အားလပ်ရက်မှာ အပန်းဖြေကြည့်ရှုဖို့ အကောင်းဆုံးရုပ်ရှင်(၇)ကား

#Point #PointYouthPlatform

သင်္ကြန်ပိတ်ရက်တွေမှာ မိသားစုနဲ့ဟာသကားလေးတွေ actionကားကောင်းကောင်းလေးတွေ ကြည့်ရှုဖို့ ရုပ်ရှင်ကားကောင်း(၇)ခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ The Greatest Showman
ဒီဇာတ်လမ်းအမျိုးအစားကတော့ musical dramaဖြစ်ပြီး P.T Barnumရဲ့ Barnum and Bailey Circus ကုမ္ပဏီတည်ထောင်ခဲ့ပုံအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒါရိုက်တာ Michael Gracey ရိုက်ကူးထားတာဖြစ်ပြီး Dear Evan Hansen ရှိုးမှသီချင်းရေးဆရာများရဲ့တေးဂီတများပါဝင်တဲ့အတွက် တေးဂီတမြတ်နိုးသူတွေအဖို့ကြည့်သင့်တဲ့ ကားကောင်းတစ်ခုဖြစ်ပါတယ်။

၂။Jumanji: Welcome to the Jungle
Robin Williams ရဲ့ကားကောင်းတွေထဲကတစ်ခုဖြစ်တဲ့ Jumanji ကတော့ နာမည်ကြီးသရုပ်ဆောင် Dwayne Johnson ‘The Rock’ပါဝင်သရုပ်ဆောင်ထားတဲ့ စွန့်စားခန်းရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ဆယ်ကျော်သက်ကောင်လေးကောင်မလေး လေးယောက် video gameထဲမှာပိတ်မိနေပြီး Gameထဲကလွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ လေးယောက်ပူးပေါင်းပြီးgameကိုနိုင်အောင်ဆော့ဖို့ပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာဇာတ်ကွက်တွေ အများကြီးပါဝင်တဲ့အတွက်မလွတ်သင့်တဲ့ကားကောင်းတစ်ခုဖြစ်ပါတယ်။

၃။Downsizing
ဒါရိုက်တာ Alexandar Payneရဲ့ Downsizing ရုပ်ရှင်ကားကတော့comedy အမျိုးအစားထဲပါဝင်ပြီး အခြားရုပ်ရှင်တွေနဲ့လုံးဝမတူတဲ့ရသကိုပေးစွမ်းမှာဖြစ်ပါတယ်။လူဦးရေထူထပ်သိပ်သည်းလာမှုကြောင့်ကမ္ဘာကြီးရဲ့သယံဇာတအရင်းအမြစ်တွေကုန်ဆုံးလာပါတယ်။ လူတွေကို 5စင်တီမီတာလောက်သေးသွားအောင်ပြောင်းလဲပြီး ရေ၊သစ်ဥသစ်ဖုအစရှိတဲ့ သယံဇာတတွေချွေတာနိုင်ကြောင်းရိုက်ကူးထားတဲ့သရော်စာဆန်ဆန်ဇာတ်ကားဖြစ်တဲ့အတွက် ကြည့်ရှုမယ်ဆိုရင်ကွဲပြားတဲ့ရသကိုပေးစွမ်းမှာဖြစ်ပါတယ်။

၄။Father Figures
U.Kမှာတော့ဒီကားကို “Who’s your Daddy?” လို့လူသိများပါတယ်။ နာမည်အတိုင်း ဖခင်ရှာပုံတော်ဇာတ်ဖြစ်ပါတယ်။ အမေဖြစ်သူက ဖခင်သေသွားပြီလို့လိမ်ထားတာကို နှစ်ပေါင်းများစွာကြာတဲ့အခါ အမြွှာညီအစ်ကိုနှစ်ယောက်က သိသွားပြီး ဖခင်ဖြစ်သူကိုလိုက်ရှာတဲ့အကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အမျိုးအစားကလည်းcomedyပဲဖြစ်ပါတယ်။

၅။The Post
ဒီဇာတ်ကားဟာ အမေရိကန် သမိုင်းဝင်နိုင်ငံရေးရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အမေရိကန်သတင်းစာဌာနရဲ့ ပထမဦးဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူ Streepနဲ့သတင်းစာအယ်ဒီတာ hanksတို့ဟာ New York Timesနဲ့ယှဉ်ပြိုင်ပြီး အမေရိကန်သမ္မတလေးဆက် နဲ့ဆယ်စုနှစ်သုံးစုတိုင်လူတွေမသိရှိသေးတဲ့နိုင်ငံရေးလျို့ဝှက်ချက်တွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ဒီလူနှစ်ဦးဟာ သူတို့ရဲ့လွတ်လပ်ပိုင်ခွင့်တွေ၊ အလုပ်တွေကိုစွန့်စားပြီးပျောက်ကွယ်နေတဲ့ အမှန်တရားကိုရှာဖွေဖော်ထုတ်တဲ့ဇာတ်ကြောင်းဖြစ်တဲ့အတွက် သည်းထိတ်ရင်ဖိုခံစားရစေမဲ့ဇာတ်ကားဖြစ်ပါတယ်။

၆။All the Money in the World
ဒီကားမှာ အသက်(၁၆)နှစ်ဖြစ်တဲ့ John Paul Getty lllဟာပြန်ပေးဆွဲခံရပြီး ပြန်ပေးဆွဲသူတွေငွေညှစ်တဲ့အခါ အမေဖြစ်သူက အဘိုးထံအကူအညီတောင်းတဲ့အကြောင်းဖြစ်ပါတယ်။ အမေဖြစ်သူGailနဲ့ အဘိုးဖြစ်သူ Getty ရဲ့အကြံပေး Mark Wahlbergကိုလည်းမယုံရတော့အခါ ငွေထက်မိဘအချစ်ကအဖိုးအဖြတ်နိုင်ကြောင်းပေါ်လွင်အောင်ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။

၇။Phantom Thread
နောက်ဆုံးတင်ပြချင်တဲ့ဇာတ်ကားလေးကတော့Phantom thread ပဲဖြစ်ပါတယ်။
1950စစ်ပြီးကာလက နာမည်ကြီးအကျီချုပ်လုပ်သူ Reynolds Woodcockနဲ့သူရဲ့ချစ်သူ Alma
အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပဲဖြစ်ပါတယ်။ Britishသူကောင်းအမျိုးသမီးတွေ၊တော်ဝင်မျိုးနွယ်တွေ၊အမွေဆက်ခံသူတွေကြားမှာအထင်ကြီးလေးစားခံရတဲ့ Woodcockဟာ ရည်မှန်းချက်ကြီးပြီးစိတ်ဓာတ်ကြံ့ခိုင်တဲ့ Almaနဲ့တွေ့တဲ့အခါစွဲလမ်းမိသွားပြီး သူ့ရဲ့အလုပ်မှာလည်းအနှောက်အယှက်တွေနဲ့ရင်ဆိုင်လာရတာကိုရိုက်ကူးထားတဲ့ ဒရမ်မာကားလေးဖြစ်ပါတယ်။1950 ကာလကBritish အငွေ့အသက်နဲ့ ဖက်ရှင်ဒီဇိုင်းများကိုလေ့လာခံစားနိုင်တဲ့အတွက် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။

Writer & Translator : Su Myat

Current

Leave a Reply

Your email address will not be published. Required fields are marked *