အသင့်စားအစားအစာတွေကြောင့် ရလာနိုင်မယ့် ဆိုးကျိုးတွေ


လုပ်စရာအလုပ်တွေများလို့ အာရုံများပြီး မအားလပ်တဲ့ ဒီခေတ်မှာ လူတွေဟာ အလွယ်တကူစားလို့ရတဲ့ အသင့်စားအစားအစာတွေကို ပိုစားလာကြပါတယ်။ ဒီအအစားအစာတွေကို (Fast food) လို့ ခေါ်ကြပါတယ်။ ဒါတွေကို အစားများလာတာနဲ့အမျှ အများစုက နှစ်ခြိုက်လာကြပါတယ်။ အမှန်တော့ ကျန်းမာရေးအတွက် လုံး၀ မသင့်လျော်ပါဘူး။ ဒါကြောင့် ရလာနိုင်မယ့် ဆိုးကျိုးတွေကို လေ့လာလိုက်ပါ။

၁။ စားကောင်းအောင်လုပ်ထားတဲ့ အရသာကို စွဲလမ်းသွားလို့ ကျန်းမာတဲ့ အစားအစာတွေ မစားဖြစ်တော့ပါဘူး

ကြက်ကြော်၊ အကင်၊ ဘာဂါ၊ ပီဇာနဲ့ ကွတ်ကီးတွေက ဆားနဲ့ အချိုမှုန့်များသလို ကယ်လိုရီများပြီး ကိတ်မုန့်နဲ့ ရေခဲမုန့်လို အစာတွေဟာ သကြားပါဝင်နှုန်း များတာကြောင့် ရေရှည်စားရင် ဆိုးကျိုးများပါတယ်။ စားတဲ့ ကယ်လိုရီကများပြီး လိုအပ်သလောက် မချေဖျက်နိုင်သလို သွေးအတွင်းသကြားဓာတ်ပါ များတတ်ပါတယ်။ ပိုဆိုးတာက ဒီအစားအစာတွေကို အစားများရင် အဲဒီအရသာကိုပဲ စွဲစွဲလမ်းလမ်း ကြိုက်သွားတတ်လို့ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို မစားတတ်ကြတော့ပါဘူး။ ဒါကြောင့် နဂိုစားတဲ့ ပမာဏထက်ပိုပြီး စားတတ်လာကြပါတယ်။ နောက်ဆုံး သွေးတိုး၊ နှလုံးနဲ့ ဆီးချို စတဲ့ နာတာရှည်ရောဂါတွေ ဖြစ်မှန်းမသိ တဖြည်းဖြည်း ဖြစ်လာကြမှာပါ။

၂။ အဝလွန်ရောဂါ ဖြစ်လွယ်ပါတယ်

အသင့်စားအစားအစာတွေ အစားများလို့ ဖြစ်လာနိုင်တဲ့ သိသာတဲ့ ရောဂါတစ်ခုကတော့ အဝလွန်ရောဂါပါ။ ဒါကလည်း အသင့်စားအစား အစာတွေမှာ လူတစ်ယောက်စားနိုင်တာထက် ပိုတဲ့ အဆီပမာဏ များလို့ပါ။ အဝလွန်လာရင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရလည်း ဆိုးကျိုးတွေများလာပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်တာကြောင့် ဘဝမျှော်လင့်ချက်တွေပါ လျှော့နည်းလာမှာပါ။


၃။ တာရှည်အထားခံတဲ့ဆေးတွေ ပါဝင်လို့ ကျန်းမာရေးအတွက် လုံးဝမသင့်တော်ပါ

အသင့်စားအစားအစာတွေကို တာရှည်အထားခံအောင် ဓာတုဗေဒဆေးတွေထည့် သုံးလေ့ရှိပါတယ်။ အဲဒါက ခန္ဓာကိုယ်ကို အန္တရာယ်ပေးပါတယ်။ တာရှည်ခံဆေးတချို့ကြောင့်လည်း ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။ ကြက်ကြော်နဲ့ ပီဇာတွေမှာ ဆိုဒီယမ်ပါဝင်မှု ပိုများပါတယ်။ အဲဒါတွေအများကြီးစားသုံးတဲ့အခါ ကျောက်ကပ်ကို ထိခိုက်ပြီး နာတာရှည်ရောဂါ ဖြစ်လာနိုင်ပါတယ်။

 


ရွှေရည်

Current

Leave a Reply

Your email address will not be published. Required fields are marked *