မိုးရာသီမှာစိတ်ဂယောက်ဂယက်တွေဖြစ်နေပြီလား…

*** Unicode ***

စိတ်ဂယောက်ဂယက်တွေဖြစ်နေပြီလား…Monsoon Blues ဆိုတာက ရာသီဥတုကြောင့်ဖြစ်လာတဲ့ စိတ်ဂယောက်ဂယက်ဖြစ်မှု ဒါမှမဟုတ် မိုးလေဝသအပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်အခြေအနေကို ဆိုလိုတာပါ။ မိုးရွာတဲ့အချိန်မှာ ထိုင်းမှိုင်းပျင်းရိနေတဲ့ လူတွေအများကြီး ရှိကြပါတယ်။လက္ခဏာတွေကတော့ စိတ်ခံစားချက်ပြောင်းလဲမှု အမျိုးမျိုးဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။

စိတ်တိုလွယ်တာ၊ အိပ်ချင်မူးတူးဖြစ်တာ၊ တချို့သူတွေက တက်ကြွလာတာ၊ ဒေါသူပုန်ထလာတာ၊ ထိုင်းမှိုင်းလာတာ၊ စားသောက်ချင်စိတ်လျော့ပါးလာတာနဲ့ အအိပ်လွန်တာတွေပဲ ဖြစ်ပါတယ်။မိုးရာသီမှာ မိုးတွေအရမ်းရွာနေတဲ့အခါ တစ်ချို့သူတွေက စိတ်အရမ်းတိုပြီး ဒေါသထွက်လွယ်ကြပါတယ်။ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်မှုကို အနိုင်ယူနိုင်မယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မှောင်မဲအုံ့မှိုင်းနေတဲ့ ရာသီဥတုအခြေအနေက စိတ်အားထက်သန်မှုတွေ လျော့ကျလာစေနိုင်ပြီး သင့်ကိုစိတ်ဓာတ်ကျစေနိုင်တဲ့ အခြေအနေထိ ရောက်အောင် တွန်းပို့နိုင်ပါတယ်။ထပ်လောင်းပြောရရင်တော့လမ်းပေါ်ကရွံ့ရေတွေနဲ့ အလုပ်သွားရာမှာ ဘတ်စ်ကားကျပ်ကျပ်တို့က ဒီရာသီမှာ သင့်ကို ပိုပြီးတော့ ဒေါသထွက်လွယ်စေပါတယ်။

ဒါပေမဲ့ ဒီလိုရာသီဥတုမှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်တက်ကြွအောင် လုပ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါကတော့ သင့်ကိုအထောက်အကူပြုစေနိုင်မယ့် အချက်အလက်တွေပါ။…

(၁) သူငယ်ချင်းတွေနဲ့ အတူတူကော်ဖီပူပူလေးတစ်ခွက် ထိုင်သောက်လိုက်ပါ။

ဒီရာသီမှာ စိတ်သက်သက်သာသာနဲ့ အနားယူနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ကော်ဖီပူပူလေးတစ်ခွက် အတူသောက်ဖို့ သူငယ်ချင်းတွေကို အိမ်ကိုဖိတ်ခေါ်လိုက်တာပါပဲ။ စကားပြောကြတာအပြင် ဂိမ်းကစားတာနဲ့ရုပ်ရှင်ကြည့်တာတွေပါ လုပ်လို့ရနိုင်ပါတယ်။ သင့်ဘေးမှာ လူတွေရှိတဲ့အချိန်မှာ ရာသီဥတုအပေါ်မှာ သင်သာယာလာပါလိမ့်မယ်။

(၂) လမ်းလျှောက်ထွက်ပါ။

မိုးရေကိုချစ်တဲ့သူတွေက မိုးရေထဲမှာ လမ်းလျှောက်ရတာ ပျော်စရာကောင်းလိုက်တာ လို့ပြောတာကို ဘယ်နှစ်ကြိမ်လောက်ကြားခဲ့ဖူးလဲ။ သူတို့ရူးနေလားလို့ရော ဘယ်နှစ်ကြိမ်လောက် တွေးခဲ့ဖူးလဲ။ သင်ရူးသွပ်ရမယ့် အချိန်ရောက်ပါပြီ။ ဖုန်တွေ ရွံ့တွေနဲ့ ရေလျှံနေတဲ့ လမ်းတွေကို မေ့ပြီးတော့ လမ်းလျှောက်ထွက်လိုက်ပါ။ မိုးရေကလူကို လန်းဆန်းတက်ကြွစေပါတယ်။ အေးစက်တဲ့ရာသီဥတုကလဲ မင်းရဲ့စိတ်ကို တက်ကြွစေပြီး ထိုင်းထိုင်းမှိုင်းမှိုင်း မဖြစ်စေတော့ပါဘူး။ ကိုယ့်အကြောင်းကို ပြန်တွေးဖို့ အချိန်လည်း ပေးနိုင်ပါလိမ့်မယ်လို့ စိတ်ရောဂါအထူးကုဆရာဝန် Mimrah Ansari က ပြောခဲ့ဖူးပါတယ်။ မိုးရေထဲမှာ မြန်မြန်လမ်းလျှောက်စရာ မလိုပါဘူး။ သာမန်ဖြေးဖြေးလေးပဲ လျှောက်တာက ပိုကောင်းမွန်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို ပေါ်လွင်အောင်နေပါ။

အပြင်ဘက်က အုံ့မှိုင်းနေတဲ့ရာသီဥတုတွေက သင့်ရဲ့စိတ်ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေဖို့ရန် ဒီရာသီမှာ အရောင်တောက်တောက်တွေကို ဝတ်ဆင်ကြည့်ပါ။ ပန်းရောင်၊ အပြာရောင်၊ အဝါရောင်၊ အစိမ်းရောင် နဲ့ လိမ္မော်ရောင်တောက်တောက်တွေလို အရောင်တွေက သင့်ရဲ့စိတ်ကို ပိုပြီးတော့ တက်ကြွလာစေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်းတွေပြုလုပ်ရပါမယ်။

အချစ်ရေးအကြံပေး Sauleha Shaikh က” ရာသီဥတုက မင်းကိုအပျင်းကြီးစေလိမ့်မယ်။ ဒါကြောင့် မင်းရဲ့အချိန်နာရီဝက်လောက်ကို လေ့ကျင့်ခန်းလုပ်ရင်း ကုန်ဆုံးလိုက်ပါ။ ဒါအတွက် အားကစားခန်းမဆီ သွားစရာမလိုပါဘူး။ အိမ်မှာလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေနဲ့တင် လုံလောက်ပါတယ်။ ဒါကိုမလုပ်ချင်ဘူးဆိုရင် စိတ်ကိုတက်ကြွလာစေမယ့် သီချင်းတွေ ဖွင့်ပြီးတော့ လိုက်ကပါ။” လို့ပြောခဲ့ပါတယ်။

(၅) ကိုယ့်ကိုယ်ကို အလိုလိုက်ပါ။

ကိုယ့်ကိုယ်ကို ပိုတက်ကြွလာစေမယ့် နည်းလမ်းတွေကို တွေးလို့မရဘူးဆိုရင် အကောင်းဆုံး နည်းလမ်းက Spa ကိုသွားပါ။ ဒါမှမဟုတ် အကြိုက်ဆုံး အစားအသောက်တွေကို စားသောက်ပစ်လိုက်ပါ။

 

 

စိတ်ဂယောက်ဂယက်တွေဖြစ်နေပြီလား…

Monsoon Blues ဆိုတာက ရာသီဥတုကြောင့်ဖြစ်လာတဲ့ စိတ်ဂယောက်ဂယက်ဖြစ်မှု ဒါမှမဟုတ် မိုးလေဝသအပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်အခြေအနေကို ဆိုလိုတာပါ။ မိုးရွာတဲ့အချိန်မှာ ထိုင်းမှိုင်းပျင်းရိနေတဲ့ လူတွေအများကြီး ရှိကြပါတယ်။
လက္ခဏာတွေကတော့ စိတ်ခံစားချက်ပြောင်းလဲမှု အမျိုးမျိုးဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။ စိတ်တိုလွယ်တာ၊ အိပ်ချင်မူးတူးဖြစ်တာ၊ တချို့သူတွေက တက်ကြွလာတာ၊ ဒေါသူပုန်ထလာတာ၊ ထိုင်းမှိုင်းလာတာ၊ စားသောက်ချင်စိတ်လျော့ပါးလာတာနဲ့ အအိပ်လွန်တာတွေပဲ ဖြစ်ပါတယ်။
မိုးရာသီမှာ မိုးတွေအရမ်းရွာနေတဲ့အခါ တစ်ချို့သူတွေက စိတ်အရမ်းတိုပြီး ဒေါသထွက်လွယ်ကြပါတယ်။
ရာသီဥတုကြောင့်ဖြစ်တဲ့ စိတ်ကစဉ့်ကလျားဖြစ်မှုကို အနိုင်ယူနိုင်မယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မှောင်မဲအုံ့မှိုင်းနေတဲ့ ရာသီဥတုအခြေအနေက စိတ်အားထက်သန်မှုတွေ လျော့ကျလာစေနိုင်ပြီး သင့်ကိုစိတ်ဓာတ်ကျစေနိုင်တဲ့ အခြေအနေထိ ရောက်အောင် တွန်းပို့နိုင်ပါတယ်။
ထပ်လောင်းပြောရရင်တော့
လမ်းပေါ်ကရွံ့ရေတွေနဲ့ အလုပ်သွားရာမှာ ဘတ်စ်ကားကျပ်ကျပ်တို့က ဒီရာသီမှာ သင့်ကို ပိုပြီးတော့ ဒေါသထွက်လွယ်စေပါတယ်။ ဒါပေမဲ့ ဒီလိုရာသီဥတုမှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်တက်ကြွအောင် လုပ်ဖို့က မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါကတော့ သင့်ကိုအထောက်အကူပြုစေနိုင်မယ့် အချက်အလက်တွေပါ။

 

(၁) သူငယ်ချင်းတွေနဲ့ အတူတူကော်ဖီပူပူလေးတစ်ခွက် ထိုင်သောက်လိုက်ပါ။

ဒီရာသီမှာ စိတ်သက်သက်သာသာနဲ့ အနားယူနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ကော်ဖီပူပူလေးတစ်ခွက် အတူသောက်ဖို့ သူငယ်ချင်းတွေကို အိမ်ကိုဖိတ်ခေါ်လိုက်တာပါပဲ။ စကားပြောကြတာအပြင် ဂိမ်းကစားတာနဲ့ရုပ်ရှင်ကြည့်တာတွေပါ လုပ်လို့ရနိုင်ပါတယ်။ သင့်ဘေးမှာ လူတွေရှိတဲ့အချိန်မှာ ရာသီဥတုအပေါ်မှာ သင်သာယာလာပါလိမ့်မယ်။

 

(၂) လမ်းလျှောက်ထွက်ပါ။

မိုးရေကိုချစ်တဲ့သူတွေက မိုးရေထဲမှာ လမ်းလျှောက်ရတာ ပျော်စရာကောင်းလိုက်တာ လို့ပြောတာကို ဘယ်နှစ်ကြိမ်လောက်ကြားခဲ့ဖူးလဲ။ သူတို့ရူးနေလားလို့ရော ဘယ်နှစ်ကြိမ်လောက် တွေးခဲ့ဖူးလဲ။ သင်ရူးသွပ်ရမယ့် အချိန်ရောက်ပါပြီ။ ဖုန်တွေ ရွံ့တွေနဲ့ ရေလျှံနေတဲ့ လမ်းတွေကို မေ့ပြီးတော့ လမ်းလျှောက်ထွက်လိုက်ပါ။ မိုးရေကလူကို လန်းဆန်းတက်ကြွစေပါတယ်။ အေးစက်တဲ့ရာသီဥတုကလဲ မင်းရဲ့စိတ်ကို တက်ကြွစေပြီး ထိုင်းထိုင်းမှိုင်းမှိုင်း မဖြစ်စေတော့ပါဘူး။ ကိုယ့်အကြောင်းကို ပြန်တွေးဖို့ အချိန်လည်း ပေးနိုင်ပါလိမ့်မယ်လို့ စိတ်ရောဂါအထူးကုဆရာဝန် Mimrah Ansari က ပြောခဲ့ဖူးပါတယ်။ မိုးရေထဲမှာ မြန်မြန်လမ်းလျှောက်စရာ မလိုပါဘူး။ သာမန်ဖြေးဖြေးလေးပဲ လျှောက်တာက ပိုကောင်းမွန်ပါတယ်။

 

(၃) ကိုယ့်ကိုယ်ကို ပေါ်လွင်အောင်နေပါ။

အပြင်ဘက်က အုံ့မှိုင်းနေတဲ့ရာသီဥတုတွေက သင့်ရဲ့စိတ်ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေဖို့ရန် ဒီရာသီမှာ အရောင်တောက်တောက်တွေကို ဝတ်ဆင်ကြည့်ပါ။ ပန်းရောင်၊ အပြာရောင်၊ အဝါရောင်၊ အစိမ်းရောင် နဲ့ လိမ္မော်ရောင်တောက်တောက်တွေလို အရောင်တွေက သင့်ရဲ့စိတ်ကို ပိုပြီးတော့ တက်ကြွလာစေနိုင်ပါတယ်။

 

(၄) လေ့ကျင့်ခန်းတွေပြုလုပ်ရပါမယ်။

အချစ်ရေးအကြံပေး Sauleha Shaikh က” ရာသီဥတုက မင်းကိုအပျင်းကြီးစေလိမ့်မယ်။ ဒါကြောင့် မင်းရဲ့အချိန်နာရီဝက်လောက်ကို လေ့ကျင့်ခန်းလုပ်ရင်း ကုန်ဆုံးလိုက်ပါ။ ဒါအတွက် အားကစားခန်းမဆီ သွားစရာမလိုပါဘူး။ အိမ်မှာလုပ်နိုင်တဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွေနဲ့တင် လုံလောက်ပါတယ်။ ဒါကိုမလုပ်ချင်ဘူးဆိုရင် စိတ်ကိုတက်ကြွလာစေမယ့် သီချင်းတွေ ဖွင့်ပြီးတော့ လိုက်ကပါ။” လို့ပြောခဲ့ပါတယ်။

 

(၅) ကိုယ့်ကိုယ်ကို အလိုလိုက်ပါ။

ကိုယ့်ကိုယ်ကို ပိုတက်ကြွလာစေမယ့် နည်းလမ်းတွေကို တွေးလို့မရဘူးဆိုရင် အကောင်းဆုံး နည်းလမ်းက Spa ကိုသွားပါ။ ဒါမှမဟုတ် အကြိုက်ဆုံး အစားအသောက်တွေကို စားသောက်ပစ်လိုက်ပါ။

 

Current

Leave a Reply

Your email address will not be published. Required fields are marked *