ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှုတစ်ခုပါ။

*** Unicode ***

#POINT #PointYouthPlatform

တစ်ယောက်ယောက်က မင်းကို ဆိုးဆိုးဝါးဝါးဆက်ဆံနေတယ်ဆိုရင် မင်းကဘယ်လိုပျော်ရှွင်နိုင်မှာလဲ။နာကျင်မှုတွေကို ထိန်းချုပ်လို့မရဖြစ်နေချိန်မှာ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ။စီးပွားရေးနဲ့ပျော်ရှွင်မှုဆိုတာလည်း ဆက်စပ်မှုမရှိဘူးဆိုတာကို နားလည်ထားပါ။

ဝင်ငွေနဲ့ ပျော်ရှွင်မှု ကြားက ကွဲပြားချက်ကို Easterlin Paradox လို့ခေါ်ပါတယ်။မင်းဘဝမှာ ငွေတွေကို များများရှာလာနိုင်ပေမယ့် ပျော်ရှွင်မှုမရနိုင်ဖြစ်နေဆဲ ဖြစ်နိုင်ပါတယ်။

ပျော်ရွှင်မှုဆိုတာက ရွေးချယ်မှုတစ်ခုပါပဲ။ ပျော်ရှွင်မှုကိုရွေးချယ်ဖို့က ရိုးရှင်းပါတယ်။ပျော်ရွှင်မှုဆိုတာက တခြားလူတွေနဲ့ အတွေ့အကြုံတွေထဲမှာ ပျော်စရာတွေရှာဖွေခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီကြသူတွေ ရက်ရောပေးကမ်းတဲ့သူတွေ အချစ်တွေကိုမျှဝေသူတွေ ဘာမှပြန်မမျှော်လင့်ထားတဲ့အချစ်တွေကိုပေးသူတွေက အပျော်ရှွင်ဆုံးလူတွေပါပဲ။

ကမ္ဘာပျော်ရွှင်မှုမှတ်တမ်းအရဆိုရင် ရက်ရောမှုနဲ့လူမှုကွန်ရက်အထောက်အပံ့တွေက ပျော်ရွှင်မှုကို ဦးတည်စေမယ့် အဓိကအချက်နှစ်ချက်ပါပဲ။မင်းအသက်ရှင်နေသမျှတော့ တခြားသူတွေကို ထောက်ပံ့ဖို့ သူတို့ရဲ့အထောက်အပံ့တွေကို လက်ခံဖို့နဲ့ မင်းအတွက်ကောင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့တို့ကို ရွေးချယ်လို့ရနိုင်ပါတယ်။

ဒီအရာတွေအားလုံးက ပျော်ရွှင်မှုကို ယူဆောင်ပေးပါလိမ့်မယ်။ တခြားသူတွေကို ယုံကြည်ဖို့နဲ့ မင်းကိုယုံကြည်တဲ့သူတွေကို ကူညီပေးဖို့ တို့ကို ရွေးချယ်နိုင်ပါတယ်။ မင်းရဲ့ဘေးပတ်ဝန်းကျင်မှာ အဲ့လိုအဖွဲ့အစည်းမျိုးဖြစ်အောင် လုပ်ပေးလို့ရနိုင်ပါတယ်။ဗုဒ္ဓဘာသာမှာလည်း အသိဉာဏ်ပွင့်လင်းစေမယ့် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။

မကောင်းတဲ့အတွေးစိတ်တွေကို ဖယ်ရှားပြီး ကောင်းတဲ့အတွေးဖြစ်အောင် ပြောင်းလဲလိုက်ပါ။ တရားထိုင်ပါ။စာနာရှိုင်းပင်းပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတာက တခြားသူတွေရဲ့ပျော်ရှွင်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တခြားသူတွေအပေါ်မှာ စာနာရိုင်းပင်းခြင်းက ပျော်ရှွင်မှုဆီကို သွားတဲ့ ရိုးရှင်းတဲ့လမ်းကြောင်း တစ်ခုပါပဲ။

ပျော်ရွှင်မှုဆိုတာက နေ့စဉ်ကြုံတွေ့နေရမှုတွေကနေ ပျော်စရာတွေ ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ပျော်ရှွင်မှုဆိုတာက ကောင်းမွန်တဲ့ရွေးချယ်မှုပါပဲ။ ဘာလို့လဲဆိုတော့ စိတ်ထဲမှာ ဒါကမင်းလိုချင်တဲ့အရာတစ်ခုဖြစ်နေသလို တခြားသူတွေလဲ လိုချင်တဲ့အရာတစ်ခုပါပဲ။

Writer & Translator : Su Mon

——————————————————————————————————————————

#POINT #PointYouthPlatform

တစ်ယောက်ယောက်က မင်းကို ဆိုးဆိုးဝါးဝါးဆက်ဆံနေတယ်ဆိုရင် မင်းကဘယ်လိုပျော်ရွှင်နိုင်မှာလဲ။
နာကျင်မှုတွေကို ထိန်းချုပ်လို့မရဖြစ်နေချိန်မှာ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ။
စီးပွားရေးနဲ့ပျော်ရွှင်မှုဆိုတာလည်း ဆက်စပ်မှုမရှိဘူးဆိုတာကို နားလည်ထားပါ။ ဝင်ငွေနဲ့ ပျော်ရွှင်မှု ကြားက ကွဲပြားချက်ကို Easterlin Paradox လို့ခေါ်ပါတယ်။
မင်းဘဝမှာ ငွေတွေကို များများရှာလာနိုင်ပေမယ့် ပျော်ရွှင်မှုမရနိုင်ဖြစ်နေဆဲ ဖြစ်နိုင်ပါတယ်။
ပျော်ရွှင်မှုဆိုတာက ရွေးချယ်မှုတစ်ခုပါပဲ။ ပျော်ရွှင်မှုကိုရွေးချယ်ဖို့က ရိုးရှင်းပါတယ်။
ပျော်ရွှင်မှုဆိုတာက တခြားလူတွေနဲ့ အတွေ့အကြုံတွေထဲမှာ ပျော်စရာတွေရှာဖွေခြင်းပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီကြသူတွေ ရက်ရောပေးကမ်းတဲ့သူတွေ အချစ်တွေကိုမျှဝေသူတွေ ဘာမှပြန်မမျှော်လင့်ထားတဲ့အချစ်တွေကိုပေးသူတွေက အပျော်ရွှင်ဆုံးလူတွေပါပဲ။
ကမ္ဘာ့ပျော်ရွှင်မှုမှတ်တမ်းအရဆိုရင် ရက်ရောမှုနဲ့လူမှုကွန်ရက်အထောက်အပံ့တွေက ပျော်ရွှင်မှုကို ဦးတည်စေမယ့် အဓိကအချက်နှစ်ချက်ပါပဲ။
မင်းအသက်ရှင်နေသမျှတော့ တခြားသူတွေကို ထောက်ပံ့ဖို့ သူတို့ရဲ့အထောက်အပံ့တွေကို လက်ခံဖို့နဲ့ မင်းအတွက်ကောင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့တို့ကို ရွေးချယ်လို့ရနိုင်ပါတယ်။
ဒီအရာတွေအားလုံးက ပျော်ရွှင်မှုကို ယူဆောင်ပေးပါလိမ့်မယ်။ တခြားသူတွေကို ယုံကြည်ဖို့နဲ့ မင်းကိုယုံကြည်တဲ့သူတွေကို ကူညီပေးဖို့ တို့ကို ရွေးချယ်နိုင်ပါတယ်။ မင်းရဲ့ဘေးပတ်ဝန်းကျင်မှာ အဲ့လိုအဖွဲ့အစည်းမျိုးဖြစ်အောင် လုပ်ပေးလို့ရနိုင်ပါတယ်။
ဗုဒ္ဓဘာသာမှာလည်း အသိဉာဏ်ပွင့်လင်းစေမယ့် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပါတယ်။
မကောင်းတဲ့အတွေးစိတ်တွေကို ဖယ်ရှားပြီး ကောင်းတဲ့အတွေးဖြစ်အောင် ပြောင်းလဲလိုက်ပါ။ တရားထိုင်ပါ။
စာနာရှိုင်းပင်းပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုဆိုတာက တခြားသူတွေရဲ့ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ တခြားသူတွေအပေါ်မှာ စာနာရိုင်းပင်းခြင်းက ပျော်ရွှင်မှုဆီကို သွားတဲ့ ရိုးရှင်းတဲ့လမ်းကြောင်း တစ်ခုပါပဲ။
ပျော်ရွှင်မှုဆိုတာက နေ့စဉ်ကြုံတွေ့နေရမှုတွေကနေ ပျော်စရာတွေ ရှာဖွေနေတာပဲ ဖြစ်ပါတယ်။
ပျော်ရွှင်မှုဆိုတာက ကောင်းမွန်တဲ့ရွေးချယ်မှုပါပဲ။ ဘာလို့လဲဆိုတော့ စိတ်ထဲမှာ ဒါကမင်းလိုချင်တဲ့အရာတစ်ခုဖြစ်နေသလို တခြားသူတွေလဲ လိုချင်တဲ့အရာတစ်ခုပါပဲ။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *