ရေခူတွေက ဦးနှောက်မရှိပဲ ပင်လယ်ပြင်မှာ ဘယ်လိုစိုးမိုးနေလဲ

*** Unicode ***

#POINT #PointYouthPlatform

သူတို့မှာ ဦးနှောက်မပါကြပါဘူး။ အများစုကတော့ ရေတွေပါပဲ။ ဒါပေမယ့် ရေခူတွေမှာ စူပါပါဝါအများကြီး ရှိကြပါတယ်။အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေအကြောင်းကို တွေးလိုက်တဲ့အချိန်မှာ ဦးနှောက်မပါတဲ့ ရေအိတ်တွေလို ငါးတွေက စာရင်းမှာ ပါမယ့်ပုံစံမပေါ်ပါဘူး။

ဒါပေမယ့် ပင်လယ်ချစ်သူတွေက ရေခူဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ မြွပေါလိုပဲ ချက်ချင်းအာရုံစိုက်သွားကြမှာပါ။ ဘာလို့လဲဆိုတော့ ရေခူတွေက ထိခိုက်အောင်လုပ်နိုင်ပါတယ်။တစ်ခါတလေမှာ လှပပြီး တစ်ခါတလေမှာ အန္တရာယ်များတဲ့ ရေခူတွေက အထင်နဲ့အမြင်လွဲမှားသွားစေနိုင်ပါတယ်။

တစ်ချို့ရေခူတွေက ရေ ၉၈ ရာခိုင်နှုန်းပါဝင်ပါတယ်။ ရေခူရဲ့အဓိကကိုယ်ထည် သူ့ရဲ့ဝမ်းဗိုက်ကို ရေတွေပါဝင်တဲ့ ဆဲလ်အလှွာပါးနှစ်ခုနဲ့ ဖွဲ့စည်းထားတယ်လို့ ရေခူဇီဝဗေဒပညာရှင် Lucas Brotz ကပြောကြားခဲ့ပါတယ်။

တစ်ချိန်ကရှင်သန်ခဲ့ဖူးပြီး ယခုအချိန်မှာ မျိုးသုန်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ မျိုးစိတ်အများစုက ဒီရေအိတ်တွေနဲ့အကောင်တွေက နှစ်သန်းပေါင်းခြောက်ရာကျော်အောင် ဘယ်လိုရှင်သန်နေကြတာလဲ လို့ မေးကောင်းမေးနေနိုင်ပါတယ်။

သူတို့က မြန်လည်း မြန်ဆန်ကြပါတယ်။ ရေခူအဆိပ်ဆူးကတော့ ဇီဝဗေဒမှာ အမြန်ဆန်ဆုံးဖြစ်စဉ်ထဲက တစ်ခုပဲလို့ Rhode Island က Roger Williams တက္ကသိုလ်က ဂေဟဗေဒပညာရှင် Sean Colin ကပြောပါတယ်။

သာမန်တိရိစ္ဆာန်လေးတစ်ကောင်အတွက် အတော်လေးကို ရှုပ်ထွေးပါတယ်။သူတို့သေဆုံးနေရင်တောင် အန္တရာယ်ရှိနေသေးတဲ့အကောင်တစ်ကောင်ပါ။ရေခူရဲ့အဆိပ်ဆူးက ဘယ်တော့မှ မရပ်တန့်နိုင်ပါဘူး။

ရေခူအသေတစ်ကောင်ရဲ့ လက်အပိုင်းတွေကနေတောင် အဆိပ်ဆူးဒဏ်ကို ခံရနိုင်ပါတယ်။ ပြီးတော့ မင်းက ရေခူကိုစားထားတဲ့ ပြည်ကြီးငါးကို စားမိပြီးတော့ အစာအပြည့်အဝမချက်နိုင်ဘူးဆိုရင်လည်း အဆိပ်ထိနိုင်ပါသေးတယ်လို့ Colin ကပြောထားပါတယ်။

Translator : Su Mon

——————————————————————————————————————————

#POINT #PointYouthPlatform

သူတို့မှာ ဦးနှောက်မပါကြပါဘူး။ အများစုကတော့ ရေတွေပါပဲ။ ဒါပေမယ့် ရေခူတွေမှာ စူပါပါဝါအများကြီး ရှိကြပါတယ်။

အန္တရာယ်များတဲ့ တိရိစ္ဆာန်တွေအကြောင်းကို တွေးလိုက်တဲ့အချိန်မှာ ဦးနှောက်မပါတဲ့ ရေအိတ်တွေလို ငါးတွေက စာရင်းမှာ ပါမယ့်ပုံစံမပေါ်ပါဘူး။

ဒါပေမယ့် ပင်လယ်ချစ်သူတွေက ရေခူဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ မြွေပါလိုပဲ ချက်ချင်းအာရုံစိုက်သွားကြမှာပါ။ ဘာလို့လဲဆိုတော့ ရေခူတွေက ထိခိုက်အောင်လုပ်နိုင်ပါတယ်။

တစ်ခါတလေမှာ လှပပြီး တစ်ခါတလေမှာ အန္တရာယ်များတဲ့ ရေခူတွေက အထင်နဲ့အမြင်လွဲမှားသွားစေနိုင်ပါတယ်။

တစ်ချို့ရေခူတွေက ရေ ၉၈ ရာခိုင်နှုန်းပါဝင်ပါတယ်။ ရေခူရဲ့အဓိကကိုယ်ထည် သူ့ရဲ့ဝမ်းဗိုက်ကို ရေတွေပါဝင်တဲ့ ဆဲလ်အလွှာပါးနှစ်ခုနဲ့ ဖွဲ့စည်းထားတယ်လို့ ရေခူဇီဝဗေဒပညာရှင် Lucas Brotz ကပြောကြားခဲ့ပါတယ်။

တစ်ချိန်ကရှင်သန်ခဲ့ဖူးပြီး ယခုအချိန်မှာ မျိုးသုန်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ မျိုးစိတ်အများစုက ဒီရေအိတ်တွေနဲ့အကောင်တွေက နှစ်သန်းပေါင်းခြောက်ရာကျော်အောင် ဘယ်လိုရှင်သန်နေကြတာလဲ လို့ မေးကောင်းမေးနေနိုင်ပါတယ်။

သူတို့က မြန်လည်း မြန်ဆန်ကြပါတယ်။ ရေခူအဆိပ်ဆူးကတော့ ဇီဝဗေဒမှာ အမြန်ဆန်ဆုံးဖြစ်စဉ်ထဲက တစ်ခုပဲလို့ Rhode Island က Roger Williams တက္ကသိုလ်က ဂေဟဗေဒပညာရှင် Sean Colin ကပြောပါတယ်။ သာမန်တိရိစ္ဆာန်လေးတစ်ကောင်အတွက် အတော်လေးကို ရှုပ်ထွေးပါတယ်။

သူတို့သေဆုံးနေရင်တောင် အန္တရာယ်ရှိနေသေးတဲ့အကောင်တစ်ကောင်ပါ။
ရေခူရဲ့အဆိပ်ဆူးက ဘယ်တော့မှ မရပ်တန့်နိုင်ပါဘူး။ ရေခူအသေတစ်ကောင်ရဲ့ လက်အပိုင်းတွေကနေတောင် အဆိပ်ဆူးဒဏ်ကို ခံရနိုင်ပါတယ်။ ပြီးတော့ မင်းက ရေခူကိုစားထားတဲ့ ပြည်ကြီးငါးကို စားမိပြီးတော့ အစာအပြည့်အဝမချက်နိုင်ဘူးဆိုရင်လည်း အဆိပ်ထိနိုင်ပါသေးတယ်လို့ Colin ကပြောထားပါတယ်။

Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *