*** Unicode ***
#Point #PointYouthPlatform
ခရီးသွားခြင်းဟာ သင့်ကိုစိတ်ချမ်းသာမှုပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ငွေတော့ကုန်တာပေါ့။ အားလပ်ရက်တွေမှာ ကျွန်တော်တို့အများစုက တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနဲ့ အချိန်ကုန်ချင်ကြပေမယ့် ကိုယ့်ကိုစိတ်ကျေနပ်အားရစေတဲ့ အရာတွေလည်း ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ အောက်ပါနည်းတွေနဲ့ ပျော်ရှွင်တဲ့ခရီးသွားလာမှုဖြစ်စေဖို့ ငွေစီစစ်နိုင်ပါတယ်။
(၁) ကုန်ကျစရိတ်အပြောင်းအလဲတွေကိုနှိုင်းယှဉ်ကြည့်ပါ။
farecompare.com လို WebSiteတွေကို မှတ်ထားပြီး ကုန်ကျစရိတ်တွေ နှိုင်းယှဉ်ကြည့်ပါ။ ဒါမှအတန်ဆုံးဝန်ဆောင်မှုတွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေဟာ သက်တောင့်သက်တာမရှိနိုင်ပေမယ့် ငွေကုန်ကြေးကျသက်သာစေဖို့ ရွေးချယ်သင့်ပါတယ်။ ရိုးရိုးတန်းဟာလည်း အထူးတန်းတွေလိုပဲ လိုရာခရီးကို ပို့ဆောင်ပေးနိုင်ပါတယ်။
(၂) ခရီးသွားရာသီမဟုတ်ချိန် အဖော်တစ်ယောက်နဲ့ခရီးသွားပါ။
ခရီးသွားလက်မှတ်တွေ၊ တည်းခိုနေထိုင်ခတွေဟာ ခရီးသွားရာသီမဟုတ်တဲ့အချိန်မှာ ဈေးပိုပေါပါတယ်။ သွားမယ့်နေရာပေါ်မူတည်ပြီးတော့ တစ်နှစ်ပတ်တာအတွင်း ကွဲပြားပါတယ်။ အဖော်တစ်ယောက်ယောက်နဲ့ သွားခြင်းကလည်း ကုန်ကျစရိတ်တစ်ဝက် သက်သာစေပါတယ်။
(၃) မနက်စာပါပြီးသား ဟိုတယ်ကိုရွေးချယ်ပါ။
ခမ်းနားကြီးမားတဲ့ hotelတွေ ရှောင်ပါ။ မနက်စာပါပြီးသား တည်းခိုခန်းလေးတွေမှာ တည်းတာထက် ၂ဆ ပိုကုန်ကျစေပါတယ်။ စာရင်းမပေးခင် reviewတွေကို အရင်လေ့လာပါ။ သူတို့ရဲ့websiteတွေကနေ ကိုယ်တိုင် Booking လုပ်ပါ။ အများအားဖြင့် ထိုတည်းခိုခန်းလေးတွေကသာ အိမ်ကဲ့သို့ သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ ခရီးသွားတဲ့နေရာမှာရှိတဲ့ သူငယ်ချင်း၊ မိသားစုတွေကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းကြည့်ပါ။
(၄) ခရီးစဉ်မှာဒေသထွက် အစားအစာတွေကိုပဲစားပါ။
ဒေသထွက် အစားအစာတွေရရှိနို်င်တဲ့ စားသောက်ဆိုင်တွေကို သွားပါ။ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအစားအစာတွေကို မှာယူပါ။ ရာသီထွက်ကုန်တွေနဲ့ လတ်ဆတ်တဲ့ အစားအစာတွေ ရရှိနိုင်ပါလိမ့်မယ်။ နိုင်ငံခြားသား ခရီးသည်တွေ အသွားများတဲ့ဆိုင်ကို ရှောင်ပါ။ ရေခဲရိုက်ထားတဲ့ မလတ်ဆတ်တဲ့ အစားအစာတွေသာ ရပါလိမ့်မယ်။
(၅) ကိုယ်တိုင်ကားမောင်းသွာပါ။
လူနည်းစုခရီးသွားမယ်ဆိုရင် ဆီဖိုးသက်သာဖို့ ကိုယ်တိုင်ကားမောင်းသွားပါ။ မြို့ကြီးတွေအနားမသွားပါနဲ့၊ ယာဉ်ကြောပိတ်တဲ့ အတွက် မြို့ထဲသွားမယ်ဆိုရင် ဘတ်စ်ကား၊ စက်ဘီး၊ မြေအောက်ရထားတွေသုံးပြီး အချိန်ကုန် ငွေကုန် သက်သာအောင် ပြုလုပ်ပါ။
(၆) ဒေသထွက်ပစ္စည်းတွေကို ရပ်ကွက်ဈေးတွေကဝယ်ပါ။
ရပ်ကွက်ဈေးတွေသွားတဲ့ အလေ့အထ လုပ်ပါ။ ဒေသထွက်ပစ္စည်းတွေကို ရပ်ကွက်ဈေးတွေက ဝယ်ပါ။ ဈေးဆစ်တတ်အောင်လည်း သင်ယူပါ။ ဈေးတွေက အပြောင်းအလဲ ရှိပါတယ်။ သင်စစ်တဲ့ဈေးအတိုင်း ကျေကျေနပ်နပ်ကြီး လျော့ပေးမှာ ဖြစ်ပါတယ်။
(၇) ခရီးစဉ်တစ်ခုလုံးအတွက် ကြိုတင်စီစဉ်ပါ။
ကြိုတင်စီစဉ်ခြင်းက မမျှော်လင့်ထားတဲ့ ကုန်ကျမှု အမြောက်အမြားကို ရှောင်ရှားစေနိုင်ပါတယ်။ ခရီးသွားလာခြင်းက သက်တောင့်သက်သာရှိပြီး အပူအပင်ကင်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်သင့်ပါတယ်။ အဲ့အတွေ့အကြုံရဖို့ 5star hotel ကြီးတွေမှာလည်း တည်းစရာမလိုပါဘူး။ ငွေရေးကြေးရေး မထိခိုက်အောင် ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရွေးချယ်ပါ။
Writer & Translator : Su Myat
——————————————————————————————————————————
#Point #PointYouthPlatform
ခရီးသွားခြင်းဟာ သင့်ကိုစိတ်ချမ်းသာမှုပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ငွေတော့ကုန်တာပေါ့။ အားလပ်ရက်တွေမှာ ကျွန်တော်တို့အများစုက တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေနဲ့ အချိန်ကုန်ချင်ကြပေမယ့် ကိုယ့်ကိုစိတ်ကျေနပ်အားရစေတဲ့ အရာတွေလည်း ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ အောက်ပါနည်းတွေနဲ့ ပျော်ရွှင်တဲ့ခရီးသွားလာမှုဖြစ်စေဖို့ ငွေစီစစ်နိုင်ပါတယ်။
(၁) ကုန်ကျစရိတ်အပြောင်းအလဲတွေကိုနှိုင်းယှဉ်ကြည့်ပါ။
farecompare.com လို WebSiteတွေကို မှတ်ထားပြီး ကုန်ကျစရိတ်တွေ နှိုုင်းယှဉ်ကြည့်ပါ။ ဒါမှအတန်ဆုံးဝန်ဆောင်မှုတွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ဈေးသက်သာတဲ့ လေကြောင်းလိုင်းတွေဟာ သက်တောင့်သက်တာမရှိနိုင်ပေမယ့် ငွေကုန်ကြေးကျသက်သာစေဖို့ ရွေးချယ်သင့်ပါတယ်။ ရိုးရိုးတန်းဟာလည်း အထူးတန်းတွေလိုပဲ လိုရာခရီးကို ပို့ဆောင်ပေးနိုင်ပါတယ်။
(၂) ခရီးသွားရာသီမဟုတ်ချိန် အဖော်တစ်ယောက်နဲ့ခရီးသွားပါ။
ခရီးသွားလက်မှတ်တွေ၊ တည်းခိုနေထိုင်ခတွေဟာ ခရီးသွားရာသီမဟုတ်တဲ့အချိန်မှာ ဈေးပိုပေါပါတယ်။ သွားမယ့်နေရာပေါ်မူတည်ပြီးတော့ တစ်နှစ်ပတ်တာအတွင်း ကွဲပြားပါတယ်။ အဖော်တစ်ယောက်ယောက်နဲ့ သွားခြင်းကလည်း ကုန်ကျစရိတ်တစ်ဝက် သက်သာစေပါတယ်။
(၃) မနက်စာပါပြီးသား ဟိုတယ်ကိုရွေးချယ်ပါ။
ခမ်းနားကြီးမားတဲ့ hotelတွေ ရှောင်ပါ။ မနက်စာပါပြီးသား တည်းခိုခန်းလေးတွေမှာ တည်းတာထက် ၂ဆ ပိုကုန်ကျစေပါတယ်။ စာရင်းမပေးခင် reviewတွေကို အရင်လေ့လာပါ။ သူတို့ရဲ့websiteတွေကနေ ကိုယ်တိုင် Booking လုပ်ပါ။ အများအားဖြင့် ထိုတည်းခိုခန်းလေးတွေကသာ အိမ်ကဲ့သို့ သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ ခရီးသွားတဲ့နေရာမှာရှိတဲ့ သူငယ်ချင်း၊ မိသားစုတွေကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းကြည့်ပါ။
(၄) ခရီးစဉ်မှာဒေသထွက် အစားအစာတွေကိုပဲစားပါ။
ဒေသထွက် အစားအစာတွေရရှိနိ်ုင်တဲ့ စားသောက်ဆိုင်တွေကို သွားပါ။ နေ့တစ်နေ့ရဲ့ အကောင်းဆုံးအစားအစာတွေကို မှာယူပါ။ ရာသီထွက်ကုန်တွေနဲ့ လတ်ဆတ်တဲ့ အစားအစာတွေ ရရှိနိုင်ပါလိမ့်မယ်။ နိုင်ငံခြားသား ခရီးသည်တွေ အသွားများတဲ့ဆိုင်ကို ရှောင်ပါ။ ရေခဲရိုက်ထားတဲ့ မလတ်ဆတ်တဲ့ အစားအစာတွေသာ ရပါလိမ့်မယ်။