ငွေကြေးသုံးစွဲရာမှာလုပ်လေ့ရှိတဲ့ အမှားသုံးခု

#POINT #PointYouthPlatform

ယနေ့ခေတ်ရဲ့ ငွေကုန်ကြေးကျစွာ ပေးချေနေရတဲ့ ကျောင်းစရိတ်တွေဟာ ကျွန်တော်တို့တွေကို ကောင်းတာလည်းဖြစ်စေနိုင်သလို ဆိုးသွားတာလည်း ဖြစ်စေနိုင်ပါတယ်။
ကိုယ့်ငွေရေး ကြေးရေးကို စိတ်ပူပြီး ပိုက်ဆံကိုပိုစုမိသလို ကိုယ့်ရဲ့လက်တလော ကုန်ကျစရိတ်တွေထဲမှာ နစ်မွန်းပြီး အနာဂါတ်အတွက် စုဆောင်းမိခြင်းမရှိတာလည်း ဖြစ်နိုင်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့တွေ ဘယ်လိုအမှားတွေကျူးလွန်လေ့ရှိသလည်းဆိုတာကို လေ့လာကြည့်ကြရအောင်။
၁။ မမျှော်လင့်သော အခြေအနေတွေအတွက် ပြင်ဆင်မှုမရှိခြင်း
၂၀၁၇ ခုနှစ်မှာ GoBanking ရဲ့လေ့လာချက်များအရ ၄၀% က အရေးပေါ်ကိစ္စတွေအတွက် ငွေပိုငွေလျှံမရှိတာကို တွေ့ရှိရပါတယ်။ ဒါဟာ တခြားသောကိစ္စတွေ အိမ်ပြင်ရတာမျိုး ရုတ်တရတ်အလုပ်ထွက်လိုက်တဲ့အခြေအနေမျိုးအတွက်လည်း ပြóနာရှိနိုင်ပါတယ်။
ပညာရှင်တွေအတော်များများကတော့ ကိုယ့်ရဲ့ (၃) လ (ဒါမှမဟုတ်လည်း) (၆) လစာလောက် ကုန်ကျစရိတ်ကို စုဆောင်းထားတာဟာ အလားတူမမျှော်လင့်တဲ့အခြေအနေတွေမှာ ကောင်းကောင်းရင်ဆိုင်နိုင်ပါလိမ့်မယ်လို့ အကြံပေးထားပါတယ်။
ကိုယ့်ရဲ့ဝင်ငွေကိုကြည့်ပြီး အဲ့ထဲကမှ ကိုယ်ဘယ်လောက်အထိ စုဆောင်းနိုင်တယ်ဆိုတာကို တွက်ချက်လုပ်ဆောင်သင့်ပါတယ်။
၂။ ပင်စင်ယူချိန်အတွက် စုဆောင်းမှုမရှိခြင်း
ကျွန်တော်တို့တွေအတွက် ပင်စင်ယူမယ့်အချိန်အတွက်စုဆောင်းခြင်းထက်စာရင် ကျောင်းလခတို့အိမ်စရိတ်တို့ပေးချေဖို့အတွက်က ပိုပြီးဖိအားဝင်တတ်ပါတယ်။
တကယ်လို့ ကျွန်တော်တို့ နှစ်ပေါင်း ၂၅၊ ၃၀ လောက်အလုပ်လုပ်ပြီးသွားတဲ့အခါမှာ စုဆောင်းငွေနည်းနည်းပဲရှိတယ်ဆိုရင်လည်း အဆင်ပြေမှာမဟုတ်ပါဘူး။
ပင်စင်အတွက် ငွေကြေးစုဆောင်းခြင်းကို အသက်ကြီးမှသာ လုပ်ဆောင်ရမယ်လို့ အများစုက ယူဆလေ့ရှိပါတယ်။ တကယ်တော့ ငယ်စဉ်အချိန်ကနေပဲ စုဆောင်းမှုပြုသင့်ပါတယ်။ ဒါမှသာ အချိန်ပိုကြာလာလေလေ ဘဏ်အတိုးနှင့် တခြားသော အတိုးတွေပေါင်းကာ ပိုမိုများပြားသော ငွေကြေးကို ကျွန်တော်တို့အနားယူတဲ့အချိန်မှာရရှိနိုင်မှာပါ။
ဒါ့ကြောင့်တစ်လတစ်လမှာ တခြားသောပေးစရာတွေအကုန်ပေးပြီးလုပ်ပြီးသွားပြီဆိုရင်တော့ ငွေကြေးစုဆောင်းမှုကို တတ်နိုင်သမျှပြုလုပ်သင့်ပါတယ်။

၃။ လက်ဖွာခြင်း

ကျွန်တော်တို့မျိုးဆက်တွေဟာ အရင်မျိုးဆက်တွေထက် သုံးစွဲချင်တာတွေပိုများသလို အဲ့လိုသုံးစွဲချင်မှုတွေအတွက်လည်း ငွေကြေးများစွာကုန်ကျခံလေ့ရှိပါတယ်။
ပြီးတော့ ကျွန်တော်တို့ တကယ်မလိုတဲ့ အသုံးအဆောင်တွေ၊ ပစ္စည်းကိရိယာတွေအတွက်လည်း ငွေကုန်ကြေးကျခံလေ့ရှိပါတယ်။
ဒါ့ကြောင့် တစ်လမှာကိုယ်တကယ်မလိုအပ်တာတွေအတွက် ငွေဘယ်လောက်သုံးနေသလဲ။ ပြီးတော့ မလိုအပ်တာတွေအတွက် ကုန်ကျစရိတ်ကို ဘယ်လောက်အထိလျှော့ချနိုင်မလဲဆိုတာကို သတိထားသင့်ပါတယ်။
တကယ်တော့ ဒါဟာ ကိုယ်အခုဘာလိုနေလဲဆိုတာနဲ့ ကိုယ်နောက်ဘာလိုအပ်မလဲဆိုတဲ့ကြားမှာ မျှတအောင်စီမံခြင်းဖြစ်ပါတယ်။ ကိုယ်နောင်လိုအပ်တဲ့ အခြေအနေတွေကို စဉ်းစားခြင်းအားဖြင့် ကိုယ့်ရဲ့ငွေကြေးသုံးစွဲမှုတွေကို အထိုက်အလျှောက်လျော့ချပေးနိုင်ပါတယ်။
အထက်ပါနည်းလမ်း (၃) ခုကို ထိုက်သင့်သလောက်လုပ်ဆောင်ခြင်းအားဖြင့် ငွေကြေးသုံးစွဲမှုကို ပိုမိုလျော့ချနိုင်သလို ထိရောက်စွာလည်း စုဆောင်းနိုင်မှာဖြစ်ပါတယ်။ တခြားကုန်ကျရမယ့် ကိစ္စတွေကြုံလာရင်လည်း ထိရောက်စွာပိုမိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Writer & Translator : Thiha Aung

Current

Leave a Reply

Your email address will not be published. Required fields are marked *