၀င်ငွေရရှိဖို့ နည်းလမ်းအသစ်ဖန်တီးပေးလိုက်တဲ့ YouTube

#POINT #PointYouthPlatform

ဖန်တီးသူတွေကို ငွေကြေးကောင်းကောင်းမပေးဘူးလို့ ဝေဖန်ခံနေရတဲ့ YouTube က ချန်နယ်တွေမှာ အဖွဲ့ဝင်ကြေးပေးဖို့စနစ်ကို ခွင့်ပြုပေးလိုက်ပါပြီလို့ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။လက်ရှိမှာ Google ကပိုင်တဲ့ဝန်ဆောင်မှုတွေမှာ အဓိကဝင်ငွေက ကြော်ငြာတွေကနေ ရတာဖြစ်ပြီးတော့ ဒါကိုပဲ ဆက်ပြီးတော့ အာရုံစိုက်သွားမယ်လို့ YouTube ရဲ့ ထုတ်လုပ်မှုဆိုင်ရာအရာရှိ Neal Mohan ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့က ကြော်ငြာထက်ပိုပြီးတော့လည်း တွေးချင်ကြတယ်။ ဖန်တီးသူတွေက တတ်နိုင်သမျှ ငွေရှာနိုင်ဖို့ အခွင့်အလမ်းတွေအများကြီး ရှိနေသင့်တယ်လို့ သူကပြောခဲ့ပါသေးတယ်။ပုံမှန်ပရိသတ်တစ်သိန်းကျော်တဲ့ ချန်နယ်တွေမှာ ဗီဒီယိုလေးတွေ Livestreams တွေကြည့်တာအပြင် တားမြစ်ထားတဲ့ အကြောင်းအရာတွေကို ကြည့်ခွင့်ရနိုင်မယ့် အဖွဲ့ဝင်တွေအတွက် တစ်လကို ၄.၉၉ ဒေါ်လာ ကို ကြည့်ရှုသူတွေက ပေးရပါမယ်။ ဖန်တီးသူတွေက ချန်နယ်တွေမှာ ရှပ်အင်္ကျီတွေ ဒါမှမဟုတ် ဖုန်းကာဗာတွေကို ရောင်းချနိုင်တော့မှာပါ လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။YouTube က သူတို့အတွက်အနည်းငယ်ပဲပေးတယ်လို့စွပ်စွဲနေတဲ့ ဖန်တီးသူတွေကို ကြော်ငြာခဝင်ငွေ အနည်းငယ်ကိုပြန်ပေးခဲ့ပါတယ်။ဝက်ဆိုက်ဒ်ကတော့ ဗီဒီယိုတွေကို ပိုပိုအသုံးပြုနေတဲ့ တခြားပြိုင်ဘက်တွေ တိုးလာတာကိုလည်း ရင်ဆိုင်နေရပါတယ်။YouTube ကိုသုံးတဲ့သူ ၁.၉ ဘီလီယမ်ကျော်ရှိပေမယ့် သူတို့အကောင့်နဲ့သုံးတဲ့သူကတော့ ရေတွက်ကြည့်လို့ရနိုုင်တယ်လို့ YouTube ကပြောခဲ့ပါတယ်။

Writer & Translator : Su Mon

*** Unicode ***

#POINT #PointYouthPlatform

ဖန်တီးသူတွေကို ငွေကြေးကောင်းကောင်းမပေးဘူးလို့ ဝေဖန်ခံနေရတဲ့ YouTube က ချန်နယ်တွေမှာ အဖွဲ့ဝင်ကြေးပေးဖို့စနစ်ကို ခွင့်ပြုပေးလိုက်ပါပြီလို့ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကုမ္ပဏီမှ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ Google ကပိုင်တဲ့ဝန်ဆောင်မှုတွေမှာ အဓိကဝင်ငွေက ကြော်ငြာတွေကနေ ရတာဖြစ်ပြီးတော့ ဒါကိုပဲ ဆက်ပြီးတော့ အာရုံစိုက်သွားမယ်လို့ YouTube ရဲ့ ထုတ်လုပ်မှုဆိုင်ရာအရာရှိ Neal Mohan ကပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့က ကြော်ငြာထက်ပိုပြီးတော့လည်း တွေးချင်ကြတယ်။ ဖန်တီးသူတွေက တတ်နိုင်သမျှ ငွေရှာနိုင်ဖို့ အခွင့်အလမ်းတွေအများကြီး ရှိနေသင့်တယ်လို့ သူကပြောခဲ့ပါသေးတယ်။

ပုံမှန်ပရိသတ်တစ်သိန်းကျော်တဲ့ ချန်နယ်တွေမှာ ဗီဒီယိုလေးတွေ Livestreams တွေကြည့်တာအပြင် တားမြစ်ထားတဲ့ အကြောင်းအရာတွေကို ကြည့်ခွင့်ရနိုင်မယ့် အဖွဲ့ဝင်တွေအတွက် တစ်လကို ၄.၉၉ ဒေါ်လာ ကို ကြည့်ရှုသူတွေက ပေးရပါမယ်။

ဖန်တီးသူတွေက ချန်နယ်တွေမှာ ရှပ်အင်္ကျီတွေ ဒါမှမဟုတ် ဖုန်းကာဗာတွေကို ရောင်းချနိုင်တော့မှာပါ လို့ ကုမ္ပဏီကပြောခဲ့ပါတယ်။

YouTube က သူတို့အတွက်အနည်းငယ်ပဲပေးတယ်လို့စွပ်စွဲနေတဲ့ ဖန်တီးသူတွေကို ကြော်ငြာခဝင်ငွေ အနည်းငယ်ကိုပြန်ပေးခဲ့ပါတယ်။

ဝက်ဆိုက်ဒ်ကတော့ ဗီဒီယိုတွေကို ပိုပိုအသုံးပြုနေတဲ့ တခြားပြိုင်ဘက်တွေ တိုးလာတာကိုလည်း ရင်ဆိုင်နေရပါတယ်။YouTube ကိုသုံးတဲ့သူ ၁.၉ ဘီလီယမ်ကျော်ရှိပေမယ့် သူတို့အကောင့်နဲ့သုံးတဲ့သူကတော့ ရေတွက်ကြည့်လို့ရနိုင်တယ်လို့ YouTube ကပြောခဲ့ပါတယ်။

Writer & Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *