စိတ်အားထက်သန်ခြင်း အနုပညာ

*** Unicode ***

စိတ်အားထက်သန်မှုဆိုတာဟာ တန်ဖိုးကြီးမားလှတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ဒီအရည်အသွေးဟာ ဘယ်လို ခက်ခဲတဲ့ အခြေအနေတစ်ခုပဲ ဖြစ်နေပါစေ၊ သူဟာ အခက်အခဲတိုင်းကို ဖြတ်သန်းဖို့အတွက် အဆင်သင့်ဖြစ်နေစေပါတယ်။

ဤကမ္ဘာမှာ နေထိုင်နေတဲ့ လူအားလုံး ကြိုးစားရုန်းကန်နေရတဲ့ အချိန်မှာ စိတ်အားထက်သန်မှုဆိုတာ အလွန်အရေးကြီးတဲ့ အရည်အသွေးတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှုဟာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးလိုပါပဲ။

ဘာကြောင့်ဆို တစ်ခုခုကို စိတ်အားထက်သန်စွာ ကြိုးစားနေတဲ့ လူတစ်ယောက်အနားမှာ မင်းနေထိုင်မယ်ဆို မင်းလဲပဲ ထိုလူအတိုင်း ဖြစ်လာနိုင်လို့ပါ။နောက်ပြီး ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တက်ကြွမှုတွေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ဇွဲ၊လုံ့လ၊ ဝီရိယ ကြီးရုံနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မီးခဲတမျှ လောင်ကျွမ်းနေတဲ့ အပူတစ်ခု ရှိနေလို့ပါပဲ။

အဲ့အပူဟာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို မရမက ကျားကုတ်ကျားခဲ နဲ့ ကြိုးစားလာအောင် လောင်ကျွမ်းစေပါတယ်။ထပ်ပြီး အသေးစိတ်ပြောရမယ်ဆိုရင် စိတ်အားထက်သန်မှုမရှိဘဲ သိသာအောင်မြင်တဲ့ အောင်မြင်မှုတွေလည်း ရှိလာမှာ မဟုတ်ပါ။

Thomas Edison လိုတီထွင်ခဲ့တဲ့လူတွေ၊ Colonel Sanders လို KFC ကြက်ကြော်တည်ထောင်ခဲ့တဲ့ လူတွေ၊ Wright Brother လိုမျိုး လေယာဉ်ပျံ တီထွင်ခဲ့တဲ့ လူတွေ၊ World Disney လို ကမ္ဘာ့အဆင့်မှီ ကာတွန်းကား တီထွင်ခဲ့တဲ့ လူတွေ စတဲ့ လူတွေကို တစ်ချက်လေ့လာကြည့်ပါ။

သူတို့မှာ ခိုင်မာစွာ ချထားတဲ့ ပန်းတိုင်တစ်ခု ရှိပြီး ဖြစ်ချင်ဇောရှိတဲ့ စိတ်အားထက်သန်မှုက သူတို့ကို မောင်းနှင်ပေးနေလို့ပဲ ဖြစ်တယ်။ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေက လုပ်ငန်းတစ်ခု လုပ်ဆောင်ဖို့အတွက် ၊ ရည်ရွယ်ချက် ပန်းတိုင်တွေ ရောက်ရှိ နိုင်ဖို့အတွက် အင်အားတွေ ပေးနေတာကြောင့်ပဲ ဖြစ်တယ်။

ဘာကြောင့် ကျွန်တော်တို့တွေမှာ စိတ်အားထက်သန်မှုတွေ ရှိဖို့လိုတာလဲ။ အဲ့ အရည်အသွေးကရော ဘာကြောင့် စွမ်းအားတွေ ရှိနေရတာလဲ။ မေးဖို့ သင့်တဲ့ မေးခွန်းလေးပါ။ ဘာကြောင့်ဆို အဆိုးမြင်တဲ့ လောကကြီးထဲမှာ နေထိုင်နေလို့ပဲ ဖြစ်တယ်။ ထို မကောင်းတဲ့ အတွေးတွေ၊ သတင်းတွေကို အစားအသောက်သဖွယ် ကျွန်တော်တို့ရဲ့ စိတ်ထဲ သွင်းနေလို့ပဲ ဖြစ်တယ်။

စိတ်အားထက်သန်မှုရှိခြင်းက ကျွန်တော်တို့ရဲ့ အခက်အခဲဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့၊ အခွင့်အရေးတစ်ခု အားဆေးတစ်ခွက်အဖြစ် တည်ရှိနေလို့ပဲ ဖြစ်တယ်။ ထို အရည်အသွေးက ကျွန်တော်တို့ ဘယ်လို မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ရှိအောင် ဘယ်လိုလုပ်မယ်ဆိုတာကို အမြဲတမ်း စဉ်းစားနေမှာ ဖြစ်ပါတယ်။

——————————————————————————————————————————-

စိတ်အားထက်သန်မှုဆိုတာဟာ တန်ဖိုးကြီးမားလှတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ဒီအရည်အသွေးဟာ ဘယ်လို ခက်ခဲတဲ့ အခြေအနေတစ်ခုပဲ ဖြစ်နေပါစေ၊ သူဟာ အခက်အခဲတိုင်းကို ဖြတ်သန်းဖို့အတွက် အဆင်သင့်ဖြစ်နေစေပါတယ်။

ဤကမ္ဘာမှာ နေထိုင်နေတဲ့ လူအားလုံး ကြိုးစားရုန်းကန်နေရတဲ့ အချိန်မှာ စိတ်အားထက်သန်မှုဆိုတာ အလွန်အရေးကြီးတဲ့ အရည်အသွေးတစ်ခုပဲ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှုဟာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးလိုပါပဲ။ ဘာကြောင့်ဆို တစ်ခုခုကို စိတ်အားထက်သန်စွာ ကြိုးစားနေတဲ့ လူတစ်ယောက်အနားမှာ မင်းနေထိုင်မယ်ဆို မင်းလဲပဲ ထိုလူအတိုင်း ဖြစ်လာနိုင်လို့ပါ။

နောက်ပြီး ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တက်ကြွမှုတွေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ဇွဲ၊လုံ့လ၊ ဝီရိယ ကြီးရုံနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မီးခဲတမျှ လောင်ကျွမ်းနေတဲ့ အပူတစ်ခု ရှိနေလို့ပါပဲ။ အဲ့အပူဟာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို မရမက ကျားကုတ်ကျားခဲ နဲ့ ကြိုးစားလာအောင် လောင်ကျွမ်းစေပါတယ်။

ထပ်ပြီး အသေးစိတ်ပြောရမယ်ဆိုရင် စိတ်အားထက်သန်မှုမရှိဘဲ သိသာအောင်မြင်တဲ့ အောင်မြင်မှုတွေလည်း ရှိလာမှာ မဟုတ်ပါ။ Thomas Edison လိုတီထွင်ခဲ့တဲ့လူတွေ၊ Colonel Sanders လို KFC ကြက်ကြော်တည်ထောင်ခဲ့တဲ့ လူတွေ၊ Wright Brother လိုမျိုး လေယာဉ်ပျံ တီထွင်ခဲ့တဲ့ လူတွေ၊ World Disney လို ကမ္ဘာ့အဆင့်မှီ ကာတွန်းကား တီထွင်ခဲ့တဲ့ လူတွေ စတဲ့ လူတွေကို တစ်ချက်လေ့လာကြည့်ပါ။ သူတို့မှာ ခိုင်မာစွာ ချထားတဲ့ ပန်းတိုင်တစ်ခု ရှိပြီး ဖြစ်ချင်ဇောရှိတဲ့ စိတ်အားထက်သန်မှုက သူတို့ကို မောင်းနှင်ပေးနေလို့ပဲ ဖြစ်တယ်။

ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေက လုပ်ငန်းတစ်ခု လုပ်ဆောင်ဖို့အတွက် ၊ ရည်ရွယ်ချက် ပန်းတိုင်တွေ ရောက်ရှိ နိုင်ဖို့အတွက် အင်အားတွေ ပေးနေတာကြောင့်ပဲ ဖြစ်တယ်။

ဘာကြောင့် ကျွန်တော်တို့တွေမှာ စိတ်အားထက်သန်မှုတွေ ရှိဖို့လိုတာလဲ။ အဲ့ အရည်အသွေးကရော ဘာကြောင့် စွမ်းအားတွေ ရှိနေရတာလဲ။ မေးဖို့ သင့်တဲ့ မေးခွန်းလေးပါ။ ဘာကြောင့်ဆို အဆိုးမြင်တဲ့ လောကကြီးထဲမှာ နေထိုင်နေလို့ပဲ ဖြစ်တယ်။ ထို မကောင်းတဲ့ အတွေးတွေ၊ သတင်းတွေကို အစားအသောက်သဖွယ် ကျွန်တော်တို့ရဲ့ စိတ်ထဲ သွင်းနေလို့ပဲ ဖြစ်တယ်။

စိတ်အားထက်သန်မှုရှိခြင်းက ကျွန်တော်တို့ရဲ့ အခက်အခဲဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့၊ အခွင့်အရေးတစ်ခု အားဆေးတစ်ခွက်အဖြစ် တည်ရှိနေလို့ပဲ ဖြစ်တယ်။ ထို အရည်အသွေးက ကျွန်တော်တို့ ဘယ်လို မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ရှိအောင် ဘယ်လိုလုပ်မယ်ဆိုတာကို အမြဲတမ်း စဉ်းစားနေမှာ ဖြစ်ပါတယ်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *