ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ Elon Musk ရဲ့ ဝန်ထမ်းထိန်းခြင်းနည်းဗျူဟာများ

#POINT #PointYouthPlatform

အလုပ်ရှင်တွေက ဝန်ထမ်းတွေ ပျော်ရွှင်အောင် ထားတတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုရှိတဲ့ ဝန်ထမ်းတွေက အလုပ်မှ ထွက်နိုင်ချေ နည်းပါးကာ၊ ကုမ္ပဏီရဲ့ ငွေကြေးကို သက်သာစေပြီး၊ လုပ်ငန်းမှာ ထိပ်တန်းစွမ်းရည်ကို ထိန်းထားနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်လို့ မကြာသေးမီက လေ့လာမှုအရ တွေ့ရှိရပါတယ်။

Tesla & Space X CEO Elon Musk က သူ့အလုပ်သမားတွေကို အောင်မြင်စေဖို့ စိတ်အားဖြစ်စေကာ၊ သူတို့ဟာ ကုမ္ပဏီရဲ့ အရေးပါတဲ့ အပိုင်းဖြစ်တယ်လို့ ခံစားရစေအောင် ကူညီခြင်းဖြင့် အကောင်းဆုံး သိမ်းသွင်းခဲ့ပါတယ်။

Muskရဲ့ နည်းဗျူဟာတွေက ဘဏ္ဍာရေးအရ ထိရောက်ပါတယ်။ ကုမ္ပဏီ Website Review တွေ စစ်တမ်းကောက်တဲ့ Glassdoor က စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်သမားအသစ်တွေ ငှားရမ်းတဲ့အခါမှာ ငွေအမြောက်အများ ရင်နှီးမြုပ်နှံကြပါတယ်လို့ ပြောထားပါတယ်။ သာမန်အားဖြင့်၊ အလုပ်သမား ရွေးချယ်စုဆောင်းသူ HRအများစုက လိုအပ်တဲ့ ရာထူးအတွက် အစားထိုး ဖြည့်သွင်းရန် ရက်ပေါင်း ၅၂ ရက်လောက် အချိန်ယူကြတယ်လို့ တွေ့ရှိရပါတယ်။

Muskက သူ့ကုမ္ပဏီမှာ ဒီနည်းဗျူဟာကို ဘယ်လို အသုံးချခဲ့တာလဲ။ သူ့ရဲ့ အကြီးတန်း အမှုဆောင်တွေကို ဝန်ထမ်းတွေ စိတ်အားထက်သန်စေဖို့ နည်းလမ်းတွေ ရှာဖွေခိုင်းပါတယ်။ ခေါင်းဆောင်တွေ ဒီလို လုပ်တာက “ အလုပ်ထဲမှာ မကျေနပ်သံတွေ ထွက်ပေါ်ခြင်းကနေ လျှော့ချနိုင်တယ်လို့ Muskက ယူဆပါတယ်။

ခေါင်းဆောင်တွေက သူတို့ကြိုးစားနေတဲ့အရာရဲ့ အခြေခံအကြောင်းရာတွေကို နားလည်ထားမယ်ဆိုရင်၊ မကောင်းတဲ့ မြေသားပေါ်မှာ အဆောက်အဦ ဆောက်မိခြင်းက ကာကွယ်နိုင်ပါတယ်လို့ CEOက ပြောပါတယ်။

“ကျွန်တော်တို့ ခေါင်းဆောင်တွေက ကိုယ့်အဖွဲ့အစည်းကို စိတ်အားတက်စေတဲ့သူ၊ စိတ်ခွန်အားဖြစ်စေတဲ့ နည်းလမ်းတွေ ရှာဖွေတဲ့သူ ဖြစ်စေချင်တယ်၊ လုပ်ငန်းခွင်မှာ ပူညံပူညံသံတွေ မထွက်စေဘဲ၊ ကန့်လန့်တိုက်တဲ့သူတွေကို ဖယ်ရှားဖို့ အကူညီ ဖြစ်မှာပါ လို့ Musk က Glassdoor ကို ပြောပါတယ်။

တကယ်လို့ ခင်ဗျားက Space Xမှာ ဘယ်အဆင့်ကဖြစ်ဖြစ် ဦးဆောင်နေသူ ဒါမှမဟုတ် မန်နေဂျာတစ်ယောက် ဖြစ်တယ်ဆိုရင်၊ ခင်ဗျားအဖွဲ့က အသင့်မရှိဘူးဆိုတဲ့ စိတ်ဖိစီးမှု ကျွန်တော်တို့ ရှိပါတယ်။ ခင်ဗျားအဖွဲ့အစည်းအတွက် ခင်ဗျားက အဆင်သင့်ရှိတယ်ဆိုရင်၊ဝန်ထမ်းတွေက ကုမ္ပဏီအတွက် အကောင်းဆုံး လုပ်ဆောင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို ကျွန်တော်အသုံးချတယ်လေ လို့ Musk က Glassdoor ကို ပြောပါတယ်။

ခေါင်းဆောင်တွေက သူတို့ကို သတင်းပို့တဲ့သူတွေထက် အလုပ်ကြိုးစားတဲ့သူတွေကို လိုချင်ကြတယ်။ ဥပမာအနေနဲ့ သင့်ရဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းခင်မှာ သူတို့ရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးတတ်ပါစေ။

Writer & Translator : Hsu Mi San

 

*** Unicode ***

#POINT #PointYouthPlatform

အလုပ်ရှင်တွေက ဝန်ထမ်းတွေ ပျော်ရှွင်အောင် ထားတတ်ကြပါတယ်။ လုပ်ငန်းခွင်မှာ စိတ်ကျေနပ်မှုရှိတဲ့ ဝန်ထမ်းတွေက အလုပ်မှ ထွက်နိုင်ချေ နည်းပါးကာ၊ ကုမ္ပဏီရဲ့ ငွေကြေးကို သက်သာစေပြီး၊ လုပ်ငန်းမှာ ထိပ်တန်းစွမ်းရည်ကို ထိန်းထားနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်လို့ မကြာသေးမီက လေ့လာမှုအရ တွေ့ရှိရပါတယ်။

Tesla & Space X CEO Elon Musk က သူ့အလုပ်သမားတွေကို အောင်မြင်စေဖို့ စိတ်အားဖြစ်စေကာ၊ သူတို့ဟာ ကုမ္ပဏီရဲ့ အရေးပါတဲ့ အပိုင်းဖြစ်တယ်လို့ ခံစားရစေအောင် ကူညီခြင်းဖြင့် အကောင်းဆုံး သိမ်းသွင်းခဲ့ပါတယ်။

Muskရဲ့ နည်းဗျူဟာတွေက ဘဏ္ဍဍာရေးအရ ထိရောက်ပါတယ်။ ကုမ္ပဏီ Website Review တွေ စစ်တမ်းကောက်တဲ့ Glassdoor က စီးပွားရေးလုပ်ငန်းတွေဟာ အလုပ်သမားအသစ်တွေ ငှားရမ်းတဲ့အခါမှာ ငွေအမြောက်အများ ရင်နှီးမြုပ်နှံကြပါတယ်လို့ ပြောထားပါတယ်။

သာမန်အားဖြင့်၊ အလုပ်သမား ရွေးချယ်စုဆောင်းသူ HRအများစုက လိုအပ်တဲ့ ရာထူးအတွက် အစားထိုး ဖြည့်သွင်းရန် ရက်ပေါင်း ၅၂ ရက်လောက် အချိန်ယူကြတယ်လို့ တွေ့ရှိရပါတယ်။Muskက သူ့ကုမ္ပဏီမှာ ဒီနည်းဗျူဟာကို ဘယ်လို အသုံးချခဲ့တာလဲ။

သူ့ရဲ့ အကြီးတန်း အမှုဆောင်တွေကို ဝန်ထမ်းတွေ စိတ်အားထက်သန်စေဖို့ နည်းလမ်းတွေ ရှာဖွေခိုင်းပါတယ်။ ခေါင်းဆောင်တွေ ဒီလို လုပ်တာက “ အလုပ်ထဲမှာ မကျေနပ်သံတွေ ထွက်ပေါ်ခြင်းကနေ လျှော့ချနိုင်တယ်လို့ Muskက ယူဆပါတယ်။ခေါင်းဆောင်တွေက သူတို့ကြိုးစားနေတဲ့အရာရဲ့ အခြေခံအကြောင်းရာတွေကို နားလည်ထားမယ်ဆိုရင်၊ မကောင်းတဲ့ မြေသားပေါ်မှာ အဆောက်အဦ ဆောက်မိခြင်းက ကာကွယ်နိုင်ပါတယ်လို့ CEOက ပြောပါတယ်။“

ကျွန်တော်တို့ ခေါင်းဆောင်တွေက ကိုယ့်အဖွဲ့အစည်းကို စိတ်အားတက်စေတဲ့သူ၊ စိတ်ခွန်အားဖြစ်စေတဲ့ နည်းလမ်းတွေ ရှာဖွေတဲ့သူ ဖြစ်စေချင်တယ်၊ လုပ်ငန်းခွင်မှာ ပူညံပူညံသံတွေ မထွက်စေဘဲ၊ ကန့်လန့်တိုက်တဲ့သူတွေကို ဖယ်ရှားဖို့ အကူညီ ဖြစ်မှာပါ လို့ Musk က Glassdoor ကို ပြောပါတယ်။

တကယ်လို့ ခင်ဗျားက Space Xမှာ ဘယ်အဆင့်ကဖြစ်ဖြစ် ဦးဆောင်နေသူ ဒါမှမဟုတ် မန်နေဂျာတစ်ယောက် ဖြစ်တယ်ဆိုရင်၊ ခင်ဗျားအဖွဲ့က အသင့်မရှိဘူးဆိုတဲ့ စိတ်ဖိစီးမှု ကျွန်တော်တို့ ရှိပါတယ်။

ခင်ဗျားအဖွဲ့အစည်းအတွက် ခင်ဗျားက အဆင်သင့်ရှိတယ်ဆိုရင်၊ဝန်ထမ်းတွေက ကုမ္ပဏီအတွက် အကောင်းဆုံး လုပ်ဆောင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို ကျွန်တော်အသုံးချတယ်လေ လို့ Musk က Glassdoor ကို ပြောပါတယ်။ခေါင်းဆောင်တွေက သူတို့ကို သတင်းပို့တဲ့သူတွေထက် အလုပ်ကြိုးစားတဲ့သူတွေကို လိုချင်ကြတယ်။ ဥပမာအနေနဲ့ သင့်ရဲ့ လိုအပ်ချက်တွေ မဖြည့်ဆည်းခင်မှာ သူတို့ရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးတတ်ပါစေ။

Writer & Translator : Hsu Mi San

Current

Leave a Reply

Your email address will not be published. Required fields are marked *