အချိန်ဆွဲမှုကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းကောင်းများ

အချိန်ဆွဲတတ်ခြင်းက မင်းအတွက် ပြဿနာတစ်ခုဆို ဒါကိုအမြန်ဆုံး ကိုင်တွယ်ဖြေရှင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်။

အချိန်ဆွဲခြင်းက ကျွန်တော်တို့ဘဝရဲ့ ရှုထောင့်ပေါင်းစုံကို အကျိုးသက်ရောက်စေတယ်ဆိုတာ မင်းသိတဲ့အတိုင်းပါပဲ။ ဒါဆို ကျွန်တော်တို့အချိန်ဆွဲမှုကို ရှောင်ရှားနိုင်ဖို့ နည်းလမ်းကောင်းတွေကို ကြည့်လိုက်ကြရအောင်။

ကနဦးအစအနေနဲ့ သင်က အလုပ်၊ အိမ်မှုကိစ္စ၊ တစ်ကိုယ်ရည်ဂရုစိုက်မှု၊ လူမှုဆက်ဆံရေး စတဲ့ အကြောင်းအရာများကို အချိန်ဆွဲလုပ်ကိုင်နေသူတစ်ဦးလားဆိုတာ ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒါမှမဟုတ် အပျော်တမ်းသဘောတစ်ခုခုကို လုပ်နေတာလားဆိုတာ ခွဲခြားသိမြင်ဖို့လိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ အချိန်ဆွဲလုပ်ကိုင်နေလားဆိုတာကိုသိဖို့ တစ်ပတ်စာ စာရင်းပြုလုပ်သင့်ပါတယ်။ ဥပမာ – အလုပ်၊ အိပ်ချိန်၊ တစ်ကိုယ်ရည်၊ အသွားအပြန်ကြာချိန်၊ အိမ်အလုပ်၊ အနားယူချိန် စသဖြင့် ခွဲခြမ်းစိတ်ဖြာခြင်းက သင့်အချိန်တွေဘာအတွက် ကုန်ဆုံးနေရတယ်ဆိုတာကို သိသာစေနိုင်ပါတယ်။

ဒီလိုခွဲခြမ်းစိတ်ဖြာတာမျိုးကို တစ်နှစ်လောက် စွဲမြဲလုပ်ဆောင်ခဲ့မယ်ဆိုရင် တစ်နှစ်တာအတွင်း သင့်တစ်ကိုယ်ရည်အတွက် သုံးရတဲ့အချိန်တွေ၊ အနားယူအပန်းဖြေချိန်တွေကို သေချာတွက်ချက်ပြီး ဘယ်လိုအရာတွေအတွက် သင့်အချိန်တွေကို ပိုသုံးနေတယ်၊ ဘယ်လိုအရာတွေအတွက် သင့်အချိန်ပေးချင်ပေမယ့် မပေးလိုက်နိုင်ဘူးဆိုတာတွေကို ရှာတွေ့လာမှာဖြစ်ပါတယ်။

မဖြစ်မနေသုံးရမယ့်အချိန်တွေ ရှိပေမယ့်လည်း သင်ရွေးချယ်ပြုလုပ်နိုင်တဲ့ အချိန်တွေလည်း ရှိပါသေးတယ်။ သင်လုပ်ချင်တဲ့ ကိစ္စတွေ၊ ဆောင်ရွက်ချင်တာတွေအတွက် အချိန်ပေးဖို့ မလိုအပ်ဘဲ ကုန်ဆုံးနေရတဲ့ အချိန်တွေကို စီမံခန့်ခွဲမှု ကောင်းကောင်းလုပ်ပြီး အကျိုးရှိအောင် အသုံးချဖို့ တိုက်တွန်းလိုက်ပါတယ်။

You may delay, but time will not – မင်းက အချိန်ဆွဲကောင်းဆွဲနိုင်ပေမယ့် အချိန်ကတော့ မင်းလိုပြုမူနေလိမ့်မှာ မဟုတ်ဘူး ဆိုတဲ့ စကားပုံလေးလိုပါပဲ။

ဒါကြောင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရယူနိုင်ဖို့ အချိန်မဆွဲဘဲ လက်ဝယ်ပိုင်ဆိုင်ထားတဲ့ အချိန်တွေကို အကောင်းဆုံးအသုံးချလိုက်ရအောင်နော်။

Career, Current

Leave a Reply

Your email address will not be published. Required fields are marked *