အားလပ်ရက်တွေမှာ အကျိုးရှိတာလုပ်ကြရအောင်

အားလပ်ရက်ကို တန်ဖိုးရှိရှိ ကုန်ဆုံးပြီး အကျိုးရှိတာလေးတစ်ခုခု လုပ်ကြရအောင်ပါ။

အချိန်ရှိခိုက်၊လုံ့လစိုက် ဆိုတဲ့အတိုင်း အနားယူတာကလည်း နောက်ထပ် ကောင်းမွန်တဲ့ အလုပ်တွေ များများလုပ်နိုင်ဖို့ အားသစ်မွေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်က စနေ၊ တနင်္ဂနွေ ပိတ်ရက်နဲ့တိုးတာတော့ စိတ်မကောင်းစရာတစ်ခုပေါ့နော်။

ဒီပိတ်ရက်မှာ ကိုယ်တွေ ဘာလုပ်ကြမလဲ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပေါ့။ တချို့ကတော့ သင်္ကြန်မှာ လည်ဖို့ပြင်ဆင်နေကြသလို တချို့ကျတော့ အိမ်မှာအေးအေးဆေးဆေး နားနေရတာကို ကြိုက်တာပေါ့။ စာရေးသူကတော့ လူစုလူဝေးနဲ့ဝေးရာမှာနေချင်သူဆိုတော့ တစ်ကိုယ်တည်းပဲ နားချင်သူပေါ့။

“Work Hard, Play Hard” ဆိုတဲ့အတိုင်း အလုပ်လုပ်ရင်လည်း မငြီးမငြူ ပြီးအောင်လုပ်၊နားရင်လည်း အပြတ်နားဖို့ အကြံပေးပါရစေ။
အကျိုးရှိတဲ့ အားလပ်ရက်လေးဖြစ်အောင် လုပ်သင့်တဲ့အရာလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

– Gym ဆော့ပါ။Yoga ကျင့်ပါ။ ခန္ဓာကိုယ်လှစေပြီး စိတ်လန်းဆန်းပေါ့ပါးစေပါတယ်။

– တိတ်ဆိတ်တဲ့နေရာမှာထိုင်ပြီး လတ်ဆတ်တဲ့သဘာဝလေကိုရှူကာ တရားထိုင်ပါ။ ထိုအရာက စိတ်ကိုငြိမ်းချမ်စေပါတယ်။ အရူးထတာတွေ မရှိတော့ဘူးပေါ့။

-ဦးနှောက်ကို အစာဖြည့်ဖို့အတွက် စာဖတ်ပါ။ ဒါကအထူးတလည်ရှင်းပြနေစရာမလိုဘူးထင်ပါတယ်။

-ကိုယ်ချစ်တဲ့ မိဘ၊လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာအချိန်တွေ ဖြတ်သန်းပါ။ သေတော့မှ တွေ့ချင်လို့ မရသလို ဖြတ်သန်းလို့လည်း မရပါ။

-ရုပ်ရှင်တွေ ကြည့်ပါ။ ဝမ်းနည်းစရာ ကားတွေ၊ စွန့်စားခန်းတွေ၊ မှော်ဆန်တာတွေ စိတ်ကြိုက်ကြည့်နိုင်ပါတယ်။ ဟာသကားတွေလည်း ကြည့်ပါ။ လူဆိုတာ ကိုယ်လုပ်ချင်တာ လုပ်ရရင် ပျော်တတ်တဲ့ အမျိုးမို့လေ။

ပြည်ပြည့်

Current

Leave a Reply

Your email address will not be published. Required fields are marked *