လူမှုကွန်ရက် အလွန်အကျွံစွဲလန်းမှုကနေ ရပ်တန့်နိုင်မယ့် နည်းလမ်းများ

*** Unicode ***

#POINT #PointYouthPlatform

လူမှုကွန်ရက်စွဲလမ်းမှုကနေ ရပ်တန့်စေနိုင်မယ့် အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။အလုပ်မရှိတဲ့အချိန်မှာ မင်းရဲ့ဖုန်းကို မကြည့်မိအောင် ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။စိတ်ရှည်တတ်အောင်လဲ ကိုယ့်ကိုယ်ကို လေ့ကျင့်နိုင်ပါတယ်။ လူမှုကွန်ရက် အပလီကေးရှင်းတွေကို အသုံးပြုတာနဲ့ ပတ်သတ်ပြီး စည်းမျဉ်းတွေကို ချမှတ်ထားပါ။

ဥပမာပြောရရင် ဘတ်စ်ကားစောင့်နေချိန်မှာ ဒါမှမဟုတ် Starbucks မှာ တန်းစီနေချိန်မှာ ဖုန်းမသုံးမိအောင် ကိုယ့်ကိုယ်ကိုစိန်ခေါ်ပါ။ ဘာပဲဖြစ်ဖြစ် ဒါကမိနစ်ပိုင်းလေးပဲလေ။မင်းဖုန်းရဲ့နောက်ဆုံးမျက်နှာက folder ထဲမှာ အပလီကေးရှင်းတွေ ဂိမ်းတွေကို ဖွက်ထားလိုက်ပါ။ မင်းရဲ့အချက်ပေးသံတွေကိုလဲ ပိတ်ထားလိုက်ပါ။

စလုပ်ပြီးမှ ရပ်တန့်ရတာက လုံးဝစမလုပ်တာထက် ပိုခက်ခဲပါတယ်။ အပလီကေးရှင်းတွေကို အရင်ထဲက မဖွင့်ခဲ့ဘူးဆိုရင် ဒါကိုဖွင့်ဖို့အတွက် မင်းမစိုးရိမ်ရတော့ပါဘူး။မင်းလုပ်ရမှာက မင်းစွဲလမ်းနေတဲ့အပလီကေးရှင်းတွေရဲ့ အချက်ပေးသံတွေကို ပိတ်ထားပြီး ဒါတွေကို folder ထဲမှာ ထည့်ထားပါ။

ပြီးတော့ အဲ့ဒီ folder တွေကို ဖုန်းရဲ့နောက်ဆုံး မျက်နှာမှာ ထားလိုက်ပါ။ မင်းဖုန်းတွေကို လော့ဖြည်တဲ့အခါမှာ ပထမဆုံးစာမျက်နှာကို ရောက်သွားပါတယ်။ ဒါတွေကို ဝင်ရောက်ဖို့ မလွယ်ကူတော့ဘူးလေ။ဒီဆွဲဆောင်မှုကို ဝေးဝေးမှာထားတာက အပလီကေးရှင်း တွေကို ကြညြ့်ခင်းကနေ တားဆီးနိုင်တဲ့ ကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။

တစ်ချုံကွယ် တစ်မယ်မေ့ပဲလေ။မင်းရဲ့ဖုန်းထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေပြုလုပ်ပါ။Facebook တို့ Instagram တို့ရဲ့အပြင်ဘက်မှာ မင်းရဲ့ဘဝလေးရှိနေသေးတယ်ဆိုတာကို နားလည်ထားရပါမယ်။ Candy Crush က မင်းလုပ်နိုင်တဲ့ တစ်ခုထဲသော ပျော်စရာမဟုတ်ပါဘူး။သူတို့ရဲ့စာမျက်နှာမှာ ပို့စ်တွေတင်နေမယ့်အစား သူငယ်ချင်းတွေနဲ့ အပြင်မှာ သွားတွေ့လိုက်ပါ။

Instagram ကို ကြည့်နေမယ့်အစား စာအုပ်ဖတ်လိုက်ပါ။ Candy Crush ကို ဆော့နေမယ့်အစား မုန့်ဖုတ်လိုက်ပါ။ ဒီလိုပဲ လုပ်စရာတွေ အများကြီးပါပဲ။တကယ့်ကမ္ဘာက စိတ်ဝင်စားစရာတွေကို မင်းသဘောကျသွားတဲ့အခါမှာ မင်းရဲ့ဖုန်းကို ခဏခဏမကိုင်ဖြစ်တော့ပါဘူး။

မင်းရဲ့ဘဝကနေ ဒီအပလီကေးရှင်းတွေကို လုံးဝဖြတ်တောက်ပစ်စရာမလိုဘူးဆိုတာကို စိတ်ထဲမှာ မှတ်ထားပါ။ မင်းဒါကိုဘာကြောင့် သုံးနေတာလဲဆိုတာကိုလဲ သိထားပါ။ဖုန်းသုံးရတာကို တကယ်ပျော်ရဲ့လား ဒါမှမဟုတ် ပျင်းနေပြီလား။ အဲ့ဒီအစား အချိန်ကောင်းလေးရဖို့ တစ်ခုခုလုပ်နိုင်မလားဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

Translator : Su Mon

—————————————————————————————————————————

#POINT #PointYouthPlatform

လူမှုကွန်ရက်စွဲလမ်းမှုကနေ ရပ်တန့်စေနိုုင်မယ့် အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အလုပ်မရှိတဲ့အချိန်မှာ မင်းရဲ့ဖုန်းကို မကြည့်မိအောင် ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။
စိတ်ရှည်တတ်အောင်လဲ ကိုယ့်ကိုယ်ကို လေ့ကျင့်နိုင်ပါတယ်။ လူမှုကွန်ရက် အပလီကေးရှင်းတွေကို အသုံးပြုတာနဲ့ ပတ်သတ်ပြီး စည်းမျဉ်းတွေကို ချမှတ်ထားပါ။ ဥပမာပြောရရင် ဘတ်စ်ကားစောင့်နေချိန်မှာ ဒါမှမဟုတ် Starbucks မှာ တန်းစီနေချိန်မှာ ဖုန်းမသုံးမိအောင် ကိုယ့်ကိုယ်ကိုစိန်ခေါ်ပါ။ ဘာပဲဖြစ်ဖြစ် ဒါကမိနစ်ပိုင်းလေးပဲလေ။
မင်းဖုန်းရဲ့နောက်ဆုံးမျက်နှာက folder ထဲမှာ အပလီကေးရှင်းတွေ ဂိမ်းတွေကို ဖွက်ထားလိုက်ပါ။ မင်းရဲ့အချက်ပေးသံတွေကိုလဲ ပိတ်ထားလိုက်ပါ။


စလုပ်ပြီးမှ ရပ်တန့်ရတာက လုံးဝစမလုပ်တာထက် ပိုခက်ခဲပါတယ်။ အပလီကေးရှင်းတွေကို အရင်ထဲက မဖွင့်ခဲ့ဘူးဆိုရင် ဒါကိုဖွင့်ဖို့အတွက် မင်းမစိုးရိမ်ရတော့ပါဘူး။
မင်းလုပ်ရမှာက မင်းစွဲလမ်းနေတဲ့အပလီကေးရှင်းတွေရဲ့ အချက်ပေးသံတွေကို ပိတ်ထားပြီး ဒါတွေကို folder ထဲမှာ ထည့်ထားပါ။ ပြီးတော့ အဲ့ဒီ folder တွေကို ဖုန်းရဲ့နောက်ဆုံး မျက်နှာမှာ ထားလိုက်ပါ။ မင်းဖုန်းတွေကို လော့ဖြည်တဲ့အခါမှာ ပထမဆုံးစာမျက်နှာကို ရောက်သွားပါတယ်။ ဒါတွေကို ဝင်ရောက်ဖို့ မလွယ်ကူတော့ဘူးလေ။
ဒီဆွဲဆောင်မှုကို ဝေးဝေးမှာထားတာက အပလီကေးရှင်း တွေကို ကြညြ့့်ခင်းကနေ တားဆီးနိုင်တဲ့ ကောင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ တစ်ချုံကွယ် တစ်မယ်မေ့ပဲလေ။


မင်းရဲ့ဖုန်းထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ လှုပ်ရှားမှုတွေပြုလုပ်ပါ။
Facebook တို့ Instagram တို့ရဲ့အပြင်ဘက်မှာ မင်းရဲ့ဘဝလေးရှိနေသေးတယ်ဆိုတာကို နားလည်ထားရပါမယ်။ Candy Crush က မင်းလုပ်နိုင်တဲ့ တစ်ခုထဲသော ပျော်စရာမဟုတ်ပါဘူး။
သူတို့ရဲ့စာမျက်နှာမှာ ပို့စ်တွေတင်နေမယ့်အစား သူငယ်ချင်းတွေနဲ့ အပြင်မှာ သွားတွေ့လိုက်ပါ။ Instagram ကို ကြည့်နေမယ့်အစား စာအုပ်ဖတ်လိုက်ပါ။ Candy Crush ကို ဆော့နေမယ့်အစား မုန့်ဖုတ်လိုက်ပါ။ ဒီလိုပဲ လုပ်စရာတွေ အများကြီးပါပဲ။


တကယ့်ကမ္ဘာက စိတ်ဝင်စားစရာတွေကို မင်းသဘောကျသွားတဲ့အခါမှာ မင်းရဲ့ဖုန်းကို ခဏခဏမကိုင်ဖြစ်တော့ပါဘူး။
မင်းရဲ့ဘဝကနေ ဒီအပလီကေးရှင်းတွေကို လုံးဝဖြတ်တောက်ပစ်စရာမလိုဘူးဆိုတာကို စိတ်ထဲမှာ မှတ်ထားပါ။ မင်းဒါကိုဘာကြောင့် သုံးနေတာလဲဆိုတာကိုလဲ သိထားပါ။
ဖုန်းသုံးရတာကို တကယ်ပျော်ရဲ့လား ဒါမှမဟုတ် ပျင်းနေပြီလား။ အဲ့ဒီအစား အချိန်ကောင်းလေးရဖို့ တစ်ခုခုလုပ်နိုင်မလားဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *