*** Unicode ***
ကျွန်တော်တို့တွေ အားလုံးမှာ အခွင့်အရေးတွေရှိပါတယ်။ ကိုယ်ဝါသနာပါတဲ့အရာတွေကို ကိုယ်ဘာသာလေ့လာနိုင်ပါတယ်။ နေရာတကာ ဆရာသမားကို အားကိုးနေလို့မရပါ။ မိဘတွေကို အားကိုးနေလို့မရပါ။ အကြောင်းပြချက်မျိုးစုံ ပြပြီး ငါမသိဘူး၊ ငါမလုပ်တတ်ဘူး လုပ်မနေပါနဲ့။
ဒီနေ့ခေတ်ဆို online သင်တန်းတက်မလား၊ သိလိုရာ google ခေါက်ကြည့်မလား၊ FB ပေါ်မှာဆိုလည်း လေ့လာသင်ယူစရာတွေ၊နည်းလမ်းတွေကို ဖော်ပြပေးနေတဲ့ ဝဘ်ဆိုက်အများကြီးပါ။
တတ်ချင်၊ သိချင်နေတဲ့ စိတ်ကို တားလို့မရနိုင်ပါဘူးနော်။ဒါကြောင့် ဒီတစ်ခါမှာ တစ်ယောက်တည်းလေ့လာနိုင်ဖို့ ယုံကြည်မှုရှိရှိ စကားပြောဆိုနိုင်မယ့် နည်းလမ်း (၃) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ တစ်ကိုယ်တည်း လေ့လာကြည့်ပါ။
(၁) ယုံကြည်မှုရှိရှိစကားပြောပါ။
ကိုယ်ပြောလိုက်တဲ့စကား ကိုယ်တိုင်တောင်ယုံကြည်မှုမရှိရင် ဘယ်သူဆီကမှ ယုံကြည်မှုရဖို့ မမျှော်လင့်ပါနဲ့။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ပီပီသသနဲ့ ပြတ်ပြတ်သားသားပြောပါ။ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းတိုင်းကိုလည်း ယုံကြည်မှုရှိပါစေ။
ဒါတွေက လုပ်ငန်းခွင်ဝင်တဲ့အခါ၊ စီစဉ်တင်ဆက်ပြရတဲ့အခါတွေမှာ မင်းအတွက် လိုအပ်တဲ့ စွမ်းရည်တစ်မျိုးပဲဖြစ်ပါတယ်။စကားပြောဆိုရာတွင် အသံပီသမှု၊ အသံအဖြတ်အတောက်၊ စိတ်ခံစားချက်ကို ဖော်ပြနေတဲ့ အသံအနိမ့်အမြင့်၊ ရှင်းလင်းပြတ်သာမှု တွေကို တခြားသူတွေရဲ့စကားဝိုင်းတွေ မှာ လေ့လာကြည့်ပါ။ မှန်ရှေ့မှာ ပြောကြည့်ပါ။ အသံသွင်းပြီး ပြန်နားထောင်ပါ။
(၂) ပြောချင်အရာကိုမပြောခင်သေချာစဉ်းစားပါ။
ကိုယ်စကားမပြောခင် ပြောမယ့်အကြောင်းအရာကို ကြိုတင်ပြင်ဆင် တွေးတောထားပါ။ ဒါမှ ကိုယ်လိုရာကို လှည့်ပတ်ပြောဆိုနိုင်မှာဖြစ်ပြီး တိကျပြတ်သားစွာ ပြောဆိုနိုင်မှာဖြစ်ပါတယ်။
(၃) ကိုယ့်အားနည်းချက်ကိုသိအောင်လုပ်ပါ။
ကိုယ့်အားနည်းချက်ကို သတိပြုမိတာနဲ့ အမှားကိုပြင်ဆင်နိုင်အောင်ကြိုးစားပါ။ နည်းလမ်းတစ်ခုကတော့ ထင်သာမြင်သာတဲ့အားနည်းချက်တစ်ခုဆီကို ရင်ဆိုင်ဖြေရှင်းပါ။ဥပမာ – တနင်္လာနေ့မှာ မလိုအပ်တဲ့စကားတွေကို ရှောင်ကြည်ပြီး အင်္ဂါနေ့မှာ ပြီးပြည့်စုံအောင်ပြောနိုင်ဖို့ လေ့ကျင့်ထားပါ။ဒီအလေ့အကျင့်ကို အပတ်တိုင်းလေ့ကျင့်ပြီး နောက်ဆုံးရှင်းရှင်းလင်းလင်းပြောနိုင်တဲ့အလေ့အထကို ရယူပါ။
——————————————————————————————————————————
ကျွန်တော်တို့တွေ အားလုံးမှာ အခွင့်အရေးတွေရှိပါတယ်။ ကိုယ်ဝါသနာပါတဲ့အရာတွေကို ကိုယ်ဘာသာလေ့လာနိုင်ပါတယ်။ နေရာတကာ ဆရာသမားကို အားကိုးနေလို့မရပါ။ မိဘတွေကို အားကိုးနေလို့မရပါ။ အကြောင်းပြချက်မျိုးစုံ ပြပြီး ငါမသိဘူး၊ ငါမလုပ်တတ်ဘူး လုပ်မနေပါနဲ့။
ဒီနေ့ခေတ်ဆို online သင်တန်းတက်မလား၊ သိလိုရာ google ခေါက်ကြည့်မလား၊ FB ပေါ်မှာဆိုလည်း လေ့လာသင်ယူစရာတွေ၊နည်းလမ်းတွေကို ဖော်ပြပေးနေတဲ့ ဝဘ်ဆိုက်အများကြီးပါ။ တတ်ချင်၊ သိချင်နေတဲ့ စိတ်ကို တားလို့မရနိုင်ပါဘူးနော်။
ဒါကြောင့် ဒီတစ်ခါမှာ တစ်ယောက်တည်းလေ့လာနိုင်ဖို့ ယုံကြည်မှုရှိရှိ စကားပြောဆိုနိုင်မယ့် နည်းလမ်း (၃) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။ တစ်ကိုယ်တည်း လေ့လာကြည့်ပါ။
(၁) ယုံကြည်မှုရှိရှိစကားပြောပါ။
ကိုယ်ပြောလိုက်တဲ့စကား ကိုယ်တိုင်တောင်ယုံကြည်မှုမရှိရင် ဘယ်သူဆီကမှ ယုံကြည်မှုရဖို့ မမျှော်လင့်ပါနဲ့။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ပီပီသသနဲ့ ပြတ်ပြတ်သားသားပြောပါ။
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းတိုင်းကိုလည်း ယုံကြည်မှုရှိပါစေ။ ဒါတွေက လုပ်ငန်းခွင်ဝင်တဲ့အခါ၊ စီစဉ်တင်ဆက်ပြရတဲ့အခါတွေမှာ မင်းအတွက် လိုအပ်တဲ့ စွမ်းရည်တစ်မျိုးပဲဖြစ်ပါတယ်။
စကားပြောဆိုရာတွင် အသံပီသမှု၊ အသံအဖြတ်အတောက်၊ စိတ်ခံစားချက်ကို ဖော်ပြနေတဲ့ အသံအနိမ့်အမြင့်၊ ရှင်းလင်းပြတ်သာမှု တွေကို တခြားသူတွေရဲ့စကားဝိုင်းတွေ မှာ လေ့လာကြည့်ပါ။ မှန်ရှေ့မှာ ပြောကြည့်ပါ။ အသံသွင်းပြီး ပြန်နားထောင်ပါ။
(၂) ပြောချင်အရာကိုမပြောခင်သေချာစဉ်းစားပါ။
ကိုယ်စကားမပြောခင် ပြောမယ့်အကြောင်းအရာကို ကြိုတင်ပြင်ဆင် တွေးတောထားပါ။ ဒါမှ ကိုယ်လိုရာကို လှည့်ပတ်ပြောဆိုနိုင်မှာဖြစ်ပြီး တိကျပြတ်သားစွာ ပြောဆိုနိုင်မှာဖြစ်ပါတယ်။
(၃) ကိုယ့်အားနည်းချက်ကိုသိအောင်လုပ်ပါ။
ကိုယ့်အားနည်းချက်ကို သတိပြုမိတာနဲ့ အမှားကိုပြင်ဆင်နိုင်အောင်ကြိုးစားပါ။ နည်းလမ်းတစ်ခုကတော့ ထင်သာမြင်သာတဲ့အားနည်းချက်တစ်ခုဆီကို ရင်ဆိုင်ဖြေရှင်းပါ။
ဥပမာ – တနင်္လာနေ့မှာ မလိုအပ်တဲ့စကားတွေကို ရှောင်ကြည်ပြီး အဂါင်္နေ့မှာ ပြီးပြည့်စုံအောင်ပြောနိုင်ဖို့ လေ့ကျင့်ထားပါ။
ဒီအလေ့အကျင့်ကို အပတ်တိုင်းလေ့ကျင့်ပြီး နောက်ဆုံးရှင်းရှင်းလင်းလင်းပြောနိုင်တဲ့အလေ့အထကို ရယူပါ။