နေလောင်ဒဏ်ကာကွယ်ဖို့နည်းလမ်း ၆ သွယ်

*** Unicode ***

#POINTYouthPlatform #POINT

(၁) နေလောင်ကာ ခရင်မ်လိမ်းပါ။၁၅မိနစ်ထက်ပိုပြီး နေပူထဲထွက်ဖို့အစီစဉ်ရှိရင် SPF30 ပါဝင်တဲ့နေလောင်ဒဏ်ခရင်မ်ကို လိမ်းပါ။ အစိုဓာတ်ပါတဲ့ခရင်မ်သုံးတတ်တယ်ဆိုရင် SPFရောအစိုဓာတ်ရော ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးခြင်းဖြင့် နှစ်ခါလိမ်းရသက်သာပါတယ်။

(၂) သင့်မျက်လုံးတွေကိုကာကွယ်ပါ။အရေးကြောင်းဖြစ်တတ်တဲ့နေရာတွေထဲမှာမှ မျက်လုံးနားတစ်ဝိုက်က မျက်နှာရဲ့ ကျန်တဲ့အစိတ်ပိုင်းတွေထက် အစိုဓာတ်ပိုလိုအပ်တဲ့နေရာတစ်ခုပါ။မျက်လုံးနားကအရေပြားတွေကာကွယ်ပေးဖို့ နေကာမျက်မှန်က အိုမင်းရင့်ရော်စေတဲ့ UV ရောင်ခြည်တွေဒဏ်မှ ကူညီပေးပါတယ်။ အနားဘောင်ပိုကျယ်တဲ့မျက်မှန်တွေက မျက်လုံးနားကအရေပြားကို နူးညံ့အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

(၃) နှုတ်ခမ်းအစိုဓာတ် ခရင်မ်လိမ်းပါ။အိုမင်းရင့်ရော်မှုနဲ့ဆက်စပ်တဲ့ ပါးရေတွန့်တာတွေ၊ နှုတ်ခမ်းနားက အရေးကြောင်းတွေ ဆိုးရွားလှတဲ့နေလောင်ဒဏ်မှ ခုခံနိုင်စွမ်းမရှိတဲ့နှုတ်ခမ်းပါးလေးတွေကို နေရောင်ထိမှုဒဏ်မှကာကွယ်နိုင်ဖို့ ကျနော်တို့အများစု လျစ်လျူရှုထားတတ်တာအမှန်ပါပဲ။ နှုတ်ခမ်းကို ခရင်မ်လိမ်းပေးဖို့ အနည်းဆုံးတစ်နာရီခြားတခါလိမ်းပေးဖို့ သတိရပါ။

(၄) ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့အဝတ်အစားဝတ်ဆင်ပါ။အပေါ်ထပ်အကျီထပ်ဝတ်တာက UVA နဲ့ UVB ရောင်ခြည်တွေဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ၁၅ မှ ၅၀ အထက်ထိ ပါဝင်တဲ့ UPS SPF ပါဝင်တဲ့ပစ္စည်းတွေကတော့ နေရောင်ခြည်ဒဏ်ကို ပိုကာကွယ်နိုင်ပါတယ်။ ပုံမှန်အဝတ်စားတွေက သင့်ကိုကာကွယ်ပေးနိုင်ပေမဲ့ နေရောင်ခြည်ကာ ခရင်မ်တွေလိုတော့ ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ပါဘူး။

(၅) ပူပြင်းလွန်းတဲ့ နေရောင်ခြည်ထဲအလုပ်မရှိပဲမထွက်ပါနှင့်။မနက်၁ဝနာရီ ညနေ၄နာရီကြားမှာ UV ရောင်ခြည် အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ အရိပ်ကိုကြည့်ပါ အရိပ်တိုနေရင်အပြင်ထွက်ဖို့ မသင့်တော်ပါဘူး။ အဲအချိန်အပြင်ထွက်ရင်လည်း နေရောင်ခြည်တိုက်ရိုက်မကျရောက်စေဖို့ ဦးထုပ်ဖြစ်ဖြစ်၊ ထီးဖြစ်ဖြစ် အသုံးပြုပါ။

(၆) ဦးထုပ်ဆောင်းပါ။အနည်းဆုံးနှစ်လက်မ သုံးလက်မအရှည်ရှိတဲ့ အနားသတ်ဦးထုပ်ကိုရွေးချယ်ခြင်းဟာ သင့်မျက်နာ၊ နားနှင့်လည်ပင်နားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

Writer & Translator : Shwe Yi

—————————————————————————————————————————-

#POINTYouthPlatform #POINT

(၁) နေလောင်ကာ ခရင်မ်လိမ်းပါ။

၁၅မိနစ်ထက်ပိုပြီး နေပူထဲထွက်ဖို့အစီစဉ်ရှိရင် SPF30 ပါဝင်တဲ့နေလောင်ဒဏ်ခရင်မ်ကို လိမ်းပါ။ အစိုဓာတ်ပါတဲ့ခရင်မ်သုံးတတ်တယ်ဆိုရင် SPFရောအစိုဓာတ်ရော ပါဝင်တဲ့ ခရင်မ်ကို လိမ်းပေးခြင်းဖြင့် နှစ်ခါလိမ်းရသက်သာပါတယ်။

(၂) သင့်မျက်လုံးတွေကိုကာကွယ်ပါ။

အရေးကြောင်းဖြစ်တတ်တဲ့နေရာတွေထဲမှာမှ မျက်လုံးနားတစ်ဝိုက်က မျက်နှာရဲ့ ကျန်တဲ့အစိတ်ပိုင်းတွေထက် အစိုဓာတ်ပိုလိုအပ်တဲ့နေရာတစ်ခုပါ။
မျက်လုံးနားကအရေပြားတွေကာကွယ်ပေးဖို့ နေကာမျက်မှန်က အိုမင်းရင့်ရော်စေတဲ့ UV ရောင်ခြည်တွေဒဏ်မှ ကူညီပေးပါတယ်။ အနားဘောင်ပိုကျယ်တဲ့မျက်မှန်တွေက မျက်လုံးနားကအရေပြားကို နူးညံ့အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

(၃) နှုတ်ခမ်းအစိုဓာတ် ခရင်မ်လိမ်းပါ။

အိုမင်းရင့်ရော်မှုနဲ့ဆက်စပ်တဲ့ ပါးရေတွန့်တာတွေ၊ နှုတ်ခမ်းနားက အရေးကြောင်းတွေ ဆိုးရွားလှတဲ့နေလောင်ဒဏ်မှ ခုခံနိုင်စွမ်းမရှိတဲ့နှုတ်ခမ်းပါးလေးတွေကို နေရောင်ထိမှုဒဏ်မှကာကွယ်နိုင်ဖို့ ကျနော်တို့အများစု လျစ်လျူရှုထားတတ်တာအမှန်ပါပဲ။ နှုတ်ခမ်းကို ခရင်မ်လိမ်းပေးဖို့ အနည်းဆုံးတစ်နာရီခြားတခါလိမ်းပေးဖို့ သတိရပါ။

(၄) ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့အဝတ်အစားဝတ်ဆင်ပါ။

အပေါ်ထပ်အကျီထပ်ဝတ်တာက UVA နဲ့ UVB ရောင်ခြည်တွေဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ၁၅ မှ ၅၀ အထက်ထိ ပါဝင်တဲ့ UPS SPF ပါဝင်တဲ့ပစ္စည်းတွေကတော့ နေရောင်ခြည်ဒဏ်ကို ပိုကာကွယ်နိုင်ပါတယ်။ ပုံမှန်အဝတ်စားတွေက သင့်ကိုကာကွယ်ပေးနိုင်ပေမဲ့ နေရောင်ခြည်ကာ ခရင်မ်တွေလိုတော့ ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ပါဘူး။

(၅) ပူပြင်းလွန်းတဲ့ နေရောင်ခြည်ထဲအလုပ်မရှိပဲမထွက်ပါနှင့်။

မနက်၁၀နာရီ ညနေ၄နာရီကြားမှာ UV ရောင်ခြည် အမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ အရိပ်ကိုကြည့်ပါ အရိပ်တိုနေရင်အပြင်ထွက်ဖို့ မသင့်တော်ပါဘူး။ အဲအချိန်အပြင်ထွက်ရင်လည်း နေရောင်ခြည်တိုက်ရိုက်မကျရောက်စေဖို့ ဦးထုပ်ဖြစ်ဖြစ်၊ ထီးဖြစ်ဖြစ် အသုံးပြုပါ။

(၆) ဦးထုပ်ဆောင်းပါ။

အနည်းဆုံးနှစ်လက်မ သုံးလက်မအရှည်ရှိတဲ့ အနားသတ်ဦးထုပ်ကိုရွေးချယ်ခြင်းဟာ သင့်မျက်နာ၊ နားနှင့်လည်ပင်နားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

Writer & Translator : Shwe Yi

 

Current

Leave a Reply

Your email address will not be published. Required fields are marked *