ဆေးလိပ်သောက်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးနိုင်နှုန်းမြင့်မားလာ

*** Unicode ***

#POINT #PointYouthYouth

ဆေးလိပ်သောက်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးနိုင်နှုန်းမြင့်မားလာကြောင်း Oxford University Press ကထုတ်ဝေတဲ့ Nicotine & Tobacco သုတေသနမှာ ဖော်ပြထားပါတယ်။

လူပေါင်း ငါးသောင်းကျော်ကို ၈နှစ်ကြာ လေ့လာစမ်းသပ်ကြည့်ခဲ့ပြီး သုတေသနပညာရှင်တွေက တစ်ယောက်ချင်းစီရဲ့ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဘဝနေထိုင်မှုပုံစံကို မေးမြန်းကာ အသံဖိုင်စမ်းသပ်မှုတွေ ပြုလုပ်ခြင်းတွေအပါအဝင် နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုကရတဲ့ အချက်အလက်တွေကို ခွဲခြားစိတ်ဖြာကြည့်ခဲ့ပါတယ်။

သူတို့က လက်ရှိဆေးလိပ်သောက်သူ၊ အရင်တုန်းကသောက်တဲ့သူနဲ့ ဘယ်တုန်းကမှ မသောက်ဖူးတဲ့သူတွေရဲ့ အကျိုးသက်ရောက်ပုံကို စစ်ဆေးခဲ့ကြပါတယ်။စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ လက်ရှိဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်ဖူးသူတွေနဲ့ ယှဉ်ရင် အကြားအာရုံဆုံးရှုံးနိုင်မှု၁.၂ကနေ ၁.၆ အထိတိုးလာတာကို တွေ့ရှိရပါတယ်။

ဆေးလိပ်သောက်ခြင်းက အကြားအာရုံဆုံးရှုံးမှုကို မြင့်တက်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အတွင်းမှာ အဲ့ဒီနှုန်းထားကတော့ လျော့ကျသွားခဲ့ပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးနိုင်ကြောင်း ကျွန်တော်တို့ရဲ့လေ့လာမှုတွေကနေ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြသထားပါတယ်။

ဒီခိုင်လုံတဲ့အထောက်အထားတွေကနေ ဆေးလိပ်သောက်ခြင်းက အကြားအာရုံဆုံးရှုံးရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းကို ဖော်ပြနေပါတယ်။ဒါကြောင့် အကြားအာရုံဆုံးရှုံးမှု မဖြစ်အောင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ကြဖို့ လိုအပ်ကြောင်း ဂျပန်အမျိုးသားကျန်းမာရေးနဲ့ဆေးဝါးဌာနရဲ့ခေါင်းဆောင်သုတေသန စာရေးဆရာ Dr.Huanhuan Hu ကလည်း တိုက်တွန်းထားပါတယ်။

Writer & Translator : Su Mon

—————————————————————————————————————————

#POINT #PointYouthYouth

ဆေးလိပ်သောက်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးနိုင်နှုန်းမြင့်မားလာကြောင်း Oxford University Press ကထုတ်ဝေတဲ့ Nicotine & Tobacco သုတေသနမှာ ဖော်ပြထားပါတယ်။
လူပေါင်း ငါးသောင်းကျော်ကို ၈နှစ်ကြာ လေ့လာစမ်းသပ်ကြည့်ခဲ့ပြီး သုတေသနပညာရှင်တွေက တစ်ယောက်ချင်းစီရဲ့ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဘဝနေထိုင်မှုပုံစံကို မေးမြန်းကာ အသံဖိုင်စမ်းသပ်မှုတွေ ပြုလုပ်ခြင်းတွေအပါအဝင် နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုကရတဲ့ အချက်အလက်တွေကို ခွဲခြားစိတ်ဖြာကြည့်ခဲ့ပါတယ်။
သူတို့က လက်ရှိဆေးလိပ်သောက်သူ၊ အရင်တုန်းကသောက်တဲ့သူနဲ့ ဘယ်တုန်းကမှ မသောက်ဖူးတဲ့သူတွေရဲ့ အကျိုးသက်ရောက်ပုံကို စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ လက်ရှိဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်ဖူးသူတွေနဲ့ ယှဉ်ရင် အကြားအာရုံဆုံးရှုံးနိုင်မှု၁.၂ကနေ ၁.၆ အထိတိုးလာတာကို တွေ့ရှိရပါတယ်။
ဆေးလိပ်သောက်ခြင်းက အကြားအာရုံဆုံးရှုံးမှုကို မြင့်တက်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အတွင်းမှာ အဲ့ဒီနှုန်းထားကတော့ လျော့ကျသွားခဲ့ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် အကြားအာရုံဆုံးရှုံးနိုင်ကြောင်း ကျွန်တော်တို့ရဲ့လေ့လာမှုတွေကနေ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြသထားပါတယ်။
ဒီခိုင်လုံတဲ့အထောက်အထားတွေကနေ ဆေးလိပ်သောက်ခြင်းက အကြားအာရုံဆုံးရှုံးရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းကို ဖော်ပြနေပါတယ်။
ဒါကြောင့် အကြားအာရုံဆုံးရှုံးမှု မဖြစ်အောင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ကြဖို့ လိုအပ်ကြောင်း ဂျပန်အမျိုးသားကျန်းမာရေးနဲ့ဆေးဝါးဌာနရဲ့ခေါင်းဆောင်သုတေသန စာရေးဆရာ Dr.Huanhuan Hu ကလည်း တိုက်တွန်းထားပါတယ်။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *