အမြင်အားကောင်းစေတဲ့ မျက်စိလေ့ကျင့်ခန်းများ

#POINT #PointYouthPlatform

လူတွေက သူတို့ရဲ့ အနီး၊ အဝေး အမြင်တွေကို မပြောင်းလဲနိုင်တဲ့အတွက် နှစ်တိုင်း မျက်မှန်ကို ပိုပြီး တပ်ဆင်တာလို့ ပြောကြတယ်။

အဓိကတရားခံကတော့ အသက်ကြီးလာတာက တစ်ပိုင်း၊ တီဗွီကြည့်တာ၊ ကွန်ပျူတာ၊ အဲကွန်း၊ မီးချောင်းတွေနဲ့ အလုပ်လုပ်တာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်တာ စတဲ့ ခေတ်သစ်လူနေမှု ပုံစံတွေက တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ ဒီအချက်တွေက ထပ်ပြီးတော့ မျက်လုံးညောင်းညာစေကာ မျက်စိမှုန်မှုကို ဖြစ်ပေါ်စေပါတယ်။

မျက်စိမှုန်တာကို ဘယ်လိုကုသမလဲ

တစ်ချို့သူတွေက မွေးရာပါ စိတ်ရောဂါများနဲ့ ပြင်းထန်တဲ့ မျက်စိ အနေထားများကြောင့် မျက်မှန်တပ်ကို တပ်ဆင်ရတတ်ပါတယ်။ မျက်မှန်တပ်တဲ့ လူအများစုကတော့ သူတို့အမြင်ကို သဘာဝနည်းအရ တိုးတက်အောင် လုပ်နိုင်ပါတယ်။

မျက်စိအမြင်ကို ပိုကောင်းတဲ့ အလေ့အကျင့်တွေနဲ့ ပြုစုပေးဖို့ အရေးကြီးတဲ့ မျက်လုံးလေ့ကျင့်ခန်းများကို ဖော်ပြပေးလိုက်ပါတယ်။ လိုက်လုပ်ကြည့်တာနဲ့ တစ်ပြိုင်တည်း မျက်စိအမြင် တဖြည်းဖြည်း တိုးတက်လာတာကို သိမြင်ရမှာပါ။

လေ့ကျင့်ခန်း(၁) မျက်လုံးကြွက်သားတွေကို လှုပ်ရှားပေးပါ။

မျက်လုံးကြွက်သားတွေကို လှုပ်ရှားပေးတာက သာမန်သွေးပူလေ့ကျင့်ခန်း တစ်ခုပါပဲ။ တစ်နေကုန် ကွန်ပျူတာနဲ့ အလုပ် လုပ်တဲ့သူတွေက မျက်နှာကို ကွန်ပျူတာကခွာပြီး တစ်ပေကနေ နှစ်ပေအတွင်း စတင်အသုံးပြုတဲ့ အကျင့်ကို မွေးမြူပါ။

ခေါင်းကို လှုပ်ရှားခြင်းမရှိဘဲ တတ်နိုင်သလောက် ရှေ့တည့်တည့် ကြည့်ပေးပါ။ အဲ့ဒိနောက် အောက်ကို ကြည့်ပါ။ အထက်ကြည့်လိုက်၊ အောက်ကြည့်လိုက် လုပ်ပေးပါ။ ခပ်ဝေးဝေးက ညာဘက်ထိပ်ကို ကြည့်ပါ။ နောက် ဘယ်ဘက်အောက်ကို ကြည့်ပြီး တစ်လှည့်စီ နှစ်ခါလုပ်ပေးပါ။ နောက်ဆုံး ဘယ်ဘက်ထိပ်ကို ကြည့်ပြီး၊ ညာဘက်အောက်ကို ကြည့်ပါ။

လေ့ကျင့်ခန်း (၂) မျက်လုံးကို လက်ဖဝါးနဲ့ အုပ်ပေးပါ။

ကွန်ပျူတာသုံးတာ ပင်ပန်းလာတာ၊ မျက်လုံးတွေ ခြေကုန်လက်ပမ်းကျသလို ခံစားလာတဲ့အခါ လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ မျက်လုံးပေါ်ကို လက်နဲ့အုပ်လိုက်ပါ။ မျက်ရိုး နဲ့ မျက်ရိုးပတ်ပတ်လည်ကို ဖွဖွလေး ဖိပေးပါ။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *