ကိုယ့်သားသမီးတွေကို နည်းမှန်လမ်းမှန် ထိန်းကျောင်းနိုင်မယ့် နည်းလမ်းတွေ


ကလေးတွေကို ညဘက်စောစောအိပ်ခိုင်းတာ၊ ကျန်းမာရေးနဲ့ သင့်တော်တဲ့အစားအစာတွေစားခိုင်းတာ၊ မသင့်တော်တဲ့ကိစ္စတွေ တားမြစ်တာနဲ့ တခြားကိစ္စတွေ လုပ်ခိုင်းတာဟာ မိဘတွေရဲ့ တာဝန်ဖြစ်ပေမယ့် ကလေးတိုင်းက မလိုက်နာနိုင်ပါဘူး။ နည်းလမ်းမှန်မှန် လက်ခံလာအောင် သင့်တော်တဲ့အချက်တွေကို ဝေမျှလိုက်ပါတယ်။

၁။ ကိုယ်ပိုင်ခံစားချက်တွေကို အရင်ဖြေရှင်းပါ

ကိုယ့်ကလေးကောင်းလာအောင် ထိန်းကျောင်းရင်း သူတို့ကို မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာမှာစိုးလို့ ပူပင်စိတ်နဲ့ စိုးရိမ်စိတ်တွေဟာ မိဘတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ ဒါကလည်း အတ္တလို့ပြောနိုင်ပေမယ့် စေတနာကောင်းတဲ့ အတ္တပါ။ ဒါပေမယ့် အဲဒီခံစားချက်ကြောင့် ကလေးကို ဝန်ထုတ်ဝန်ပိုး မဖြစ်သွားပါစေနဲ့။
ဒါကြောင့် ခံစားချက်ကို ရှေ့တန်းမတင်ပဲ လက်တွေ့ကျကျ စေ့စေ့စပ်စပ် ကြိုတင်ပြင်ဆင်ပါ။ ပြီးမှ အရေးကြီးတဲ့ အချက်ကို အရင်စဉ်းစားပြီး လုပ်ပါ။ ကလေးရဲ့အတွင်းသဘောကိုလည်း သိအောင် ကြိုးစားပါ။ သူတို့အပြုအမူနဲ့ ခံစားချက်ကို စာနာတတ်ရင် ကိုယ့်ခံစားချက်ကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားမှာပါ။



၂။ ကလေးတွေရဲ့ခံစားချက်ကို နိုင်နိုင်နင်းနင်း ဖြေရှင်းတတ်အောင် ကူညီပေးပါ

ကလေးဆိုတာ ခံစားလွယ်ပြီး စိတ်လှုပ်ရှားတတ်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ကိုယ်တိုင်က သဘောမကျသလိုပြုမူသလို အေးတိအေးစက်တုန့်ပြန်လိုက်ရင် စိတ်ထိခိုက်သွားတတတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ခံစားချက်ကို မြင်အောင်ကြည့်ပြီး ကူညီပေးပါ။ ဥပမာ အိပ်ချိန်မှာ အိပ်မပျော်ရင် စကားပြောပေးတာ၊ စာဖတ်ပြတာတွေကို လုပ်ပေးပါ။ သူ့ခံစားချက်နောက်ကို လိုက်မသွားပါနဲ့။ ဒါဆိုရင် ကိုယ့်ကို အားကိုးစရာလို့ မြင်ပြီး ယုံကြည်လာလို့ သူတို့ရဲ့ ယုံကြည်ချက်လည်း ရလာမှာပါ။

၃။ သူတို့စကားကို အလေးထား နားထောင်ပါ

တစ်ချို့ကလေးတွေက စကားတွေပြောပြီး ဆွေးနွေးတိုင်ပင်လိုစိတ် ရှိကြပါတယ်။ ဒါကို လိုက်လျောပေးရင် သူတို့ကလည်း တန်ဖိုးထားတတ်ကြပါတယ်။ အသေအချာနားထောင်တာက သူတို့အတွက် စိတ်ခွန်အားဖြစ် စေသလို ကိုယ့်အတွက်လည်း လေ့လာစရာတွေ အများကြီး ရပါတယ်။ ဒါကြောင့် အချိန်ပေးပြီး သူတို့စကားကို နားထောင်ပါ။ တတ်နိုင်သမျှ အတိုက်အခံ မလုပ်မိပါစေနဲ့။ ပြီးမှ သင့်လျော်တဲ့ အကြံဉာဏ် ပေးပါ။ ရင်းနှီးမှုလည်း ပိုရလာပါလိမ့်မယ်။…

ရွှေရည်

Unicode

…ကလေးတွေကို ညဘက်စောစောအိပ်ခိုင်းတာ၊ ကျန်းမာရေးနဲ့ သင့်တော်တဲ့အစားအစာတွေစားခိုင်းတာ၊ မသင့်တော်တဲ့ကိစ္စတွေ တားမြစ်တာနဲ့ တခြားကိစ္စတွေ လုပ်ခိုင်းတာဟာ မိဘတွေရဲ့ တာဝန်ဖြစ်ပေမယ့် ကလေးတိုင်းက မလိုက်နာနိုင်ပါဘူး။

နည်းလမ်းမှန်မှန် လက်ခံလာအောင် သင့်တော်တဲ့အချက်တွေကို ဝေမျှလိုက်ပါတယ်။…

၁။ ကိုယ်ပိုင်ခံစားချက်တွေကို အရင်ဖြေရှင်းပါ

ကိုယ့်ကလေးကောင်းလာအောင် ထိန်းကျောင်းရင်း သူတို့ကို မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာမှာစိုးလို့ ပူပင်စိတ်နဲ့ စိုးရိမ်စိတ်တွေဟာ မိဘတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ ဒါကလည်း အတ္တလို့ပြောနိုင်ပေမယ့် စေတနာကောင်းတဲ့ အတ္တပါ။

ဒါပေမယ့် အဲဒီခံစားချက်ကြောင့် ကလေးကို ဝန်ထုတ်ဝန်ပိုး မဖြစ်သွားပါစေနဲ့။ဒါကြောင့် ခံစားချက်ကို ရှေ့တန်းမတင်ပဲ လက်တွေ့ကျကျ စေ့စေ့စပ်စပ် ကြိုတင်ပြင်ဆင်ပါ။

ပြီးမှ အရေးကြီးတဲ့ အချက်ကို အရင်စဉ်းစားပြီး လုပ်ပါ။ ကလေးရဲ့အတွင်းသဘောကိုလည်း သိအောင် ကြိုးစားပါ။ သူတို့အပြုအမူနဲ့ ခံစားချက်ကို စာနာတတ်ရင် ကိုယ့်ခံစားချက်ကိုလည်း ထိန်းချုပ်ပြီးသား ဖြစ်သွားမှာပါ။…

၂။ ကလေးတွေရဲ့ခံစားချက်ကို နိုင်နိုင်နင်းနင်း ဖြေရှင်းတတ်အောင် ကူညီပေးပါ

ကလေးဆိုတာ ခံစားလွယ်ပြီး စိတ်လှုပ်ရှားတတ်ကြပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို ကိုယ်တိုင်က သဘောမကျသလိုပြုမူသလို အေးတိအေးစက်တုန့်ပြန်လိုက်ရင် စိတ်ထိခိုက်သွားတတတ်ကြပါတယ်။

ဒါကြောင့် သူတို့ရဲ့ခံစားချက်ကို မြင်အောင်ကြည့်ပြီး ကူညီပေးပါ။ ဥပမာ အိပ်ချိန်မှာ အိပ်မပျော်ရင် စကားပြောပေးတာ၊ စာဖတ်ပြတာတွေကို လုပ်ပေးပါ။

သူ့ခံစားချက်နောက်ကို လိုက်မသွားပါနဲ့။ ဒါဆိုရင် ကိုယ့်ကို အားကိုးစရာလို့ မြင်ပြီး ယုံကြည်လာလို့ သူတို့ရဲ့ ယုံကြည်ချက်လည်း ရလာမှာပါ။…

၃။ သူတို့စကားကို အလေးထား နားထောင်ပါ

တစ်ချို့ကလေးတွေက စကားတွေပြောပြီး ဆွေးနွေးတိုင်ပင်လိုစိတ် ရှိကြပါတယ်။ ဒါကို လိုက်လျောပေးရင် သူတို့ကလည်း တန်ဖိုးထားတတ်ကြပါတယ်။

အသေအချာနားထောင်တာက သူတို့အတွက် စိတ်ခွန်အားဖြစ် စေသလို ကိုယ့်အတွက်လည်း လေ့လာစရာတွေ အများကြီး ရပါတယ်။

ဒါကြောင့် အချိန်ပေးပြီး သူတို့စကားကို နားထောင်ပါ။ တတ်နိုင်သမျှ အတိုက်အခံ မလုပ်မိပါစေနဲ့။ ပြီးမှ သင့်လျော်တဲ့ အကြံဉာဏ် ပေးပါ။ ရင်းနှီးမှုလည်း ပိုရလာပါလိမ့်မယ်။…

ရွှေရည်

Current

Leave a Reply

Your email address will not be published. Required fields are marked *