နားကြပ်အသုံးပြုခြင်းရဲ့ ဆိုးကျိုးများ


အခုခေတ်မှာ နားကြပ်သုံးတဲ့သူတွေ ဒုနဲ့ဒေးပါ။ ကိုယ့်အတွက် စိတ်အပန်းပြေသလို အကျိုးလည်း ရှိတာကြောင့် အတော်များများ သုံးလာကြပါတယ်။ ဒါပေမယ့် ရေရှည်သုံးရင် ဆိုးကျိုးတွေရှိတာကြောင့် သတိပြုနိုင်အောင် ဒီအချက် ငါးချက်ကို သေချာပေါက် ဖတ်ကြည့်လိုက်ပါ။

၁။ နားတွင်း နာကျင်မှု ခံစားရလာပါလိမ့်မယ်

ရေရှည် နားကြပ်သုံးစွဲတတ်သူတွေဟာ နားထဲမှာ နာကျင်မှု ခံစားရပါတယ်။ အသံအကျယ်ကြီး အချိန်ကြာကြာ နားထောင်ရင် ပိုဆိုးလာပါလိမ့်မယ်။ နားထဲမှာ ဆိုးဆိုးဝါးဝါးအသံတွေနဲ့ တစ်ချိန်လုံး ကြားနေတတ်ပြီး နာကျင်ရတာတွေ ခံစားရတတ်ပါတယ်။

၂။ အကြားအာရုံ ဆုံးရှုံးတတ်ပါတယ်

အကြားအာရုံမကောင်းတာရဲ့ အဓိကအကြောင်းရင်းက သီချင်းတွေကို နားကြပ်နဲ့ အကျယ်ကြီးနားထောင်တာကြောင့်ပါ။ သီချင်းကို အကျယ်ဆုံး ဖွင့်ပြီး နားထောင်တာက နောက်ပိုင်း နားလေးသွားတတ်ပါတယ်။



၃။ ဦးနှောက်ကို ဆိုးကျိုးသက်ရောက်နိုင်ပါတယ်

နားကြပ်ကအသံတွေက ဦးနှောက်ဆီ မကောင်းတဲ့ အီလက်ထရော နစ်လှိုင်းတွေ ပို့ပေးပါတယ်။ နားကြပ်နဲ့ နေ့တိုင်း သီချင်းနားထောင် သူတွေဟာ ဦးနှောက်မှာ ဆိုးကျိုးတွေ အဆက်မပြတ် ခံစားရတတ် ပါတယ်။ နားအတွင်းပိုင်းနာကျင်မှုဟာ ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေပြီး ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

၄။ နားအူလာတတ်ပါတယ်

လူအများစုက တနေကုန် နားကြပ်တပ်ပြီး ထောင်တတ်ကြပါတယ်။ ဒါကြောင့် အခုခေတ်မှာ အကြားအာရုံတွေ လျော့နည်းလာ တတ်ကြပါတယ်။ ဖြစ်နိုင်ရင် နားကြပ်နဲ့ အမြဲတမ်းနားထောင် တဲ့အကျင့်ကို ဖျောက်ပေးပါ။ ဒါဆိုရင် ပုံမှန်အကြားအာရုံ ပြန်ရလာပါလိမ့်မယ်။

၅။ နားဘက်ဆိုင်ရာရောဂါ ကူးဆက်တတ်ပါတယ်

တချို့လူတွေက နားကြပ်ကို အတူတူမျှပြီး သုံးတတ်ကြပါတယ်။ အင်မတန် အန္တရာယ်များပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုချင်း မတူတာကြောင့် တစ်ယောက်ဆီကပိုးမွှားတွေက နောက်တစ်ယောက် ဆီကို ကူးဆက်တတ်ပါတယ်။

 


ရွှေရည်

Current

Leave a Reply

Your email address will not be published. Required fields are marked *