မှတ်ဉာဏ်နဲ့ ဖန်တီးမှုတွေ ပိုတိုးတက်လာစေမယ့် ဆယ်မိနစ်တာ နေ့စဉ်လုပ်ဆောင်ချက်

*** Unicode ***

#POINT #PointYouthPlatform

မင်းရဲ့ဖန်တီးမှုတွေကို လေ့ကျင့်တဲ့အခါမှာ မင်းရဲ့မှတ်ဉာဏ်ကိုပါ အော်တိုလေ့ကျင့်ပြီးသား ဖြစ်သွားသလို မှတ်ဉာဏ်ကိုလေ့ကျင့်တဲ့အခါမှာလဲ ဖန်တီးမှုအတွေးအခေါ်တွေကို လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်လို့ Tony Buzan ကဆိုပါတယ်။

မှတ်ဉာဏ်နဲ့အတွေးအခေါ်တွေက ခွဲခြားမရနိုင်အောင် ဆက်စပ်နေပါတယ်။ တကယ်တော့ မှတ်ဉာဏ်ဆိုတာလဲ စိတ်ကူးဉာဏ်တစ်ခုပါပဲ။ ဒါကခိုင်မာတဲ့အရာတစ်ခု မဟုတ်သလို တိကျတဲ့ အချက်အလက်တစ်ခုလဲ မဟုတ်ပါဘူး။

ဒါပေမယ့် မင်းရဲ့မှတ်ဉာဏ်ဆိုတာက လူတစ်ယောက် နေရာတစ်ခု ဒါမှမဟုတ် အရာဝတ္တုတစ်ခုတို့ကို ဆက်စပ်တွေးခေါ်မှတ်သားထားတာပဲ ဖြစ်ပါတယ်။မင်းကပိုပြီးတော့ တွေးခေါ်နိုင်လေလေ မင်းရဲ့မှတ်ဉာဏ်ကပိုပြီးတော့ ကောင်းမွန်လာလေလေပါပဲ။

သူတို့ရဲ့မှတ်ဉာဏ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူထားတဲ့သူကတော့ နည်းပါးပါတယ်။ လူအများစုက မှတ်ဉာဏ်နည်းဗျူဟာကောင်းကောင်းမရှိတဲ့အတွက်ကြောင့် သူတို့က သိပ်မထိရောက်တဲ့ သင်ယူသူတွေ ဖြစ်လာကြပါတယ်။

သူတို့က ဖန်တီးမှုတွေ ကင်းမဲ့လာပြီး၊ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ပျောက်ဆုံးလာပါတယ်။မင်းကတစ်ခုခုကို သတိမရဘူးဆိုရင် ဒါကိုမသင်ယူခဲ့လို့ပါပဲ။မင်းကမှတ်ဉာဏ်ကို ပိုကောင်းမွန်အောင်လုပ်နိုင်လာတာနဲ့ မင်းရဲ့သင်ယူမှုကတော့ အသိစိတ်ကနေ မသိစိတ်အခြေအနေထိအောင် မြန်မြန်ဆန်ဆန် ရောက်သွားပါတယ်။

သင်ယူမှုက မသိစိတ်အခြေအနေကို ရောက်သွားတာနဲ့ မင်းကတော့ ဒါကိုပိုထိန်းချုပ်ပြီးတော့ ပိုင်ဆိုင်အောင် လုပ်ရတော့မှာပါ။တစ်ခုခုက မသိစိတ်ထဲမှာ ရောက်လာပြီဆိုရင် မင်းကအဲ့တာကို ပိုအားကောင်းတဲ့ အမှန်တရားတစ်ခုဖြစ်လာစေဖို့ အသုံးပြုပေးနိုင်ပါတယ်။

မသိစိတ်ကတော့ တိုက်ရိုက်လက်တွေ့အကျဆုံး နည်းလမ်းတစ်ခုအဖြစ်သို့ အကောင်အထည်ဖော်ပေးပါလိမ့်မယ် လို့ Napoleon Hill ကပြောခဲ့ဖူးပါတယ်။မှတ်ဉာဏ်ကတော့ စိတ်ကူးသက်သက်ပါပဲ။ တစ်ခုခုနဲ့ ချိတ်ဆက်မနေဘူးဆိုရင် အဲ့ဒီတစ်ခုခုကို မင်းကမမှတ်မိနိုင်ပါဘူး။

သင်ယူခြင်းဆိုတာက မင်းမသိသေးတဲ့တစ်ခုကို လက်ရှိသိထားတဲ့အရာတစ်ခုခုနဲ့ ချိတ်ဆက်ပေးတာပါပဲ။မင်းက ရိုးရှင်းထိရောက်တဲ့နည်းလမ်းတွေကို သင်ယူလို့ရနိုင်ပါတယ်။

– မင်းရဲ့မှတ်ဉာဏ်နဲ့စိတ်ကူးကို တိုးလာအောင်လုပ်ခြင်း

– မင်းရဲ့မသိစိတ်နဲ့ ပိုပြီးတော့ ထိထိရောက်ရောက် ဆက်သွယ်နိုင်စေခြင်း

– မင်းရှာဖွေနေတဲ့ ရလဒ်တွေကို ဖန်တီးနိုင်ခြင်းဒါတွေက မင်းစလုပ်သင့်တဲ့ ရိုးရှင်းတဲ့ နေ့စဉ်လုပ်ဆောင်ချက်လေးတွေပါပဲ။

အိပ်ယာမဝင်မီဆယ်မိနစ်မင်းတွေ့ကြုံဖူးတဲ့အချက်အလက်အားလုံးဟာ မင်းရဲ့မသိစိတ်ထဲမှာ ရှိနေပါတယ်။ မသိစိတ်က ဘယ်တော့မှ မမေ့တတ်ပါဘူးလို့ Taryn Crimi ကပြောခဲ့ဖူးပါတယ်။

ကမ္ဘာ့အအောင်မြင်ဆုံးလူတွေက သူတို့အိပ်နေတဲ့အချိန်မှာ မသိစိတ်ကိုဆက်ပြီးတော့ အလုပ်လုပ်စေဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ပေးကြပါတယ်။ဥပမာ သောမတ်အက်ဒီဆင်က သူ့ရဲ့တီထွင်ဖန်တီးမှုပြသနာတွေအတွက် အင်အားကောင်းမွန်တဲ့ ဖြေရှင်းချက်တွေ ဖန်တီးနိုင်ဖို့ သူ့ရဲ့မသိစိတ်ကို ပြင်ဆင်ဖို့ အိပ်ယာမဝင်မီ ညတိုင်းအချိန်ပေးလုပ်ပါတယ်။

သူကဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ အရမ်းသတိထားပြီးလုပ်ဆောင်ပါတယ်။ မင်းရဲ့မသိစိတ်ကို တောင်းဆိုမှုတစ်ခုမှမလုပ်ပဲ ဘယ်တော့မှ မအိပ်ပါနဲ့ လို့ သူကပြောခဲ့ဖူးပါတယ်။အက်ဒီဆင်က မှတ်ဉာဏ်စက်တစ်လုံးပါပဲ။

သူကစာကြမ်းပိုးတစ်ယောက်ပါ။ သူဖတ်သမျှစာတိုင်းကို မှတ်မိအောင် လေ့ကျင့်ထားပါတယ်။ သူဖတ်သမျှစာတိုင်းနီးပါးကို သူမှတ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက မှတ်ဉာဏ် စိတ်ကူးနဲ့ မသိစိတ်တို့ ကြားက အပြန်အလှန်သက်ရောက်မှုကို နားလည်ထားတယ်လေ။

သူကမှတ်ဉာဏ်နဲ့တီထွင်ဖန်တီးမှုကြားက ဆက်သွယ်ချက်ကို နားလည်ထားတဲ့အတွက်ကြောင့် ကမ္ဘာမှာ အရေးပါတဲ့ တီထွင်သူတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ ဆက်သွယ်မှုအသစ်တွေကို ပြုလုပ်ဖို့ သူ့ရဲ့စိတ်ကူးနိုင်စွမ်းကတော့ တားမရနိုင်လောက်အောင်ပါပဲ။

မှတ်ဉာဏ်မကောင်းရင် စစ်မှန်တဲ့ဖန်တီးမှုကို မလုပ်နိုင်ပါဘူး။ ပြီးတော့ ဖန်တီးမှုမရှိရင်လဲ မှတ်ဉာဏ်မကောင်းနိုင်ပါဘူး။ နှစ်ခုစလုံးကတော့ ဒွန်တွဲနေပါတယ်။ပထမဆုံးအနေနဲ့ မှတ်ဉာဏ်ဆိုတာက စိတ်စွမ်းအားတစ်ခုမဟုတ်ပါဘူး။

စိတ်စွမ်းအားဆိုတာက တစ်ခုခုကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အစဉ်အတိုင်း အရိုင်းထည်အတိုင်းချဉ်းကပ်တာဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုနဲ့စိတ်ကူးဉာဏ်တို့က ပိုအင်အားပြင်းထန်တဲ့ နည်းလမ်းတွေဖြစ်ကြပါတယ်။

ဒါတွေက အစဉ်အတိုင်းမဟုတ်ပဲ နည်းလမ်းအမျိုးမျိုးနဲ့ ချဲ့ကားလို့ရနိုင်ပါတယ်။Unlimited Memory ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာ Kevin Horsley က စိတ်ကူးဉာဏ်နဲ့ပတ်သတ်ပြီးတော့ ဒီလိုပြောကြားထားခဲ့ပါတယ်။

စိတ်ကူးဉာဏ်နဲ့ စိတ်စွမ်းအားတို့ ပြသနာဖြစ်တဲ့အခါမှာ စိတ်ကူးဉာဏ်ကတော့ အမြဲတမ်းအနိုင်ရပါတယ်။ တစ်ခုခုကိုမှတ်မိအောင် စိတ်စွမ်းအားက လုပ်နေပြီးတော့ စိတ်ကူးဉာဏ်ကမလုပ်ဆောင်ဘူးဆိုရင် မင်းကဘာကိုမှ မှတ်မိနိုင်မှာမဟုတ်ပါဘူး။

မင်းရဲ့စိတ်ကူးဉာဏ်ကတော့ မင်းရဲ့မှတ်ဉာဏ်စွမ်းအားရဲ့နေရာတစ်ခုဖြစ်ပါတယ်လို့ Emile Coue က ညှွန်ပြထားခဲ့တယ်လို့ ပြောထားပါတယ်။ကောင်းမွန်တဲ့မှတ်ဉာဏ်တွေဆိုတာ ပြောင်းလဲလွယ်ပါတယ်။ မင်းကဒါတွေကို ပြောင်းလဲနိုင်သလို ချဲ့ကားလို့လဲရနိုင်ပါတယ်။

တစ်ခုခုကိုမှတ်မိဖို့အတွက် မင်းပိုပြီးတော့စိတ်ကူးဉာဏ်ကွန့်မြူးလေလေ ပိုပြီးတော့ မှတ်မိဖို့လွယ်ကူလေလေပါပဲ။

ဥပမာ- မင်းဖတ်ခဲ့တဲ့စာအုပ်ကနေ တစ်ခုခုကိုမှတ်မိအောင် ကြိုးစားကြမယ် ဆိုပါစို့။

– မင်းလုပ်ဖို့လိုအပ်တာက မင်းဘဝမှာသက်ဆိုင်တဲ့အရာတစ်ခုခုနဲ့ အိုင်ဒီယာကို ချိတ်ဆက်လိုက်ဖို့ပါပဲ။

– မင်းကဒါကို မြင်ယောင်လာနိုင်အောင် ပြောင်းလဲရမယ်။

– မင်းကအတွေ့အကြုံနဲ့အသိစိတ်ကို ပိုပြီးတော့ချိတ်ဆက်နိုင်လေလေ မင်းရဲ့မှတ်ဉာဏ်က ပိုနက်ရှိုင်းတဲ့နေရာထိအောင် မှတ်ထားနိုင်လေလေပါပဲ။

– ဒီလိုဖြစ်သွားပြီဆိုရင် မင်းရဲ့မသိစိတ်ဖြစ်လာပါပြီ။ ဒါကတော့ အာရုံစိုက်လုပ်ဆောင်ရတဲ့ တစ်ခုခုထက်ပိုပြီးတော့ အင်အားပြင်းပါတယ်။

– တစ်ခုခုကမသိစိတ်ထဲကို ရောက်လာပြီဆိုရင် သူ့အလိုလို မှတ်ဉာဏ် တခြားအကြံနဲ့ တခြားမှတ်ဉာဏ်တွေဆီကို ချိတ်ဆက်ပေးသွားပါလိမ့်မယ်။

မင်းရဲ့မှတ်ဉာဏ်ကို ပြန်ပြီးတော့တွေးကြည့်တဲ့အခါတိုင်း မင်းရဲ့ဦးနှောက်တစ်ခုလုံးက ဆက်သွယ်ချက်အသစ်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ဒါဆို သောမတ်အက်ဒီဆင်က ညအိပ်ယာမဝင်ခင် မိနစ်အနည်းငယ်မှာ ဘာတွေလုပ်နေခဲ့တာလဲ။ သူကတွေးမြင်ကြည့်ပါတယ်။

အတိတ်ကအတွေ့အကြုံတွေနဲ့ သူဖတ်ထားတဲ့အကြောင်းအရာတွေကို ဆက်စပ်ကြည့်ပါတယ်။ သူကအဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး အတွေးအခေါ်မြင့်မားတဲ့အတွက်ကြောင့် သူ့မှတ်ဉာဏ်တွေက ပိုကောင်းမွန်လာပါတယ်။

တစ်ခုခုကိုမှတ်မိဖို့ စိတ်ကူးဉာဏ်နဲ့ဖန်တီးလေလေ မှတ်ဉာဏ်တွေက ပိုပြီးတော့ မသိစိတ်ထဲမှာ ရောက်လာလေလေပါပဲ။ အကျိုးဆက်အနေနဲ့ အကြံတွေကို ဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ ကန့်သတ်ချက်တွေကို မထားချင်ပါဘူး။

ဒါနဲ့ပတ်သတ်ပြီးတော့ နည်းနည်းတောင် ထူးဆန်းနေနိုင်ပါတယ်။ပြဇာတ်တွေက ဦးနှောက်စွမ်းဆောင်ရည် နဲ့ မှတ်ဉာဏ်စွမ်းအား ပိုတိုးတက်လာစေတယ်လို့ သုတေသနတွေမှာ တွေ့ထားပါတယ်။

ပြဇာတ်တွေက မှတ်ဉာဏ်ကို ကောင်းမွန်လာစေနိုင်ပါတယ်။မှတ်ဉာဏ်ရယ် တီထွင်ဖန်တီးနိုင်စွမ်းရယ် မသိစိတ်ရယ်ကို တစ်ခုခုမှတ်မိစေဖို့ ကြိုးစားလုပ်နေတယ်ဆိုပါစို့။မင်းရဲ့မှတ်ဉာဏ်ကို ဆေးစက်ကြီးတစ်စက်လို စဉ်းစားနိုင်ပါတယ်။

ဆေးစက်ကြီးလို့ပြောလိုက်တာနဲ့ မင်းကဘာကို အရင်ဆုံးသွားသတိရလဲ။ ကျွန်တော့်စိတ်ထဲကို အရင်ဆုံးရောက်လာတဲ့အရာကတော့ Pokemon Gastly ဖြစ်ပါတယ်။ပြီးတော့ ဒါကိုစိတ်ကူးဉာဏ်နဲ့ ချိတ်ဆက်လိုက်ပါ။

ဒါကတော့ Unicorn ကို သွားသတိရစေပါတယ်။ဒါဆို ချက်ချင်းပဲ Unicorn ပေါ်မှာတက်စီးနေတဲ့ Pokemon Gastly ကို တွေးမိသွားပါတယ်။ပြီးတော့ မသိစိတ်ထဲက အကြံတွေနဲ့ စိတ်ကူးဉာဏ်နဲ့ မှတ်ဉာဏ်တွေကို ချိတ်ဆက်ကြည့်လိုက်မယ်ဆိုရင် Think and Grow Rich ဆိုတဲ့စာအုပ်ကို သွားပြီးတော့ သတိရစေပါတယ်။

ဒါဆိုရင် အခုတော့ Unicorn ပေါ်မှာ စီးရင်းနဲ့ Think and Grow Rich စာအုပ်ကို ဖတ်နေတဲ့ Gastly ကို တွေးမိသွားပါပြီ။အတွေ့အကြုံတွေကို ပိုပြီးတော့ ချဲ့ကားလာစေဖို့ အထိအတွေ့ အနံ့ အရသာတွေဆိုတဲ့ အာရုံတွေနဲ့ပါ ပေါင်းစပ်ပေးလိုက်မယ်။

ဒါဆိုရင်တော့ Gastly က ဓာတုဓာတ်ခွဲခန်းထဲကရတဲ့ ထူးဆန်းတဲ့အနံ့တစ်ခုလို ရနေပါတယ်။ Unicorn ကတော့ Lucky Charms မုန့်နံ့ထွက်နေပါတယ်။ ဒါဆိုရင် သူတို့စီးနင်းလာတဲ့အချိန်မှာ မြူခိုးတွေလိုGastly ရဲ့ဆေးလိပ်မီးခိုးငွေ့တွေနဲ့ Lucky Charms မုန့်နံ့တွေကို ခံစားရမှာဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုဆိုတာက အရာအားလုံးကို အတူတူချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ သောမတ်အက်ဒီဆင်က အရာအားလုံးကိုချိတ်ဆက်ပေးဖို့ အကြံဉာဏ်အမျိုးမျိုးကို တွေးတောနေမှာ မလွဲဧကန်ပါပဲ။

သူကအိပ်ယာမဝင်ခင်မှာ ဒါကိုလုပ်ဖို့ မိနစ်အနည်းငယ်လောက် အချိန်ယူပါတယ်။ ပြီးမှ သူကအိပ်ပျော်သွားပါတယ်။သူအိပ်ပျော်နေတဲ့အချိန်မှာ သူ့ရဲ့မသိစိတ်က စပြီးတော့ ချိတ်ဆက်ဖန်တီးပုံသွင်းနေခဲ့ပါတယ်။

အိပ်ယာထပြီးနောက် ဆယ်မိနစ်အိပ်ယာထထခြင်းအချိန်က ဦးနှောက်အတက်ကြွဆုံးနဲ့ အဖန်တီးနိုင်ဆုံးအချိန်လို့ သုတေသနတွေက အတည်ပြုထားပါတယ်။ တစ်နေ့တာကုန်ဆုံးသွားချိန်မှာ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေက ပိုပြီးတော့ တက်ကြွလာပါတယ်။

လေ့လာမှုတွေမှာ မနက်ပိုင်းနဲ့ညနေပိုင်း MRI ရလဒ်တွေကို ကြည့်လိုက်တဲ့အခါမှာ ဦးနှောက်က မနက်ပိုင်းတွေမှာ ချိတ်ဆက်မှုတွေ ပိုအလုပ်လုပ်တယ်လို့ တွေ့ထားပါတယ်။ ဒါကတော့ တီထွင်ဖန်တီးမှုတွေနဲ့ ပတ်သတ်တဲ့ အဓိကသော့ချက်တစ်ခုပါပဲ။

မင်းအိပ်ပျော်နေတဲ့အချိန်မှာ မင်းရဲ့မသိစိတ်က လျှောက်သွားနေပြီးတော့ ဆက်စပ်တဲ့အကြောင်းအရာတွေကို တွေးတောနေပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ စိတ်တွေက ဖန်တီးမှုနဲ့ သင်ယူမှုအတွက် အဓိကပါပဲ။

အက်ဒီဆင်က စောစောထပြီး မနက်ပိုင်းမှာ ပထမဆုံးလုပ်တဲ့အရာက သူ့ဂျာနယ်ကို ရေးသားပါတယ်။ သူ့ရဲ့မနက်ပိုင်းမှာ တီထွင်ဖန်တီးမှုတစ်ခုခုနဲ့ အချိန်ကုန်ဆုံးတတ်ပါတယ်။ အက်ဒီဆင်ရဲ့မှတ်စုစာအုပ် ၃၅ဝဝ ကျော်ကို တွေ့နိုင်ပါတယ်။

မှတ်စုစာအုပ်တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကဲဖြတ်ခြင်းနဲ့ အတွင်းစိတ်သဘောတရားတွေနဲ့ ပြည့်ဝနေပါတယ်။တစ်နည်းအားဖြင့်ပြောရရင် အက်ဒီဆင်က မနက်ပိုင်းမှာ အသိစိတ်နဲ့ပတ်သတ်တဲ့ အရာတွေကို ရေးသားပါတယ်။

ဒါကတော့ ဆက်စပ်မှုမရှိတဲ့ အကြံဉာဏ်တွေကို ပေါင်းစပ်ပေးလိုက်ပါတယ်။ ဒါကတော့ စိတ်ဓာတ်ကွန့်မြူးစေမယ့် ဖန်တီးမှုနဲ့ပတ်သတ်တဲ့ ဆက်သွယ်ချက်တွေကို ရလာစေနိုင်ပါတယ်။ဥပမာဆိုရင် ဂျာနယ်တစ်ခုမှာ သူက ရိုက်ညီနောင်အောင်မြင်မှုမရခင် ဆယ်စုနှစ်ပေါင်းများစွာထဲက လေယာဉ်တွေအကြောင်းနဲ့ပတ်သတ်တဲ့ စိတ်ကူးတွေကို ကြိုတင်ခန့်မှန်းခဲ့ပါတယ်။

ပြီးတော့ သူကဖုန်းကို ဆက်ပြီးတော့လုပ်ကိုင်ခဲ့ပါတယ်။စစ်တုရင်ကျွမ်းကျင်သူ Josh Waitzkin , Tim Ferriss က အင်တာဗျူးတစ်ခုမှာ သူ့ရဲ့မနက်ပိုင်းနေ့စဉ်လုပ်ဆောင်ချက်တွေကို ရှင်းပြပေးခဲ့ပါတယ်။ သူအိပ်နေတဲ့အချိန်မှာ မသိစိတ်ဆက်သွယ်ချက်တွေကို လုပ်ဆောင်ပုံတွေကို ပြောပြပေးခဲ့ပါတယ်။

မနက်အိပ်ယာထပြီး ၁၅ မိနစ်အတွင်းဖုန်းကိုင်တဲ့ အသက်၁၈နှစ်နဲ့ ၄၄နှစ်ကြားလူ၈၀ ရာခိုင်နှုန်းနဲ့မတူတာက Waitzkin ကတော့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုသွားပြီး တရားထိုင်ပြီးတော့ ဂျာနယ်ဖတ်ပါတယ်။

သူ့ရဲ့ဂျာနယ်မှာ သူကမိနစ်ပေါင်းများစွာ အတွေးဆိုးတွေကို စွန့်ပစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းကိုပဲသုံးနေတဲ့ လူအများစုလို ဖြည့်သွင်းမှုအပေါ်မှာ အာရုံစိုက်နေမယ့်အစား Waitzkin ရဲ့အာရုံစူးစိုက်မှုက ထုတ်ပစ်ဖို့ပါပဲ။ ဒါက သူ့ရဲ့တီထွင်ဖန်တီးမှုတွေကို ပိုမြင့်မားစေနိုင်ပါတယ်။

သူကတော့ မှတ်ဉာဏ်မွေးမြူခြင်းလို့ ခေါ်ပါတယ်။နိဂုံးမသိစိတ်နဲ့ဆက်စပ်နေတဲ့ ဖန်တီးမှုဖြစ်နိုင်ချေ တွေက မှန်းဆလို့မရနိုင်လောက်အောင် အင်အားကြီးမားပါတယ်။ သူတို့က အံ့ဖွယ်တွေကို ဖြစ်ပေါ်လာနိုင်စေပါတယ်လို့ Napoleon Hill ကပြောကြားခဲ့ဖူးပါတယ်။

• သင်ယူလေ့လာခြင်းနဲ့ စာဖတ်ခြင်းတို့မှာ အချိန်တွေအများကြီးကုန်ဆုံးလိုက်ပါ။

• မင်းရဲ့သင်ယူလေ့လာတဲ့နည်းလမ်းက ပိုပြီးတော့ ကောင်းမွန်လာလေလေ အတွေ့အကြုံတွေမှ သင်ယူခြင်းနဲ့ ဆက်စပ်သင်ယူခြင်းတို့က စာရိုးရိုးဖတ်တာထက်ပိုပြီးတော့ အားကောင်းလေလေပါပဲ။

• မင်းကသင်ယူနေချိန်မှာ မင်းဖတ်ထားပြီးသားတစ်ခုခုကို စိတ်ကူးနဲ့ကွန့်မြူးရင်း သင်ကြားကြည့်ဖို့ ကြိုးစားကြည့်ပါ။

• မင်းဖြေရှင်းရမယ့်ပြသနာတွေ မင်းလုပ်နေတဲ့လက်ဆုပ်လက်ကိုင်ပြစရာပန်းတိုင်တွေ ရှိထားပါ။ မင်းဘဝကို မင်းဖြေရှင်းဖို့ကြိုးစားနေတဲ့ပြသနာတွေရဲ့အရွယ်အစားနဲ့ အချိုးကျတိုင်းတာနိုင်တယ်လို့ Darren Hardy ကပြောကြားခဲ့ဖူးပါတယ်။

• မင်းပြီးမြောက်အောင်ကြိုးစားမယ့်အတွေ့အကြုံတွေ စိန်ခေါ်မှုတွေ အကြံဉာဏ်တွေကို အိပ်ယာထဲမှာ မမြင်ယောင်ခင် မိနစ်အနည်းငယ်လောက် အချိန်ပေးပြီးတော့ မင်းရဲ့ပန်းတိုင်တွေ စီမံချက်တွေရဲ့ပြီးမြောက်သွားတဲ့ပုံစံကို မြင်ယောင်ကြည့်လိုက်ပါ။

• မင်းအိပ်နေတဲ့အချိန်မှာ မင်းတွေးနေတဲ့အရာနဲ့ဆက်စပ်နေတဲ့ မင်းရဲ့ဦးနှောက်က မတူညီတဲ့ဆက်သွယ်ချက်အမျိုးမျိုးကို ဖန်တီးနေတဲ့အတွက်ကြောင့် အလုပ်လုပ်လို့ရနိုင်မယ့် အင်အားပြင်းတဲ့အရာတစ်ခုခုကို မသိစိတ်က ရသွားပါလိမ့်မယ်။

• မနက်မိုးလင်းတာနဲ့ ပထမဆုံးလုပ်ရမယ့်အရာက ရေတစ်ခွက်သောက်ပြီးတော့ တိတ်ဆိတ်တဲ့တစ်နေရာရာမှာ သွားရောက်ကာ မင်းရဲ့အသိစိတ်ကို နှိုးဆော်ပေးနိုင်မယ့် အကြောင်းအရာတွေကို စပြီးတော့ ရေးသားပါ။

• မင်းကဖန်တီးမှုအကြံဉာဏ်တွေရလိုက်တာနဲ့ ဆက်ပြီးတော့ ရေးသားပါ။

ဒါက တကယ့်ကို အရေးပါတဲ့ အကြံတွေ တစ်ခုပြီး တစ်ခုရလာတတ်ပါတယ်။ဒါတွေအားလုံးကို စိတ်ပညာရှင်တွေက epiphany ability လို့ခေါ်ပါတယ်။ ဒါကတော့ မှတ်ဉာဏ်နဲ့ ဖန်တီးမှုတွေလိုပဲ ဘဝတစ်လျှောက်လုံးမှာ မင်းကျွမ်းကျင်ရမယ့်အရာတစ်ခုခုပါပဲ။Epiphany မှာတော့ အရေးကြီးတဲ့အချက်သုံးချက်ပါဝင်ပါတယ်။

– စိတ်ဓာတ်ကျစေမယ့်အတွေးအခေါ်တွေကို စွန့်ပစ်လိုက်ပါ။

– ဆန်းသစ်ပြီးထိရောက်တဲ့ အတွေးအခေါ်တွေကို ဖွဲ့စည်းထားပါ။

– ပျော်ရွှင်စေမယ့် ခံစားချက်တွေကို တွေ့ကြုံခံစားလိုက်ပါ။မင်းကတော့ တီထွင် ဖန်တီးမယ့်အတွေးတွေမှာ ပိုပြီးတော့ ကောင်းမွန်လာနိုင်ပါတယ်။ မင်းကအတွေ့အကြုံအသစ်တွေအတွက် လမ်းဖွင့်ထားဖို့ လိုအပ်ပါတယ်။

ဒါကတော့ အတော်လေးရှားပါးနိုင်ပါတယ်။ လူတွေက အသက်အရွယ်ရလာတာနဲ့အမျှ အတွေ့အကြုံအသစ်တွေ လမ်းပွင့်ဖို့ ပိုနည်းပါးလာကြတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။မင်းကတော့ အင်အားကောင်းမွန်တဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ကူးဉာဏ်နည်းဗျူဟာတွေ တိုးတက်လာဖို့ လိုအပ်ပါတယ်။

မင်းသင်ယူလေ့လာမှတ်မိစေမယ့်အရာတွေကို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။မင်းရဲ့မှတ်ဉာဏ်တွေက အမှန်တကယ်ဆိုတာထက် စိတ်ခံစားချက်နဲ့ပတ်သတ်တဲ့အရာတွေပါ။ မှတ်ဉာဏ်ကအသစ်အဆန်းတစ်ခုခုပေါ်လာတိုင်း ပြန်လည်ဖန်တီးတတ်ပါတယ်။

ကောင်းမွန်တဲ့မှတ်ဉာဏ်တွေက ပြုလွယ်ပြင်လွယ်ပါတယ်။မင်းရဲ့မှတ်ဉာဏ်တွေက ပြောင်းလွယ်ပြင်လွယ်ပြီးတော့ အတွေးအခေါ်မြင့်မားတဲ့အတွက်ကြောင့် မင်းလုပ်ခဲ့တယ်လို့ထင်နေတာထက် မင်းဘယ်လိုလူတစ်ယောက်ဖြစ်လာမလဲဆိုတဲ့အပေါ်မှာ ထိန်းချုပ်ဖန်တီးမှုတွေ ပိုပြီးတော့ လုပ်ဆောင်ရပါမယ်။

မင်းကတော့ ပိုတီထွင်ဖန်တီးနိုင်တဲ့ အတွေးအခေါ်သမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အတော်လေးလဲ ဉာဏ်ထက်မြက်လာနိုင်ပါတယ်။ ပိုပြီးတော့ ထိရောက်စွာအလုပ်လုပ်နိုင်ပြီး ပိုပြီးတော့လျင်မြန်လာပါလိမ့်မယ်။ မင်းကခက်ခဲတဲ့ နယ်ပယ်တွေမှာ လျင်မြန်စွာ ကျွမ်းကျင်လာပါလိမ့်မယ်။မေးစရာကတော့ မင်းက ဒီကျွမ်းကျင်မှုတွေကို အချိန်ယူသင်ကြားမှာလား။

ဒါမှမဟုတ် မင်းရဲ့စိတ်နဲ့မှတ်ဉာဏ်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေကို အလဟသကုန်ဆုံးခွင့်ပြုလိုက်တော့မှာလား။ဒါကိုလုပ်ဆောင်ဖို့အဆင်သင့်ဖြစ်ပြီလား။ကျွန်တော်ကတော့ မင်းဘဝကို ထိပ်ဆုံးကိုရောက်စေဖို့ မင်းလုပ်ဆောင်သင့်တဲ့အချက်တွေကို ပြောပြထားပါတယ်။

ဒီနေ့စဉ်လုပ်ဆောင်ချက်ကို နေ့တိုင်းလုပ်ဆောင်မယ်ဆိုရင် မင်းရဲ့ဘဝက လျင်မြန်စွာ ပြောင်းလဲလာပါလိမ့်မယ်။

Writer & Translator : Su Mon

————————————————————————————————————————–

#POINT #PointYouthPlatform

မင်းရဲ့ဖန်တီးမှုတွေကို လေ့ကျင့်တဲ့အခါမှာ မင်းရဲ့မှတ်ဉာဏ်ကိုပါ အော်တိုလေ့ကျင့်ပြီးသား ဖြစ်သွားသလို မှတ်ဉာဏ်ကိုလေ့ကျင့်တဲ့အခါမှာလဲ ဖန်တီးမှုအတွေးအခေါ်တွေကို လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်လို့ Tony Buzan ကဆိုပါတယ်။
မှတ်ဉာဏ်နဲ့အတွေးအခေါ်တွေက ခွဲခြားမရနိုင်အောင် ဆက်စပ်နေပါတယ်။ တကယ်တော့ မှတ်ဉာဏ်ဆိုတာလဲ စိတ်ကူးဉာဏ်တစ်ခုပါပဲ။ ဒါကခိုင်မာတဲ့အရာတစ်ခု မဟုတ်သလို တိကျတဲ့ အချက်အလက်တစ်ခုလဲ မဟုတ်ပါဘူး။ ဒါပေမယ့် မင်းရဲ့မှတ်ဉာဏ်ဆိုတာက လူတစ်ယောက် နေရာတစ်ခု ဒါမှမဟုတ် အရာဝတ္တုတစ်ခုတို့ကို ဆက်စပ်တွေးခေါ်မှတ်သားထားတာပဲ ဖြစ်ပါတယ်။
မင်းကပိုပြီးတော့ တွေးခေါ်နိုင်လေလေ မင်းရဲ့မှတ်ဉာဏ်ကပိုပြီးတော့ ကောင်းမွန်လာလေလေပါပဲ။ သူတို့ရဲ့မှတ်ဉာဏ်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကို သင်ယူထားတဲ့သူကတော့ နည်းပါးပါတယ်။ လူအများစုက မှတ်ဉာဏ်နည်းဗျူဟာကောင်းကောင်းမရှိတဲ့အတွက်ကြောင့် သူတို့က သိပ်မထိရောက်တဲ့ သင်ယူသူတွေ ဖြစ်လာကြပါတယ်။ သူတို့က ဖန်တီးမှုတွေ ကင်းမဲ့လာပြီး၊ သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ပျောက်ဆုံးလာပါတယ်။
မင်းကတစ်ခုခုကို သတိမရဘူးဆိုရင် ဒါကိုမသင်ယူခဲ့လို့ပါပဲ။
မင်းကမှတ်ဉာဏ်ကို ပိုကောင်းမွန်အောင်လုပ်နိုင်လာတာနဲ့ မင်းရဲ့သင်ယူမှုကတော့ အသိစိတ်ကနေ မသိစိတ်အခြေအနေထိအောင် မြန်မြန်ဆန်ဆန် ရောက်သွားပါတယ်။ သင်ယူမှုက မသိစိတ်အခြေအနေကို ရောက်သွားတာနဲ့ မင်းကတော့ ဒါကိုပိုထိန်းချုပ်ပြီးတော့ ပိုင်ဆိုင်အောင် လုပ်ရတော့မှာပါ။
တစ်ခုခုက မသိစိတ်ထဲမှာ ရောက်လာပြီဆိုရင် မင်းကအဲ့တာကို ပိုအားကောင်းတဲ့ အမှန်တရားတစ်ခုဖြစ်လာစေဖို့ အသုံးပြုပေးနိုင်ပါတယ်။ မသိစိတ်ကတော့ တိုက်ရိုက်လက်တွေ့အကျဆုံး နည်းလမ်းတစ်ခုအဖြစ်သို့ အကောင်အထည်ဖော်ပေးပါလိမ့်မယ် လို့ Napoleon Hill ကပြောခဲ့ဖူးပါတယ်။
မှတ်ဉာဏ်ကတော့ စိတ်ကူးသက်သက်ပါပဲ။ တစ်ခုခုနဲ့ ချိတ်ဆက်မနေဘူးဆိုရင် အဲ့ဒီတစ်ခုခုကို မင်းကမမှတ်မိနိုင်ပါဘူး။ သင်ယူခြင်းဆိုတာက မင်းမသိသေးတဲ့တစ်ခုကို လက်ရှိသိထားတဲ့အရာတစ်ခုခုနဲ့ ချိတ်ဆက်ပေးတာပါပဲ။
မင်းက ရိုးရှင်းထိရောက်တဲ့နည်းလမ်းတွေကို သင်ယူလို့ရနိုင်ပါတယ်။
– မင်းရဲ့မှတ်ဉာဏ်နဲ့စိတ်ကူးကို တိုးလာအောင်လုပ်ခြင်း
– မင်းရဲ့မသိစိတ်နဲ့ ပိုပြီးတော့ ထိထိရောက်ရောက် ဆက်သွယ်နိုင်စေခြင်း
– မင်းရှာဖွေနေတဲ့ ရလဒ်တွေကို ဖန်တီးနိုင်ခြင်း
ဒါတွေက မင်းစလုပ်သင့်တဲ့ ရိုးရှင်းတဲ့ နေ့စဉ်လုပ်ဆောင်ချက်လေးတွေပါပဲ။
အိပ်ယာမဝင်မီဆယ်မိနစ်
မင်းတွေ့ကြုံဖူးတဲ့အချက်အလက်အားလုံးဟာ မင်းရဲ့မသိစိတ်ထဲမှာ ရှိနေပါတယ်။ မသိစိတ်က ဘယ်တော့မှ မမေ့တတ်ပါဘူးလို့ Taryn Crimi ကပြောခဲ့ဖူးပါတယ်။
ကမ္ဘာ့အအောင်မြင်ဆုံးလူတွေက သူတို့အိပ်နေတဲ့အချိန်မှာ မသိစိတ်ကိုဆက်ပြီးတော့ အလုပ်လုပ်စေဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ပေးကြပါတယ်။
ဥပမာ သောမတ်အက်ဒီဆင်က သူ့ရဲ့တီထွင်ဖန်တီးမှုပြသနာတွေအတွက် အင်အားကောင်းမွန်တဲ့ ဖြေရှင်းချက်တွေ ဖန်တီးနိုင်ဖို့ သူ့ရဲ့မသိစိတ်ကို ပြင်ဆင်ဖို့ အိပ်ယာမဝင်မီ ညတိုင်းအချိန်ပေးလုပ်ပါတယ်။
သူကဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့ အရမ်းသတိထားပြီးလုပ်ဆောင်ပါတယ်။ မင်းရဲ့မသိစိတ်ကို တောင်းဆိုမှုတစ်ခုမှမလုပ်ပဲ ဘယ်တော့မှ မအိပ်ပါနဲ့ လို့ သူကပြောခဲ့ဖူးပါတယ်။
အက်ဒီဆင်က မှတ်ဉာဏ်စက်တစ်လုံးပါပဲ။ သူကစာကြမ်းပိုးတစ်ယောက်ပါ။ သူဖတ်သမျှစာတိုင်းကို မှတ်မိအောင် လေ့ကျင့်ထားပါတယ်။ သူဖတ်သမျှစာတိုင်းနီးပါးကို သူမှတ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက မှတ်ဉာဏ် စိတ်ကူးနဲ့ မသိစိတ်တို့ ကြားက အပြန်အလှန်သက်ရောက်မှုကို နားလည်ထားတယ်လေ။
သူကမှတ်ဉာဏ်နဲ့တီထွင်ဖန်တီးမှုကြားက ဆက်သွယ်ချက်ကို နားလည်ထားတဲ့အတွက်ကြောင့် ကမ္ဘာမှာ အရေးပါတဲ့ တီထွင်သူတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ ဆက်သွယ်မှုအသစ်တွေကို ပြုလုပ်ဖို့ သူ့ရဲ့စိတ်ကူးနိုင်စွမ်းကတော့ တားမရနိုင်လောက်အောင်ပါပဲ။
မှတ်ဉာဏ်မကောင်းရင် စစ်မှန်တဲ့ဖန်တီးမှုကို မလုပ်နိုင်ပါဘူး။ ပြီးတော့ ဖန်တီးမှုမရှိရင်လဲ မှတ်ဉာဏ်မကောင်းနိုင်ပါဘူး။ နှစ်ခုစလုံးကတော့ ဒွန်တွဲနေပါတယ်။
ပထမဆုံးအနေနဲ့ မှတ်ဉာဏ်ဆိုတာက စိတ်စွမ်းအားတစ်ခုမဟုတ်ပါဘူး။ စိတ်စွမ်းအားဆိုတာက တစ်ခုခုကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အစဉ်အတိုင်း အရိုင်းထည်အတိုင်းချဉ်းကပ်တာဖြစ်ပါတယ်။ တီထွင်ဖန်တီးမှုနဲ့စိတ်ကူးဉာဏ်တို့က ပိုအင်အားပြင်းထန်တဲ့ နည်းလမ်းတွေဖြစ်ကြပါတယ်။ ဒါတွေက အစဉ်အတိုင်းမဟုတ်ပဲ နည်းလမ်းအမျိုးမျိုးနဲ့ ချဲ့ကားလို့ရနိုင်ပါတယ်။
Unlimited Memory ဆိုတဲ့သူ့ရဲ့စာအုပ်ထဲမှာ Kevin Horsley က စိတ်ကူးဉာဏ်နဲ့ပတ်သတ်ပြီးတော့ ဒီလိုပြောကြားထားခဲ့ပါတယ်။ စိတ်ကူးဉာဏ်နဲ့ စိတ်စွမ်းအားတို့ ပြသနာဖြစ်တဲ့အခါမှာ စိတ်ကူးဉာဏ်ကတော့ အမြဲတမ်းအနိုင်ရပါတယ်။ တစ်ခုခုကိုမှတ်မိအောင် စိတ်စွမ်းအားက လုပ်နေပြီးတော့ စိတ်ကူးဉာဏ်ကမလုပ်ဆောင်ဘူးဆိုရင် မင်းကဘာကိုမှ မှတ်မိနိုင်မှာမဟုတ်ပါဘူး။ မင်းရဲ့စိတ်ကူးဉာဏ်ကတော့ မင်းရဲ့မှတ်ဉာဏ်စွမ်းအားရဲ့နေရာတစ်ခုဖြစ်ပါတယ်လို့ Emile Coue က ညွှန်ပြထားခဲ့တယ်လို့ ပြောထားပါတယ်။
ကောင်းမွန်တဲ့မှတ်ဉာဏ်တွေဆိုတာ ပြောင်းလဲလွယ်ပါတယ်။ မင်းကဒါတွေကို ပြောင်းလဲနိုင်သလို ချဲ့ကားလို့လဲရနိုင်ပါတယ်။ တစ်ခုခုကိုမှတ်မိဖို့အတွက် မင်းပိုပြီးတော့စိတ်ကူးဉာဏ်ကွန့်မြူးလေလေ ပိုပြီးတော့ မှတ်မိဖို့လွယ်ကူလေလေပါပဲ။
ဥပမာ- မင်းဖတ်ခဲ့တဲ့စာအုပ်ကနေ တစ်ခုခုကိုမှတ်မိအောင် ကြိုးစားကြမယ် ဆိုပါစို့။
– မင်းလုပ်ဖို့လိုအပ်တာက မင်းဘဝမှာသက်ဆိုင်တဲ့အရာတစ်ခုခုနဲ့ အိုင်ဒီယာကို ချိတ်ဆက်လိုက်ဖို့ပါပဲ။
– မင်းကဒါကို မြင်ယောင်လာနိုင်အောင် ပြောင်းလဲရမယ်။
– မင်းကအတွေ့အကြုံနဲ့အသိစိတ်ကို ပိုပြီးတော့ချိတ်ဆက်နိုင်လေလေ မင်းရဲ့မှတ်ဉာဏ်က ပိုနက်ရှိုင်းတဲ့နေရာထိအောင် မှတ်ထားနိုင်လေလေပါပဲ။
– ဒီလိုဖြစ်သွားပြီဆိုရင် မင်းရဲ့မသိစိတ်ဖြစ်လာပါပြီ။ ဒါကတော့ အာရုံစိုက်လုပ်ဆောင်ရတဲ့ တစ်ခုခုထက်ပိုပြီးတော့ အင်အားပြင်းပါတယ်။
– တစ်ခုခုကမသိစိတ်ထဲကို ရောက်လာပြီဆိုရင် သူ့အလိုလို မှတ်ဉာဏ် တခြားအကြံနဲ့ တခြားမှတ်ဉာဏ်တွေဆီကို ချိတ်ဆက်ပေးသွားပါလိမ့်မယ်။
မင်းရဲ့မှတ်ဉာဏ်ကို ပြန်ပြီးတော့တွေးကြည့်တဲ့အခါတိုင်း မင်းရဲ့ဦးနှောက်တစ်ခုလုံးက ဆက်သွယ်ချက်အသစ်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒါဆို သောမတ်အက်ဒီဆင်က ညအိပ်ယာမဝင်ခင် မိနစ်အနည်းငယ်မှာ ဘာတွေလုပ်နေခဲ့တာလဲ။ သူကတွေးမြင်ကြည့်ပါတယ်။ အတိတ်ကအတွေ့အကြုံတွေနဲ့ သူဖတ်ထားတဲ့အကြောင်းအရာတွေကို ဆက်စပ်ကြည့်ပါတယ်။ သူကအဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး အတွေးအခေါ်မြင့်မားတဲ့အတွက်ကြောင့် သူ့မှတ်ဉာဏ်တွေက ပိုကောင်းမွန်လာပါတယ်။
တစ်ခုခုကိုမှတ်မိဖို့ စိတ်ကူးဉာဏ်နဲ့ဖန်တီးလေလေ မှတ်ဉာဏ်တွေက ပိုပြီးတော့ မသိစိတ်ထဲမှာ ရောက်လာလေလေပါပဲ။ အကျိုးဆက်အနေနဲ့ အကြံတွေကို ဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ ကန့်သတ်ချက်တွေကို မထားချင်ပါဘူး။ ဒါနဲ့ပတ်သတ်ပြီးတော့ နည်းနည်းတောင် ထူးဆန်းနေနိုင်ပါတယ်။
ပြဇာတ်တွေက ဦးနှောက်စွမ်းဆောင်ရည် နဲ့ မှတ်ဉာဏ်စွမ်းအား ပိုတိုးတက်လာစေတယ်လို့ သုတေသနတွေမှာ တွေ့ထားပါတယ်။ ပြဇာတ်တွေက မှတ်ဉာဏ်ကို ကောင်းမွန်လာစေနိုင်ပါတယ်။
မှတ်ဉာဏ်ရယ် တီထွင်ဖန်တီးနိုင်စွမ်းရယ် မသိစိတ်ရယ်ကို တစ်ခုခုမှတ်မိစေဖို့ ကြိုးစားလုပ်နေတယ်ဆိုပါစို့။
မင်းရဲ့မှတ်ဉာဏ်ကို ဆေးစက်ကြီးတစ်စက်လို စဉ်းစားနိုင်ပါတယ်။ ဆေးစက်ကြီးလို့ပြောလိုက်တာနဲ့ မင်းကဘာကို အရင်ဆုံးသွားသတိရလဲ။ ကျွန်တော့်စိတ်ထဲကို အရင်ဆုံးရောက်လာတဲ့အရာကတော့ Pokemon Gastly ဖြစ်ပါတယ်။
ပြီးတော့ ဒါကိုစိတ်ကူးဉာဏ်နဲ့ ချိတ်ဆက်လိုက်ပါ။ ဒါကတော့ Unicorn ကို သွားသတိရစေပါတယ်။
ဒါဆို ချက်ချင်းပဲ Unicorn ပေါ်မှာတက်စီးနေတဲ့ Pokemon Gastly ကို တွေးမိသွားပါတယ်။
ပြီးတော့ မသိစိတ်ထဲက အကြံတွေနဲ့ စိတ်ကူးဉာဏ်နဲ့ မှတ်ဉာဏ်တွေကို ချိတ်ဆက်ကြည့်လိုက်မယ်ဆိုရင် Think and Grow Rich ဆိုတဲ့စာအုပ်ကို သွားပြီးတော့ သတိရစေပါတယ်။
ဒါဆိုရင် အခုတော့ Unicorn ပေါ်မှာ စီးရင်းနဲ့ Think and Grow Rich စာအုပ်ကို ဖတ်နေတဲ့ Gastly ကို တွေးမိသွားပါပြီ။
အတွေ့အကြုံတွေကို ပိုပြီးတော့ ချဲ့ကားလာစေဖို့ အထိအတွေ့ အနံ့ အရသာတွေဆိုတဲ့ အာရုံတွေနဲ့ပါ ပေါင်းစပ်ပေးလိုက်မယ်။ ဒါဆိုရင်တော့ Gastly က ဓာတုဓာတ်ခွဲခန်းထဲကရတဲ့ ထူးဆန်းတဲ့အနံ့တစ်ခုလို ရနေပါတယ်။ Unicorn ကတော့ Lucky Charms မုန့်နံ့ထွက်နေပါတယ်။ ဒါဆိုရင် သူတို့စီးနင်းလာတဲ့အချိန်မှာ မြူခိုးတွေလိုGastly ရဲ့ဆေးလိပ်မီးခိုးငွေ့တွေနဲ့ Lucky Charms မုန့်နံ့တွေကို ခံစားရမှာဖြစ်ပါတယ်။
တီထွင်ဖန်တီးမှုဆိုတာက အရာအားလုံးကို အတူတူချိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ သောမတ်အက်ဒီဆင်က အရာအားလုံးကိုချိတ်ဆက်ပေးဖို့ အကြံဉာဏ်အမျိုးမျိုးကို တွေးတောနေမှာ မလွဲဧကန်ပါပဲ။ သူကအိပ်ယာမဝင်ခင်မှာ ဒါကိုလုပ်ဖို့ မိနစ်အနည်းငယ်လောက် အချိန်ယူပါတယ်။ ပြီးမှ သူကအိပ်ပျော်သွားပါတယ်။
သူအိပ်ပျော်နေတဲ့အချိန်မှာ သူ့ရဲ့မသိစိတ်က စပြီးတော့ ချိတ်ဆက်ဖန်တီးပုံသွင်းနေခဲ့ပါတယ်။
အိပ်ယာထပြီးနောက် ဆယ်မိနစ်
အိပ်ယာထထခြင်းအချိန်က ဦးနှောက်အတက်ကြွဆုံးနဲ့ အဖန်တီးနိုင်ဆုံးအချိန်လို့ သုတေသနတွေက အတည်ပြုထားပါတယ်။ တစ်နေ့တာကုန်ဆုံးသွားချိန်မှာ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေက ပိုပြီးတော့ တက်ကြွလာပါတယ်။ လေ့လာမှုတွေမှာ မနက်ပိုင်းနဲ့ညနေပိုင်း MRI ရလဒ်တွေကို ကြည့်လိုက်တဲ့အခါမှာ ဦးနှောက်က မနက်ပိုင်းတွေမှာ ချိတ်ဆက်မှုတွေ ပိုအလုပ်လုပ်တယ်လို့ တွေ့ထားပါတယ်။ ဒါကတော့ တီထွင်ဖန်တီးမှုတွေနဲ့ ပတ်သတ်တဲ့ အဓိကသော့ချက်တစ်ခုပါပဲ။

မင်းအိပ်ပျော်နေတဲ့အချိန်မှာ မင်းရဲ့မသိစိတ်က လျှောက်သွားနေပြီးတော့ ဆက်စပ်တဲ့အကြောင်းအရာတွေကို တွေးတောနေပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ စိတ်တွေက ဖန်တီးမှုနဲ့ သင်ယူမှုအတွက် အဓိကပါပဲ။
အက်ဒီဆင်က စောစောထပြီး မနက်ပိုင်းမှာ ပထမဆုံးလုပ်တဲ့အရာက သူ့ဂျာနယ်ကို ရေးသားပါတယ်။ သူ့ရဲ့မနက်ပိုင်းမှာ တီထွင်ဖန်တီးမှုတစ်ခုခုနဲ့ အချိန်ကုန်ဆုံးတတ်ပါတယ်။ အက်ဒီဆင်ရဲ့မှတ်စုစာအုပ် ၃၅၀ဝ ကျော်ကို တွေ့နိုင်ပါတယ်။
မှတ်စုစာအုပ်တွေမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကဲဖြတ်ခြင်းနဲ့ အတွင်းစိတ်သဘောတရားတွေနဲ့ ပြည့်ဝနေပါတယ်။
တစ်နည်းအားဖြင့်ပြောရရင် အက်ဒီဆင်က မနက်ပိုင်းမှာ အသိစိတ်နဲ့ပတ်သတ်တဲ့ အရာတွေကို ရေးသားပါတယ်။ ဒါကတော့ ဆက်စပ်မှုမရှိတဲ့ အကြံဉာဏ်တွေကို ပေါင်းစပ်ပေးလိုက်ပါတယ်။ ဒါကတော့ စိတ်ဓာတ်ကွန့်မြူးစေမယ့် ဖန်တီးမှုနဲ့ပတ်သတ်တဲ့ ဆက်သွယ်ချက်တွေကို ရလာစေနိုင်ပါတယ်။
ဥပမာဆိုရင် ဂျာနယ်တစ်ခုမှာ သူက ရိုက်ညီနောင်အောင်မြင်မှုမရခင် ဆယ်စုနှစ်ပေါင်းများစွာထဲက လေယာဉ်တွေအကြောင်းနဲ့ပတ်သတ်တဲ့ စိတ်ကူးတွေကို ကြိုတင်ခန့်မှန်းခဲ့ပါတယ်။ ပြီးတော့ သူကဖုန်းကို ဆက်ပြီးတော့လုပ်ကိုင်ခဲ့ပါတယ်။
စစ်တုရင်ကျွမ်းကျင်သူ Josh Waitzkin , Tim Ferriss က အင်တာဗျူးတစ်ခုမှာ သူ့ရဲ့မနက်ပိုင်းနေ့စဉ်လုပ်ဆောင်ချက်တွေကို ရှင်းပြပေးခဲ့ပါတယ်။ သူအိပ်နေတဲ့အချိန်မှာ မသိစိတ်ဆက်သွယ်ချက်တွေကို လုပ်ဆောင်ပုံတွေကို ပြောပြပေးခဲ့ပါတယ်။
မနက်အိပ်ယာထပြီး ၁၅ မိနစ်အတွင်းဖုန်းကိုင်တဲ့ အသက်၁၈နှစ်နဲ့ ၄၄နှစ်ကြားလူ၈၀ ရာခိုင်နှုန်းနဲ့မတူတာက Waitzkin ကတော့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုသွားပြီး တရားထိုင်ပြီးတော့ ဂျာနယ်ဖတ်ပါတယ်။
သူ့ရဲ့ဂျာနယ်မှာ သူကမိနစ်ပေါင်းများစွာ အတွေးဆိုးတွေကို စွန့်ပစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းကိုပဲသုံးနေတဲ့ လူအများစုလို ဖြည့်သွင်းမှုအပေါ်မှာ အာရုံစိုက်နေမယ့်အစား Waitzkin ရဲ့အာရုံစူးစိုက်မှုက ထုတ်ပစ်ဖို့ပါပဲ။ ဒါက သူ့ရဲ့တီထွင်ဖန်တီးမှုတွေကို ပိုမြင့်မားစေနိုင်ပါတယ်။ သူကတော့ မှတ်ဉာဏ်မွေးမြူခြင်းလို့ ခေါ်ပါတယ်။
နိဂုံး
မသိစိတ်နဲ့ဆက်စပ်နေတဲ့ ဖန်တီးမှုဖြစ်နိုင်ချေ တွေက မှန်းဆလို့မရနိုုင်လောက်အောင် အင်အားကြီးမားပါတယ်။ သူတို့က အံ့ဖွယ်တွေကို ဖြစ်ပေါ်လာနိုင်စေပါတယ်လို့ Napoleon Hill ကပြောကြားခဲ့ဖူးပါတယ်။
• သင်ယူလေ့လာခြင်းနဲ့ စာဖတ်ခြင်းတို့မှာ အချိန်တွေအများကြီးကုန်ဆုံးလိုက်ပါ။
• မင်းရဲ့သင်ယူလေ့လာတဲ့နည်းလမ်းက ပိုပြီးတော့ ကောင်းမွန်လာလေလေ အတွေ့အကြုံတွေမှ သင်ယူခြင်းနဲ့ ဆက်စပ်သင်ယူခြင်းတို့က စာရိုးရိုးဖတ်တာထက်ပိုပြီးတော့ အားကောင်းလေလေပါပဲ။
• မင်းကသင်ယူနေချိန်မှာ မင်းဖတ်ထားပြီးသားတစ်ခုခုကို စိတ်ကူးနဲ့ကွန့်မြူးရင်း သင်ကြားကြည့်ဖို့ ကြိုးစားကြည့်ပါ။
• မင်းဖြေရှင်းရမယ့်ပြသနာတွေ မင်းလုပ်နေတဲ့လက်ဆုပ်လက်ကိုင်ပြစရာပန်းတိုင်တွေ ရှိထားပါ။ မင်းဘဝကို မင်းဖြေရှင်းဖို့ကြိုးစားနေတဲ့ပြသနာတွေရဲ့အရွယ်အစားနဲ့ အချိုးကျတိုင်းတာနိုင်တယ်လို့ Darren Hardy ကပြောကြားခဲ့ဖူးပါတယ်။
• မင်းပြီးမြောက်အောင်ကြိုးစားမယ့်အတွေ့အကြုံတွေ စိန်ခေါ်မှုတွေ အကြံဉာဏ်တွေကို အိပ်ယာထဲမှာ မမြင်ယောင်ခင် မိနစ်အနည်းငယ်လောက် အချိန်ပေးပြီးတော့ မင်းရဲ့ပန်းတိုင်တွေ စီမံချက်တွေရဲ့ပြီးမြောက်သွားတဲ့ပုံစံကို မြင်ယောင်ကြည့်လိုက်ပါ။
• မင်းအိပ်နေတဲ့အချိန်မှာ မင်းတွေးနေတဲ့အရာနဲ့ဆက်စပ်နေတဲ့ မင်းရဲ့ဦးနှောက်က မတူညီတဲ့ဆက်သွယ်ချက်အမျိုးမျိုးကို ဖန်တီးနေတဲ့အတွက်ကြောင့် အလုပ်လုပ်လို့ရနိုင်မယ့် အင်အားပြင်းတဲ့အရာတစ်ခုခုကို မသိစိတ်က ရသွားပါလိမ့်မယ်။
• မနက်မိုးလင်းတာနဲ့ ပထမဆုံးလုပ်ရမယ့်အရာက ရေတစ်ခွက်သောက်ပြီးတော့ တိတ်ဆိတ်တဲ့တစ်နေရာရာမှာ သွားရောက်ကာ မင်းရဲ့အသိစိတ်ကို နှိုးဆော်ပေးနိုင်မယ့် အကြောင်းအရာတွေကို စပြီးတော့ ရေးသားပါ။
• မင်းကဖန်တီးမှုအကြံဉာဏ်တွေရလိုက်တာနဲ့ ဆက်ပြီးတော့ ရေးသားပါ။ ဒါက တကယ့်ကို အရေးပါတဲ့ အကြံတွေ တစ်ခုပြီး တစ်ခုရလာတတ်ပါတယ်။
ဒါတွေအားလုံးကို စိတ်ပညာရှင်တွေက epiphany ability လို့ခေါ်ပါတယ်။ ဒါကတော့ မှတ်ဉာဏ်နဲ့ ဖန်တီးမှုတွေလိုပဲ ဘဝတစ်လျှောက်လုံးမှာ မင်းကျွမ်းကျင်ရမယ့်အရာတစ်ခုခုပါပဲ။
Epiphany မှာတော့ အရေးကြီးတဲ့အချက်သုံးချက်ပါဝင်ပါတယ်။
– စိတ်ဓာတ်ကျစေမယ့်အတွေးအခေါ်တွေကို စွန့်ပစ်လိုက်ပါ။
– ဆန်းသစ်ပြီးထိရောက်တဲ့ အတွေးအခေါ်တွေကို ဖွဲ့စည်းထားပါ။
– ပျော်ရွှင်စေမယ့် ခံစားချက်တွေကို တွေ့ကြုံခံစားလိုက်ပါ။
မင်းကတော့ တီထွင် ဖန်တီးမယ့်အတွေးတွေမှာ ပိုပြီးတော့ ကောင်းမွန်လာနိုင်ပါတယ်။ မင်းကအတွေ့အကြုံအသစ်တွေအတွက် လမ်းဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါကတော့ အတော်လေးရှားပါးနိုင်ပါတယ်။ လူတွေက အသက်အရွယ်ရလာတာနဲ့အမျှ အတွေ့အကြုံအသစ်တွေ လမ်းပွင့်ဖို့ ပိုနည်းပါးလာကြတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။
မင်းကတော့ အင်အားကောင်းမွန်တဲ့ မှတ်ဉာဏ်တွေနဲ့ စိတ်ကူးဉာဏ်နည်းဗျူဟာတွေ တိုးတက်လာဖို့ လိုအပ်ပါတယ်။ မင်းသင်ယူလေ့လာမှတ်မိစေမယ့်အရာတွေကို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မင်းရဲ့မှတ်ဉာဏ်တွေက အမှန်တကယ်ဆိုတာထက် စိတ်ခံစားချက်နဲ့ပတ်သတ်တဲ့အရာတွေပါ။ မှတ်ဉာဏ်ကအသစ်အဆန်းတစ်ခုခုပေါ်လာတိုင်း ပြန်လည်ဖန်တီးတတ်ပါတယ်။ ကောင်းမွန်တဲ့မှတ်ဉာဏ်တွေက ပြုလွယ်ပြင်လွယ်ပါတယ်။
မင်းရဲ့မှတ်ဉာဏ်တွေက ပြောင်းလွယ်ပြင်လွယ်ပြီးတော့ အတွေးအခေါ်မြင့်မားတဲ့အတွက်ကြောင့် မင်းလုပ်ခဲ့တယ်လို့ထင်နေတာထက် မင်းဘယ်လိုလူတစ်ယောက်ဖြစ်လာမလဲဆိုတဲ့အပေါ်မှာ ထိန်းချုပ်ဖန်တီးမှုတွေ ပိုပြီးတော့ လုပ်ဆောင်ရပါမယ်။
မင်းကတော့ ပိုတီထွင်ဖန်တီးနိုင်တဲ့ အတွေးအခေါ်သမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အတော်လေးလဲ ဉာဏ်ထက်မြက်လာနိုင်ပါတယ်။ ပိုပြီးတော့ ထိရောက်စွာအလုပ်လုပ်နိုင်ပြီး ပိုပြီးတော့လျင်မြန်လာပါလိမ့်မယ်။ မင်းကခက်ခဲတဲ့ နယ်ပယ်တွေမှာ လျင်မြန်စွာ ကျွမ်းကျင်လာပါလိမ့်မယ်။
မေးစရာကတော့ မင်းက ဒီကျွမ်းကျင်မှုတွေကို အချိန်ယူသင်ကြားမှာလား။ ဒါမှမဟုတ် မင်းရဲ့စိတ်နဲ့မှတ်ဉာဏ်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေကို အလဟသကုန်ဆုံးခွင့်ပြုလိုက်တော့မှာလား။

ဒါကိုလုပ်ဆောင်ဖို့အဆင်သင့်ဖြစ်ပြီလား။
ကျွန်တော်ကတော့ မင်းဘဝကို ထိပ်ဆုံးကိုရောက်စေဖို့ မင်းလုပ်ဆောင်သင့်တဲ့အချက်တွေကို ပြောပြထားပါတယ်။ ဒီနေ့စဉ်လုပ်ဆောင်ချက်ကို နေ့တိုင်းလုပ်ဆောင်မယ်ဆိုရင် မင်းရဲ့ဘဝက လျင်မြန်စွာ ပြောင်းလဲလာပါလိမ့်မယ်။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *