
*** Unicode ***
#POINT #PointYouthPlatform
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ(ICT)ကျွမ်းကျင်မှုသည် Uganda ရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာသောလုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရာတွင် အဓိကအခန်းကဏ္ဍဍကနေပါဝင်နေပါသည်။
Uganda ဆက်သွယ်ရေးကော်မရှင်စီမံခန့်ခွဲရေးအရာရှိ Godfrey Mutabazi က ဒီဂျစ်တယ်စကေးဆိုသည်မှာ စီးပွားစွန့်ဦးတီထွင်လိုစိတ် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်လိုစိတ်တို့ကို မွေးမြူပေးနေသည်ဟု ပြောခဲ့ပါသည်။
အင်္ဂါနေ့က Makerere တက္ကသိုလ်မှာ ကျင်းပခဲ့သော Greater Kampala Metropolitan Area အတွက် အသေးစားအလတ်စားလုပ်ငန်းများကို ဒီဂျစ်တယ်စာပေနှင့်ကျွမ်းကျင်မှုအကြောင်းအရာများ စတင်သင်ကြားပေးမှုကို လုပ်ဆောင်ပေးခဲ့ပါသည်။
ကျေးလက်ဒေသဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့၏ လက်အောက်ရှိ UCC အဖွဲ့သည် စွန့်ဦးစီးပွားရေးပညာရှင်များအား ပိုမိုကျယ်ပြန့်သည့် ဖောက်သည်ကွန်ရက်ထိအောင် အရောက်လှမ်းနိုင်စေဖို့ ICT လုပ်ဆောင်ချက်များနှင့် အင်တာနက်အသုံးပြုမှုတို့အကြောင်း ဗဟုသုတတွေကို မျှဝေပေးနေပါသည်။
Uganda မှာ မေးမြန်းထားခဲ့သော လုပ်ငန်းပေါင်း၃ဝဝ ၏ ၉ရာခိုင်နှုန်းလောက်သာလျှင် အွန်လိုင်းမှာ အဆက်အသွယ်တွေရှိကြပြီး၊ ၆ရာခိုင်နှုန်းလောက်က အွန်လိုင်းမှာ ကြော်ငြာပြုလုပ်ကြကာ ၂၂ ရာခိုင်နှုန်းလောက်သာလျှင် ကွန်ပြူတာဗဟုသုတရှိကြောင်း အသေးစားနှင့်အလတ်စားလုပ်ငန်းအဖွဲ့ချုပ်၏၂၀၁၅ လေ့လာမှုမှာ ဖော်ပြထားပါသည်။
၁၄ရာခိုင်နှုန်းလောက်သာလျှင် အွန်လိုင်းကနေ အကျိုးစီးပွားကိုရနိုင်ကြပြီး ၇၃ ရာခိုင်နှုန်းလောက်သည် သူတို့လုပ်ငန်းကိုလုပ်ဆောင်ရာတွင် ဒီဂျစ်တယ်တတ်မြောက်မှုအပိုင်းက အတားအဆီးဖြစ်နေတယ်ဟု ပြောဆိုထားကြသည်ကိုတွေ့ရပါသည်။
ထို့ကြောင့် အနာဂတ်မှာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ဒီဂျစ်တယ်လုပ်ဆောင်ချက်များကို လုပ်ဆောင်ဖို့ရန် လိုအပ်ပါသည်။လချီကြာသည့်ပွဲတစ်ခုသည် ဒီဂျစ်တယ်စီးပွားရေးလောကတွင် လုပ်ငန်းအခွင့်အရေးများကို ကောင်းကောင်းအသုံးချနိုင်စေရန် လုပ်ငန်းများကို ကူညီပေးရန် ရည်ရွယ်ပါသည်။
Uganda ရှိ အသေးစားအလတ်စားလုပ်ငန်းများကြား နေရာတကာပျံ့နှံ့နေသော ဒီဂျစ်တယ်အပိုင်းကို လုပ်ဆောင်ဖို့ ရှာဖွေနေကြပါသည်။ပစ်မှတ်ထားသည့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို လုပ်ငန်းမှပေးသော ICT အခွင့်အရေးများအား နားလည် သဘောပေါက်လုပ်ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
ICT လုပ်ဆောင်ချက်များတွင် အခြေခံအချက်များနှင့် ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်လာစေပါလိမ့်မည်။လုပ်ငန်းငယ်လေးများ ကြုံတွေ့နေရသည့် ICT စိန်ခေါ်မှုများအား နေ့စဉ်ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုသည့်အရာများကို လေ့ကျင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ဒီအစီအစဉ်သည် Kampala ၊ Mukono ၊ Entebbe နှင့် Wakiso တို့ရှိ စီးပွားရေးစွန့်ဦးလုပ်ငန်းရှင် ၁ဝဝဝ ကိုပစ်မှတ်ထားထားပါသည်။UCC သည် နိုင်ငံတကာComputer Driver လိုင်စင်(ICDL) မှာ အသိအမှတ်ပြုထားသော သင်ရိုးညွှန်းတမ်းများဖြစ်သည့် Digital citizen နှင့် digital citizen plus များကို သင်တန်းသားများအား သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပါသည်။
သင်ရိုးမာတိကာတွင် ကွန်ပြူတာအသုံးပြုပုံအခြေခံအချက်များ၊ Desktop ဆောင်ရွက်မှုများ၊ ဝက်ဆိုက်ဒ်ရှာဖွေမှုများ၊ အီးမေးလ်ပို့ဆောင်မှုများ၊ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုများ၊ စာရွက်စာတမ်းများ ဖန်တီးပြုပြင်မှုများ ကို မိတ်ဆက်ပေးမှာဖြစ်ပါသည်။
လေ့ကျင့်ရေးအဆုံးသတ်တွင် အသေးစားအလတ်စားလုပ်ငန်းများသည် ICT အသုံးပြုရန်နှင့် သူတို့လုပ်ငန်း၏လိုအပ်ချက်များကိုလုပ်ဆောင်ပေးမည့် အင်တာနက်အသုံးပြုမှုများကို ပိုမိုတိုးတက်လာစေတော့မည်ဖြစ်ပါသည်။
Uganda ရှိ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထီးတစ်လက်ဖြစ်ခဲ့သော Uganda အသေးစားအလတ်စားစီးပွားရေးဌာနချုပ်(FSMEU) မှ ထိုအစီအစဉ်ကို ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။
စွန့်ဦးစီးပွားရေးပညာရှင်ပေါင်း၂၅ဝဝဝ ပါဝင်သည့် ပရဟိတအဖွဲ့အစည်းတစ်ခုအဖြစ်နှင့် လွန်ခဲ့သည့် ၃၅ နှစ်လောက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။Uganda ရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများအား လူပေါင်းသုံးသန်းကျော်ကို အလုပ်ခန့်အပ်ဖို့ပြောထားပါသည်။
ကိုယ်ပိုင်အခန်းကဏ္ဍဍ ၉၀ ရာခိုင်နှုန်း ကျော်ကို ဖွဲ့စည်းတည်ဆောက်ဖို့ရန်နှင့် national gross domestic product (GDP) ကို ၇၀ ရာခိုင်နှုန်းကျော် ကိုလဲ ထောက်ပံ့ဖို့ရန်ကိုလဲ ပြောဆိုထားပါသည်။
Writer & Translator : Su Mon
—————————————————————————————————————————–
#POINT #PointYouthPlatform
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ(ICT)ကျွမ်းကျင်မှုသည် Uganda ရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ခိုင်မာသောလုပ်ငန်းပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရာတွင် အဓိကအခန်းကဏ္ဍကနေပါဝင်နေပါသည်။Uganda ဆက်သွယ်ရေးကော်မရှင်စီမံခန့်ခွဲရေးအရာရှိ Godfrey Mutabazi က ဒီဂျစ်တယ်စကေးဆိုသည်မှာ စီးပွားစွန့်ဦးတီထွင်လိုစိတ် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်လိုစိတ်တို့ကို မွေးမြူပေးနေသည်ဟု ပြောခဲ့ပါသည်။အင်္ဂါနေ့က Makerere တက္ကသိုလ်မှာ ကျင်းပခဲ့သော Greater Kampala Metropolitan Area အတွက် အသေးစားအလတ်စားလုပ်ငန်းများကို ဒီဂျစ်တယ်စာပေနှင့်ကျွမ်းကျင်မှုအကြောင်းအရာများ စတင်သင်ကြားပေးမှုကို လုပ်ဆောင်ပေးခဲ့ပါသည်။ကျေးလက်ဒေသဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့၏ လက်အောက်ရှိ UCC အဖွဲ့သည် စွန့်ဦးစီးပွားရေးပညာရှင်များအား ပိုမိုကျယ်ပြန့်သည့် ဖောက်သည်ကွန်ရက်ထိအောင် အရောက်လှမ်းနိုင်စေဖို့ ICT လုပ်ဆောင်ချက်များနှင့် အင်တာနက်အသုံးပြုမှုတို့အကြောင်း ဗဟုသုတတွေကို မျှဝေပေးနေပါသည်။Uganda မှာ မေးမြန်းထားခဲ့သော လုပ်ငန်းပေါင်း၃၀ဝ ၏ ၉ရာခိုင်နှုန်းလောက်သာလျှင် အွန်လိုင်းမှာ အဆက်အသွယ်တွေရှိကြပြီး၊ ၆ရာခိုင်နှုန်းလောက်က အွန်လိုင်းမှာ ကြော်ငြာပြုလုပ်ကြကာ ၂၂ ရာခိုင်နှုန်းလောက်သာလျှင် ကွန်ပြူတာဗဟုသုတရှိကြောင်း အသေးစားနှင့်အလတ်စားလုပ်ငန်းအဖွဲ့ချုပ်၏၂၀၁၅ လေ့လာမှုမှာ ဖော်ပြထားပါသည်။၁၄ရာခိုင်နှုန်းလောက်သာလျှင် အွန်လိုင်းကနေ အကျိုးစီးပွားကိုရနိုင်ကြပြီး ၇၃ ရာခိုင်နှုန်းလောက်သည် သူတို့လုပ်ငန်းကိုလုပ်ဆောင်ရာတွင် ဒီဂျစ်တယ်တတ်မြောက်မှုအပိုင်းက အတားအဆီးဖြစ်နေတယ်ဟု ပြောဆိုထားကြသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် အနာဂတ်မှာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ဒီဂျစ်တယ်လုပ်ဆောင်ချက်များကို လုပ်ဆောင်ဖို့ရန် လိုအပ်ပါသည်။လချီကြာသည့်ပွဲတစ်ခုသည် ဒီဂျစ်တယ်စီးပွားရေးလောကတွင် လုပ်ငန်းအခွင့်အရေးများကို ကောင်းကောင်းအသုံးချနိုင်စေရန် လုပ်ငန်းများကို ကူညီပေးရန် ရည်ရွယ်ပါသည်။Uganda ရှိ အသေးစားအလတ်စားလုပ်ငန်းများကြား နေရာတကာပျံ့နှံ့နေသော ဒီဂျစ်တယ်အပိုင်းကို လုပ်ဆောင်ဖို့ ရှာဖွေနေကြပါသည်။ပစ်မှတ်ထားသည့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို လုပ်ငန်းမှပေးသော ICT အခွင့်အရေးများအား နားလည် သဘောပေါက်လုပ်ဆောင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။ ICT လုပ်ဆောင်ချက်များတွင် အခြေခံအချက်များနှင့် ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်လာစေပါလိမ့်မည်။လုပ်ငန်းငယ်လေးများ ကြုံတွေ့နေရသည့် ICT စိန်ခေါ်မှုများအား နေ့စဉ်ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုသည့်အရာများကို လေ့ကျင့်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ဒီအစီအစဉ်သည် Kampala ၊ Mukono ၊ Entebbe နှင့် Wakiso တို့ရှိ စီးပွားရေးစွန့်ဦးလုပ်ငန်းရှင် ၁၀ဝ၀ ကိုပစ်မှတ်ထားထားပါသည်။UCC သည် နိုင်ငံတကာComputer Driver လိုင်စင်(ICDL) မှာ အသိအမှတ်ပြုထားသော သင်ရိုးညွှန်းတမ်းများဖြစ်သည့် Digital citizen နှင့် digital citizen plus များကို သင်တန်းသားများအား သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ပါသည်။သင်ရိုးမာတိကာတွင် ကွန်ပြူတာအသုံးပြုပုံအခြေခံအချက်များ၊ Desktop ဆောင်ရွက်မှုများ၊ ဝက်ဆိုက်ဒ်ရှာဖွေမှုများ၊ အီးမေးလ်ပို့ဆောင်မှုများ၊ လူမှုကွန်ရက်မီဒီယာအသုံးပြုမှုများ၊ စာရွက်စာတမ်းများ ဖန်တီးပြုပြင်မှုများ ကို မိတ်ဆက်ပေးမှာဖြစ်ပါသည်။လေ့ကျင့်ရေးအဆုံးသတ်တွင် အသေးစားအလတ်စားလုပ်ငန်းများသည် ICT အသုံးပြုရန်နှင့် သူတို့လုပ်ငန်း၏လိုအပ်ချက်များကိုလုပ်ဆောင်ပေးမည့် အင်တာနက်အသုံးပြုမှုများကို ပိုမိုတိုးတက်လာစေတော့မည်ဖြစ်ပါသည်။Uganda ရှိ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ထီးတစ်လက်ဖြစ်ခဲ့သော Uganda အသေးစားအလတ်စားစီးပွားရေးဌာနချုပ်(FSMEU) မှ ထိုအစီအစဉ်ကို ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။စွန့်ဦးစီးပွားရေးပညာရှင်ပေါင်း၂၅၀ဝ၀ ပါဝင်သည့် ပရဟိတအဖွဲ့အစည်းတစ်ခုအဖြစ်နှင့် လွန်ခဲ့သည့် ၃၅ နှစ်လောက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။Uganda ရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများအား လူပေါင်းသုံးသန်းကျော်ကို အလုပ်ခန့်အပ်ဖို့ပြောထားပါသည်။ ကိုယ်ပိုင်အခန်းကဏ္ဍ ၉၀ ရာခိုင်နှုန်း ကျော်ကို ဖွဲ့စည်းတည်ဆောက်ဖို့ရန်နှင့် national gross domestic product (GDP) ကို ၇၀ ရာခိုင်နှုန်းကျော် ကိုလဲ ထောက်ပံ့ဖို့ရန်ကိုလဲ ပြောဆိုထားပါသည်။
Writer & Translator : Su Mon