ခရီးသွားခြင်းက တန်ဖိုးရှိတဲ့ သင်ခန်းစာအတွေ့အကြုံတစ်ခုဖြစ်ရတဲ့ အကြောင်းရင်း

*** Unicode ***

#POINT #PointYouthPlatform

ခရီးသွားခြင်းကတော့ မင်းမသေခင်မှာ လုပ်ချင်တဲ့အရာတွေထဲကတစ်ခု ဖြစ်နိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ သွားရောက်လည်ပတ်တဲ့အခါမှာ သင်ယူစရာတွေ အများကြီးရှိပါတယ်။ အတွေ့အကြုံအသစ်တွေလဲ ရရှိနိုင်ပါတယ်။ ပရဟိတအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားလာပြီး လူတွေကိုလဲ ပိုသိလာမယ်။ ပြီးတော့ မင်းလည်ပတ်ခဲ့တဲ့နေရာတစ်ခုချင်းစီရဲ့ယဉ်ကျေးမှုကိုလဲ သိလာမယ်။

ပြီးတော့ မင်းအိမ်ပြန်ရောက်တဲ့အချိန်မှာ အမှတ်တရတွေတင်မကပဲ မင်းမှာတခြားကျွမ်းကျင်မှုအသစ်တွေ အများကြီးရှိလာတာကိုတွေ့ရပါလိမ့်မယ်။မင်းက ကမ္ဘောဒီးယားသမိုင်းကြောင်း ဂျပန်ယဉ်ကျေးမှု နဲ့ တောင်အမေရိကရဲ့ပထဝီမြေပြင် အနေအထားတို့အကြောင်းတွေကို သိနိုင်ပါပြီ။

ဒါပေမဲ့ ဒါကတော့ ဘဝမှာ အရေးပါတဲ့ကျွမ်းကျင်မှုတွေကိုလဲ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။ခရီးသွားလာရင်း သင်ယူနိုင်ဖို့ မျှော်လင့်လို့ရနိုင်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ပြောဆိုဆက်သွယ်မှုတွေ ယုံကြည်မှုရှိလာခြင်းတစ်ယောက်ထဲခရီးသွားတော့မယ်ဆိုရင် မင်းရဲ့ပြောဆိုဆက်သွယ်မှုကျွမ်းကျင်ဖို့ဆိုတာက စိန်ခေါ်မှုတစ်ရပ်ပါပဲ။

နိုင်ငံခြားဘာသာစကားကိုပြောတတ်ရုံအပြင် မင်းကတော့ နေ့တိုင်းလိုလို သူစိမ်းနီးပါးလူတွေနဲ့ စကားပြောဆိုနေရမှာဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့တဲ့နေရာမှာ အမူအရာကောင်းကောင်းလိုအပ်သလို ယုံကြည်မှုလဲ လိုအပ်ပါတယ်။ ဒါကတော့ အိမ်မှာလဲ အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်။

ဒါကတော့ ကောလိပ်အင်တာဗျူးတွေ အလုပ်အင်တာဗျူးတွေ ဒါမှမဟုတ် လူသစ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ ရင်ဆိုင်နိုင်စေပါလိမ့်မယ်။အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခြင်းခရီးသွားလာတဲ့သူတစ်ယောက်ကလှည့်စားတတ်တဲ့အခြေအနေတွေကိုကျော်ဖြတ်လာရတတ်ပါတယ်။ မြို့လယ်ခေါင်မှာ အိတ်ကို လုယက်ခံရတာတွေရှိတတ်ပါတယ်။

မင်းစီးချင်တဲ့ ရထားက နောက်တစ်ပတ်အထိ မထွက်တော့ဘူးဆိုတာတွေ ရှိလာတတ်ပါတယ်။ ဒါတွေအားလုံးကတော့ မင်းကျော်ဖြတ်ရမဲ့ ပြသနာတွေပါပဲ။ ဒါတွေကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ကို ချနိုင်တာကတော့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအသစ်တွေကို ဖြေရှင်းနိုင်စွမ်း တိုးတက်ကောင်းမွန်လာစေပါတယ်။

ဘာသာစကားအသစ်ကျွမ်းကျင်လာခြင်းယဉ်ကျေးမှုတစ်ခုမှာ စိတ်နှစ်သွားပြီဆိုရင်တော့ နိုင်ငံခြားဘာသာစကားကို သင်ယူဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီဘာသာစကားနဲ့ နေ့တိုင်း ပြောဆိုဆက်သွယ်လာရပြီးတော့ ဒါကိုနေ့တိုင်းကြားလာရတဲ့အခါမှာ စာသင်ခန်းထဲမှာ လေ့လာတာထက် ဘာသာစကားအရည်အချင်းတိုးတက်လာပါလိမ့်မယ်။

ဘာသာစကားတစ်ခုကို လေ့လာမှုက မင်းခရီးရဲ့အဓိကရည်ရွယ်ချက်တစ်ခု မဟုတ်ဘူးဆိုရင်တောင်မှ တစ်နေရာကနေ တစ်နေရာကို သွားရောက်ကာ ဒေသခံတွေနဲ့ ပြောဆိုဆက်သွယ်လာရင်းနဲ့ ခရီးကပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာပါတယ်။ဘာကိုဦးစားပေးရမလဲဆိုတာကို သိလာမယ်။မင်းကခရီးထွက်တော့မယ်ဆိုရင် ဘာကမရှိမဖြစ်လိုအပ်တယ်ဆိုတာကို ဆုံးဖြတ်ထားဖို့ လိုအပ်ပါတယ်။

ဘာတွေလုပ်လို့မရဘူးဆိုတာလဲ ဆုံးဖြတ်ထားရပါမယ်။ ကျောပိုးအိတ်တစ်လုံးထဲမှာ အားလုံးကိုသယ်သွားလို့မရနိုင်ဘူးလေ။ အမြဲတမ်းသက်တောင့်သက်သာဖြစ်နေမဲ့ ခရီးလဲ မဟုတ်ဘူးလေ။ မင်းကတော့နေ့တိုင်းလုပ်မဲ့အရာတွေကို ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါတယ်။ အရေးကြီးဆုံးအရာကို ဦးစားပေးတတ်ဖို့လဲ သင်ယူလာနိုင်မယ်။

အချိန်ကိုစီမံနိုင်ဖို့ကလဲ မင်းရဲ့ဘဝ ပညာရေးတို့ အလုပ်တို့မှာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ဘဝနေထိုင်မှုပုံစံအမျိုးမျိုးမင်းကြီးပြင်းလာတဲ့ ရင်းနှီးပြီးသား ပတ်ဝန်းကျင်က အိမ်ထဲမှာပဲ ထိုင်နေမယ်ဆိုရင်တော့ ဘဝအပေါ် မင်းရဲ့အမြင်က တစ်ခါတလေမှာ စိန်ခေါ်မှုတွေမရှိဖြစ်နေနိုင်ပါတယ်။

ခရီးသွားတာက ကမ္ဘာပေါ်က လူအမျိုးမျိုးရဲ့ နေထိုင်မှုပုံစံတွေကို မင်းကတွေ့မြင်လာရမယ်။ သူတို့ရဲ့ဦးစားပေးအရာတွေ သူတို့ရဲ့အလုပ်အပေါ်အမြင်တွေ မိသားစုတွေ ပညာရေးတွေ ပတ်ဝန်းကျင်တွေ အပေါ်အမြင်တွေကို မင်းကမြင်လာမယ်။ ဒါတွေကို မင်းအိမ်ကအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရနိင်မယ်။

တစ်ခုခုကိုလုပ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတာမဟုတ်ဘူးဆိုတာကို နားလည်လာရင်းနဲ့ မင်းရဲ့စိတ်က ဖြစ်နိုင်ချေအားလုံးအတွက် ကြိုတင်မြင်လာတော့မယ်။ မေးခွန်းမေးတာတွေ သုံးသပ်တာတွေနဲ့ပတ်သတ်ပြီး မင်းရဲ့အရည်အချင်းကတော့ ပိုပြီးတော့ ကောင်းမွန်လာပါလိမ့်မယ်။ခရီးထွက်ခြင်းက အကြံဉာဏ်အသစ်တွေ ရလာနိုင်ပြီးတော့ တန်ဖိုးရှိတဲ့သင်ခန်းစာအတွေ့အကြုံတွေကို ရနိုင်စေပါတယ်။

ဘာကိုသင်ယူမလဲဆိုတာကို ရွေးချယ်ဖို့ကတော့မင်းရဲ့သဘောပါပဲ။ ဘာသာစကားတစ်ခုကိုသင်ယူတာပဲဖြစ်ဖြစ် ဘဝနေထိုင်မှုပုံစံအသစ်တစ်ခုကို လေ့လာတာပဲဖြစ်ဖြစ် ယုံကြည်မှုတွေ ပိုရှိလာတာပဲဖြစ်ဖြစ် ခရီးသွားခြင်းကနေရလာနိုင်မဲ့ ကျွမ်းကျင်မှုတွေက မင်းရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးမှာ အထောက်အကူပြုနေမယ်ဆိုတာကတော့ သေချာပါတယ်။

Translator : Su Mon

——————————————————————————————————————————-

#POINT #PointYouthPlatform

ခရီးသွားခြင်းကတော့ မင်းမသေခင်မှာ လုပ်ချင်တဲ့အရာတွေထဲကတစ်ခု ဖြစ်နိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ သွားရောက်လည်ပတ်တဲ့အခါမှာ သင်ယူစရာတွေ အများကြီးရှိပါတယ်။ အတွေ့အကြုံအသစ်တွေလဲ ရရှိနိုင်ပါတယ်။ ပရဟိတအဖွဲ့တွေမှာ ပါဝင်လှုပ်ရှားလာပြီး လူတွေကိုလဲ ပိုသိလာမယ်။ ပြီးတော့ မင်းလည်ပတ်ခဲ့တဲ့နေရာတစ်ခုချင်းစီရဲ့ယဉ်ကျေးမှုကိုလဲ သိလာမယ်။ ပြီးတော့ မင်းအိမ်ပြန်ရောက်တဲ့အချိန်မှာ အမှတ်တရတွေတင်မကပဲ မင်းမှာတခြားကျွမ်းကျင်မှုအသစ်တွေ အများကြီးရှိလာတာကိုတွေ့ရပါလိမ့်မယ်။
မင်းက ကမ္ဘောဒီးယားသမိုင်းကြောင်း ဂျပန်ယဉ်ကျေးမှု နဲ့ တောင်အမေရိကရဲ့ပထဝီမြေပြင် အနေအထားတို့အကြောင်းတွေကို သိနိုင်ပါပြီ။ ဒါပေမဲ့ ဒါကတော့ ဘဝမှာ အရေးပါတဲ့ကျွမ်းကျင်မှုတွေကိုလဲ သင်ယူနိုင်မှာပဲဖြစ်ပါတယ်။
ခရီးသွားလာရင်း သင်ယူနိုင်ဖို့ မျှော်လင့်လို့ရနိုင်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ပြောဆိုဆက်သွယ်မှုတွေ ယုံကြည်မှုရှိလာခြင်း
တစ်ယောက်ထဲခရီးသွားတော့မယ်ဆိုရင် မင်းရဲ့ပြောဆိုဆက်သွယ်မှုကျွမ်းကျင်ဖို့ဆိုတာက စိန်ခေါ်မှုတစ်ရပ်ပါပဲ။ နိုင်ငံခြားဘာသာစကားကိုပြောတတ်ရုံအပြင် မင်းကတော့ နေ့တိုင်းလိုလို သူစိမ်းနီးပါးလူတွေနဲ့ စကားပြောဆိုနေရမှာဖြစ်ပါတယ်။ မိတ်ဆွေသစ်တွေနဲ့ မိတ်ဖွဲ့တဲ့နေရာမှာ အမူအရာကောင်းကောင်းလိုအပ်သလို ယုံကြည်မှုလဲ လိုအပ်ပါတယ်။ ဒါကတော့ အိမ်မှာလဲ အသုံးဝင်တဲ့ ကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်။ ဒါကတော့ ကောလိပ်အင်တာဗျူးတွေ အလုပ်အင်တာဗျူးတွေ ဒါမှမဟုတ် လူသစ်တွေနဲ့တွေ့ဆုံတဲ့အခါမှာ ရင်ဆိုင်နိုင်စေပါလိမ့်မယ်။
အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခြင်း
ခရီးသွားလာတဲ့သူတစ်ယောက်ကလှည့်စားတတ်တဲ့အခြေအနေတွေကိုကျော်ဖြတ်လာရတတ်ပါတယ်။ မြို့လယ်ခေါင်မှာ အိတ်ကို လုယက်ခံရတာတွေရှိတတ်ပါတယ်။ မင်းစီးချင်တဲ့ ရထားက နောက်တစ်ပတ်အထိ မထွက်တော့ဘူးဆိုတာတွေ ရှိလာတတ်ပါတယ်။ ဒါတွေအားလုံးကတော့ မင်းကျော်ဖြတ်ရမဲ့ ပြသနာတွေပါပဲ။ ဒါတွေကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ အကောင်းဆုံးဆုံးဖြတ်ချက်ကို ချနိုင်တာကတော့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအသစ်တွေကို ဖြေရှင်းနိုင်စွမ်း တိုးတက်ကောင်းမွန်လာစေပါတယ်။


ဘာသာစကားအသစ်ကျွမ်းကျင်လာခြင်း
ယဉ်ကျေးမှုတစ်ခုမှာ စိတ်နှစ်သွားပြီဆိုရင်တော့ နိုင်ငံခြားဘာသာစကားကို သင်ယူဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီဘာသာစကားနဲ့ နေ့တိုင်း ပြောဆိုဆက်သွယ်လာရပြီးတော့ ဒါကိုနေ့တိုင်းကြားလာရတဲ့အခါမှာ စာသင်ခန်းထဲမှာ လေ့လာတာထက် ဘာသာစကားအရည်အချင်းတိုးတက်လာပါလိမ့်မယ်။ ဘာသာစကားတစ်ခုကို လေ့လာမှုက မင်းခရီးရဲ့အဓိကရည်ရွယ်ချက်တစ်ခု မဟုတ်ဘူးဆိုရင်တောင်မှ တစ်နေရာကနေ တစ်နေရာကို သွားရောက်ကာ ဒေသခံတွေနဲ့ ပြောဆိုဆက်သွယ်လာရင်းနဲ့ ခရီးကပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာပါတယ်။
ဘာကိုဦးစားပေးရမလဲဆိုတာကို သိလာမယ်။
မင်းကခရီးထွက်တော့မယ်ဆိုရင် ဘာကမရှိမဖြစ်လိုအပ်တယ်ဆိုတာကို ဆုံးဖြတ်ထားဖို့ လိုအပ်ပါတယ်။ဘာတွေလုပ်လို့မရဘူးဆိုတာလဲ ဆုံးဖြတ်ထားရပါမယ်။ ကျောပိုးအိတ်တစ်လုံးထဲမှာ အားလုံးကိုသယ်သွားလို့မရနိုင်ဘူးလေ။ အမြဲတမ်းသက်တောင့်သက်သာဖြစ်နေမဲ့ ခရီးလဲ မဟုတ်ဘူးလေ။ မင်းကတော့နေ့တိုင်းလုပ်မဲ့အရာတွေကို ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ပါတယ်။ အရေးကြီးဆုံးအရာကို ဦးစားပေးတတ်ဖို့လဲ သင်ယူလာနိုင်မယ်။ အချိန်ကိုစီမံနိုင်ဖို့ကလဲ မင်းရဲ့ဘဝ ပညာရေးတို့ အလုပ်တို့မှာ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။
ဘဝနေထိုင်မှုပုံစံအမျိုးမျိုး
မင်းကြီးပြင်းလာတဲ့ ရင်းနှီးပြီးသား ပတ်ဝန်းကျင်က အိမ်ထဲမှာပဲ ထိုင်နေမယ်ဆိုရင်တော့ ဘဝအပေါ် မင်းရဲ့အမြင်က တစ်ခါတလေမှာ စိန်ခေါ်မှုတွေမရှိဖြစ်နေနိုင်ပါတယ်။ ခရီးသွားတာက ကမ္ဘာပေါ်က လူအမျိုးမျိုးရဲ့ နေထိုင်မှုပုံစံတွေကို မင်းကတွေ့မြင်လာရမယ်။ သူတို့ရဲ့ဦးစားပေးအရာတွေ သူတို့ရဲ့အလုပ်အပေါ်အမြင်တွေ မိသားစုတွေ ပညာရေးတွေ ပတ်ဝန်းကျင်တွေ အပေါ်အမြင်တွေကို မင်းကမြင်လာမယ်။ ဒါတွေကို မင်းအိမ်ကအတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရနိင်မယ်။ တစ်ခုခုကိုလုပ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတာမဟုတ်ဘူးဆိုတာကို နားလည်လာရင်းနဲ့ မင်းရဲ့စိတ်က ဖြစ်နိုင်ချေအားလုံးအတွက် ကြိုတင်မြင်လာတော့မယ်။ မေးခွန်းမေးတာတွေ သုံးသပ်တာတွေနဲ့ပတ်သတ်ပြီး မင်းရဲ့အရည်အချင်းကတော့ ပိုပြီးတော့ ကောင်းမွန်လာပါလိမ့်မယ်။
ခရီးထွက်ခြင်းက အကြံဉာဏ်အသစ်တွေ ရလာနိုင်ပြီးတော့ တန်ဖိုးရှိတဲ့သင်ခန်းစာအတွေ့အကြုံတွေကို ရနိုင်စေပါတယ်။ ဘာကိုသင်ယူမလဲဆိုတာကို ရွေးချယ်ဖို့ကတော့မင်းရဲ့သဘောပါပဲ။ ဘာသာစကားတစ်ခုကိုသင်ယူတာပဲဖြစ်ဖြစ် ဘဝနေထိုင်မှုပုံစံအသစ်တစ်ခုကို လေ့လာတာပဲဖြစ်ဖြစ် ယုံကြည်မှုတွေ ပိုရှိလာတာပဲဖြစ်ဖြစ် ခရီးသွားခြင်းကနေရလာနိုင်မဲ့ ကျွမ်းကျင်မှုတွေက မင်းရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးမှာ အထောက်အကူပြုနေမယ်ဆိုတာကတော့ သေချာပါတယ်။

Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *