မင်းတိုးတက်ဖို့နဲ့ စိတ်ဓါတ်တက်ကြွဖို့အကြောင်း ဦးတည်မပြောတတ်သူ သူငယ်ချင်းတွေနဲ့ ကင်းကင်းကွာကွာ နေလိုက်ပါ။

*** Unicode ***

အပေါင်းအသင်းတွေက ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲမှုဖြစ်စေပါတယ်။ မင်းသိတဲ့အတိုင်းပဲ လူတွေက စွမ်းအင်တွေကို အခြားအရာများမှ ထုတ်လုပ်နိုင်တယ်ဆိုတာကို သိပ္ပံပညာက အခိုင်အမာသက်သေပြပြီးဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးဆိုတာ ရွေးချယ်ပေါင်းသင့်တဲ့ အရာတစ်ခုပဲဖြစ်တယ်။ ဘာကြောင့်ပါလဲ ထိုဆက်ဆံရေးက မင်းတွေးထင်ထားထက် ပိုပြီး အစွမ်းထက်ပါတယ်။

ကောင်းကျိုးမပေးတဲ့ မိတ်ဆွေအပေါင်းအသင်းများက မင်းရဲ့ဘဝကို အပြောင်းအလဲများစွာ ဖန်တီးနိုင်ပါတယ်။ မိတ်ဆွေစစ်များကတော့ မင်းရဲ့ဘဝကို တိုးတက်မှုလမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။

လူမှုအပေါင်းအသင်းဆက်ဆံရေးဟာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးတစ်ခု၏ခွန်အားတစ်ရပ်ဖြစ်တဲ့ အောင်မြင်မှုကို ရှာဖွေဖို့ Warren Buffett က အကူအညီပေးခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကိုလည်း ဘေလ်ဂိတ်က သူ့ blog တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ဆယ်နှစ်ကျော်ကြာ မိတ်ဆွေများဖြစ်ပြီး ဘေလ်ဂိတ်က Warren Buffett နဲ့ မိတ်ဆွေဆက်ဆံရေးကြောင့် အခုလို အောင်မြင်မှုများစွာ ရလာတယ်လို့လည်း ဆိုပါတယ်။

လေ့လာချက်တွေအရ မင်းရဲ့အချိန်အများစုကို လူငါးယောက်နဲ့ ပုံမှန်ဖြတ်သန်းတယ်ဆိုပါစို့။ လက်ရှိအသက်အရွယ်မှာဆို ပိုက်ဆံမရှိတဲ့အကြောင်းပြောလည်း အဆင်ပြေသလို ဘဏ္ဍဍာရေးအနုတ်ပြနေတယ်လို့ ပြောလည်း အဆင်ပြေပေမယ့်လည်း သာမာန်အားဖြင့် လူတွေက သူတို့ငွေရေးကြေးရေးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းမပြောကြပါ။

ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်ကများ သူတို့ရဲ့ မားစီးဒီးကားအသစ်ကြောင်း ကြွားပြီးပြောခဲ့မယ်ဆိုရင် အဲ့စကားအသံက ကိုယ့်အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်လာပါတယ်။ယနေ့ခေတ် မီလျံနာ ၇၀ ရာခိုင်နှုန်းက ပထမမျိုးဆက် မီလျံနာများဖြစ်ကြပါတယ်။

သူတို့ရဲ့ဝင်ငွေများက ဘိုးဘေးဘီဘေတွေဆီကနေ အမွေရလာကြခြင်း မဟုတ်ပါ။ သူတို့တွေက ထိုမီလျံနာဆိုတဲ့နေရာမျိုးရအောင် ကြိုးစားအလုပ်လုပ်ကြပါတယ်။ နောက်ပြီး သူတို့အနာဂတ်အတွက်လည်း ဝင်ငွေရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတယ်။

ထိုအရာတွေကပဲ ပိုက်ဆံဝင်အောင် ဖန်တီးပေးတယ်။ စွန့်စားမှုတွေ ယူရဲအောင် ခွန်အားပေးတယ်။ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာအောင် အားအင်တွေပေးပါတယ်။

ဒါကို ရိုးရှင်းတဲ့ ဥပမာတစ်ခုအဖြစ်ကြည့်လိုက်ရအောင်။ မင်းရဲ့ဘေးနားမှာ ကားအကြောင်းပြောပြောနေတဲ့သူငယ်ချင်းများ ဝန်းရံနေတယ်ဆို မင်းက အလိုလိုနေပြီတော့ကို ကားတွေကို စိတ်ဝင်စားလာလိမ့်မယ်။

နောက်ပြီး မင်းရဲ့ကားဟောင်းနေရာမှာ ကားအသစ်ကို အစားထိုးလိမ့်မယ်။တကယ်လို့ မင်းရဲ့သူငယ်ချင်းက အိမ်ခြံမြေရောင်းဝယ်ရေး အကြောင်းပြောတယ်ဆိုရင် မင်းကလည်း မြေရောင်းဝယ်ဖို့အတွက် စီးပွားရေးလုပ်ငန်းအသစ်တစ်ခုလုပ်ဆောင်လာလိမ့်မယ်။

လူတိုင်းက ကြီးပွားချမ်းသာချင်ကြပါတယ်။ချမ်းသာခြင်းက ပျော်ရှွင်မှုတစ်ခုကို ဖန်တီးနိုင်လို့ပဲလေ။ သူငယ်ချင်းတစ်ယောက်နဲ့အတူ စီးပွားရေးလုပ်တာက ဆုံးရှုံးစရာတော့ မရှိပါ။

ပိုက်ဆံက ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရဖို့အတွက် မင်းရဲ့စိတ်ကိုပြောင်းလဲမှုဖြစ်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါကြောင့် မင်းရဲ့ပတ်ဝန်းကျင်မှာ စီးပွားရေးအကြောင်းပြောတဲ့ သူငယ်ချင်းတွေ ဝန်းရံသင့်တယ်ဆိုတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။

မင်းကို အောက်ကိုရောက်အောင် တွန်းပို့ပေးတဲ့ သူငယ်ချင်းတွေ ထက်စာရင် ကြီးပွားချမ်းသာရေး၊ စီးပွားရေးအကြောင်းပြောပြီး အမြင့်ရောက်အောက် တွန်းတင်ပေးတဲ့ သူငယ်ချင်းတွေ ရှိခြင်းက မင်းရဲ့အနာဂတ်အတွက် ပိုလင်းလက်လာစေပါတယ်။

——————————————————————————————————————————

အပေါင်းအသင်းတွေက ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲမှုဖြစ်စေပါတယ်။ မင်းသိတဲ့အတိုင်းပဲ လူတွေက စွမ်းအင်တွေကို အခြားအရာများမှ ထုတ်လုပ်နိုင်တယ်ဆိုတာကို သိပ္ပံပညာက အခိုင်အမာသက်သေပြပြီးဖြစ်ပါတယ်။

မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးဆိုတာ ရွေးချယ်ပေါင်းသင့်တဲ့ အရာတစ်ခုပဲဖြစ်တယ်။ ဘာကြောင့်ပါလဲ ထိုဆက်ဆံရေးက မင်းတွေးထင်ထားထက် ပိုပြီး အစွမ်းထက်ပါတယ်။

‌ကောင်းကျိုးမပေးတဲ့ မိတ်ဆွေအပေါင်းအသင်းများက မင်းရဲ့ဘဝကို အပြောင်းအလဲများစွာ ဖန်တီးနိုင်ပါတယ်။ မိတ်ဆွေစစ်များကတော့ မင်းရဲ့ဘဝကို တိုးတက်မှုလမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးနိုင်ပါတယ်။

လူမှုအပေါင်းအသင်းဆက်ဆံရေးဟာ အရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးတစ်ခု၏ခွန်အားတစ်ရပ်ဖြစ်တဲ့ အောင်မြင်မှုကို ရှာဖွေဖို့ Warren Buffett က အကူအညီပေးခဲ့ဖူးတယ်ဆိုတဲ့အကြောင်းကိုလည်း ဘေလ်ဂိတ်က သူ့ blog တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ဆယ်နှစ်ကျော်ကြာ မိတ်ဆွေများဖြစ်ပြီး ဘေလ်ဂိတ်က Warren Buffett နဲ့ မိတ်ဆွေဆက်ဆံရေးကြောင့် အခုလို အောင်မြင်မှုများစွာ ရလာတယ်လို့လည်း ဆိုပါတယ်။

လေ့လာချက်တွေအရ မင်းရဲ့အချိန်အများစုကို လူငါးယောက်နဲ့ ပုံမှန်ဖြတ်သန်းတယ်ဆိုပါစို့။ လက်ရှိအသက်အရွယ်မှာဆို ပိုက်ဆံမရှိတဲ့အကြောင်းပြောလည်း အဆင်ပြေသလို ဘဏ္ဍာရေးအနုတ်ပြနေတယ်လို့ ပြောလည်း အဆင်ပြေပေမယ့်လည်း သာမာန်အားဖြင့် လူတွေက သူတို့ငွေရေးကြေးရေးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်းမပြောကြပါ။

ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်ကများ သူတို့ရဲ့ မားစီးဒီးကားအသစ်ကြောင်း ကြွားပြီးပြောခဲ့မယ်ဆိုရင် အဲ့စကားအသံက ကိုယ့်အတွက် စိတ်ပျက်ဖွယ်ရာ ဖြစ်လာပါတယ်။

ယနေ့ခေတ် မီလျံနာ ၇၀ ရာခိုင်နှုန်းက ပထမမျိုးဆက် မီလျံနာများဖြစ်ကြပါတယ်။ သူတို့ရဲ့ဝင်ငွေများက ဘိုးဘေးဘီဘေတွေဆီကနေ အမွေရလာကြခြင်း မဟုတ်ပါ။ သူတို့တွေက ထိုမီလျံနာဆိုတဲ့နေရာမျိုးရအောင် ကြိုးစားအလုပ်လုပ်ကြပါတယ်။ နောက်ပြီး သူတို့အနာဂတ်အတွက်လည်း ဝင်ငွေရအောင် ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတယ်။ ထိုအရာတွေကပဲ ပိုက်ဆံဝင်အောင် ဖန်တီးပေးတယ်။ စွန့်စားမှုတွေ ယူရဲအောင် ခွန်အားပေးတယ်။ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာအောင် အားအင်တွေပေးပါတယ်။

ဒါကို ရိုးရှင်းတဲ့ ဥပမာတစ်ခုအဖြစ်ကြည့်လိုက်ရအောင်။ မင်းရဲ့ဘေးနားမှာ ကားအကြောင်းပြောပြောနေတဲ့သူငယ်ချင်းများ ဝန်းရံနေတယ်ဆို မင်းက အလိုလိုနေပြီတော့ကို ကားတွေကို စိတ်ဝင်စားလာလိမ့်မယ်။ နောက်ပြီး မင်းရဲ့ကားဟောင်းနေရာမှာ ကားအသစ်ကို အစားထိုးလိမ့်မယ်။

တကယ်လို့ မင်းရဲ့သူငယ်ချင်းက အိမ်ခြံမြေရောင်းဝယ်ရေး အကြောင်းပြောတယ်ဆိုရင် မင်းကလည်း မြေရောင်းဝယ်ဖို့အတွက် စီးပွားရေးလုပ်ငန်းအသစ်တစ်ခုလုပ်ဆောင်လာလိမ့်မယ်။ လူတိုင်းက ကြီးပွားချမ်းသာချင်ကြပါတယ်။

ချမ်းသာခြင်းက ပျော်ရွှင်မှုတစ်ခုကို ဖန်တီးနိုင်လို့ပဲလေ။ သူငယ်ချင်းတစ်ယောက်နဲ့အတူ စီးပွားရေးလုပ်တာက ဆုံးရှုံးစရာတော့ မရှိပါ။

ပိုက်ဆံက ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေရဖို့အတွက် မင်းရဲ့စိတ်ကိုပြောင်းလဲမှုဖြစ်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါကြောင့် မင်းရဲ့ပတ်ဝန်းကျင်မှာ စီးပွားရေးအကြောင်းပြောတဲ့ သူငယ်ချင်းတွေ ဝန်းရံသင့်တယ်ဆိုတဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။

မင်းကို အောက်ကိုရောက်အောင် တွန်းပို့ပေးတဲ့ သူငယ်ချင်းတွေ ထက်စာရင် ကြီးပွားချမ်းသာရေး၊ စီးပွားရေးအကြောင်းပြောပြီး အမြင့်ရောက်အောက် တွန်းတင်ပေးတဲ့ သူငယ်ချင်းတွေ ရှိခြင်းက မင်းရဲ့အနာဂတ်အတွက် ပိုလင်းလက်လာစေပါတယ်။

Career, Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *