ဈေးသက်သက်သာသာနဲ့ ခရီးသွားနိုင်စေမယ့်နည်းလမ်းကောင်း (၉) ခု

#POINT #PointYouthPlatform

ခရီးသွားတာက ဈေးမသက်သာပါဘူး။ ကျွန်တော်ကတော့ နိုင်ငံပေါင်း၁၁၃နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့နောက်ထပ် ခရီးစဉ်မှာ ငွေသက်သာစေမယ့် နည်းလမ်းတွေကို အမြဲတမ်းရှာဖွေနေကြပါတယ်။
ခရီးသွားလာတဲ့အချိန်မှာ ငွေသက်သာစေမယ့် အခြေခံအချက်တွေ ရှိကြပါတယ်။ Airbnbs မှာနေဖို့နဲ့ ခရီးသွားလာမယ့်ရက်ကို ကြိုဘိုကင်လုပ်ထားတာတွေ ခရီးသွားလာတဲ့ရာသီအတွင်းမှာ သွားလာတာတွေ စသည်ဖြင့်ပေါ့။ ဒါပေမဲ့ ဒီနေရာမှာတော့ မင်းရဲ့နောက်ထပ်ခရီးစဉ်မှာ ငွေကုန်သက်သာစေဖို့ မင်းလုပ်သင့်တဲ့ သိပ်မသိကြသေးတဲ့အချက်ကိုးချက်ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁။ ဟိုတယ်ရဲ့အခမဲ့မေတ္တာလက်ဆောင် ပစ္စည်းများကို အသုံးပြုပါ။
ဟိုတယ်မှာတည်းမယ်ဆိုရင် ငွေကုန်သက်သာမယ့် နည်းလမ်းအနည်းငယ်ကို ညွန်ပြပေးချင်ပါတယ်။ ဥပမာ အခန်းထဲမှာ ရေတစ်ပုလင်းကို ငါးဒေါ်လာပေးတာထက် ဟိုတယ်အားကစားခန်းမထဲက ရေပုလင်းကိုအသုံးပြုပါ။ ဟိုတယ်အများစုက ဧည့်ခန်းမတွေမှာ အခမဲ့ ကော်ဖီတွေ လက်ဖက်ရည်တွေ ရှိတတ်ကြပါတယ်။ တစ်ချို့ဟိုတယ်တွေမှာဆိုရင် ဝိုင်တွေတောင် ထားထားပါတယ်။
တစ်ချို့ဟိုတယ်တွေမှာဆို မင်းကဝိုင်ဖိုင်အခမဲ့အသုံးပြုလို့ရနိုင်ပါတယ်။
နောက်ထပ်တစ်ခုက မင်းမှာအဆင်မပြေတာတွေ ရှိတဲ့အခါမှာ လေးလေးစားစားသွားပြောပါ။ ဟိုတယ်တွေက တုန့်ပြန်ချက်တွေ လိုချင်ကြပါတယ်။ ဒီအတွက် မင်းကို သူတို့ဂုဏ်ပြုပေးချင်ကြပါတယ်။ ကျွန်တော်ဆိုရင် အခန်းအဆင်သင့်မဖြစ်သေးတာ သန့်ရှင်းရေးရောက်မလာသေးတာ ဘေးအခန်းကတစ်ညလုံး ပါတီပွဲကျင်းပနေတာတွေ အားကစားခန်းမက ပြန်ပြင်နေလို့ ပိတ်ထားရတာတွေ အမျိုးမျိုးကြုံခဲ့ဖူးပါတယ်။ အဆင်မပြေတာတွေအတွက် တစ်ခုခုကို အခမဲ့အနေနဲ့ ဟိုတယ်ကပေးနိုင်ပါတယ်။ အခန်းကိုကောင်းအောင်လုပ်ပေးတာတွေ အပန်းဖြေခကို လျော့ယူတာတွေ လုပ်ပေးနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ တုန့်ပြန်ချက်ရေးတာထက် လူကိုယ်တိုင် သွားပြောတာက ပိုကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။


၂။ လေကြောင်းလိုင်းတွေရဲ့အီးမေးလ်တွေကို ရဖို့အတွက် sign upလုပ်ထားပါ။
လေကြောင်းလိုင်းတွေက မင်းရဲ့အီးမေးလ်ထဲကို သူတို့ရဲ့ပရိုမိုးရှင်းတွေအကြောင်းကို အီးမေးလ်မကြာခဏ ပို့ပေးတတ်ပါတယ်။ လေကြောင်းလိုင်းအစီအစဉ်တွေရဲ့ တစ်စိတ်တပိုင်း မဟုတ်ဘူးဆိုရင်တောင်မှ ဒီလိုအီးမေးလ်ရဖို့ မင်းက sign up လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပြည်တွင်းပြည်ပလေကြောင်းခရီးနှစ်ခုလုံးအတွက် ၃၅ ရာခိုင်နှုန်းအထိ လျော့ချပေးခဲ့တာကို ကြုံခဲ့ဖူးပါတယ်။
Delta ဆိုရင် ဒေါ်လာ၇၀ဝလောက်နဲ့ ဥရောပခရီးစဉ် သွားရောက်နိုင်ဖို့ နွေရာသီအားလက်ရက်အရောင်းအနေနဲ့ လျော့ချပေးတာတွေကို မကြာခဏ ပေးပို့တတ်ပါတယ်။ Jetblueဆိုရင်လဲ အီးမေးလ်တွေ ပို့ပေးတတ်ပါတယ်။
အီးမေးလ်တွေမှာဆိုရင် ခရီးမိုင်အစီအစဉ်တွေကိုလဲ လျှောက်ထားနိုင်ပါတယ်။ မင်းက အဲ့ဒီအဖွဲ့ဝင် ဟုတ်ဟုတ် မဟုတ်ဟုတ် လမ်းခရီးစဉ်မှာ မိုင်အရေအတွက်တွေကို ဘေးဖယ်ထားပြီးတော့ ဘိုကင်မလုပ်ထားတဲ့ထိုင်ခုံတွေ ရနိုင်မယ်ဆိုရင် ခရီးမိုင်တွေကို ခွဲပြီးတော့စီးလို့ရနိုင်ပါတယ်။
၃။ လေကြောင်းCredit cardလုပ်ထားပါ။ ဒါပေမဲ့ ဒါကိုအသုံးပြုဖို့ ဖိအားမပေးပါနဲ့။
ဒီလေကြောင်းနဲ့မကြာခဏခရီးသွားတတ်သူတစ်ယောက်ဖြစ်နေခဲ့ရင် ငွေကုန်သက်သာစေပါမယ်။ လေကြောင်းလိုင်းတစ်ခုနဲ့ မိုင်ပေါင်း၂၅၀ဝ၀ လောက် သွားခဲ့ဖူးရင် မင်းက အခမဲ့တွေ ခရီးဆောင်အိတ်ကြေး လျော့ချပေးမှုတွေ ပိုကောင်းတဲ့ထိုင်ခုံရွေးချယ်မှုတွေ ရလာနိုင်ပါတယ်။
မင်းကခဏခဏ ခရီးမသွားဖြစ်ဘူးဆိုရင်တောင်မှ credit card ကနေ အကျိုးကျေးဇူးကိုရနိုင်ပါသေးတယ်။ credit card တွေကို ကြည့်လိုက်ရင် နှစ်စဉ်ကြေးတွေကို တွေ့ရပါတယ်။ Citi/AAdvantage card ဆိုရင် ပထမဆုံးနှစ်မှာ ၉၉ ဒေါ်လာလျော့ချပေးထားပါတယ်။
မင်းမှာ ကဒ်ရှိနေရင် အိတ်တွေစစ်ဆေးမဲ့အခါမှာလဲ အခမဲ့ဖြစ်ပြီး လေယာဉ်ပေါ်မှာတက်တဲ့အခါမှာလဲ ဦးစားပေးခံရမယ်။ သုံးလကြာပြီးတဲ့နောက် ဝယ်ယူမှုတွေအတွက် ကဒ်ကိုဆက်သုံးတာ မသုံးတာက မင်းသဘောဖြစ်သွားပါပြီ။ ဒါပေမဲ့ သူ့မှာ ကောင်းကျိုးတွေရှိနေပါတယ်။
၄။ ဈေးနှုန်းကျတဲ့ သတင်းတွေ ရောက်လာအောင်လုပ်ထားပါ။
ကျွန်တော်ကတော့ ဘိုကင်လုပ်တဲ့အချိန်မှာ Google Flights ကို အသုံးပြုဖို့ပြောချင်ပါတယ်။ ဒါကတကယ့် ဈေးနှုန်းတွေကို သိရပြီးတော့ဈေးအသက်သာဆုံးလက်မှတ်တွေကိုလဲ ဝယ်ယူနိုင်ပါတယ်။ ဒီနေရာမှာ ရှိတဲ့ တခြားဈေးသက်သာတဲ့ လေဆိပ်တွေကိုလဲ ညွှန်းပေးနိုင်ပါတယ်။
မင်းထွက်ခွာမယ့်နေရာနဲ့ ရောက်ရှိမယ့်မြို့ကို ရိုက်ထည့်လိုက်တာနဲ့ အဲ့နားကဈေးအသက်သာဆုံးလေယာဉ်စီးခကို ပြက္ခဒိန်တစ်ခုနဲ့ ပြပေးပါတယ်။ လေယာဉ်စီးဖို့ အကောင်းဆုံးနေ့ရက်ကိုလဲ ဆုံးဖြတ်ပေးနိုင်ပါတယ်။ မင်းကနေ့ရက်ကို ထည့်လိုက်တာနဲ့ နောက်ရက်မှာ ပိုဈေးသက်သာတဲ့လေယာဉ်ချိန် ရှိလားဆိုတာကို ပြောပြပေးနိုင်ပါတယ်။
Google Flights နဲ့ပတ်သတ်ပြီး ကျွန်တော်အကြိုက်ဆုံးက လေယာဉ်စီးခတွေကို မင်းသိချင်တဲ့အခါမှာ Track Prices လို့နှိပ်လိုက်တာနဲ့ မင်းလိုအပ်တဲ့ ဈေးနှုန်းတွေကျလာပါလိမ့်မယ်။ ဈေးနှုန်း လျော့ကျသွားရင်လဲ မင်းကိုအီးမေးလ်နဲ့ အသိပေးပါတယ်။
၅။ အသစ်ဖွင့်တဲ့ဟိုတယ်တွေမှာ ဘိုကင်လုပ်ပါ
ဟိုတယ်အသစ်ဖွင့်တဲ့အချိန်မှာ အခန်းတွေလူပြည့်အောင် လျော့ဈေးတွေနဲ့ ကမ်းလှမ်းတတ်ကြပါတယ်။ လေယာဉ်စီးခလဲ အဲ့ဒီအတိုင်းပါပဲ။ လေယာဉ်လမ်းကြောင်းအသစ်တွေမှာ ထိုင်ခုံတွေအများစုကို အမြဲတမ်းဈေးသက်သက်သာသာနဲ့ ရတတ်ပါတယ်။ ဒါကြောင့် မင်းသွားချင်တဲ့နေရာမှာ ဘာတွေအသစ်ဖွင့်နေလဲဆိုတာကို စောင့်ကြည့်နေပါ။
ဟိုတယ်တွေအတွက်က Google မှာ ဟိုတယ်အသစ်ဆိုပြီး ရိုက်ထည့်လိုက်ရင် မင်းစိတ်ဝင်စားတဲ့ခရီးမှာ အသစ်ဖွင့်နေတဲ့ ဟိုတယ်တွေကို တွေ့ရနိုင်ပါတယ်။ ပြီးတော့ နောက်ဆုံးသတင်းတွေကိုလဲ အမြဲတမ်းစောင့်ကြည့်ထားပါ။
ခရီးသွားဝက်ဆိုက်ဒ်တွေမှာလဲ ဟိုတယ်အသစ်စာရင်းတွေကို တွေ့ရနိုင်ပါတယ်။ လေယာဉ်ခရီးစဉ်တွေအတွက်လဲ လမ်းကြောင်းအသစ်တွေကို မကြာခဏကြေညာတတ်ပါတယ်။ ဒါမှမဟုတ် ခရီးသွားဝက်ဆိုက်ဒ်တွေမှာလဲ ဒါကိုကြည့်လို့ရနိုင်ပါတယ်။


၆။ လူစည်ကားတဲ့နေရာတွေကို ရှောင်ရှားပါ။
ခရီးသွားတွေစည်ကားနေတဲ့နေရာတွေထက် ပိုဈေးသက်သာတဲ့ လှပတဲ့နေရာတွေကို သွားရောက်ဖို့ပြောတာပါ။
ပြည်တွင်းမှာလည်ပတ်တဲ့အခါမှာလဲ အတူတူပါပဲ။ ခရီးသွားတွေစည်ကားတဲ့နေရာတွေမှာ ပိုဈေးကြီးတတ်ပြီးတော့ လူနည်းပါးတဲ့နေရာတွေမှာ ပိုဈေးသက်သာပါတယ်။ အဲ့လိုနေရာတွေမှာလဲ လှပတဲ့ ရှုခင်းတွေနဲ့ အပန်းဖြေစရာတွေပေါများပါတယ်။ အဲ့လိုနေရာတွေမှာ ဟိုတယ်အခန်းခတွေလဲ ဈေးသက်သာပါတယ်။
၇။ ဟိုတယ်ကို နောက်ဆုံးအချိန်ရောက်မှ ဘိုကင်လုပ်ပါ။
ဟိုတယ်ကို နောက်ဆုံးအချိန်မှ ဘိုကင်လုပ်တာက ပိုဈေးသက်သာနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို သိတယ်ဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။
