“ငွေကြေးချမ်းသာရုံနဲ့ စိတ်ချမ်းသာမယ် ထင်ပါသလား”

#POINT#PointYouthPlatform

နှစ်နှစ်အတွင်း ယူရိုဒေါ်လာတစ်သန်းကို မကြာသေးခင်ကပဲ ဒုတိယအကြိ်မ်မြောက် ရသွားတဲ့ ပြင်သစ်လူမျိုးက သူ့ကံစမ်းမှုကို ရပ်တန့်ဖို့ အစီအစဉ်မရှိကြောင်း BBC သတင်းထောက်တွေကို ပြောပါတယ်။ အမည်မဖော်လိုသူ လောင်းကစားသမားက ၂၀၁၆ နိုဝင်ဘာလမှာ သူ့ရဲ့ ပထမဆုံး ယူရိုငွေ သန်းပေါင်းများစွာကို ရရှိခဲ့ကာ၊ သူထပ်ပြီး ကံကောင်းသည်အထိ အပတ်စဉ်တိုင်း ထီထိုးခဲ့ပါတယ်။

ငွေတွေ ပိုပို ရရှိပေမယ့်၊ သူမျှော်လင့်သလောက်တော့ မဟုတ်ပါဘူး။ လေ့လာတွေ့ရှိချက်အသစ်အရ၊ ငွေသား ဆုကြီး ပေါက်ကြတဲ့သူတွေဟာ သူတို့ရဲ့ စည်းစိမ်အကျိုးသာမက၊ အနည်းဆုံး ဆယ်နှစ်ကျော်ကြာအောင် သူတို့ဘဝမှာ စိတ်ကျေနပ်မှု ရကြပါတယ်။ သို့သော်လည်း သူတို့ ပိုပျော်လာတယ်လို့ မခံစားရပါဘူး။

အနည်းဆုံး ဒေါ်လာ တစ်သန်း ချီးမြှင့်ခံရတဲ့အခါမှာ၊ သူတို့ရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုက သိသိသာသာ ပြောင်းလဲသွားတာ မတွေ့ရပါဘူး။ ဒါပေမဲ့၊ သူတို့ ဘဝနဲ့ စိတ်ကျေနပ်မှုမှာတော့ ဆယ်စုနှစ်ကြာအောင် တာရှည်ခံပါတယ်။

ရှေ့ဆောင် သုတေသနပြုသူဖြစ်တဲ့ ရောဘတ် အိုစလင်းက ဒီလိုပြောပါတယ်။ “ဘဝရဲ့ စိတ်ကျေနပ်မှုဆိုတာ လူတွေက သူတို့ဘဝတစ်ခုလုံးရဲ့ အရည်အသွေးနဲ့ ပတ်သတ်ပြီး ဘယ်လို ခံစားရလဲ ဆိုတာပဲဖြစ်ပါတယ်၊ ပျော်ရွှင်မှုကတော့ နေ့စဉ် ခံစားချက်တွေကို ဘယ်လိုတုန့်ပြန်လဲ ဆိုတာနဲ့ တိုင်းတာပါတယ်။ ကျွန်တော်တို့ ရလဒ်တွေဟာ ထိရောက်တဲ့ ပျော်ရွှင်မှုက ဘဝမှာ စိတ်ကျေနပ်တာထက် ပိုခက်ခဲတယ်လို့ ယူဆပါတယ်” လို့ အိုစလင်းက ဖြည့်စွက်ပြောပါတယ်။

ထီဆုကြေးငွေက အနိုင်ရတဲ့သူတွေကို ပိုပျော်ရွှင်အောင် လုပ်နိုင်ကာ၊ စိတ်ကျန်းမာရေး တိုးတက်စေတယ်လို့ ပြောကြပေမဲ့ ဒါက အရေးမကြီးပါဘူး။ ထီပေါက်တဲ့သူတွေက သူတို့ ချမ်းသာမှုရဲ့ တစ်စိတ်တစ်ပိုင်းကို ရင်းနှီးမြုပ်နှံချင်ကြပါတယ်။

လေ့လာမှုတွေက အဓိကအားဖြင့် ထီဆုတွေ လက်ခံရရှိတဲ့ သက်ရောက်မှုကို ကြည့်ကြပါတယ်။ အနာဂတ် သုတေသနပြုသူတွေကတော့ ထီပေါက်တဲ့ ရေတို သက်ရောက်မှု အပြင်၊ ငွေတွေ တစ်ခါတည်း လက်ခံရရှိတာနဲ့ ပတ်သတ်ပြီး လည်း ဆန်းစစ်နေကြပါတယ်။

ဒီလေ့လာမှုက ငွေတွေ အပုံလိ်ုက် လက်ခံခြင်းက ကြာရှည် စိတ်ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်သော်လည်း၊ ပျော်ရွှင်မှု မရှိရင်တော့ ဘဝစိတ်ကျေနပ်မှု ရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ များပြားတဲ့ ငွေတွေ အပုံလိုက် ရရှိမယ်ဆိုရင်၊ အမှားတွေ ပိုပြီး လွယ်လွယ်ကူကူ လုပ်မိနိုင်ပါတယ်။ သို့သော်လည်း သင်က နှစ်စဉ်ငွေကြေးကို ရွေးချယ်မယ်ဆိုရင်၊ ပထမနှစ်ရဲ့ တန်ဖိုးကို ဖြုန်းပစ်လိုက်တာက အနည်းဆုံးတော့ နောက်ထပ်အခွင့်ရေး ရနိုင်ပါတယ်လို့ ငွေကြေးစီမံသူ က ပြောပါတယ်။

Writer & Translator : Hsu Mi San

Current

Leave a Reply

Your email address will not be published. Required fields are marked *