အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူပေးသင့်တဲ့ အကြောင်းရင်း (၇)ခု

*** Unicode ***

#POINTYouthPlatform #POINTချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို သင့်ကလေးတွေအတွက် ထားပေးတာဟာ ကောင်းကျိုးအများကြီးရှိပါတယ်။

သူတို့ပိုင်တဲ့အိမ်မွေးတိရစ္ဆာန်တွေကို ဘယ်လိုစောင့်ရှောက်ရမယ်လို့ တွေးတောနေခြင်းကိုက ကလေးငယ်တွေအတွက် အကျိုးထူးစေပါတယ်။ ဒါပေမယ့် မိဘတွေက အဲဒီအိမ်မွေးတိရစ္ဆာန်တွေရဲ့ ဘဝတစ်လျှောက်လုံး ဂရုစိုက်လက်ခံဖို့နဲ့ သူတို့ အကောင်းမြင်တတ်တဲ့ အကျင့်စရိုက်တွေ ရှိစေဖို့တော့ လိုအပ်ပါတယ်။

ချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်ရှိခြင်းက ကလေးငယ်တွေက အရာအားလုံးကို အကောင်းဘက်ကို တွေးလာပြီး ပျော်ရှွင်တဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရပါတယ်။

သူတို့ရဲ့စိတ်ရှည်သည်းခံမှုတွေကို ပထမဆုံးအိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များက သိပါတယ်။ ဒါပေမယ့်အိမ်မွေးတိရစ္ဆာန်တွေကို ကောင်းမွန်တဲ့ဂရုစိုက်မှုတွေပေးဖို့သင့်အိမ်မှာခေါ်ထားတာဟာ ငွေကုန်ကြေးကျများပါတယ်။ မိဘတွေဟာ ကလေးတွေအနားမှာရှိနေရင်တော့ ချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်ကို သင့်ကလေးအတွက် အိမ်ကိုခေါ်ထားဖို့ မလိုပါဘူး။

(၁) အိမ်လေးတိရစ္ဆာန်လေးတွေနဲ့ အတူ ဆော့ကစားခြင်းက သွေးဖိအား ကျစေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို တစ်ယောက်တည်း အထီးကျန်ပြီး ဆော့ကစားစေမယ့်အစား အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားစေတာက ကလေးငယ်အတွက် ပိုပျော်ရှွင်ဖွယ်ကောင်းစေမှာ အမှန်ပါပဲ။

(၂) ကလေးငယ်ကို ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ အပြင်ထွက်လမ်းလျှောက်တာတွေ၊ ပြေးတာတွေ၊ ကစားတာတွေများများလုပ်ခိုင်းနိုင်ပြီး ကျန်းမာရေးနဲ့ဆက်စပ်တဲ့ အားကစားလုပ်ခြင်းတွေအတွက် အကျိုးရှိပါတယ်။

(၃) မကြာခဏ စာဖတ်သူတွေအတွက် အိမ်မွေးတိရစ္ဆာန်ရှေ့မှာ အသံကျယ်ကျယ်ထွက်ပြီး စာဖတ်ခြင်းက ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ သင့်ကလေးငယ်ကလည်း သူ့အချစ်တော်ခွေးလေးရှေ့မှာ စာဖတ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်မှာ မဟုတ်ပါဘူး။

(၄) ကလေးငယ်တွေကို စောင့်ရှောက်၊ ဂရုစိုက်တတ်သူဖြစ်အောင် သင်ပေးပါတယ်။ ကလေးဘဝကတည်းက အိမ်မွေးတိရစ္ဆာန်တွေကို အစာကျွေးတာ၊ ဂရုစိုက်တာတွေ တွေ စတဲ့တာဝန်တွေ ပြုလုပ်ဖို့ တိုက်တွန်းပါ။

(၅) အိမ်မွေးတိရစ္ဆာန်ရှိခြင်းက စိတ်လိုက်မာန်ပါလုပ်တက်ခြင်းကို ထိန်းချုပ်နိုင်ပြီး ပတ်ဝန်းကျင်က သက်ရှိတိရစ္ဆာန်တွေနဲ့ မိမိကိုယ်ကို တန်ဖိုးထားတတ်စေပါတယ်။

(၆) အိမ်မွေးတိစ္ဆာန်တွေကို မိသားစုဝင်၊ မောင်နှမတွေလို အချစ်တွေ၊ ဂရုစိုက်မှုတွေ မျှဝေပေးတာက သင့်ကို ခင်မင်မှုသံယောဇဉ်ဖြစ်စေရုံသာမက ပျော်ရှွင်ကြည်နူးစေပါတယ်။

(၇) အိမ်မွေးတိရစ္ဆာန်တွေကို ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုတွေ ၊ အထီးကျန်မှုတွေနဲ့ ပူပင်သောကတွေကို လျော့ကျစေပါတယ်။ သင့်ရဲ့အိမ်မွေးတိရစ္ဆာန်မှာ သင်လိုအပ်တဲ့ပျော်ရှွင်မှုတွေ၊ စိတ်ချမ်းသာမှုတွေအားလုံး ရရှိနိုင်ပါတယ်။

Writer & Translator : Cherry

—————————————————————————————————————————–

#POINTYouthPlatform #POINT

ချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို သင့်ကလေးတွေအတွက် ထားပေးတာဟာ ကောင်းကျိုးအများကြီးရှိပါတယ်။ သူတို့ပိုင်တဲ့အိမ်မွေးတိရစ္ဆာန်တွေကို ဘယ်လိုစောင့်ရှောက်ရမယ်လို့ တွေးတောနေခြင်းကိုက ကလေးငယ်တွေအတွက် အကျိုးထူးစေပါတယ်။ ဒါပေမယ့် မိဘတွေက အဲဒီအိမ်မွေးတိရစ္ဆာန်တွေရဲ့ ဘဝတစ်လျှောက်လုံး ဂရုစိုက်လက်ခံဖို့နဲ့ သူတို့ အကောင်းမြင်တတ်တဲ့ အကျင့်စရိုက်တွေ ရှိစေဖို့တော့ လိုအပ်ပါတယ်။ ချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်ရှိခြင်းက ကလေးငယ်တွေက အရာအားလုံးကို အကောင်းဘက်ကို တွေးလာပြီး ပျော်ရွှင်တဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရပါတယ်။ သူတို့ရဲ့စိတ်ရှည်သည်းခံမှုတွေကို ပထမဆုံးအိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များက သိပါတယ်။ ဒါပေမယ့်အိမ်မွေးတိရစ္ဆာန်တွေကို ကောင်းမွန်တဲ့ဂရုစိုက်မှုတွေပေးဖို့သင့်အိမ်မှာခေါ်ထားတာဟာ ငွေကုန်ကြေးကျများပါတယ်။ မိဘတွေဟာ ကလေးတွေအနားမှာရှိနေရင်တော့ ချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်ကို သင့်ကလေးအတွက် အိမ်ကိုခေါ်ထားဖို့ မလိုပါဘူး။

(၁) အိမ်လေးတိရစ္ဆာန်လေးတွေနဲ့ အတူ ဆော့ကစားခြင်းက သွေးဖိအား ကျစေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို တစ်ယောက်တည်း အထီးကျန်ပြီး ဆော့ကစားစေမယ့်အစား အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားစေတာက ကလေးငယ်အတွက် ပိုပျော်ရွှင်ဖွယ်ကောင်းစေမှာ အမှန်ပါပဲ။

(၂) ကလေးငယ်ကို ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ အပြင်ထွက်လမ်းလျှောက်တာတွေ၊ ပြေးတာတွေ၊ ကစားတာတွေများများလုပ်ခိုင်းနိုင်ပြီး ကျန်းမာရေးနဲ့ဆက်စပ်တဲ့ အားကစားလုပ်ခြင်းတွေအတွက် အကျိုးရှိပါတယ်။

(၃) မကြာခဏ စာဖတ်သူတွေအတွက် အိမ်မွေးတိရစ္ဆာန်ရှေ့မှာ အသံကျယ်ကျယ်ထွက်ပြီး စာဖတ်ခြင်းက ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။ သင့်ကလေးငယ်ကလည်း သူ့အချစ်တော်ခွေးလေးရှေ့မှာ စာဖတ်ဖို့ ဘယ်တော့မှ တွန့်ဆုတ်မှာ မဟုတ်ပါဘူး။

(၄) ကလေးငယ်တွေကို စောင့်ရှောက်၊ ဂရုစိုက်တတ်သူဖြစ်အောင် သင်ပေးပါတယ်။ ကလေးဘဝကတည်းက အိမ်မွေးတိရစ္ဆာန်တွေကို အစာကျွေးတာ၊ ဂရုစိုက်တာတွေ တွေ စတဲ့တာဝန်တွေ ပြုလုပ်ဖို့ တိုက်တွန်းပါ။

(၅) အိမ်မွေးတိရစ္ဆာန်ရှိခြင်းက စိတ်လိုက်မာန်ပါလုပ်တက်ခြင်းကို ထိန်းချုပ်နိုင်ပြီး ပတ်ဝန်းကျင်က သက်ရှိတိရစ္ဆာန်တွေနဲ့ မိမိကိုယ်ကို တန်ဖိုးထားတတ်စေပါတယ်။

(၆) အိမ်မွေးတိစ္ဆာန်တွေကို မိသားစုဝင်၊ မောင်နှမတွေလို အချစ်တွေ၊ ဂရုစိုက်မှုတွေ မျှဝေပေးတာက သင့်ကို ခင်မင်မှုသံယောဇဉ်ဖြစ်စေရုံသာမက ပျော်ရွှင်ကြည်နူးစေပါတယ်။

(၇) အိမ်မွေးတိရစ္ဆာန်တွေကို ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုတွေ ၊ အထီးကျန်မှုတွေနဲ့ ပူပင်သောကတွေကို လျော့ကျစေပါတယ်။ သင့်ရဲ့အိမ်မွေးတိရစ္ဆာန်မှာ သင်လိုအပ်တဲ့ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာမှုတွေအားလုံး ရရှိနိုင်ပါတယ်။

Writer & Translator : Cherry

 

Current

Leave a Reply

Your email address will not be published. Required fields are marked *