နေ့စဉ်တိုးတက်စေဖို့ လုပ်ဆောင်သင့်သည့် နည်းလမ်းနှစ်သွယ်

#POINT #PointYouthPlatform

လူတွေအတွက် အကျင့်တွေ ပြောင်းလဲဖို့ဆိုတာက အခက်ခဲဆုံးအရာတွေထဲက တစ်ခုပါပဲ။ နေ့တိုင်း ကျွန်တော်တို့လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်အများစုက ဦးနှောက်ထဲမှာ အလိုလို ဝင်ရောက်လာပြီး သူတို့အကြောင်းကို တွေးကြည့်နေဖို့တောင် မလိုတော့ပါဘူး။
ဥပမာဆိုရင် သွားတိုက်တာပေါ့။ မင်းကမနက်မိုးလင်းတာနဲ့ လှပတဲ့အပြုံးလေးတွေ ရနိုင်စေဖို့ သွားကိုဘယ်လိုသန့််ရှင်းရမလဲဆိုတာကို တွေးကြည့်စရာလိုသေးလို့လား။ သေချာပေါက် မလိုအပ်ဘူးပေါ့။ ဒါကတော့ ကျွန်တော့်တို့ဦးနှောက်ထဲမှာ အကျင့်တစ်ခုလိုဖြစ်နေပြီးသား ဖြစ်နေပါပြီ။
မနက်ပိုင်းမှာ အသင့်ပြင်ထားသလို အကျင့်ကောင်းတွေက ကောင်းပေမယ့် ကျွန်တော်တို့ပြောင်းလဲချင်တဲ့ အရာတွေကို လုပ်နေတဲ့အရာတွေကို လုပ်နေရတာက ဆိုးပါတယ်။
ညတိုင်းရေခဲမုန့်စားရတာကို သဘောကျရဲ့လား။ မင်းကဒါကို နှစ်နှစ်လောက်ကြာအောင် လုပ်နေခဲ့ပြီလား။ ဒါဆိုရင် ဒီအကျင့်ကိုဖျောက်ဖို့က တိုက်ပွဲတစ်ခုဖြစ်လာတော့မှာပဲ။
ဒီလို လုံးဝအကျင့်စွဲနေတဲ့ အရာကို ဖျောက်ဖို့ကတော့ ဘယ်သူ့အတွက်မဆို ခက်ခဲတာပါပဲ။ နှစ်သစ်ဆုံးဖြတ်မှုတွေကို ဆုံးဖြတ်ပြီး တစ်ပတ်နှစ်ပတ်အကြာမှာပဲ ပြန်ဖြစ်သွားတဲ့ သက်သေအထောက်အထားတွေကို ကြည့်လို့ရနိုင်ပါတယ်။
အကျင့်တွေကို ပြောင်းလဲဖို့က မဖြစ်နိုင်ဘူးလို့တော့ ကျွန်တော်မပြောပါဘူး။ လူတွေက အရင်ကလည်းဒါကိုလုပ်ဖူးကြပါတယ်။ တကယ်တော့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ပြောင်းလဲခြင်းက အောင်မြင်မှုပန်းတိုင်တစ်ခုပါပဲ။
ဒါကိုလုပ်ဖို့ ကျွန်တော်တို့က အချိန်ကြာကြာယူပြီးတော့ ပိုကောင်းမွန်လာအောင် လုပ်ရပါမယ်။ မင်းရဲ့အကျင့်တွေကို တစ်ရက်ထဲမှာ ပြောင်းလဲလိုက်ဖို့ ကြိုးစားတာထက် တဖြေးဖြေးချင်း တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်လာအောင် လုပ်ဆောင်တာက ပိုပြီးတော့ ကောင်းမွန်ပါတယ်။
ငါးနှစ်ဆိုတဲ့ အတိုင်းအတာကို ပြန်မကြည့်ပါနဲ့။ မင်းကို စိတ်ပျက်စေမယ့် အရာတွေအားလုံးကို ပြောင်းလဲနိုင်ဖို့ တွေးထားပါ။အခုပေးမယ့် အကြံတွေကို တစ်ခုချင်းစီ ပြီးမြောက်အောင် စလုပ်ပါ။ မင်းရဲ့အနာဂတ်က မင်းကိုနောက်ပိုင်းမှာ ကျေးဇူးတင်နေမှာ သေချာပါတယ်။


၁။ နောက်ထပ်စာအုပ်တစ်အုပ်ကို ပြောင်းမဖတ်ခင်မှာ မင်းဖတ်ခဲ့တဲ့အရာကို ပြန်လည်သုံးသပ်ပါ။
ဒီနေ့ခေတ်လူ့အသိုင်းအဝိုင်းမှာ ဗဟုသုတဆိုတာ နေရာတိုင်းမှာ ရှိနေပါတယ်။ ငါ့သူငယ်ချင်းအများစုက စာအုပ်တွေ အများကြီးဝယ်ပြီးတော့ ဘယ်တော့မှ ပြီးဆုံးသည်ထိ မဖတ်ကြပါဘူး။
ရွေးချယ်စရာတွေ အများကြီးနဲ့ သူတို့ကစာအုပ်တွေအများကြီးဝယ်ပြီးတော့ အဲ့ဒီထဲကတစ်အုပ်မှာအောင်မြင်မှုအတွက် လျှို့ဝှက်ချက်တစ်ခုရှိမယ်လို့ ထင်နေကြတယ်လေ။
ပြóနာက သူတို့ကစာအုပ်တွေကို သေချာမဖတ်ဘူးလေ။ သူတို့ကစာအုပ်က သင်ကြားပေးတဲ့အရာကို အသုံးမပြုကြဘူးလေ။
မင်းကိုအကူအညီပေးမယ့် စာအုပ်ကိုဖတ်တာ ဒါမှမဟုတ် အသံဖိုင်တွေနားထောင်ပြီး တခြားစာအုပ်ကို မပြောင်းလိုက်ပါနဲ့။
တူညီတဲ့အကြောင်းအရာတွေ အများကြီးကိုပဲ ပြောပြနေတဲ့ စာအုပ်တွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် ဒါကမင်းရဲ့အချိန်တွေကို အလဟသဖြုန်းတီးနေတာပဲ။ အဲ့ဒီအစား တစ်ခုခုကို မပြောင်းခင်မှာ ဘဝမှာသင်ယူခဲ့တဲ့အရာတွေကို ပြန်ပြီးတော့ အသုံးချကြည့်ပါ။ ဒါကတော့ အားလုံးမေ့နေကြတဲ့ အရေးကြီးတဲ့အချက်ပါပဲ။
၂။ မနေ့ကမလုပ်ခဲ့တဲ့ မင်းလုပ်ချင်တဲ့အရာတွေအားလုံးကို စာရင်းပြုစုပါ။
ပြန်လည်သုံးသပ်ခြင်းဆိုတာက နေ့တိုင်းပိုကောင်းမွန်လာစေဖို့ အဓိကအချက်တစ်ချက်ပါပဲ။
မင်းကပိုပြီးတော့ ကောင်းမွန်လာစေဖို့ မင်းရဲ့အမှားတွေကို ပြန်ပြီးတော့ မှတ်သားထားဖို့ လိုအပ်ပါတယ်။ မနက်မိုးလင်းတိုင်း မနေ့ကလုပ်ခဲ့တဲ့ တိုးတက်မှုတစ်ခုကို ချရေးလိုက်ပါ။
ကျွန်တော်တို့မလုပ်သင့်မှန်းသိတဲ့အရာတွေကို လုပ်မိတဲ့အခါမှာ စိတ်ဓာတ်ကျလွယ်ကျပါတယ်။ ဒါကတော့ သဘာဝပါပဲ။
ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ ဒါပေမယ့် အဲ့လိုဖြစ်နေမယ့်အစား နောက်ရက်မှာ ဒါကိုပိုအာရုံစိုက်ပြီးတော့ တိုးတက်အောင် လုပ်သင့်ပါတယ်။
အချိန်တွေကြာလာတာနဲ့အမျှ မင်းကိုစိတ်ပျက်စေမယ့် အဓိကအနှောက်အယှက်တွေအားလုံးကို စပြီးတော့ ထုတ်ပယ်လာနိုင်တော့မှာပါ။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *