“ဖန်တီးနိုင်စွမ်းဆိုတာ လူတိုင်းအတွက်ပါ”

#POINT #PointYouthPlatform

ဖန်တီးနိုင်စွမ်းမှာ တံဆိပ်ရိုက်ထားတဲ့ ပြဿနာတစ်ခု ရှိပါတယ်။
လူအများစုက ဖန်တီးမှုအကြောင်းတွေးတဲ့အခါ၊ သူတို့ကိုယ်သူတို့ ဖန်တီးနိုင်စွမ်းရှိတယ်လို့ မယူဆကြပါဘူး။
အနုပညာရှင်တွေပဲ ဖန်တီးနိင်ကြတယ်လို့ ယူဆထားကြပါတယ်။ ပန်းချီဆရာတွေ၊ ပါဘလိုပီကာဆိုနဲ့ ဂျော်ဂျီယာ အိုခီဖီတို့ပေါ့။
အလုပ်လုပ်တဲ့သူတွေက အလှအပနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ တွေးထားတဲ့ နည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဘယ်လိုမြင်လဲဆိုတာတောင် ပြင်ပစ်လိ်ုက်ကြပါတယ်။
ဒါမှမဟုတ် ကျွန်တော်တို့ စိတ်တွေက ဝေါဒစ်စနေး၊ စတိဂျော့ဗ်တို့လို တီထွင်သူတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ သူတို့ရဲ့ ဖန်တီးမှုတွေက လက်ရှိှိ ထုတ်ကုန်တွေနဲ့ အလွန်ကွဲပြားပြီး၊ လုပ်ငန်းစဉ်တွေက လည်း စက်မှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နဲ့ သိသာထင်ရှားစွာ ပြောင်းလဲလိုက်ပါတယ်။
သူတို့က မျှော်လင့်တဲ့အတိုင်း ဖြစ်အောင်လုပ်ဖို့ နမူနာယူသင့်တဲ့ စံပြတွေဖြစ်ပါတယ်။ ဒါပေမယ့် ဖန်တီးနိ်ုင်စွမ်းဆိုတာ လုံးလုံး တွန်းလှန်ပစ်ရမယ့် အတွေးအခေါ်တွေ မဟုတ်ပါဘူး။ ပြီးတော့ အနုပညာရှင်တွေနဲ့ စိတ်ကူးကောင်းသူတွေရဲ့နယ်ပယ်ပဲ မဟုတ်ပါဘူး။ ဖန်တီးနိ်ုင်စွမ်းဆိုတာ လူတိုင်းအတွက်ပါ။
အရင်း ဖန်တီးနိ်ုင်စွမ်းဆိုတာ ဖန်တီးထားမှု မရှိတာပဲ ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းရဲ့ လူသိများတဲ့ သဘောသဘာဝ ဖြစ်လာသော ရှေ့ဆောင်လမ်းပြဖြစ်တဲ့၊ အရင်းခံပဲ ဖြစ်ပါတယ်။
ဆင့်ပွားဖန်တီးနိ်ုင်စွမ်းဆိုတာ အမျှော်အမြင်ကြီးပြီး ပိုပြီး ခပ်ဝေးဝေးကို လက်ခံနိုင်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါကတော့ ပြန်လည်ဆန်းစစ်မယ်၊ ချဲ့ထွင်မယ်၊ တိုးတက်အောင်လုပ်မယ်စတဲ့ လက်ရှိ ယူဆချက်တွေပေါ်မှာ တည်ရှိနေပါတယ်။
ဒါက အရင်း ဖန်တီးနိ်ုင်စွမ်းထက် ဆွဲဆောင်မှု လျော့နည်းနိ်ုင်ပါတယ်။ ဒါပေမယ့် ဆင့်ပွား ဖန်တီးနိ်ုင်စွမ်းက ရှေ့ဆက်ဖို့ လိုအပ်နေတဲ့ စီမံကိန်းများနဲ့ လုပ်ငန်းများရဲ့အဓိကကျတဲ့ အရာပဲ ဖြစ်ပါတယ်။
ဒါက ကမ္ဘာ့နိ်ုင်ငံအများစုမှာ အလုပ်ဖြစ်နေတဲ့ နည်းပဲ ဖြစ်ပါတယ်။ နေ့ချင်းညချင်း အောင်မြင်သွားတဲ့ ဟောလိဟုဒ် ဇာတ်လမ်းတွေထဲကလိုပေါ့။ ရုတ်တရက် ထိုးဖောက်ကျော်လွှားမှုက ပြဿနာတစ်ခုပေါ်မှာ နှစ်စဉ်လုပ်ဆောင်တဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။
လက်တွေ့ဆောင်ရွက်ခြင်း၊ စွမ်းရည် နဲ့ အတွေ့အကြုံကို ပြန်လည် ဆန်းစစ်ခြင်း၊ အထပ်ထပ်အခါခါ ဆောင်ရွက်ခြင်းနဲ့ လုပ်ဆောင်မှု အများအပြား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
ထို့ပြင် ဆင့်ပွား ဖန်တီးနိုင်စွမ်းက လုပ်ငန်းခွင်မှာ မရှိမဖြစ် ဖြစ်လာပါတော့မယ်။
စက်ရုပ်တွေနဲ့ လူသားတွေ ဖန်တီးထားတဲ့ မှတ်ဉာဏ်က ကျန်းမာရေးစောင့်ရှောက်မှု ကြော်ငြာကအစ သယ်ယူပို့ဆောင်ရေး အဆုံး လုပ်ငန်းတိုင်းမှာ ဝင်ရောက်နေပြီ၊ သုံးစွဲနေပြီလို့ မပြောလိုပါဘူး။
တစ်ချို့နေရာတွေမှာ သူတို့က လူသားတွေအတိုင်း လုပ်ဆောင်နိုင်ကာ ၊ တစ်ချို့နေရာတွေမှာတော့ လုံးဝကို အစားထိုး သုံးစွဲနေပြီ ဖြစ်ပါတယ်။
McKinsey Global Instituteက လေ့လာမှုအရ၊ စက်မှုလုပ်ငန်းအားလုံးရဲ့ ၆၀%ခန့်က လူအစားထိုး စက်ပစ္စည်းတွေနဲ့ လုပ်ငန်းလည်ပတ်နေကြတာ ဖြစ်ပါတယ်။ နည်းပညာက ပိုပိုပြီး နေရာယူလာတာကြောင့်၊ ဒီလိုမျိုး အလုပ်တွေက ပျောက်ကွယ်သွားပါလိမ့်မယ်။
စက်ပစ္စည်းတွေက ပိုပြီး ဈေးသက်သာတာ၊ မြန်ဆန်တာ၊ ပိုပြီး စွမ်းဆောင်နိုင်လာတဲ့အတွက်ကြောင့်ပါပဲ။ တခြားအလုပ်အကိုင်တွေကတော့ ကျန်ရှိနေမှာ ဖြစ်ပေမယ့်၊တဖြည်းဖြည်းနဲ့ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
လူအစားထိုး အလုပ်အများစုမှာ သေချာတည်ဆောက်ထားပြီး၊ တိကျတဲ့ ရုပ်ပိုင်းဆိုင်ရာ တာဝန်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းက စက်ပစ္စည်းတွေကို အခုထိ ဆရာတစ်ဆူဖြစ်အောင် မလုပ်နိုင်သေးပါဘူး။
ဖန်တီးနိုင်စွမ်းက ဇယားထဲကို ဈေးနှုန်းတန်ဖိုးတွေ ယူလာပြီး နည်းပညာက ပေးမယ့် အလားအလာကောင်းကို ရလဒ်အဖြစ် ဘယ်လိုအသုံးပြုလဲဆိုတာပါပဲ။
အချက်အလက်တွေအရ၊ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲက အနာဂတ်အလုပ်အကိုင်များရဲ့ အစီအရင်ခံစာကို စီမံကြည့်တဲ့အခါ၊ ၂၀၂၀ ခုနှစ်ကျရင် အလုပ်သမားအင်းအားစုမှာ အရေးပါဆုံး စွမ်းရည်တွေကို တွေ့ရှိရပါတယ်။ ဖန်တီးနိ်ုင်စွမ်း(Creativity)က တတိယနေရာလိုက်ပြီး၊ ထောက်ချင့်ဝေဖန် တွေးတောနိ်ုင်စွမ်း (Critical thinking)နဲ့ ရှုပ်ထွေးနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်စွမ်း (Complex problem solving )က ပထမ နဲ့ ဒုတိယလိ်ုက်ပါတယ်။
ပျော်ပျော်ကြီး လူတိုင်း ဖန်တီးနိုင်ကြပါတယ်။ ဆင့်ပွား ဖန်တီးနိ်ုင်စွမ်း ရှိရုံနဲ့တော့ မလုံလောက်သေးပါဘူး။ ရူးကြောင်ကြောင် စိတ်ကူးက ရလဒ်ကောင်းတွေ ရနိုင်သော်လည်း၊ ပိုများတဲ့ စွန့်စားမှုတွေနဲ့ လာပါတယ်။
စီးပွားရေးလုပ်ငန်းတိုင်းက ရေရှည် စွန့်စားမှုတွေ ဆောင်ရွက်ဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် လူတိုင်းကတော့ နည်းလမ်းသစ်တွေဆီ တဖြည်းဖြည်း သွားဖို့ အမှန်တကယ် လိုအပ်ပါတယ်။
ခေါင်းဆောင်များအတွက် သတင်းကောင်းကတော့ ဆင့်ပွား ဖန်တီးနိ်ုင်စွမ်းရှိအောင် အားပေးနိုင်ပြီး မက်လုံးပေးဆွဲဆောင် နိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းက လူအနည်းငယ်အတွက်သာ ဖြစ်တယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ လုပ်ငန်းစဉ်က စတင်ပါတယ်။
အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေ၊ ဈေးရောင်းသူတွေနဲ့ ဈေးဝယ်သူ ကိုယ်စားလှယ်တွေက သူတို့ရဲ့ အလုပ်တွေထဲ ဖန်တီးနိုင်စွမ်းကို အသုံးချနိ်ုင်ပါတယ်။ ခေါင်းဆောင်တွေက စိတ်ကူးသစ်တွေနဲ့ ဆုချတဲ့ လုပ်ငန်းတိုးတက်မှုကို ဗန်းပြခြင်းအားဖြင့် သူတို့ရဲ့ ပံ့ပိုးမှုကို ဖော်ထုတ်နိုင်ပါတယ်။

သူတို့က ပြဿနာ ဖြေရှင်းမှုကိုလည်း အလေးနက်ထားနိုင်ပါတယ်။ ပြဿနာကို ပြုပြင်ဖို့ ရည်ရွယ်တဲ့ အရင်း ဖန်တီးနိုင်စွမ်းနဲ့ မတူပေမယ့်၊ ခရီးသွားလာဖို့ ၊ ဒေသတွင်း ယဉ်လမ်းကြောင်းတွေကို ပြန်စဉ်းစားဖို့ အားပေးခြင်းမရှိဘဲ၊ Los Angeles မြို့အောက်တွင် အမြန် လိုဏ်ခေါင်း တည်ဆောက်ဖို့ ဆိုတဲ့ Elon Muskရဲ့ အစီအစဉ်ကို တွေးကြည့်ပါ။
ဆင့်ပွား ဖန်တီးနိုင်စွမ်းက ချဉ်းကပ် ဖြေရှင်းမှုအပေါ်မှာ အခြေခံပါတယ်။ ဥပမာကောင်းကတော့ ကုမ္ပဏီမှာ နေ့တိုင်း အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေပါပဲ။ သူတို့က နည်းပညာလုပ်နိ်ုင်စွမ်းကို တိုးမြှင့်ဖို့ ဆာဗာတွေကို ရိုးရိုလေး ပေါင်းထည့်တာ မဟုတ်ပါဘူး။ သူတို့က သူတို့ကိုယ်သူတို့ သုံးသပ်ဖို့ တခြားနည်းလမ်းတွေကို ရှာဖွေဖို့နဲ့ တစ်ချိန်တည်းမှာ ပိုပြီး အကျိုးရှိစေဖို့ စိန်ခေါ်နေကြပါတယ်။

လူတိုင်းက ဒီဖန်တီးနိုင်စွမ်း နှစ်ခုလုံးကို အမြစ်ဖျက် ပြောင်းလဲချင်ကြတာ မဟုတ်ပါဘူး။ ဆင့်ကဲပြောင်းလဲမှု ဆိုရင်တော့။ အသေချာပါပဲ။
ဆင့်ပွားဖန်တီးမှုကို သင့်ရဲ့ သဘာဝဖြစ်အောင် ဖန်တီးပါ။ သူတို့ကို အနည်းဆုံး မျှော်လင့်တဲ့ နေရာကနေ ဆန်းသစ်တဲ့ စိတ်ကူးတွေကို ရှာဖွေရပါမယ်။ လူတိုင်းရဲ့ လက်ထဲမှာ စွမ်းအားတွေ ရှိကြပါတယ်။ အတိအကျ ပြောရရင်တော့ ဦးနှောက်ထဲမှာပေါ့။

Writer & Translator : Hsu Mi San

*** Unicode ***

#POINT #PointYouthPlatform

ဖန်တီးနိုင်စွမ်းမှာ တံဆိပ်ရိုက်ထားတဲ့ ပြဿနာတစ်ခု ရှိပါတယ်။လူအများစုက ဖန်တီးမှုအကြောင်းတွေးတဲ့အခါ၊ သူတို့ကိုယ်သူတို့ ဖန်တီးနိုင်စွမ်းရှိတယ်လို့ မယူဆကြပါဘူး။

အနုပညာရှင်တွေပဲ ဖန်တီးနိင်ကြတယ်လို့ ယူဆထားကြပါတယ်။ ပန်းချီဆရာတွေ၊ ပါဘလိုပီကာဆိုနဲ့ ဂျော်ဂျီယာ အိုခီဖီတို့ပေါ့။အလုပ်လုပ်တဲ့သူတွေက အလှအပနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ တွေးထားတဲ့ နည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဘယ်လိုမြင်လဲဆိုတာတောင် ပြင်ပစ်လို်က်ကြပါတယ်။

ဒါမှမဟုတ် ကျွန်တော်တို့ စိတ်တွေက ဝေါဒစ်စနေး၊ စတိဂျော့ဗ်တို့လို တီထွင်သူတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ သူတို့ရဲ့ ဖန်တီးမှုတွေက လက်ရှိထုတ်ကုန်တွေနဲ့ အလွန်ကွဲပြားပြီး၊ လုပ်ငန်းစဉ်တွေက လည်း စက်မှုလုပ်ငန်းများကို မြန်မြန်ဆန်ဆန်နဲ့ သိသာထင်ရှားစွာ ပြောင်းလဲလိုက်ပါတယ်။

သူတို့က မျှော်လင့်တဲ့အတိုင်း ဖြစ်အောင်လုပ်ဖို့ နမူနာယူသင့်တဲ့ စံပြတွေဖြစ်ပါတယ်။ ဒါပေမယ့် ဖန်တီးနို်င်စွမ်းဆိုတာ လုံးလုံး တွန်းလှန်ပစ်ရမယ့် အတွေးအခေါ်တွေ မဟုတ်ပါဘူး။ ပြီးတော့ အနုပညာရှင်တွေနဲ့ စိတ်ကူးကောင်းသူတွေရဲ့နယ်ပယ်ပဲ မဟုတ်ပါဘူး။

ဖန်တီးနို်င်စွမ်းဆိုတာ လူတိုင်းအတွက်ပါ။အရင်း ဖန်တီးနို်င်စွမ်းဆိုတာ ဖန်တီးထားမှု မရှိတာပဲ ဖြစ်ပါတယ်။ ဖန်တီးနိုင်စွမ်းရဲ့ လူသိများတဲ့ သဘောသဘာဝ ဖြစ်လာသော ရှေ့ဆောင်လမ်းပြဖြစ်တဲ့၊ အရင်းခံပဲ ဖြစ်ပါတယ်။

ဆင့်ပွားဖန်တီးနို်င်စွမ်းဆိုတာ အမျှော်အမြင်ကြီးပြီး ပိုပြီး ခပ်ဝေးဝေးကို လက်ခံနိုင်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ဒါကတော့ ပြန်လည်ဆန်းစစ်မယ်၊ ချဲ့ထွင်မယ်၊ တိုးတက်အောင်လုပ်မယ်စတဲ့ လက်ရှိ ယူဆချက်တွေပေါ်မှာ တည်ရှိနေပါတယ်။

ဒါက အရင်း ဖန်တီးနို်င်စွမ်းထက် ဆွဲဆောင်မှု လျော့နည်းနို်င်ပါတယ်။ ဒါပေမယ့် ဆင့်ပွား ဖန်တီးနို်င်စွမ်းက ရှေ့ဆက်ဖို့ လိုအပ်နေတဲ့ စီမံကိန်းများနဲ့ လုပ်ငန်းများရဲ့အဓိကကျတဲ့ အရာပဲ ဖြစ်ပါတယ်။

ဒါက ကမ္ဘာ့နို်င်ငံအများစုမှာ အလုပ်ဖြစ်နေတဲ့ နည်းပဲ ဖြစ်ပါတယ်။ နေ့ချင်းညချင်း အောင်မြင်သွားတဲ့ ဟောလိဟုဒ် ဇာတ်လမ်းတွေထဲကလိုပေါ့။ ရုတ်တရက် ထိုးဖောက်ကျော်လှွားမှုက ပြဿနာတစ်ခုပေါ်မှာ နှစ်စဉ်လုပ်ဆောင်တဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

လက်တွေ့ဆောင်ရွက်ခြင်း၊ စွမ်းရည် နဲ့ အတွေ့အကြုံကို ပြန်လည် ဆန်းစစ်ခြင်း၊ အထပ်ထပ်အခါခါ ဆောင်ရွက်ခြင်းနဲ့ လုပ်ဆောင်မှု အများအပြား ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ထို့ပြင် ဆင့်ပွား ဖန်တီးနိုင်စွမ်းက လုပ်ငန်းခွင်မှာ မရှိမဖြစ် ဖြစ်လာပါတော့မယ်။

စက်ရုပ်တွေနဲ့ လူသားတွေ ဖန်တီးထားတဲ့ မှတ်ဉာဏ်က ကျန်းမာရေးစောင့်ရှောက်မှု ကြော်ငြာကအစ သယ်ယူပို့ဆောင်ရေး အဆုံး လုပ်ငန်းတိုင်းမှာ ဝင်ရောက်နေပြီ၊ သုံးစွဲနေပြီလို့ မပြောလိုပါဘူး။

တစ်ချို့နေရာတွေမှာ သူတို့က လူသားတွေအတိုင်း လုပ်ဆောင်နိုင်ကာ ၊ တစ်ချို့နေရာတွေမှာတော့ လုံးဝကို အစားထိုး သုံးစွဲနေပြီ ဖြစ်ပါတယ်။McKinsey Global Instituteက လေ့လာမှုအရ၊ စက်မှုလုပ်ငန်းအားလုံးရဲ့ ၆၀%ခန့်က လူအစားထိုး စက်ပစ္စည်းတွေနဲ့ လုပ်ငန်းလည်ပတ်နေကြတာ ဖြစ်ပါတယ်။

နည်းပညာက ပိုပိုပြီး နေရာယူလာတာကြောင့်၊ ဒီလိုမျိုး အလုပ်တွေက ပျောက်ကွယ်သွားပါလိမ့်မယ်။စက်ပစ္စည်းတွေက ပိုပြီး ဈေးသက်သာတာ၊ မြန်ဆန်တာ၊ ပိုပြီး စွမ်းဆောင်နိုင်လာတဲ့အတွက်ကြောင့်ပါပဲ။

တခြားအလုပ်အကိုင်တွေကတော့ ကျန်ရှိနေမှာ ဖြစ်ပေမယ့်၊တဖြည်းဖြည်းနဲ့ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။လူအစားထိုး အလုပ်အများစုမှာ သေချာတည်ဆောက်ထားပြီး၊ တိကျတဲ့ ရုပ်ပိုင်းဆိုင်ရာ တာဝန်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဖန်တီးနိုင်စွမ်းက စက်ပစ္စည်းတွေကို အခုထိ ဆရာတစ်ဆူဖြစ်အောင် မလုပ်နိုင်သေးပါဘူး။

ဖန်တီးနိုင်စွမ်းက ဇယားထဲကို ဈေးနှုန်းတန်ဖိုးတွေ ယူလာပြီး နည်းပညာက ပေးမယ့် အလားအလာကောင်းကို ရလဒ်အဖြစ် ဘယ်လိုအသုံးပြုလဲဆိုတာပါပဲ။အချက်အလက်တွေအရ၊ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲက အနာဂတ်အလုပ်အကိုင်များရဲ့ အစီအရင်ခံစာကို စီမံကြည့်တဲ့အခါ၊ ၂၀၂၀ ခုနှစ်ကျရင် အလုပ်သမားအင်းအားစုမှာ အရေးပါဆုံး စွမ်းရည်တွေကို တွေ့ရှိရပါတယ်။

ဖန်တီးနို်င်စွမ်း(Creativity)က တတိယနေရာလိုက်ပြီး၊ ထောက်ချင့်ဝေဖန် တွေးတောနို်င်စွမ်း (Critical thinking)နဲ့ ရှုပ်ထွေးနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်စွမ်း (Complex problem solving )က ပထမ နဲ့ ဒုတိယလို်က်ပါတယ်။ပျော်ပျော်ကြီး လူတိုင်း ဖန်တီးနိုင်ကြပါတယ်။

ဆင့်ပွား ဖန်တီးနို်င်စွမ်း ရှိရုံနဲ့တော့ မလုံလောက်သေးပါဘူး။ ရူးကြောင်ကြောင် စိတ်ကူးက ရလဒ်ကောင်းတွေ ရနိုင်သော်လည်း၊ ပိုများတဲ့ စွန့်စားမှုတွေနဲ့ လာပါတယ်။စီးပွားရေးလုပ်ငန်းတိုင်းက ရေရှည် စွန့်စားမှုတွေ ဆောင်ရွက်ဖို့ ဆန္ဒမရှိပါဘူး။

ဒါပေမယ့် လူတိုင်းကတော့ နည်းလမ်းသစ်တွေဆီ တဖြည်းဖြည်း သွားဖို့ အမှန်တကယ် လိုအပ်ပါတယ်။ခေါင်းဆောင်များအတွက် သတင်းကောင်းကတော့ ဆင့်ပွား ဖန်တီးနို်င်စွမ်းရှိအောင် အားပေးနိုင်ပြီး မက်လုံးပေးဆွဲဆောင် နိုင်ပါတယ်။

ဖန်တီးနိုင်စွမ်းက လူအနည်းငယ်အတွက်သာ ဖြစ်တယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ လုပ်ငန်းစဉ်က စတင်ပါတယ်။အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေ၊ ဈေးရောင်းသူတွေနဲ့ ဈေးဝယ်သူ ကိုယ်စားလှယ်တွေက သူတို့ရဲ့ အလုပ်တွေထဲ ဖန်တီးနိုင်စွမ်းကို အသုံးချနို်င်ပါတယ်။

ခေါင်းဆောင်တွေက စိတ်ကူးသစ်တွေနဲ့ ဆုချတဲ့ လုပ်ငန်းတိုးတက်မှုကို ဗန်းပြခြင်းအားဖြင့် သူတို့ရဲ့ ပံ့ပိုးမှုကို ဖော်ထုတ်နိုင်ပါတယ်။သူတို့က ပြဿနာ ဖြေရှင်းမှုကိုလည်း အလေးနက်ထားနိုင်ပါတယ်။

ပြဿနာကို ပြုပြင်ဖို့ ရည်ရွယ်တဲ့ အရင်း ဖန်တီးနိုင်စွမ်းနဲ့ မတူပေမယ့်၊ ခရီးသွားလာဖို့ ၊ ဒေသတွင်း ယဉ်လမ်းကြောင်းတွေကို ပြန်စဉ်းစားဖို့ အားပေးခြင်းမရှိဘဲ၊ Los Angeles မြို့အောက်တွင် အမြန် လိုဏ်ခေါင်း တည်ဆောက်ဖို့ ဆိုတဲ့ Elon Muskရဲ့ အစီအစဉ်ကို တွေးကြည့်ပါ။

ဆင့်ပွား ဖန်တီးနိုင်စွမ်းက ချဉ်းကပ် ဖြေရှင်းမှုအပေါ်မှာ အခြေခံပါတယ်။ ဥပမာကောင်းကတော့ ကုမ္ပဏီမှာ နေ့တိုင်း အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတွေပါပဲ။ သူတို့က နည်းပညာလုပ်နို်င်စွမ်းကို တိုးမြှင့်ဖို့ ဆာဗာတွေကို ရိုးရိုလေး ပေါင်းထည့်တာ မဟုတ်ပါဘူး။

သူတို့က သူတို့ကိုယ်သူတို့ သုံးသပ်ဖို့ တခြားနည်းလမ်းတွေကို ရှာဖွေဖို့နဲ့ တစ်ချိန်တည်းမှာ ပိုပြီး အကျိုးရှိစေဖို့ စိန်ခေါ်နေကြပါတယ်။လူတိုင်းက ဒီဖန်တီးနိုင်စွမ်း နှစ်ခုလုံးကို အမြစ်ဖျက် ပြောင်းလဲချင်ကြတာ မဟုတ်ပါဘူး။ ဆင့်ကဲပြောင်းလဲမှု ဆိုရင်တော့။ အသေချာပါပဲ။

ဆင့်ပွားဖန်တီးမှုကို သင့်ရဲ့ သဘာဝဖြစ်အောင် ဖန်တီးပါ။ သူတို့ကို အနည်းဆုံး မျှော်လင့်တဲ့ နေရာကနေ ဆန်းသစ်တဲ့ စိတ်ကူးတွေကို ရှာဖွေရပါမယ်။ လူတိုင်းရဲ့ လက်ထဲမှာ စွမ်းအားတွေ ရှိကြပါတယ်။ အတိအကျ ပြောရရင်တော့ ဦးနှောက်ထဲမှာပေါ့။

Writer & Translator : Hsu Mi San

Current

Leave a Reply

Your email address will not be published. Required fields are marked *