ။ ဆံပင်ညပ်ပါ။ ကိုယ့်ကိုကိုယ်အလှဆုံးပြင်ဆင်ပါ။တစ်ခါတစ်လေ အလှဆုံးဖြစ်အောင်နေခြင်းကလည်း ယုံကြည်မှုတိုးစေပါတယ်။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုတဲ့အတိုင်း မပြင်မဆင်နေရင် လူတွေကတန်ဖိုးမရှိတဲ့လူအဖြစ်သတ်မှတ်ကြလို့ပါ။

၁၄။ ဘာသာစကားအသစ်တွေသင်ပါ။

ဘာသာစကားအသစ်သင်ယူခြင်းက ကိုယ့်ရဲ့ဉာဏ်ရည်ကို တိုးတက်စေပါတယ်။ စကားလုံးအသစ်တွေသင်ယူရခြင်း ၊ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို သိရှိရသောကြောင့် အသိဉာဏ်ရင့်သန်စေပါတယ်။

၁၅။ ခရီးထွက်ပါ။

လူတိုင်းခရီးထွက်ရတာကို ကြိုက်ကြပါတယ်။ ခရီးထွက်ခြင်းကြောင့် စိတ်လက်ပေါ့ပါးခြင်း၊ ဓလေ့ရိုးရာ အစားအစာများမြည်းစမ်းခွင့်ရခြင်း၊ ဒေသတစ်ခု ပြည်နယ်တစ်ခုရဲ့သမိုင်းကြောင်းတွေ သိရှိခွင့်ရခြင်း မရေမတွက်နိုင်တဲ့ ကောင်းကျိုးတွေရပါတယ်နော်။ထိုအရာကလည်း အနားယူနည်းတစ်မျိုးပါပဲနော်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *