Gym သွားသင့်တဲ့ အကြောင်းအရင်း (၅) ချက်

#POINT #PointYouthPlatform

အလုပ်ပြီးလို့ အနားယူချိန်မှာ အပြည့်အ၀ အနားယူချင် တတ်ကြတာကလည်း သဘာဝပါ။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှား တာကလည်း အနားယူနည်းတစ်မျိုးဆိုတာကို မမေ့ပါနဲ့။ တစ်နေ့ကို နာရီဝက်လောက် စွဲစွဲမြဲမြဲ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ ရေရှည်မှာ အကျိုးရှိတဲ့ အလေ့အကျင့်တစ်ခုပါ။ ဒီလို ကိုယ်လက်လှုပ်ရှား မှုလေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ ဂုဏ်ယူစရာဆိုတာကို လုပ်တဲ့သူတိုင်း သဘောပေါက်ကြ ပါလိမ့်မယ်။

ဒါကြောင့် သူများတွေလို ကျေနပ်ဂုဏ်ယူနိုင်အောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ တကယ်တော့ Gym သွားပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်တာက ပိုသင့်တော်ပါတယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေကို သိပြီးရင်လည်း ကိုယ့်အိမ်မှာပဲ ပုံမှန်လုပ် သွားလို့ရပါတယ်။ အားလုံးအတွက် အကျိုးရှိလို့ Gym မှာ လေ့ကျင့်ခန်းလုပ်သင့်တဲ့ အဓိကအချက်တွေကို တင်ပြလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ရေရှည်ကောင်းမွန်ပါတယ်

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ ခံစားရတဲ့ ပင်ပန်းမှုနဲ့ နာကျင်မှုက ခဏတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ ဒီလို ပင်ပန်းနာကျင်မှုတွေက နာဖျားမကျန်းဖြစ်လို့ခံစားရတဲ့ဝေဒနာနဲ့ယှဉ်ရင် အများကြီး ခံသာပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ရင် လွယ်လွယ်နဲ့ မဖျားတတ်တာကြောင့် ရေရှည်အကျိုး ရှိပါတယ်။

၂။ လူမှုဆက်ဆံရေး ပိုကောင်းပါတယ်

Gym မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ် သွယ်လျပြီး ရှုချင်စဖွယ်ဖြစ်လာရင် ဆွဲဆောင်မှုရှိလို့ သူများတွေက ဂရုတစိုက် ရှိလာမှာပါ။ ဒါ့ပြင် အဝတ်အစားကိုလည်း ယုံယုံကြည်ကြည်ဝတ်လာနိုင် လို့ အမြင်လည်း တင့်တယ်ပါတယ်။ ကိုယ့်ကိုအားကျတဲ့သူတွေ များလာတာကြောင့် အပေါင်းအသင်းလည်းများပြီး ဆက်ဆံရေးလည်း ပိုကောင်းလာမှာပါ။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာနိုင်ပါတယ်

Gym မှာ ပုံမှန် လေ့ကျင့်ခန်းလုပ်ရင် စိတ်ရွှင်လန်းပြီး တက်တက်ကြွကြွ ရှိတာကြောင့် ယုံကြည်ချက် တိုးလာမှာပါ။ ကျန်းမာရေးလည်း ကောင်းလာတာကြောင့် လုပ်ချင်တာကို လုပ်နိုင်လာမှာပါ။ အမြဲတမ်း လန်းဆန်းတက်ကြွနေလို့ ဘာဆေးမှလည်း မှီဝဲဖို့ မလိုပါဘူး။

၄။ အချိန်မှန် အိပ်ပါတယ်

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်တာကြောင့် အိပ်ချိန်လည်း မှန်လာပါလိမ့်မယ်။ အိပ်ရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ပါတယ်။ ခေါင်းအုံးနဲ့ထိလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်တာကြောင့် အိပ်မပျော် တဲ့ပြဿနာလည်း မရှိတော့ပါဘူး။

၅။ စိတ်ဖိစီးမှု နည်းပါတယ်

စိတ်ဖိစီးမှုက နေရာတကာမှာ ကြုံရတတ်ပါတယ်။ အဝလွန်တာ၊ ပိန်လွန်းတာတွေကြောင့် စိတ်ဖိစီးမှုဖြစ်တတ်ပါတယ်။ ဒီလို စိတ်ဖိစီး မှုတွေကို ကျော်ဖြတ်နိုင်တဲ့နည်းက Gym မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ရင် စိတ်ဖိစီးမှုတွေ မရှိတော့ဘဲ ကိုယ်ရော စိတ်ပါ ကျန်းမာလာပါလိမ့်မယ်။

 

ချယ်ရီ

 

 

Current

Leave a Reply

Your email address will not be published. Required fields are marked *