တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေကို အလုပ်ခန့်ခြင်းရဲ့ ကောင်းကျိုး

*** Unicode ***

#POINT #PointYouthPlatform

တီထွင်ဖန်တီးနိုင်စွမ်းဆိုတာက အားလုံးနားလည်ထားရမယ့် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပဲ။ စီမံချက်တွေနဲ့ ဆုံးဖြတ်ချက်တွေမှာ တီထွင်ဖန်တီးမှုတွေ ပါဝင်လာမယ်ဆိုရင် လုပ်ငန်းတိုင်းအတွက် အကျိုးအမြတ်ဖြစ်လာစေမှာပါပဲ။

နည်းပညာကုမ္ပဏီတွေအတွက် အပြောလွယ်သလောက် လုပ်ရတာ ပိုခက်ခဲပါတယ်။ လေ့ကျင့်ထားတဲ့Developer တွေက ကုန်ပစ္စည်းတစ်ခုကို တည်ဆောက်ဖို့ ရေးဆွဲနိုင်ပါတယ်။ဒါပေမယ့် တီထွင်ဖန်တီးတတ်တဲ့Developer တစ်ယောက်က သုံးစွဲသူတွေရဲ့နေရာမှာ ဝင်ကြည့်ပြီးတော့ သူတို့ကို လမ်းညွှန်ပေးနိုင်ဖို့ စာနာစိတ်ကိုအသုံးပြုကြတယ်။

ဒါကိုမှန်မှန်ကန်ကန်လုပ်ပြီးသွားတဲ့အခါမှာ အဆုံးသတ်ရလဒ်ကို သုံးစွဲသူတွေက သဘောကျရုံတင်မကပဲ စိတ်ဓာတ်ကွန့်မြူးမှုတွေပါ တွေ့ရှိလာကြပါတယ်။နည်းပညာရှင်တွေက သူတို့ဆုံးဖြတ်ချက်ရဲ့ရလဒ်တွေက လုပ်ငန်းစဉ်တွေမှာ တီထွင်ဖန်တီးမှုတွေရဲ့ အထောက်အပံ့နဲ့ ပေါင်းစပ်ထားမှုတွေကြောင့် ပိုတိုးတက်လာကြတယ်ဆိုတာကို နားလည်လာကြ ပါတယ်။

ငွေကြေးဌာန၊ အရောင်းဌာန၊ ထုတ်လုပ်ရေးဌာနတွေလို တီထွင်ဖန်တီးမှုတွေနဲ့ မသက်ဆိုင်တဲ့ဌာနတွေမှာတောင်မှ တီထွင်ဖန်တီးမှုတွေက နည်းဗျူဟာတွေမဖြေရှင်းနိုင်တဲ့ အရာတွေကို ဖြေရှင်းဖို့ တံခါးတစ်ချပ်ကို ဖွင့်ပေးထားပါတယ်။ဒါပေမယ့် သဘာဝကျကျတော့ အမြဲတမ်းရောက်မလာနိုင်ပါဘူး။ တခြားကုမ္ပဏီတွေ အလွယ်တကူအတုယူလို့ရနိုင်စေမယ့် ကုမ္ပဏီလုပ်ငန်းလေ့ကျင့်ရေးတွေမှာ အဓိကတန်ဖိုးအဖြစ်နဲ့ တီထွင်ဖန်တီးမှုကို သက်ရောက်စေဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အလုပ်ခန့်ရာမှာ တီထွင်ဖန်တီးနိုင်စွမ်းကိုထည့်သွင်းစဉ်းစားပါ။တီထွင်ဖန်တီးတတ်သူတွေကိုပဲ အလုပ်ခန့်ဖို့ကြိုးစားပါ။ ပြသနာတစ်ခုခုကြုံတွေ့တဲ့အခါမှာ ထူးထူးခြားခြားဖြေရှင်းတတ်သူတွေ နဲ့ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေကို စဉ်းစားတတ်သူတွေကို ရှာဖွေစုဆောင်းပါ။ဥပမာ တခြားနည်းပညာကုမ္ပဏီတွေလိုပဲ အင်တာဗျူးမှာ နယ်ပယ်အစုံမေးမြန်းပါတယ်။

ဒါကတော့ အလုပ်လျှောက်သူကို ဌာနအသီးသီးက မေးမြန်းတာပဲ ဖြစ်ပါတယ်။ သူတို့အင်တာဗျူးရမယ့် တစ်ဌာနထဲက မေးတာမဟုတ်ပါဘူး။ မတူညီတဲ့ဌာနတွေက ရှုထောင့်ပေါင်းစုံကနေ မေးမြန်းခြင်းက ဒီအလုပ်လျှောက်သူရဲ့ အလုပ်လုပ်ဖို့အရည်အချင်းတင်မကပဲ သူက တခြားအရာတွေနဲ့ပါ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အကဲဖြတ်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုဆိုတာက တိုင်းတာလို့ရနိုင်တဲ့အရာမဟုတ်ပါဘူး။ တီထွင်ဖန်တီးမှုဆိုတာက တစ်ယောက်ယောက်က ဘယ်လိုထင်လဲဆိုတာနဲ့ ဒါတွေကို ဘယ်လိုချဉ်းကပ်လဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။အင်တာဗျူးမှာ အရေးပါတဲ့အတွေးအခေါ်တွေနဲ့ ပြသနာတွေကို ဖြေရှင်းဖို့ကို ဘယ်လိုလုပ်လဲဆိုတဲ့ အိမ်စာတွေကို ပေးလိုက်ရင်း လျှောက်ထားသူတွေကို ပြန်လွှတ်လိုက်ပါတယ်။

ဒါဆိုရင် သူတို့ အင်တာဗျူးမယ့်နေရာနဲ့ သက်ဆိုင်တဲ့ အလုပ်ပြင်ပကစိန်ခေါ်မှုတွေကို သူတို့ဘယ်လိုကျော်လှွားမလဲ ဆိုတဲ့ အကြောင်းအရာတွေကို မေးမြန်းလို့ရနိုင်ပါပြီ။ဒါကတော့ အလုပ်နဲ့ပတ်သတ်တဲ့တာဝန်အပြင် တီထွင်ဖန်တီးနိုင်စွမ်းရှိနေပြီးသားဆိုတာကို သိနိုင်ပါတယ်။အကြံပေးချက်တွေကို စိတ်နှစ်ထားပြီး လုပ်ဆောင်ပါ။

ထုတ်ကုန်ကိုအသုံးပြုနေတဲ့ လူတွေဆီက အိုင်ဒီယာတွေကို စုဆောင်းပြီးတော့ အတွင်းအဖွဲ့က လူတွေနဲ့ ပူးပေါင်းပြီးတီထွင်ဖန်တီးမှုတွေ လုပ်ဆောင်ရင်း လွယ်ကူအောင်လုပ်ဆောင်ပါ။ ဥပမာဆိုရင် Slack channels တွေကို လုပ်ဆောင်တဲ့အခါမှာ အဖွဲ့သားတွေက ကြည့်ရှုသူတွေဆီကနေ အကြံပေးချက်တွေကို အမြဲတမ်းစောင့်ကြည့်သူ တစ်ယောက်ရှိပါတယ်။

ဌာနတစ်ခုခုကတစ်ယောက်ယောက်က အကြံတစ်ခုရတဲ့အခါမှာ ဒါမှမဟုတ် ဝယ်ယူသူဆီက အကြံပေးချက်တွေရလာတဲ့အခါ အဲ့တာကို ချက်ချင်းထည့်သွင်းစဉ်းစား လုပ်ဆောင်ပါတယ်။ အဲ့ဒီကနေပြီးတော့ အဖွဲ့သားတွေက အကြံပေးချက်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုကောင်းမွန်လာပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အကြံပေးချက်တွေက မင်းမထင်မှတ်ထားတဲ့နေရာကနေလဲ ရောက်လာနိုင်ပါတယ်။ အဆုံးသတ်မှာတော့ ကိုယ့်အဖွဲ့သားတွေဆီက အကြံပေးချက်တွေကိုလဲ စုဆောင်းပါတယ်။ မန်နေဂျာနဲ့တစ်ယောက်ချင်း တင်ပြမှုတွေလုပ်တဲ့အခါမှာလဲ သူတို့မန်နေဂျာဆီကို သူတို့ရဲ့ကိုယ်ပိုင်ထုတ်ကုန်အကြောင်းအကြံပေးချက်တွေကို လွတ်လပ်စွာမျှဝေလို့ရနိုင်ပါတယ်။

ဒါကတော့ ပြသနာတွေရှိမှန်းမသိလိုက်ခင်မှာပဲ ဖြေရှင်းပြီးသားဖြစ်နေစေပါလိမ့်မယ်။ အကြံပေးချက် လုပ်ဖို့နဲ့ မေးခွန်းမေးဖို့ အခွင့်အရေးတွေ ပေးလိုက်တဲ့အခါမှာ လူတွေက အကြံဉာဏ်တွေ ပေးလာကြတာ ကောင်းမွန်ပါတယ်။မင်းရဲ့အဖွဲ့သားတွေကို သင်ယူဖို့အခွင့်အရေးတွေ အမြဲတမ်းပေးထားပါ။

အသစ်အဆန်းတွေကို သင်ယူခြင်းက တီထွင်ဖန်တီးနိုင်စွမ်းတွေ တိုးလာစေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က အလုပ်နဲ့မပတ်သတ်တဲ့အကြောင်းတွေကို အလုပ်သမားတွေသင်ယူစေနိုင်ဖို့ workshopတွေ မကြာခဏကျင်းပပေးကြပါတယ်။

ထုတ်ကုန်အတွင်းပိုင်းအဖွဲ့ကလူက ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို တင်ဆက်ပြီးတော့ အပြင်ဘက်ကကျွမ်းကျင်သူက ဒီဇိုင်းနဲ့ပတ်သတ်ပြီးတော့ ပေးနိုင်ပါတယ်။workshopတွေရဲ့ပန်းတိုင်က အဖွဲ့သားတွေကို ဦးနှောက်အတွေးအခေါ်တွေ ပိုမြင့်မားလာစေဖို့ အလေ့အကျင့်လုပ်ပေးနေတာပါပဲ။ ကျွန်တော်တို့က ဦးနှောက်ကို ကြွက်သားတစ်ခုအနေနဲ့ တွေးထားကြပါတယ်။

အသစ်အဆန်းတစ်ခုခုကို သင်ယူနေချိန်မှာ ပြသနာတွေကို ဖြေရှင်းဖို့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုတိုးတက်လာတယ်လို့ ကြားဖူးထားပါတယ်။ဒါကိုဖြေရှင်းနိုင်တဲ့အထိ အခန်းထဲမှာ လူတွေကို ပိတ်ထားလိုက်ပါ။မင်းကလုပ်ငန်းတစ်ခုကိုတည်ထောင်နေပြီဆိုရင် ချက်ချင်းဖြေရှင်းလို့မရနိုင်တဲ့ဖြေရှင်းချက်တွေ မရှိတဲ့အတားအဆီးတစ်ခုကို ကြုံတွေ့ဖို့က ရှောင်လှွဲလို့မရနိုင်တဲ့အရာတစ်ခုပါပဲ။

ကုမ္ပဏီမှာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြသနာတစ်ခုကိုဖြေရှင်းရတော့မယ့်အခါမှာ ကျွန်တော်တို့က တာဝန်တစ်ခုကိုပြီးအောင် လုပ်ဆောင်ကြပါတယ်။ဒီအဖွဲ့လေးကတော့ မဖြေရှင်းရသေးတဲ့ပြသနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ တစ်ပတ်လုံးအခန်းထဲမှာ နေနေကြပါတယ်။ သူတို့က အိမ်ပြန်ပြီးတော့ စားသောက်အိပ်စက်မှုတော့ လုပ်ကြပါတယ်။

အဲ့ဒီအဖွဲ့ကို နေရာအသီးသီး ဌာနအသီးသီးက လူတွေနဲ့ ဖွဲ့စည်းထားပါတယ်။အဲ့ဒီတစ်ပတ်မှာ သူတို့ကို အတူတူအခန်းထဲမှာ ထားထားပေးတယ်။ ဖြေရှင်းဖို့လိုအပ်တဲ့ပြသနာတွေကို အကြမ်းဖျဉ်းတွေးကြတယ်။ ဒီတစ်ပတ်အဆုံးမှာ လုပ်ဆောင်ဖို့ အစီအစဉ်တစ်ခုကို ရေးဆွဲဖို့အတွက် သူတို့ကို တွေးတောဖို့ ထားထားပေးပါတယ်။

အဆုံးသတ်ရောက်တဲ့အထိအောင် ရှင်းလင်းတဲ့ဖြေရှင်းချက်ကို ကျွန်တော်တို့ မရသေးဘူးဆိုရင် ကျွန်တော်တို့က ဒါထက်ပိုပြီးတော့ နီးစပ်အောင် လုပ်ကြပါတယ်။လူတစ်ယောက်ရဲ့အတွေးအခေါ်ထက် နှစ်ယောက်သုံးယောက်ရဲ့အတွေးအခေါ်တွေက ပိုကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

အထူးသဖြင့် အဲ့ဒိလူတွေက နယ်ပယ်အသီးသီးကကျွမ်းကျင်သူတွေ ဖြစ်တဲ့အတွက်ကြောင့် ရှုထောင့်အမျိုးမျိုးကနေ ကြည့်နိုင်ပါတယ်။

Translator : Su Mon

——————————————————————————————————————————-

#POINT #PointYouthPlatform

တီထွင်ဖန်တီးနိုင်စွမ်းဆိုတာက အားလုံးနားလည်ထားရမယ့် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပဲ။ စီမံချက်တွေနဲ့ ဆုံးဖြတ်ချက်တွေမှာ တီထွင်ဖန်တီးမှုတွေ ပါဝင်လာမယ်ဆိုရင် လုပ်ငန်းတိုင်းအတွက် အကျိုးအမြတ်ဖြစ်လာစေမှာပါပဲ။
နည်းပညာကုမ္ပဏီတွေအတွက် အပြောလွယ်သလောက် လုပ်ရတာ ပိုခက်ခဲပါတယ်။ လေ့ကျင့်ထားတဲ့Developer တွေက ကုန်ပစ္စည်းတစ်ခုကို တည်ဆောက်ဖို့ ရေးဆွဲနိုင်ပါတယ်။
ဒါပေမယ့် တီထွင်ဖန်တီးတတ်တဲ့Developer တစ်ယောက်က သုံးစွဲသူတွေရဲ့နေရာမှာ ဝင်ကြည့်ပြီးတော့ သူတို့ကို လမ်းညွှန်ပေးနိုင်ဖို့ စာနာစိတ်ကိုအသုံးပြုကြတယ်။ ဒါကိုမှန်မှန်ကန်ကန်လုပ်ပြီးသွားတဲ့အခါမှာ အဆုံးသတ်ရလဒ်ကို သုံးစွဲသူတွေက သဘောကျရုံတင်မကပဲ စိတ်ဓာတ်ကွန့်မြူးမှုတွေပါ တွေ့ရှိလာကြပါတယ်။
နည်းပညာရှင်တွေက သူတို့ဆုံးဖြတ်ချက်ရဲ့ရလဒ်တွေက လုပ်ငန်းစဉ်တွေမှာ တီထွင်ဖန်တီးမှုတွေရဲ့ အထောက်အပံ့နဲ့ ပေါင်းစပ်ထားမှုတွေကြောင့် ပိုတိုးတက်လာကြတယ်ဆိုတာကို နားလည်လာကြ ပါတယ်။ ငွေကြေးဌာန၊ အရောင်းဌာန၊ ထုတ်လုပ်ရေးဌာနတွေလို တီထွင်ဖန်တီးမှုတွေနဲ့ မသက်ဆိုင်တဲ့ဌာနတွေမှာတောင်မှ တီထွင်ဖန်တီးမှုတွေက နည်းဗျူဟာတွေမဖြေရှင်းနိုင်တဲ့ အရာတွေကို ဖြေရှင်းဖို့ တံခါးတစ်ချပ်ကို ဖွင့်ပေးထားပါတယ်။
ဒါပေမယ့် သဘာဝကျကျတော့ အမြဲတမ်းရောက်မလာနိုင်ပါဘူး။ တခြားကုမ္ပဏီတွေ အလွယ်တကူအတုယူလို့ရနိုင်စေမယ့် ကုမ္ပဏီလုပ်ငန်းလေ့ကျင့်ရေးတွေမှာ အဓိကတန်ဖိုးအဖြစ်နဲ့ တီထွင်ဖန်တီးမှုကို သက်ရောက်စေဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အလုပ်ခန့်ရာမှာ တီထွင်ဖန်တီးနိုင်စွမ်းကိုထည့်သွင်းစဉ်းစားပါ။
တီထွင်ဖန်တီးတတ်သူတွေကိုပဲ အလုပ်ခန့်ဖို့ကြိုးစားပါ။ ပြသနာတစ်ခုခုကြုံတွေ့တဲ့အခါမှာ ထူးထူးခြားခြားဖြေရှင်းတတ်သူတွေ နဲ့ ပုံမှန်မဟုတ်တဲ့နည်းလမ်းတွေကို စဉ်းစားတတ်သူတွေကို ရှာဖွေစုဆောင်းပါ။


ဥပမာ တခြားနည်းပညာကုမ္ပဏီတွေလိုပဲ အင်တာဗျူးမှာ နယ်ပယ်အစုံမေးမြန်းပါတယ်။ ဒါကတော့ အလုပ်လျှောက်သူကို ဌာနအသီးသီးက မေးမြန်းတာပဲ ဖြစ်ပါတယ်။ သူတို့အင်တာဗျူးရမယ့် တစ်ဌာနထဲက မေးတာမဟုတ်ပါဘူး။ မတူညီတဲ့ဌာနတွေက ရှုထောင့်ပေါင်းစုံကနေ မေးမြန်းခြင်းက ဒီအလုပ်လျှောက်သူရဲ့ အလုပ်လုပ်ဖို့အရည်အချင်းတင်မကပဲ သူက တခြားအရာတွေနဲ့ပါ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အကဲဖြတ်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
တီထွင်ဖန်တီးမှုဆိုတာက တိုင်းတာလို့ရနိုင်တဲ့အရာမဟုတ်ပါဘူး။ တီထွင်ဖန်တီးမှုဆိုတာက တစ်ယောက်ယောက်က ဘယ်လိုထင်လဲဆိုတာနဲ့ ဒါတွေကို ဘယ်လိုချဉ်းကပ်လဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
အင်တာဗျူးမှာ အရေးပါတဲ့အတွေးအခေါ်တွေနဲ့ ပြသနာတွေကို ဖြေရှင်းဖို့ကို ဘယ်လိုလုပ်လဲဆိုတဲ့ အိမ်စာတွေကို ပေးလိုက်ရင်း လျှောက်ထားသူတွေကို ပြန်လွှတ်လိုက်ပါတယ်။ ဒါဆိုရင် သူတို့ အင်တာဗျူးမယ့်နေရာနဲ့ သက်ဆိုင်တဲ့ အလုပ်ပြင်ပကစိန်ခေါ်မှုတွေကို သူတို့ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ အကြောင်းအရာတွေကို မေးမြန်းလို့ရနိုင်ပါပြီ။
ဒါကတော့ အလုပ်နဲ့ပတ်သတ်တဲ့တာဝန်အပြင် တီထွင်ဖန်တီးနိုင်စွမ်းရှိနေပြီးသားဆိုတာကို သိနိုင်ပါတယ်။
အကြံပေးချက်တွေကို စိတ်နှစ်ထားပြီး လုပ်ဆောင်ပါ။
ထုတ်ကုန်ကိုအသုံးပြုနေတဲ့ လူတွေဆီက အိုင်ဒီယာတွေကို စုဆောင်းပြီးတော့ အတွင်းအဖွဲ့က လူတွေနဲ့ ပူးပေါင်းပြီးတီထွင်ဖန်တီးမှုတွေ လုပ်ဆောင်ရင်း လွယ်ကူအောင်လုပ်ဆောင်ပါ။ ဥပမာဆိုရင် Slack channels တွေကို လုပ်ဆောင်တဲ့အခါမှာ အဖွဲ့သားတွေက ကြည့်ရှုသူတွေဆီကနေ အကြံပေးချက်တွေကို အမြဲတမ်းစောင့်ကြည့်သူ တစ်ယောက်ရှိပါတယ်။
ဌာနတစ်ခုခုကတစ်ယောက်ယောက်က အကြံတစ်ခုရတဲ့အခါမှာ ဒါမှမဟုတ် ဝယ်ယူသူဆီက အကြံပေးချက်တွေရလာတဲ့အခါ အဲ့တာကို ချက်ချင်းထည့်သွင်းစဉ်းစား လုပ်ဆောင်ပါတယ်။ အဲ့ဒီကနေပြီးတော့ အဖွဲ့သားတွေက အကြံပေးချက်တွေကို ပြီးမြောက်အောင်လုပ်ဆောင်ရင်း တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုကောင်းမွန်လာပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့အကြံပေးချက်တွေက မင်းမထင်မှတ်ထားတဲ့နေရာကနေလဲ ရောက်လာနိုင်ပါတယ်။ အဆုံးသတ်မှာတော့ ကိုယ့်အဖွဲ့သားတွေဆီက အကြံပေးချက်တွေကိုလဲ စုဆောင်းပါတယ်။ မန်နေဂျာနဲ့တစ်ယောက်ချင်း တင်ပြမှုတွေလုပ်တဲ့အခါမှာလဲ သူတို့မန်နေဂျာဆီကို သူတို့ရဲ့ကိုယ်ပိုင်ထုတ်ကုန်အကြောင်းအကြံပေးချက်တွေကို လွတ်လပ်စွာမျှဝေလို့ရနိုင်ပါတယ်။
ဒါကတော့ ပြသနာတွေရှိမှန်းမသိလိုက်ခင်မှာပဲ ဖြေရှင်းပြီးသားဖြစ်နေစေပါလိမ့်မယ်။ အကြံပေးချက် လုပ်ဖို့နဲ့ မေးခွန်းမေးဖို့ အခွင့်အရေးတွေ ပေးလိုက်တဲ့အခါမှာ လူတွေက အကြံဉာဏ်တွေ ပေးလာကြတာ ကောင်းမွန်ပါတယ်။
မင်းရဲ့အဖွဲ့သားတွေကို သင်ယူဖို့အခွင့်အရေးတွေ အမြဲတမ်းပေးထားပါ။
အသစ်အဆန်းတွေကို သင်ယူခြင်းက တီထွင်ဖန်တီးနိုင်စွမ်းတွေ တိုးလာစေဖို့ အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က အလုပ်နဲ့မပတ်သတ်တဲ့အကြောင်းတွေကို အလုပ်သမားတွေသင်ယူစေနိုင်ဖို့ workshopတွေ မကြာခဏကျင်းပပေးကြပါတယ်။
ထုတ်ကုန်အတွင်းပိုင်းအဖွဲ့ကလူက ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို တင်ဆက်ပြီးတော့ အပြင်ဘက်ကကျွမ်းကျင်သူက ဒီဇိုင်းနဲ့ပတ်သတ်ပြီးတော့ ပေးနိုင်ပါတယ်။
workshopတွေရဲ့ပန်းတိုင်က အဖွဲ့သားတွေကို ဦးနှောက်အတွေးအခေါ်တွေ ပိုမြင့်မားလာစေဖို့ အလေ့အကျင့်လုပ်ပေးနေတာပါပဲ။ ကျွန်တော်တို့က ဦးနှောက်ကို ကြွက်သားတစ်ခုအနေနဲ့ တွေးထားကြပါတယ်။ အသစ်အဆန်းတစ်ခုခုကို သင်ယူနေချိန်မှာ ပြသနာတွေကို ဖြေရှင်းဖို့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုတိုးတက်လာတယ်လို့ ကြားဖူးထားပါတယ်။
ဒါကိုဖြေရှင်းနိုင်တဲ့အထိ အခန်းထဲမှာ လူတွေကို ပိတ်ထားလိုက်ပါ။
မင်းကလုပ်ငန်းတစ်ခုကိုတည်ထောင်နေပြီဆိုရင် ချက်ချင်းဖြေရှင်းလို့မရနိုင်တဲ့ဖြေရှင်းချက်တွေ မရှိတဲ့အတားအဆီးတစ်ခုကို ကြုံတွေ့ဖို့က ရှောင်လွှဲလို့မရနိုင်တဲ့အရာတစ်ခုပါပဲ။ ကုမ္ပဏီမှာ အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြသနာတစ်ခုကိုဖြေရှင်းရတော့မယ့်အခါမှာ ကျွန်တော်တို့က တာဝန်တစ်ခုကိုပြီးအောင် လုပ်ဆောင်ကြပါတယ်။
ဒီအဖွဲ့လေးကတော့ မဖြေရှင်းရသေးတဲ့ပြသနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ တစ်ပတ်လုံးအခန်းထဲမှာ နေနေကြပါတယ်။ သူတို့က အိမ်ပြန်ပြီးတော့ စားသောက်အိပ်စက်မှုတော့ လုပ်ကြပါတယ်။ အဲ့ဒီအဖွဲ့ကို နေရာအသီးသီး ဌာနအသီးသီးက လူတွေနဲ့ ဖွဲ့စည်းထားပါတယ်။
အဲ့ဒီတစ်ပတ်မှာ သူတို့ကို အတူတူအခန်းထဲမှာ ထားထားပေးတယ်။ ဖြေရှင်းဖို့လိုအပ်တဲ့ပြသနာတွေကို အကြမ်းဖျဉ်းတွေးကြတယ်။ ဒီတစ်ပတ်အဆုံးမှာ လုပ်ဆောင်ဖို့ အစီအစဉ်တစ်ခုကို ရေးဆွဲဖို့အတွက် သူတို့ကို တွေးတောဖို့ ထားထားပေးပါတယ်။
အဆုံးသတ်ရောက်တဲ့အထိအောင် ရှင်းလင်းတဲ့ဖြေရှင်းချက်ကို ကျွန်တော်တို့ မရသေးဘူးဆိုရင် ကျွန်တော်တို့က ဒါထက်ပိုပြီးတော့ နီးစပ်အောင် လုပ်ကြပါတယ်။
လူတစ်ယောက်ရဲ့အတွေးအခေါ်ထက် နှစ်ယောက်သုံးယောက်ရဲ့အတွေးအခေါ်တွေက ပိုကောင်းမွန်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အထူးသဖြင့် အဲ့ဒိလူတွေက နယ်ပယ်အသီးသီးကကျွမ်းကျင်သူတွေ ဖြစ်တဲ့အတွက်ကြောင့် ရှုထောင့်အမျိုးမျိုးကနေ ကြည့်နိုင်ပါတယ်။

Translator : Su Mon

 

Career, Current

Leave a Reply

Your email address will not be published. Required fields are marked *