အားလပျရကျမှာ စာအုပျဖတျသငျ့တဲ့အကွောငျးရငျး

ကျွန်တော်တို့ ပုထုစဉ်လူသားတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို အလုပ်တာဝန်၊ မိသားစုပြဿနာ၊ လူမှုရေးပြဿနာ တွေနဲ့ ဖိစီးနေတတ်ကြတယ်။ တစ်ခါတစ်လေ ကိုယ့်အတွက်ကိုယ်တောင်မေ့တတ်ကြတယ်။ ကိုယ် အိမ်မက်တွေတောင်ပျောက်ကွယ်နေတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကိုယ်ပိုင်အားလပ်ချိန်ဖြစ်ဖြစ်၊ အားလပ်ရက်ဖြစ်ဖြစ် ယူဖို့သင့်ပါတယ်။

ဒါဆို အားလပ်ရက်တွေမှာ ဘာလုပ်ကြမလဲ။ အကြိုက်ကိုယ်စီရှိကြမှာပါ။ ကျွန်တော်တို့ စိတ်သောကရောက်နေတာတွေကို ဖြေလျော့ဖို့ စာဖတ်ပါလို့ပဲ အကြံပြုပါရစေ။ ဒီနေ့ခေတ်လို ပိုက်ဆံရှိလို့ကတော့ ပျော်ရွှင်စရာပေါများတဲ့ခေတ်၊ ကမ္ဘာကြီးက ရွာသဖွယ်ဖြစ်လာတဲ့ခေတ်မှာ ဘာကြောင့်စာဖတ်ခိုင်းရတာလို့ထင်ပါလဲ။

ကိုယ့်ကိုယ်ပိုင် အားလပ်ရက်တွေ၊အားလပ်ချိန်တွေမှာ ဘာကြောင့်စာဖတ်ခိုင်းတယ်ထင်ပါသလဲ။ စာဖတ်တယ်ဆိုတာ အချိန်ပေးရပါတယ်။ သာမာန် ငါတစ်နေ့တစ်အုပ်ပြီးရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ဖတ်ရင်တော့ စာဖတ်ခြင်းကနေ ပေးခြင်းတဲ့ အနှစ်သာရတစ်ခု ရလိမ့်မယ်မဟုတ်ပါ။ ဆားမပါတဲ့ ဟင်းတစ်ပွဲလိုပါပဲ။ ဘာကြောင့် အားလပ်ရက်တွေမှာ စာဖတ်သင့်တဲ့အကြောင်း ရှင်းပြပါရစေ။

အဓိကအကြောင်းအရင်းကို ပြောပါဆို အသိဉာဏ်ဗဟုသုတတွေ ရရှိဖို့ပဲဖြစ်တယ်။ စာအုပ်တွေက သတင်းအချက်အလက် ကြွယ်ဝပါတယ်။ စာဖတ်ခြင်းကနေ နယ်ပယ်အစုံက အဖြစ်အပျက်တွေ၊ လူတွေရဲ့ အကျင့်စရိုက်တွေ သိရှိနိုင်ပါတယ်။ ဒါဆို အားလပ်ရက်မှာ ကိုယ်အသိဗဟုသုတ တစ်ခု တိုးပွားသွားတာပေါ့။လူတစ်ယောက်အောင်မြင်တယ်ဆိုတာ သူ့အားလပ်ချိန်တွေမှာ ဘာတွေလုပ်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။

အားလပ်ရက်တွေမှာ စာဖတ်ခြင်းကနေ လက်ရှိခံစားနေရတဲ့ ပြဿနာပေါင်းစုံကို အဖြေထုတ်လိုက်ရအောင်။ အလုပ်မှာ စိတ်ညစ်စရာတွေရှိတယ်။ ဘာကြောင့် စိတ်ညစ်ရတာလဲ အဖြေသိဖို့ စာဖတ်လိုက်ရအောင်။ အနည်းဆုံးတော့ အဖြေတစ်ခု ရှာတွေ့သွားမှာ ဖြစ်တယ်။ ဒီလိုဆို ကျွန်တော်တို့အားလပ်ရက်တွေက အကျိုးရှိသွားမှာမဟုတ်ပါလား။

စာအုပ်ဖတ်ခြင်းကနေ ကျွန်တော်တို့ ဖန်တီးနိုင်စွမ်းတွေ အသိတွေတိုးစေပါတယ်။ လုပ်ငန်းခွင်အတွင်း လိုအပ်နေတဲ့ တီထွင်ဖန်တီးနိုင်တဲ့ အတတ်ပညာတစ်ခု သင်ယူလိုက်ရသလိုပါပဲ။ လုပ်ငန်းခွင်ပြန်ဝင်တဲ့အခါ လုပ်ရကိုင်ရ လွယ်ကူစေတာပေါ့။ အားလပ်ရက်မှာ နောက်ထပ်အကျိုးရှိတာတစ်ခု လုပ်လိုက်ပြန်ပြီပေါ့

နောက်တစ်ချက်အနေနဲ့ မိသားစုအတွင်းမှာ ဘာကြောင့် ပြဿနာတက်ရတာလဲ။ ပြဿနာတစ်ခုဆိုတာ အချိန်ယူပြီး ဖြေရှင်းရတာမျိုးပါ။ဒီအတိုင်းသာထားလိုက်မယ်ဆို မိသားစုအတွင်း အစိုင်အခဲ အဖုအထစ်တစ်ခု ဖြစ်သွားမှာပဲ ဖြစ်တယ်။ ကျွန်တော်တို့ စာဖတ်ခြင်းကနေ ကိုယ်မမြင်နိုင်တဲ့ ခံစားချက်တွေကို တွေ့လာနိုင်ပါလိမ့်မယ်။ ဒါဆို နားလည်မှု၊သည်းခံမှု တရားတွေ ရရှိသွားမှာဖြစ်တယ်။ အားလပ်ရက်မှာ အချိန်ယူပြီး ပြဿနာတစ်ခုဖြေရှင်းလိုက်သလိုပါပဲ။

“ How to Win Friends and Influence People “ ဆိုတဲ့စာအုပ်ကို လူတိုင်းဖတ်ဖူးမယ်ထင်ပါတယ်။ ထိုစာအုပ်က ကျွန်တော်တို့ကို လူမှုဆက်ဆံရေးကျယ်ပြန့်အောင် ဆောင်ရွက်ပေးစေတယ်။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲစေတယ်။ အားလပ်ရက်မှာ အခုလိုစာအုပ်မျိုးဖတ်လိုက်ခြင်းကနေ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များနှင့် ပြောဆိုဆက်ဆံရ လွယ်ကူသွားပါလိမ့်မယ်။ ဒါကြောင့် အားလပ်ရက်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီးူ စာဖတ်ခြင်းဖြင့် ကိုယ့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းလိုက်ပါလို့ အဆိုပြုပါရစေ။

Current, Education

Leave a Reply

Your email address will not be published. Required fields are marked *