တစ်ချို့ဟိုတယ်တွေက ဟိုတယ်နာမည်ကိုဖုန်းကွယ်ပြီးတော့ ကမ်းလှမ်းမှုတွေလုပ်တာ ရှိပါတယ်။ဒီနည်းလမ်းက ထူးခြားသွားတာတော့ မရှိပါဘူး။ ပြိုင်ဘက်တွေက တည်နေရာတွေ ဝန်ဆောင်မှုတွေကို စောင့်ကြည့်နေလို့မရနိုင်တော့ဘူးလေ။ ဟိုတယ်အများစုကတော့ ဒါကိုသဘောကျကျပါတယ်။ တည်းခိုသူတွေက ဈေးနှုန်းကိုကြည့်ကြတာလေ။ ဟိုတယ်တွေက တစ်ချို့သောလိုအပ်နေတဲ့အခန်းငယ်လေးတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဘိုကင်လုပ်နိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။
၈။ ဒေသခံတွေဆီက အကြံပြုချက်တွေတောင်းပါ။
ဘယ်နေရာမှာနေရမလဲဆိုတာရယ် စားသောက်ဖို့ ဈေးသက်သာတဲ့နေရာတွေအကြောင်းကို လူမှုကွန်ရက်ကနေ အကြံဉာဏ်တောင်းခံတာက ကောင်းပါတယ်။ အလုပ်လဲဖြစ်ပါတယ်။
ဒါပေမဲ့ ခရီးတစ်ခုကို ရောက်လာပြီဆိုရင်တော့ ရှက်မနေပါနဲ့။ ဒေသခံတွေက ပျော်စရာအချိန်ကောင်းလေးတွေကို ဖန်တီးပေးနိုင်မယ့် ဈေးသက်သာတဲ့နေရာကောင်းကောင်းတွေကို သိကြတယ်လေ။ ဒါကြောင့် သူတို့နဲ့ စကားသွားပြောပါ။
စားသောက်ဆိုင်ကောင်းကောင်း သွားလည်စရာနေရာကောင်းကောင်းတွေကို လမ်းညွှန်ပေးမယ့် ဟိုတယ်ဝန်ထမ်းကို မေ့ထားလိုက်ပါ။ အဲ့ဒီအစား မင်းအိတ်ကိုသယ်ပေးတဲ့သူ ဘားကောင်တာကလူ ဒါမှမဟုတ် တက္ကဆီယာဉ်မောင်းတစ်ယောက်ယောက်ကို မေးကြည့်လိုက်ပါ။ သူတို့ကတော့ နေရာကောင်းတွေကို သိကြပါတယ်။ ဒါ့အပြင် သူတို့က ဘောက်ဆူးရချင်ကြတယ်လေ။ ဒါကြောင့် အကြံပေးချက်တွေကို ပြောပြဖို့ စိတ်အားထက်သန်နေကြပါတယ်။
၉။ ဈေးအသက်သာဆုံးအချိန်မှာ ခရီးထွက်ပါ။
ဘယ်သူမှခရီးမထွက်တဲ့အချိန်တွေက ဈေးအသက်သာဆုံးအချိန်ပါပဲ။ လူတွေအားလုံးလုပ်ငန်းခွင်ဝင်နေရချိန် ကျောင်းတွေတက်နေရတဲ့အချိန်တွေမှာ ဈေးအသက်သာဆုံးအချိန်တွေပါ။
အဲ့ဒီလို ခရီးသွားရာသီမဟုတ်တဲ့အချိန်တွေမှာ ဟိုတယ်အခန်းခတွေ လေယာဉ်စရိတ်တွေ ခရီးသွားလာစရိတ်တွေကထိုးကျနေပါတယ်။မင်းကဟိုတယ် ဝက်ဆိုက်ဒ်တွေမှာ ဆောင်းရာသီအရောင်းနဲ့ မိုးရာသီအရောင်းတို့ကို သွားယှဉ်ကြည့်လိုက်ပါ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ မိုးရာသီဟာ ခရီးသွားရာသီမဟုတ်တဲ့အတွက်ကြောင့် ဆောင်းရာသီနဲ့ယှဉ်လိုက်တဲ့အချိန်မှာ ဈေးအသက်သာဆုံးအချိန်ဖြစ်နေတာကို တွေ့ရမှာပါ။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *