“အလုပ်ခွင်အတွင်း သဘောထားကွဲလွဲတာကို ဘယ်လိုဖြေရှင်းမလဲ”

#POINT #PointYouthPlatform

နေ့စဉ် နေ့တိုင်း လူအများနဲ့ အလုပ်တွဲ လုပ်ရတဲ့အခါ၊ သဘောထားကွဲလွဲတာက ထုံးစံပါပဲ။ အငြင်းပွားမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို POINT က လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။

(၁) အမြင်မတူတာကို လက်ခံပါ။

သဘောထားကွဲလွဲတာတွေ များလာတဲ့အခါ၊ ဘာမှမဖြစ်သလို ဟန်မဆောင်ပါနဲ့။ အချိန်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေ တင်းမာလာပြီး၊ အငြင်းပွားမှုတွေသာ ပိုဆိုးလာပါလိမ့်မယ်။ နေ့စဉ် လုပ်ငန်းခွင်မှာ ပြဿနာတွေ၊ ဆိုးရွားတဲ့ ခံစားချက်တွေ မဖြစ်ခင်၊ ဒီ အဆင်မပြေဖြစ်လာမယ့် ကိစ္စတွေကို ဖြစ်နိုင်ရင် ချက်ချင်း ဖြေရှင်းရပါမယ်။

တကယ်လို့ ဝန်ထမ်းတွေကြားမှာ သဘောထားကွဲလွဲမှုကို သတိထားမိရင်၊ ပြေလည်စေမယ့် နည်းလမ်းကို ရှာဖွေဖို့ တိုက်တွန်းရပါမယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ အမြင်မတူတာတွေ ရှိနေတဲ့အခါ၊ ဌာန တစ်ခုနဲ့ တစ်ခု ဆက်ဆံရေးတိုးတက်အောင်လုပ်ဖို့ အချိန်ကောင်းပါပဲ။ ကိုယ်က ဝန်ထမ်းနဲ့ သဘောထားကွဲလွဲခဲ့ရင်တော့ အကြောင်းအရာကို သီးသန့်ပြောဆို ဆွေးနွေးပါ။

(၂) အတူတူ စကားပြောပါ။

တခြားသူတွေ ဝင်ရောက်မပြောနိုင်မယ့် အချိန်နဲ့ နေရာကို သတ်မှတ်ပြီး သီးသန့်စကားပြောပါ။ တွေ့ဆုံတဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက် လက်ခံယုံကြည်တာကိုသာ အချိန်ပေး ပြောဆိုသင့်ပါတယ်။

တစ်ယောက်တည်း ကိုယ်ပြောချင်တာကို ပြောနေတာမျိုး၊ ပြောမယ့်ခေါင်းစဉ်ကို ထိန်းချုပ်တာမျိုး မလုပ်သင့့်ပါဘူး။ တစ်ယောက်တစ်လှည့်စီ အမြင်မတူတဲ့အချက်တွေ နဲ့ ခံစားချက်တွေကို ဆွေးနွေးသင့်ပါတယ်။

ဒီအချိန်က တိုက်ခိုက်ဖို့၊ အပြစ်တင်နေရမယ့် အချိန်မဟုတ်တာ သတိရပါ။ ပြဿနာပေါ် အာရုံစိုက်ပါ။ တစ်ဖက်သားရဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မယ့် အမြင်မျိုးတွေ မပြောရပါဘူး။

(၃) သေချာ ဂရုစိုက်နားထောင်ပေးပါ။

စကားပြောနေတဲ့သူကို သေချာ အာရုံစိုက်ပေးဖို့ အရေးကြီးပါတယ်။ တစ်ဖက်သား ပြောနေတဲ့အချိန် ကြားဖြတ် ဝင်မပြောပါနဲ့။

သူဘာပြောချင်တာလဲဆိုတာ သေချာသိဖို့ လိုပါတယ်။ သူပြောတာကို နားလည်ကြောင်း ပြန်လည်ပြောပေးပါ။ လိုအပ်ရင် ရှင်းလင်းတဲ့ မေးခွန်းတွေ မေးကြည့်ပါ။

(၅) သဘောတူညီချက်ယူပါ။

အမြင်မတူတဲ့အချက်တွေအပေါ် ပထမဆုံး အာရုံစိုက်ပါ။ ဒါပေမယ့် အဖြေကတော့ သဘောတူတာတွေသာ ဖြစ်ရပါမယ်။ အပြစ်သဘောတွေ ပြောမယ့်အစား၊ အပြုသဘောဆောင်တဲ့ စကားတွေပြောကာ အဖြေရှာရပါမယ်။

ကိုယ်က တစ်ဖက်သား ပြောတာကို လက်ခံတာ၊ ဒါမှမဟုတ် တခြားရှုထောင့်ကို မြင်နိုင်တာတွေမှာ ဥပမာတွေကို ဝေမျှပါ။ ကိုယ်က အရောင်းဈေးကွက်သစ်တွေကို လက်မခံဘူးဆိုရင်၊ ကိုယ်သဘောကျတဲ့ တစ်ဖက်သားရဲ့ စိတ်ကူး၊ ဒါမှမဟုတ် အဖွဲ့အတွက် ပိုပြီး အလုပ်ကြိုးစားချင်တဲ့ စိတ်အားထက်သန်မှုကို ပြောဆိုပေးပါ။

(၅) လမ်းညွှန်ပေးပါ။

တကယ်လို့ ကိုယ်က ခေါင်းဆောင်ပိုင်း နေရာမှာ ဆိုရင်၊ လုပ်ငန်းခွင် အငြင်းပွားမှုတွေကို ပြန်လည် စေ့စပ်ပေးရတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ မှန်တဲ့ဖက်က အမြဲရပ်တည်ပါ။ ကိုယ့်ရဲ့ဝန်ထမ်းတွေ သူတို့ရဲ့ ပြဿနာကို မှန်ကန်တဲ့နည်းနဲ ့ဖြေရှင်းနိုင်ဖို့ ကူညီပေးပါ။

(၆) ခွင့်လွတ်တတ်ပါစေ။

သဘောထားကွဲလွဲမှုတိုင်းမှာ နာကျင်သွားတဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးတဲ့ ရှင်းလင်းတဲ့ ဖြေရှင်းချက်တွေ လိုအပ်ပါတယ်။

တောင်းပန်ပါ။ တစ်ဖက်ကိုသားကို မကောင်းတဲ့စကားတွေ ဒါမှမဟုတ် မသင့်တော်တဲ့ အပြုအမူတွေ လုပ်မိတာတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်စကား ပြောရပါမယ်။ တစ်ဖက်သားကို ခွင့်လွှတ်တတ်ဖို့လည်း လိုအပ်ပါတယ်။ အပေါ်ယံကြောသာ သဘောတူလုပ်ဆောင်တာက သင်နဲ့ အတူ လုပ်ထားတဲ့ တိုးတက်မှုတွေ လက်စမသတ်နိုင်ဘဲ ၊အချိ်န်အတော်ကြာ မနာလိုမှုတွေသာ ထပ်ရနိုင်ပါတယ်။

Writer & Tanslator : Hsu Mi San

*** Unicode ***

#POINT #PointYouthPlatform

နေ့စဉ် နေ့တိုင်း လူအများနဲ့ အလုပ်တွဲ လုပ်ရတဲ့အခါ၊ သဘောထားကွဲလွဲတာက ထုံးစံပါပဲ။ အငြင်းပွားမှုတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို POINT က လမ်းညှွန်ပေးမှာ ဖြစ်ပါတယ်။

(၁) အမြင်မတူတာကို လက်ခံပါ။

သဘောထားကွဲလွဲတာတွေ များလာတဲ့အခါ၊ ဘာမှမဖြစ်သလို ဟန်မဆောင်ပါနဲ့။ အချိန်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေ တင်းမာလာပြီး၊ အငြင်းပွားမှုတွေသာ ပိုဆိုးလာပါလိမ့်မယ်။ နေ့စဉ် လုပ်ငန်းခွင်မှာ ပြဿနာတွေ၊ ဆိုးရွားတဲ့ ခံစားချက်တွေ မဖြစ်ခင်၊ ဒီ အဆင်မပြေဖြစ်လာမယ့် ကိစ္စတွေကို ဖြစ်နိုင်ရင် ချက်ချင်း ဖြေရှင်းရပါမယ်။

တကယ်လို့ ဝန်ထမ်းတွေကြားမှာ သဘောထားကွဲလွဲမှုကို သတိထားမိရင်၊ ပြေလည်စေမယ့် နည်းလမ်းကို ရှာဖွေဖို့ တိုက်တွန်းရပါမယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ အမြင်မတူတာတွေ ရှိနေတဲ့အခါ၊ ဌာန တစ်ခုနဲ့ တစ်ခု ဆက်ဆံရေးတိုးတက်အောင်လုပ်ဖို့ အချိန်ကောင်းပါပဲ။ ကိုယ်က ဝန်ထမ်းနဲ့ သဘောထားကွဲလွဲခဲ့ရင်တော့ အကြောင်းအရာကို သီးသန့်ပြောဆို ဆွေးနွေးပါ။

(၂) အတူတူ စကားပြောပါ။

တခြားသူတွေ ဝင်ရောက်မပြောနိုင်မယ့် အချိန်နဲ့ နေရာကို သတ်မှတ်ပြီး သီးသန့်စကားပြောပါ။ တွေ့ဆုံတဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက် လက်ခံယုံကြည်တာကိုသာ အချိန်ပေး ပြောဆိုသင့်ပါတယ်။တစ်ယောက်တည်း ကိုယ်ပြောချင်တာကို ပြောနေတာမျိုး၊ ပြောမယ့်ခေါင်းစဉ်ကို ထိန်းချုပ်တာမျိုး မလုပ်သင့်ပါဘူး။

တစ်ယောက်တစ်လှည့်စီ အမြင်မတူတဲ့အချက်တွေ နဲ့ ခံစားချက်တွေကို ဆွေးနွေးသင့်ပါတယ်။ဒီအချိန်က တိုက်ခိုက်ဖို့၊ အပြစ်တင်နေရမယ့် အချိန်မဟုတ်တာ သတိရပါ။ ပြဿနာပေါ် အာရုံစိုက်ပါ။ တစ်ဖက်သားရဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မယ့် အမြင်မျိုးတွေ မပြောရပါဘူး။

(၃) သေချာ ဂရုစိုက်နားထောင်ပေးပါ။

စကားပြောနေတဲ့သူကို သေချာ အာရုံစိုက်ပေးဖို့ အရေးကြီးပါတယ်။ တစ်ဖက်သား ပြောနေတဲ့အချိန် ကြားဖြတ် ဝင်မပြောပါနဲ့။သူဘာပြောချင်တာလဲဆိုတာ သေချာသိဖို့ လိုပါတယ်။ သူပြောတာကို နားလည်ကြောင်း ပြန်လည်ပြောပေးပါ။ လိုအပ်ရင် ရှင်းလင်းတဲ့ မေးခွန်းတွေ မေးကြည့်ပါ။

(၄) သဘောတူညီချက်ယူပါ။

အမြင်မတူတဲ့အချက်တွေအပေါ် ပထမဆုံး အာရုံစိုက်ပါ။ ဒါပေမယ့် အဖြေကတော့ သဘောတူတာတွေသာ ဖြစ်ရပါမယ်။ အပြစ်သဘောတွေ ပြောမယ့်အစား၊ အပြုသဘောဆောင်တဲ့ စကားတွေပြောကာ အဖြေရှာရပါမယ်။ကိုယ်က တစ်ဖက်သား ပြောတာကို လက်ခံတာ၊ ဒါမှမဟုတ် တခြားရှုထောင့်ကို မြင်နိုင်တာတွေမှာ ဥပမာတွေကို ဝေမျှပါ။

ကိုယ်က အရောင်းဈေးကွက်သစ်တွေကို လက်မခံဘူးဆိုရင်၊ ကိုယ်သဘောကျတဲ့ တစ်ဖက်သားရဲ့ စိတ်ကူး၊ ဒါမှမဟုတ် အဖွဲ့အတွက် ပိုပြီး အလုပ်ကြိုးစားချင်တဲ့ စိတ်အားထက်သန်မှုကို ပြောဆိုပေးပါ။

(၅) လမ်းညွှန်ပေးပါ။

တကယ်လို့ ကိုယ်က ခေါင်းဆောင်ပိုင်း နေရာမှာ ဆိုရင်၊ လုပ်ငန်းခွင် အငြင်းပွားမှုတွေကို ပြန်လည် စေ့စပ်ပေးရတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ မှန်တဲ့ဖက်က အမြဲရပ်တည်ပါ။ ကိုယ့်ရဲ့ဝန်ထမ်းတွေ သူတို့ရဲ့ ပြဿနာကို မှန်ကန်တဲ့နည်းနဲ ့ဖြေရှင်းနိုင်ဖို့ ကူညီပေးပါ။

(၆) ခွင့်လွတ်တတ်ပါစေ။

သဘောထားကွဲလွဲမှုတိုင်းမှာ နာကျင်သွားတဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးတဲ့ ရှင်းလင်းတဲ့ ဖြေရှင်းချက်တွေ လိုအပ်ပါတယ်။တောင်းပန်ပါ။ တစ်ဖက်ကိုသားကို မကောင်းတဲ့စကားတွေ ဒါမှမဟုတ် မသင့်တော်တဲ့ အပြုအမူတွေ လုပ်မိတာတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်စကား ပြောရပါမယ်။

တစ်ဖက်သားကို ခွင့်လှွတ်တတ်ဖို့လည်း လိုအပ်ပါတယ်။ အပေါ်ယံကြောသာ သဘောတူလုပ်ဆောင်တာက သင်နဲ့ အတူ လုပ်ထားတဲ့ တိုးတက်မှုတွေ လက်စမသတ်နိုင်ဘဲ ၊အချိ်န်အတော်ကြာ မနာလိုမှုတွေသာ ထပ်ရနိုင်ပါတယ်။

Writer & Tanslator : Hsu Mi San

Career, Current

Leave a Reply

Your email address will not be published. Required fields are marked *