“ဘဝမှာအကြီးအကျယ်ပြောင်းလဲဖို့ ချက်ချင်းမွေးမြူသင့်တဲ့ အလေ့အကျင့်များ”

*** Unicode ***

#POINT #PointYouthPlatform

ကောင်းကောင်း၊ ဆိုးဆိုးအလေ့အကျင့်တွေက ကျွန်တော်တို့ကိုပုံသွင်းပါတယ်။ နေ့စဉ်ဘဝတွေကကျွန်တော်တို့ တစ်နေ့လုံးဆင်နှွဲနေတဲ့ အလေ့အကျင့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကျင့်တွေကကိုယ်စိတ်ချမ်းသာမှုကိုတိုးမြင့်နိုင်စွမ်းနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းရှိကြပါတယ်။

“လူတွေရဲ့ သဘာဝကဆင်တူကြပါတယ်၊အကျင့်တွေကပဲသူတို့ကိုခွဲခြားလိုက်တာပါ” လို့ ကွန်ဖြူးရှပ်ကပြောပါတယ်။အကျင့်ဆိုးတွေကမင်းဘဝကိုမပိတ်ပင်စေနဲ့။ပိုပြီးပျော်စရာကောင်းအောင်၊ စွမ်းအားကောင်းအောင်၊ ဘဝကို ပြီးပြည့်စုံအတွက် ဒီအကျင့်တွေကိုစတင်တည်ဆောက်ပါ။

စိတ်အားထက်သန်ဖို့က အဓိကပါပဲ။

စိတ်ပညာဂျာနယ်ရဲ့ လေ့လာမှုအရ၊ သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်တဲ့ လူပေါင်း ၅၄% ခန့်က နောက်ဆုံး ခြောက်လကြာပြီးနောက် ပြောင်းလဲမှု မပြုလုပ်နို်င်ပါဘူး။ သာမန်လူကတော့ မအောင်မြင်ဘဲ ဆယ်ကြိမ်ကျော် တူညီတဲ့ ဘဝဆုံးဖြတ်ချက်တွေ ချမှတ်ပါတယ်။ဘာလုပ်ရမယ် သိတာကအကြောင်းမဟုတ်ပါဘူး။

ဒါကိုသံဓိဋ္ဌဌာန်ချတာက ပြဿနာပါ။ကျွန်တော်တို့အများစုက ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ပန်းတိုင်များကို ပြောင်းလဲဖို့ သင့်တော်တဲ့ လုပ်ဆောင်မှုတွေ မရှိကြပါဘူး။သံန္နိဌာန်ချပါ၊ ကျိုးကြောင်းညီညွှတ်ပါစေ၊ စိတ်ရှည်ပါ။ဘဝမှာအဓိပ္ပာယ်ပြည့်ဝပြီး ကြာရှည်ခံတဲ့ ပြောင်းလဲမှုတွေ ဖန်တီးခြင်းက သင့်စွမ်းရည်ပေါ်မှာမူတည်ပါတယ်။ ပန်းတိုင်သစ်တွေကို အောင်မြင်အောင် ဖော်ဆောင်ဖို့နဲ့ အလေ့အကျင့်ဖြစ်လာစေဖို့ အကောင်ထည်ဖော်ရပါမယ်။

တစ်နေ့တာရဲ့ ပထမတစ်နာရီကိုစံနှုန်းမြင့်တဲ့ အလုပ်တွေမှာသုံးစွဲပါ။

ပြီးမြောက်အောင် လုပ်ဖို့ အစီအစဉ်မရှိသေးခင်၊ တစ်နေ့တာကို မစတင်ပါနဲ့။ဘာမှ မပြင်ဆင်ရသေးဘဲမင်းရဲ့ တစ်နေ့တာကို မစတင်နဲ့။ဂျင်ရွန်မနက်တိုင်း ချက်ချင်းပြီးရမယ့် အရေးကြီးဆုံးအရာကို ဆောင်ရွက်ပါ။စိတ်နှစ်ပြီးလုပ်ဆောင်ရမယ့် ခံစားချက်ထက် ပိုပြီးစိတ်ကျေနပ်တာမရှိပါဘူး။

ပထမဆုံးတစ်နာရီအတွင်းမှာ အရေးကြီးဆုံးတာဝန်ကို ဆောင်ရွက်တာက ဒီခံစားချက်ကိုအစပျိုးဖို့ အလွယ်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။မင်းရဲ့ မနက်ခင်းကိုစံနှုန်းမြင့်တဲ့ အလုပ်အတွက် အသုံးချပါ။ကိုယ့်အလုပ်အကိုင်၊ အမြင် ဒါမှမဟုတ် ရေရှည်ပန်းတိုင်ဆီ စစ်မှန်တဲ့ တန်ဖိုး မပေးနိုင်တဲ့ အလုပ်ကို ရှောင်ရပါမယ်။

စံနှုန်းနိမ့်တဲ့ လုပ်ဆောင်မှုများမှာ လက်ရှိအလုပ်ကို နှောင့်နှေးစေတဲ့ အသိပေးချက်တွေ၊ အီးမေးလ် တုံ့ပြန့်ချက်တွေ ပါဝင်ပါတယ်။ ယင်းအတွက် အချိန်သတ်မှတ်ပါ။အရေးမပါတဲ့ အနှောင့်အယှက်တွေက စိတ်စုစည်းမှုကို အပြည့်အဝ ပြန်လည်ရစေဖို့ သာမန်အားဖြင့် ၂၃မိနစ်ကျော် ကြာပါတယ်လို့ သုတေသနက သက်သေပြထားပါတယ်။

ရည်ရွယ်ချက်ပါတဲ့ တာဝန်တစ်ခု

နည်းပညာအနှောင့်အယှက်များတဲ့ ခေတ်ကြီးထဲမှာ၊ မသိချင်ယောင်ဆောင်ရမယ့် အနှောင့်အယှက်တွေ ရှိနေတာမထူးဆန်းပါဘူး။အလုပ်ပေါ်မှာအမှန်တကယ် အာရုံစိုက်ရမယ်ဆိုရင်၊ ပေးထားတဲ့ ဘယ်အလုပ်တာဝန်ကိုမဆိုသုံးစွဲရမယ့် အချိန်သတ်မှတ်ချက် ရှိရပါမယ်။ လုပ်ရမယ့် အလုပ်စာရင်းကို အချိန်သတ်မှတ်ပါ။သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးမြောက်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးရပါမယ်။

အပျက်အစီးအတွက် ခံနိုင်ရည်ရှိကာ တစ်ကြိမ်မှာ အလုပ်တစ်ခုသာ လုပ်ဆောင်ပါ။အလုပ်တာဝန်တစ်ခုလုပ်တတ်တဲ့အကျင့် စွဲမြဲအောင် လုပ်တဲ့အခါ အခွင့်အလမ်းတွေ တိုးတက်စေဖို့ ပိုမိုဒိုရိုနည်းပညာကို ကြိုးစားကြည့်ပါ။တာဝန်တစ်ခုကိုအချိန် မိနစ်သုံးဆယ်လောက် အာရုံစိုက်ကြည့်ပါ။ ငါးမိနစ်လောက် အနားပေးပါ။ နောက်အလုပ်တစ်ခုကိုပြောင်းလုပ်ကြည့်ပါ။ ဒါမှမဟုတ် ဆက်ပြီးအလုပ်လုပ်ပါ။

ဘဝတစ်လျှောက်လေ့လာဖို့ ဆုံးဖြတ်ပါ။

အသိပညာရရှိဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ ကိုယ်တိုင် လေ့လာသင်ယူခြင်းပါပဲ။မင်းကကောလိပ် အခန်းထဲမှာ ဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာထိုင်နေတာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ကိုယ်သင်ယူနေတဲ့ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု ရှိလာတဲ့အချိန်ထိ၊ လက်မလျှော့လိုက်ပါနဲ့။ ကိုယ့်အတွက် အချိန်ပေးပြီး၊ အကောင်းဆုံး ပညာရေးကို ပေးကမ်းလိုက်ပါ။

အချိန်ပေးပြီး ကိုယ့်ပညာရေးကိုအားပေးတဲ့ သူတွေက ကမ္ဘာမှာ တကယ်စစ်မှန်တဲ့ ပညာရေးကိုရရှိနိုင်သောသူတွေသာ ဖြစ်ပါတယ်။ဂုဏ်ပြုခံရတဲ့ ပညာသင်ကျောင်းသား၊ စွန့်ဦးလုပ်ငန်းရှင်၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေကို သင်တွေးကြည့်ပါ။သူတို့က ကျောင်းပြီးချင်မှ ပြီးလိ်မ့်မယ်။ ဒါပေမယ့် အဆက်မပြတ် ကိုယ်တိုင် လေ့လာသင်ယူတဲ့သူဆိုတာ သင်တွေ့ပါလိ်မ့်မယ်။

ဘဝတစ်လျှောက် လေ့လာခြင်းကသာ သင်သိလိုတဲ့ မေးခွန်းတွေကို အဖြေပေးပါလိမ့်မယ်။ဘဝတစ်လျှောက် လေ့လာခြင်းကသာ သင်သိလိုတဲ့ မေးခွန်းတွေကို အဖြေပေးပါလိမ့်မယ်။နေ့စဉ်တိုင်း အချိန်ကြာကြာ လေ့လာဖို့ သံန္နိဌာန်ချဖို့ မလိုပါဘူး။ အချိန်ရတိုင်း ကိုယ့်ဘာသာ လေ့လာသင်ယူဖို့ တွန်းအားပေးရုံပါပဲ။

ကိုယ်အသိချင်ဆုံး၊ ကိုယ်စိတ်ဝင်စားဆုံး အရာတွေက ဘာတွေလဲ။ရည်ရွယ်မှန်းချက်ကို ရောက်ရှိစေမယ့် စိတ်ကူးတွေ၊ အသိပညာတွေ ရင်းမြစ်ရနို်င်သလောက် ရှာဖွေကြည့်ပါ။

ဦးနှောက်က နေ့စဉ်တိုင်းစာဖတ်ဖို့ လို်ပါတယ်။

စာဖတ်တာက ဦးနှောက်ကို အလုပ်လုပ်စေပါတယ်။စာဖတ်တယ်ဆိုတာ စိတ်ရဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။စာဖတ်တာကလွတ်လပ်မှုတွေ ပေးပါတယ်။ နေရာ၊ အချိန်၊ သမိုင်းနဲ့ စိတ်ကူးတွေကိုပိုလေးနက်မှု၊ သဘောထားတွေ၊ စိတ်ခံစားချက်တွေနဲ့ အသိပညာကိုကျယ်ပြန့်စေပါတယ်။ စာဖတ်တဲ့ ဦးနှောက်က နိုးကြားသွက်လက်ပါတယ်။

ကိုယ်ဖတ်နေတဲ့ စာအမျိုးအစားပေါ် မူတည်ပြီး ဦးနှောက်က ဖွံဖြိုး၊ ပြောင်းလဲကာ ဆက်သွယ်မှု အသစ်တွေနဲ့ အမျိုးမျိုးသော ပုံစံကို ဖန်တီးပေးပါတယ်။စာဖတ်ခြင်းကစိတ်ရှည်မှု၊ ဝီရိယရှိမှု နဲ့ ဆုံးဖြတ်မှုတွေ လိုအပ်ပါတယ်။စာဖတ်တာက အခြားစွမ်းရည်တွေလိုပါပဲ။ မှန်မှန်နဲ့ ပုံမှန် လေ့ကျင့်ရပါမယ်။စာအုပ်ထက် ဖုန်းနဲ့ စာဖတ်တာ နှစ်သက်ရင် အဆင်ပြေတာ ရွေးချယ်နိုင်ပါတယ်။

အဓိကက စာဖတ်ဖြစ်စေဖို့ အချိန်ပေးရပါမယ်။စာအုပ်စင်ကနေ စာအုပ်ရွေးချယ်တာဖြစ်ဖြစ်၊ ကိုယ်အကြိုက်ဆုံး အကြောင်းရာကို အင်တာနက်ကနေ Downloadယူရတာဖြစ်ဖြစ် ဖတ်နေတဲ့အရာကို ရပ်ပြီး၊ စဉ်းစားကြည့်ပါ။ ဒါက သင်ထင်ထားတာထက်ကို ပိုပြီး သက်ရောက်မှု ရှိစေပါတယ်။

အနားယူပါ။

တစ်ခါတလေ ကျွန်တော်တို့ အားလုံး သဘောထားကို ပြန်လည်စုစည်းဖို့ လိုပါ တယ်။လက်ရှိရောက်နေတဲ့ နေရာ ဒါမှမဟုတ် ခုလုပ်ဆောင်နေတဲ့အရာကို နောက်တစ်လှမ်းဆုတ်ပြီး မေးမြန်းရပါမယ်။ မင်းဘဝရဲ့ကွဲပြားတဲ့ နယ်ပယ်မှာ ချောင်ပိတ်မိနေတယ်လို့ ခံစားနေရလျှင်၊ အဲ့ဒိ ခံယူချက်ကို ချိုးဖောက်ပစ်ပါ။

ကိုယ့်အကျင့်ကို နောက်ဆုံး ချိုးဖောက်ခဲ့တာ ဘယ်အချိန်ပါလဲ။ ခုပဲ အနားယူကာ ကိုယ့်အလုပ်အတွက် အရေးပါတာကို ဆောင်ရွက်ပါ။ ကိုယ်နှစ်သက်တာ လုပ်ဆောင်ပါ၊ စွမ်းရည်တွေ ပြန်လည် ဖြည့်တင်းဖို့ အချိန်ပေးပါ။အားကစားတစ်မျိုးထဲကိုပဲ အကြာကြီး မလုပ်ပါနဲ့။ မတ်တပ်ရပ်ပါ။ ၁၅မိနစ်လောက် အချိန်ပေး လမ်းလျှောက်ပါ။

သွေးရွေ့လျားမှု မြန်လေလေ၊ ဦးနှောက်ထဲကို အောက်စီဂျင် ရောက်ရှိမှုနှုန်း မြန်လေလေ ပါပဲ။ ပိုကောင်းတဲ့ စိတ်ကူးတွေက၊ ပိုကောင်းတဲ့ ရလဒ်ကို ရရှိစေလို့ပါပဲ။တစ်ယောက်တည်းလေ့ကျင့်ပါ။ပြင်ပ ကိစ္စတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမယ်ဆိုရင်၊ အဆက်သွယ် ဖြတ်ပါ။ သတိပေးချက်တွေကို ပိတ်ထားပါ။ဖုန်းနဲ့ မိုဘိုင်း စက်ပစ္စည်းတွေကို ပိတ်ထားပါ။ တွေးခေါ်ပါ၊ အနားယူပါ။

တစ်နည်းပြောရရင် ပြင်ပလောကြီးကို အဆက်ဖြတ်ပါ။ စွမ်းအားသစ်တွေ ရှာဖွေဖို့ အတွင်းစိတ်ကို ပြုပြင်ပါ။တစ်ခါတလေ ကျွန်တော်တို့ လုပ်ရမှာက ပတ်ဝန်းကျင်၊ ပုံစံ၊ သမားရိုးကျ အလုပ်တွေကို ပြောင်းလဲပစ်ရုံပါပဲ။ ပုံမှန်လုပ်နေကျကနေ အနားယူပါ။လာမယ့် လအနည်းငယ်အတွင်း မင်းဘဝကို သက်ရောက်မှု ရှိစေမယ့် အကျင့် တစ်ခု၊ နှစ်ခုလောက် ရွေးချယ်ရမယ်ဆိုရင်၊ ဘာတွေ ဖြစ်နိုင်မလဲ။

Writer & Translator : Hsu Mi San

————————————————————————————————————————–

#POINT #PointYouthPlatform

ကောင်းကောင်း၊ ဆိုးဆိုးအလေ့အကျင့်တွေက ကျွန်တော်တို့ကိုပုံသွင်းပါတယ်။ နေ့စဉ်ဘဝတွေကကျွန်တော်တို့ တစ်နေ့လုံးဆင်နွှဲနေတဲ့ အလေ့အကျင့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အကျင့်တွေကကိုယ်စိတ်ချမ်းသာမှုကိုတိုးမြင့်နိုင်စွမ်းနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းရှိကြပါတယ်။
“လူတွေရဲ့ သဘာဝကဆင်တူကြပါတယ်၊အကျင့်တွေကပဲသူတို့ကိုခွဲခြားလိုက်တာပါ” လို့ ကွန်ဖြူးရှပ်ကပြောပါတယ်။
အကျင့်ဆိုးတွေကမင်းဘဝကိုမပိတ်ပင်စေနဲ့။
ပိုပြီးပျော်စရာကောင်းအောင်၊ စွမ်းအားကောင်းအောင်၊ ဘဝကို ပြီးပြည့်စုံအတွက် ဒီအကျင့်တွေကိုစတင်တည်ဆောက်ပါ။

စိတ်အားထက်သန်ဖို့က အဓိကပါပဲ။
စိတ်ပညာဂျာနယ်ရဲ့ လေ့လာမှုအရ၊ သူတို့ အကျင့်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်တဲ့ လူပေါင်း ၅၄% ခန့်က နောက်ဆုံး ခြောက်လကြာပြီးနောက် ပြောင်းလဲမှု မပြုလုပ်နိ်ုင်ပါဘူး။ သာမန်လူကတော့ မအောင်မြင်ဘဲ ဆယ်ကြိမ်ကျော် တူညီတဲ့ ဘဝဆုံးဖြတ်ချက်တွေ ချမှတ်ပါတယ်။
ဘာလုပ်ရမယ် သိတာကအကြောင်းမဟုတ်ပါဘူး။ ဒါကိုသံဓိဋ္ဌာန်ချတာက ပြဿနာပါ။
ကျွန်တော်တို့အများစုက ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ပန်းတိုင်များကို ပြောင်းလဲဖို့ သင့်တော်တဲ့ လုပ်ဆောင်မှုတွေ မရှိကြပါဘူး။
သံန္နိဌာန်ချပါ၊ ကျိုးကြောင်းညီညွှတ်ပါစေ၊ စိတ်ရှည်ပါ။
ဘဝမှာအဓိပ္ပာယ်ပြည့်ဝပြီး ကြာရှည်ခံတဲ့ ပြောင်းလဲမှုတွေ ဖန်တီးခြင်းက သင့်စွမ်းရည်ပေါ်မှာမူတည်ပါတယ်။ ပန်းတိုင်သစ်တွေကို အောင်မြင်အောင် ဖော်ဆောင်ဖို့နဲ့ အလေ့အကျင့်ဖြစ်လာစေဖို့ အကောင်ထည်ဖော်ရပါမယ်။

တစ်နေ့တာရဲ့ ပထမတစ်နာရီကိုစံနှုန်းမြင့်တဲ့ အလုပ်တွေမှာသုံးစွဲပါ။
ပြီးမြောက်အောင် လုပ်ဖို့ အစီအစဉ်မရှိသေးခင်၊ တစ်နေ့တာကို မစတင်ပါနဲ့။
ဘာမှ မပြင်ဆင်ရသေးဘဲမင်းရဲ့ တစ်နေ့တာကို မစတင်နဲ့။
ဂျင်ရွန်
မနက်တိုင်း ချက်ချင်းပြီးရမယ့် အရေးကြီးဆုံးအရာကို ဆောင်ရွက်ပါ။
စိတ်နှစ်ပြီးလုပ်ဆောင်ရမယ့် ခံစားချက်ထက် ပိုပြီးစိတ်ကျေနပ်တာမရှိပါဘူး။
ပထမဆုံးတစ်နာရီအတွင်းမှာ အရေးကြီးဆုံးတာဝန်ကို ဆောင်ရွက်တာက ဒီခံစားချက်ကိုအစပျိုးဖို့ အလွယ်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
မင်းရဲ့ မနက်ခင်းကိုစံနှုန်းမြင့်တဲ့ အလုပ်အတွက် အသုံးချပါ။
ကိုယ့်အလုပ်အကိုင်၊ အမြင် ဒါမှမဟုတ် ရေရှည်ပန်းတိုင်ဆီ စစ်မှန်တဲ့ တန်ဖိုး မပေးနိုင်တဲ့ အလုပ်ကို ရှောင်ရပါမယ်။
စံနှုန်းနိမ့်တဲ့ လုပ်ဆောင်မှုများမှာ လက်ရှိအလုပ်ကို နှောင့်နှေးစေတဲ့ အသိပေးချက်တွေ၊ အီးမေးလ် တုံ့ပြန့်ချက်တွေ ပါဝင်ပါတယ်။ ယင်းအတွက် အချိန်သတ်မှတ်ပါ။
အရေးမပါတဲ့ အနှောင့်အယှက်တွေက စိတ်စုစည်းမှုကို အပြည့်အဝ ပြန်လည်ရစေဖို့ သာမန်အားဖြင့် ၂၃မိနစ်ကျော် ကြာပါတယ်လို့ သုတေသနက သက်သေပြထားပါတယ်။

ရည်ရွယ်ချက်ပါတဲ့ တာဝန်တစ်ခု
နည်းပညာအနှောင့်အယှက်များတဲ့ ခေတ်ကြီးထဲမှာ၊ မသိချင်ယောင်ဆောင်ရမယ့် အနှောင့်အယှက်တွေ ရှိနေတာမထူးဆန်းပါဘူး။
အလုပ်ပေါ်မှာအမှန်တကယ် အာရုံစိုက်ရမယ်ဆိုရင်၊ ပေးထားတဲ့ ဘယ်အလုပ်တာဝန်ကိုမဆိုသုံးစွဲရမယ့် အချိန်သတ်မှတ်ချက် ရှိရပါမယ်။ လုပ်ရမယ့် အလုပ်စာရင်းကို အချိန်သတ်မှတ်ပါ။
သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ပြီးမြောက်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးရပါမယ်။
အပျက်အစီးအတွက် ခံနိုင်ရည်ရှိကာ တစ်ကြိမ်မှာ အလုပ်တစ်ခုသာ လုပ်ဆောင်ပါ။
အလုပ်တာဝန်တစ်ခုလုပ်တတ်တဲ့အကျင့် စွဲမြဲအောင် လုပ်တဲ့အခါ အခွင့်အလမ်းတွေ တိုးတက်စေဖို့ ပိုမိုဒိုရိုနည်းပညာကို ကြိုးစားကြည့်ပါ။
တာဝန်တစ်ခုကိုအချိန် မိနစ်သုံးဆယ်လောက် အာရုံစိုက်ကြည့်ပါ။ ငါးမိနစ်လောက် အနားပေးပါ။ နောက်အလုပ်တစ်ခုကိုပြောင်းလုပ်ကြည့်ပါ။ ဒါမှမဟုတ် ဆက်ပြီးအလုပ်လုပ်ပါ။

ဘဝတစ်လျှောက်လေ့လာဖို့ ဆုံးဖြတ်ပါ။
အသိပညာရရှိဖို့ အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ ကိုယ်တိုင် လေ့လာသင်ယူခြင်းပါပဲ။

မင်းကကောလိပ် အခန်းထဲမှာ ဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာထိုင်နေတာဖြစ်ဖြစ် ကိစ္စမရှိပါဘူး။
ကိုယ်သင်ယူနေတဲ့ အကြောင်းအရာပေါ်မှာ စိတ်ဝင်စားမှု ရှိလာတဲ့အချိန်ထိ၊ လက်မလျှော့လိုက်ပါနဲ့။ ကိုယ့်အတွက် အချိန်ပေးပြီး၊ အကောင်းဆုံး ပညာရေးကို ပေးကမ်းလိုက်ပါ။
အချိန်ပေးပြီး ကိုယ့်ပညာရေးကိုအားပေးတဲ့ သူတွေက ကမ္ဘာမှာ တကယ်စစ်မှန်တဲ့ ပညာရေးကိုရရှိနိုင်သောသူတွေသာ ဖြစ်ပါတယ်။
ဂုဏ်ပြုခံရတဲ့ ပညာသင်ကျောင်းသား၊ စွန့်ဦးလုပ်ငန်းရှင်၊ သမိုင်းဝင်ပုဂ္ဂိုလ်တွေကို သင်တွေးကြည့်ပါ။
သူတို့က ကျောင်းပြီးချင်မှ ပြီးလိ်မ့်မယ်။ ဒါပေမယ့် အဆက်မပြတ် ကိုယ်တိုင် လေ့လာသင်ယူတဲ့သူဆိုတာ သင်တွေ့ပါလိ်မ့်မယ်။
ဘဝတစ်လျှောက် လေ့လာခြင်းကသာ သင်သိလိုတဲ့ မေးခွန်းတွေကို အဖြေပေးပါလိမ့်မယ်။
ဘဝတစ်လျှောက် လေ့လာခြင်းကသာ သင်သိလိုတဲ့ မေးခွန်းတွေကို အဖြေပေးပါလိမ့်မယ်။
နေ့စဉ်တိုင်း အချိန်ကြာကြာ လေ့လာဖို့ သံန္နိဌာန်ချဖို့ မလိုပါဘူး။ အချိန်ရတိုင်း ကိုယ့်ဘာသာ လေ့လာသင်ယူဖို့ တွန်းအားပေးရုံပါပဲ။
ကိုယ်အသိချင်ဆုံး၊ ကိုယ်စိတ်ဝင်စားဆုံး အရာတွေက ဘာတွေလဲ။
ရည်ရွယ်မှန်းချက်ကို ရောက်ရှိစေမယ့် စိတ်ကူးတွေ၊ အသိပညာတွေ ရင်းမြစ်ရနိ်ုင်သလောက် ရှာဖွေကြည့်ပါ။

ဦးနှောက်က နေ့စဉ်တိုင်းစာဖတ်ဖို့ လိ်ုပါတယ်။
စာဖတ်တာက ဦးနှောက်ကို အလုပ်လုပ်စေပါတယ်။

စာဖတ်တယ်ဆိုတာ စိတ်ရဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။
စာဖတ်တာကလွတ်လပ်မှုတွေ ပေးပါတယ်။ နေရာ၊ အချိန်၊ သမိုင်းနဲ့ စိတ်ကူးတွေကိုပိုလေးနက်မှု၊ သဘောထားတွေ၊ စိတ်ခံစားချက်တွေနဲ့ အသိပညာကိုကျယ်ပြန့်စေပါတယ်။ စာဖတ်တဲ့ ဦးနှောက်က နိုုးကြားသွက်လက်ပါတယ်။ ကိုယ်ဖတ်နေတဲ့ စာအမျိုးအစားပေါ် မူတည်ပြီး ဦးနှောက်က ဖွံဖြိုး၊ ပြောင်းလဲကာ ဆက်သွယ်မှု အသစ်တွေနဲ့ အမျိုးမျိုးသော ပုံစံကို ဖန်တီးပေးပါတယ်။
စာဖတ်ခြင်းကစိတ်ရှည်မှု၊ ဝီရိယရှိမှု နဲ့ ဆုံးဖြတ်မှုတွေ လိုအပ်ပါတယ်။
စာဖတ်တာက အခြားစွမ်းရည်တွေလိုပါပဲ။ မှန်မှန်နဲ့ ပုံမှန် လေ့ကျင့်ရပါမယ်။
စာအုပ်ထက် ဖုန်းနဲ့ စာဖတ်တာ နှစ်သက်ရင် အဆင်ပြေတာ ရွေးချယ်နိုင်ပါတယ်။ အဓိကက စာဖတ်ဖြစ်စေဖို့ အချိန်ပေးရပါမယ်။
စာအုပ်စင်ကနေ စာအုပ်ရွေးချယ်တာဖြစ်ဖြစ်၊ ကိုယ်အကြိုက်ဆုံး အကြောင်းရာကို အင်တာနက်ကနေ Downloadယူရတာဖြစ်ဖြစ် ဖတ်နေတဲ့အရာကို ရပ်ပြီး၊ စဉ်းစားကြည့်ပါ။ ဒါက သင်ထင်ထားတာထက်ကို ပိုပြီး သက်ရောက်မှု ရှိစေပါတယ်။

အနားယူပါ။
တစ်ခါတလေ ကျွန်တော်တို့ အားလုံး သဘောထားကို ပြန်လည်စုစည်းဖို့ လိုပါ တယ်။လက်ရှိရောက်နေတဲ့ နေရာ ဒါမှမဟုတ် ခုလုပ်ဆောင်နေတဲ့အရာကို နောက်တစ်လှမ်းဆုတ်ပြီး မေးမြန်းရပါမယ်။ မင်းဘဝရဲ့ကွဲပြားတဲ့ နယ်ပယ်မှာ ချောင်ပိတ်မိနေတယ်လို့ ခံစားနေရလျှင်၊ အဲ့ဒိ ခံယူချက်ကို ချိုးဖောက်ပစ်ပါ။
ကိုယ့်အကျင့်ကို နောက်ဆုံး ချိုးဖောက်ခဲ့တာ ဘယ်အချိန်ပါလဲ။ ခုပဲ အနားယူကာ ကိုယ့်အလုပ်အတွက် အရေးပါတာကို ဆောင်ရွက်ပါ။ ကိုယ်နှစ်သက်တာ လုပ်ဆောင်ပါ၊ စွမ်းရည်တွေ ပြန်လည် ဖြည့်တင်းဖို့ အချိန်ပေးပါ။
အားကစားတစ်မျိုးထဲကိုပဲ အကြာကြီး မလုပ်ပါနဲ့။ မတ်တပ်ရပ်ပါ။ ၁၅မိနစ်လောက် အချိန်ပေး လမ်းလျှောက်ပါ။ သွေးရွေ့လျားမှု မြန်လေလေ၊ ဦးနှောက်ထဲကို အောက်စီဂျင် ရောက်ရှိမှုနှုန်း မြန်လေလေ ပါပဲ။ ပိုကောင်းတဲ့ စိတ်ကူးတွေက၊ ပိုကောင်းတဲ့ ရလဒ်ကို ရရှိစေလို့ပါပဲ။
တစ်ယောက်တည်းလေ့ကျင့်ပါ။
ပြင်ပ ကိစ္စတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေမယ်ဆိုရင်၊ အဆက်သွယ် ဖြတ်ပါ။ သတိပေးချက်တွေကို ပိတ်ထားပါ။
ဖုန်းနဲ့ မိုဘိုင်း စက်ပစ္စည်းတွေကို ပိတ်ထားပါ။ တွေးခေါ်ပါ၊ အနားယူပါ။ တစ်နည်းပြောရရင် ပြင်ပလောကြီးကို အဆက်ဖြတ်ပါ။ စွမ်းအားသစ်တွေ ရှာဖွေဖို့ အတွင်းစိတ်ကို ပြုပြင်ပါ။
တစ်ခါတလေ ကျွန်တော်တို့ လုပ်ရမှာက ပတ်ဝန်းကျင်၊ ပုံစံ၊ သမားရိုးကျ အလုပ်တွေကို ပြောင်းလဲပစ်ရုံပါပဲ။ ပုံမှန်လုပ်နေကျကနေ အနားယူပါ။
လာမယ့် လအနည်းငယ်အတွင်း မင်းဘဝကို သက်ရောက်မှု ရှိစေမယ့် အကျင့် တစ်ခု၊ နှစ်ခုလောက် ရွေးချယ်ရမယ်ဆိုရင်၊ ဘာတွေ ဖြစ်နိုင်မလဲ။

Writer & Translator : Hsu Mi San

 

Current

Leave a Reply

Your email address will not be published. Required fields are marked *