အားလပ်ရက်ကို အကျိုးရှိရှိ ကုန်ဆုံးစေဖို့

**** Unicode ****

#POINTYouthPlatform #POINT

အားလပ်ရက်ရှည်တွေကို အပန်းဖြေအနားယူရုံသက်သက်ပဲ ကုန်ဆုံးမယ့်အစား သင့်နေ့စဉ်ဘဝမှာ အချိန်မပေးဖြစ်တဲ့ အခြားအရေးကြီးအလုပ်တွေ၊ သင့်ဉာဏ်ရည်တိုးတက်စေမယ့် ကစားနည်းတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ပြီး အချိန်ကုန်ဆုံးလိုက်ပါ။

သင်္ကြန်အားလပ်ရက်ရှည်မှာ သင့်အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်စေဖို့ အကြံပေးချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

Scholarships နဲ့ internship တွေလျှောက်ထားခြင်းက သင့်ရဲ့စာသင်ခန်းထဲမှာ သင်ယူနေတာနဲ့ မတူညီတဲ့လက်တွေ့ဘဝမှာ တွေ့ကြုံရမယ့် ဗဟုသုတတွေရရှိစေပါတယ်။ ဒါ့အပြင် မိတ်ဆွေ၊ အပေါင်းအသင်းအသစ်တွေနဲ့ အလုပ်အတွေ့အကြုံအသစ်တွေလည်း ရရှိစေမှာ ဖြစ်ပါတယ်။

သင့်ရဲ့မိသားစုက သင့်ကိုချစ်သလို၊ သင်ကလည်း မိသားစုကို ချစ်တာပါပဲ။ တစ်ခါတစ်ရံမှာ ကျွနု်ပ်တို့ဟာ ဘဝပေးအခြေအနေအရဖြစ်ဖြစ်၊ စားဝတ်နေရေးကြောင့်ဖြစ်ဖြစ် မိမိရဲ့ရည်မှန်းချက်တွေ ပြည့်ဝအောင် ကြိုးစားရုန်းကန်နေရတဲ့အတွက် မိသားစုကို အချိန်ပေးဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

အဲ့ဒီအချိန်တွေကို ပြန်လည်အစားထိုးဖို့ သင့်ရဲ့အားလပ်ရက်မှာ မိသားစုနဲ့အတူတူ ခရီးထွက်တာ၊ အပြင်ထွက်မုန့်စားတာ၊ ရုပ်ရှင်ကြည့်တာတွေ စတဲ့နည်းတွေနဲ့ မိသားစုနဲ့အတူ အားလပ်ရက်ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းပါ။ကျွနု်ပ်တို့အတော်များများဟာ မိမိ stateကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ကျောင်းတက်တဲ့အချိန်မှာသာ တွေ့ဆုံကြပြီး ကိုယ်စီလုပ်ငန်းခွင်ရောက်တဲ့အခါ မတွေ့ဆုံဖြစ်ကြတော့ပါဘူး။

ဒါကြောင့်ကျွနု်ပ်တို့ရဲ့အားလပ်ရက်တွေမှာ ငယ်ဘဝကပြုလုပ်ခဲ့တဲ့ အရာတွေကိုပြန်လည် သတိရစေဖို့ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံသင့်ပါတယ်။သင့်ရဲ့အားလပ်ရက်မှာ အရသာရှိတဲ့ ဟင်းရနံ့လေးတွေနဲ့အတူ သင့်ရဲ့အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေနဲ့အတူ ချက်ပြုတ်စားသောက်ရင်း ပျော်ရှွင်စွာ အချိန်ကုန်လိုက်ပါ။

သင့်ရဲ့ကျောင်းသင်ခန်းစာတွေ၊ အလုပ်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကိုသာမဟုတ်ပဲ သင့်ကို ဗဟုသုတရစေပြီး စိတ်ခွန်အားဖြစ်စေမယ့် အရာတွေကို ရှာဖွေဖတ်ရှုပါ။ဟာသရုပ်ရှင်တွေ၊ အချစ်ဇာတ်ကားတွေကြည့်တာထက် ကျော်ကြားသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ၊ မှတ်တမ်းတင်ကားတွေကြည့်ရှုခြင်းက ပိုအကျိုးရှိစေပါတယ်။

—————————————————————————————————————————-

#POINTYouthPlatform #POINT

အားလပ်ရက်ရှည်တွေကို အပန်းဖြေအနားယူရုံသက်သက်ပဲ ကုန်ဆုံးမယ့်အစား သင့်နေ့စဉ်ဘဝမှာ အချိန်မပေးဖြစ်တဲ့ အခြားအရေးကြီးအလုပ်တွေ၊ သင့်ဉာဏ်ရည်တိုးတက်စေမယ့် ကစားနည်းတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေလုပ်ပြီး အချိန်ကုန်ဆုံးညြ့်ပါ။ သင်္ကြန်အားလပ်ရက်ရှည်မှာ သင့်အချိန်တွေကို အကျိုးရှိရှိအသုံးချတတ်စေဖို့ အကြံပေးချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

Scholarships နဲ့ internship တွေလျှောက်ထားခြင်းက သင့်ရဲ့စာသင်ခန်းထဲမှာ သင်ယူနေတာနဲ့ မတူညီတဲ့လက်တွေ့ဘဝမှာ တွေ့ကြုံရမယ့် ဗဟုသုတတွေရရှိစေပါတယ်။ ဒါ့အပြင် မိတ်ဆွေ၊ အပေါင်းအသင်းအသစ်တွေနဲ့ အလုပ်အတွေ့အကြုံအသစ်တွေလည်း ရရှိစေမှာ ဖြစ်ပါတယ်။

သင့်ရဲ့မိသားစုက သင့်ကိုချစ်သလို၊ သင်ကလည်း မိသားစုကို ချစ်တာပါပဲ။ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ ဘဝပေးအခြေအနေအရဖြစ်ဖြစ်၊ စားဝတ်နေရေးကြောင့်ဖြစ်ဖြစ် မိမိရဲ့ရည်မှန်းချက်တွေ ပြည့်ဝအောင် ကြိုးစားရုန်းကန်နေရတဲ့အတွက် မိသားစုကို အချိန်ပေးဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။

အဲ့ဒီအချိန်တွေကို ပြန်လည်အစားထိုးဖို့ သင့်ရဲ့အားလပ်ရက်မှာ မိသားစုနဲ့အတူတူ ခရီးထွက်တာ၊ အပြင်ထွက်မုန့်စားတာ၊ ရုပ်ရှင်ကြည့်တာတွေ စတဲ့နည်းတွေနဲ့ မိသားစုနဲ့အတူ အားလပ်ရက်ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းပါ။

ကျွန်ုပ်တို့အတော်များများဟာ မိမိ stateကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ကျောင်းတက်တဲ့အချိန်မှာသာ တွေ့ဆုံကြပြီး ကိုယ်စီလုပ်ငန်းခွင်ရောက်တဲ့အခါ မတွေ့ဆုံဖြစ်ကြတော့ပါဘူး။

ဒါကြောင့်ကျွန်ုပ်တို့ရဲ့အားလပ်ရက်တွေမှာ ငယ်ဘဝကပြုလုပ်ခဲ့တဲ့ အရာတွေကိုပြန်လည် သတိရစေဖို့ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံသင့်ပါတယ်။

သင့်ရဲ့အားလပ်ရက်မှာ အရသာရှိတဲ့ ဟင်းရနံ့လေးတွေနဲ့အတူ သင့်ရဲ့အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေနဲ့အတူ ချက်ပြုတ်စားသောက်ရင်း ပျော်ရွှင်စွာ အချိန်ကုန်လိုက်ပါ။

သင့်ရဲ့ကျောင်းသင်ခန်းစာတွေ၊ အလုပ်နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကိုသာမဟုတ်ပဲ သင့်ကို ဗဟုသုတရစေပြီး စိတ်ခွန်အားဖြစ်စေမယ့် အရာတွေကို ရှာဖွေဖတ်ရှုပါ။

ဟာသရုပ်ရှင်တွေ၊ အချစ်ဇာတ်ကားတွေကြည့်တာထက် ကျော်ကြားသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ၊ မှတ်တမ်းတင်ကားတွေကြည့်ရှုခြင်းက ပိုအကျိုးရှိစေပါတယ်။

 

Current

Leave a Reply

Your email address will not be published. Required fields are marked *